• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲပြီးဆုံးရန် အလှမ်းဝေးနေဆဲ

by Richard S Ehrlich
18 October 2025
in ဆောင်းပါး
A A
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲပြီးဆုံးရန် အလှမ်းဝေးနေဆဲ

ထိုင်းစစ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးဆင်းနေစဉ် / Thai 2nd Army Command

475
VIEWS
Share on FacebookShare on Twitter

အမေရိကန်ထောက်ခံသော ထိုင်းနှင့် တရုတ်အကူအညီယူသော ကမ္ဘောဒီးယားတို့ လူအသေအပျောက်ဖြစ်စေသည့် နယ်စပ်တိုက်ပွဲ ရပ်တန့်ရေး ငြိမ်ချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယုံကြည်ခဲ့သော်လည်း နှစ်လ မပြည့်မီ ဗုဒ္ဓဘာသာအများစု အိမ်နီးချင်း နှစ်နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် တဖက်နှင့်တဖက် ဒုံးကျည်များ၊ သေနတ်များဖြင့် ပစ်ခတ်သည်။

“သမ္မတ ထရမ့်က ဒီငြိမ်းချမ်းရေးသဘောတူညီချက် ပြဋ္ဌာန်းချက်တွေ လိုက်နာဖို့ ကမ္ဘောဒီးယားကို ဖျောင်းဖျနိုင်ရင် ဒါကို ကြိုဆိုရမယ်၊ ထိုင်းနိုင်ငံဟာ နောက်ထပ် ကျူးကျော်မှု မခံရတော့ဘူး” ဟု ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူက အောက်တိုဘာလ ၈ ရက်နေ့တွင် ပြောသည်။

ထိုင်းကုန်စည်များနှင့် ငွေကြေးကို သပိတ်မှောက်ရန်၊ ကမ္ဘောဒီးယားငွေ သို့မဟုတ် အမေရိကန် ဒေါ်လာကို သုံးရန်နှင့် ထိုသို့မလုပ်ပါက ဆုံးရှုံးမှု အကြီးအကျယ် ခံစားရနိုင်ကြောင်း ကမ္ဘောဒီးယား၏ ကြိုးကိုင် ခေါင်းဆောင် အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က သူ့နိုင်ငံသားများကိုပြောသည့် အောက်တိုဘာလ ၆ ရက်နေ့တွင် နယ်စပ်ပဋိပက္ခသည် စစ်မြေပြင်မှ စီးပွားရေးသို့ ပြောင်းလာသည်။

ထိုင်းကုန်စည်များနှင့် ငွေကြေးကို သပိတ်မှောက်ရန်၊ ကမ္ဘောဒီးယားငွေ သို့မဟုတ် အမေရိကန် ဒေါ်လာကို သုံးရန်နှင့် ထိုသို့မလုပ်ပါက ဆုံးရှုံးမှု အကြီးအကျယ် ခံစားရနိုင်ကြောင်း ကမ္ဘောဒီးယား၏ ကြိုးကိုင် ခေါင်းဆောင် အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က သူ့နိုင်ငံသားများကိုပြောသည့် အောက်တိုဘာလ ၆ ရက်နေ့တွင် နယ်စပ်ပဋိပက္ခသည် စစ်မြေပြင်မှ စီးပွားရေးသို့ ပြောင်းလာသည်။

“ကျနော့်ဓာတ်ပုံကို သေနတ်ပစ်ဆော့ခိုင်းတဲ့ ထိုင်းနိုင်ငံသားတယောက်ရဲ့ ဗီဒီယိုကို ကျနော် တွဲတင်လိုက်တယ်” ဟု မစ္စတာ ဟွန်ဆန်က ရေးသားပြီး X လူမှုကွန်ရက်ပို့စ်ကို အဆုံးသတ်သည်။

ထိုဗီဒီယိုတွင် စစ်ဝတ်စုံဝတ်ဆင်ထားသူတဦးက ပွဲဈေးတန်း အပျော်သေနတ်ပစ်ဆော့သည့် ဂိမ်များတွင် ပစ်မှတ်ထား ပစ်ခတ်နေပုံကို ပြသည်။ ထိုပစ်မှတ်များတွင် ဟွန်ဆန်၏မျက်နှာကို ပြသထားပြီး နဖူးနေရာကို ကစားသမားများက ပစ်ခတ်ထိမှန်ရမည် ဖြစ်သည်။ ထိုင်းခေါင်းဆောင်များကို ထိုသို့ ပစ်မှတ်မထားရန် ကမ္ဘောဒီးယား နိုင်ငံသားများကို မစ္စတာ ဟွန်ဆန်က တိုက်တွန်းသည်။

“လူမဆန်ဘဲ တိရစ္ဆာန်ထက်ဆိုးတဲ့ အဲဒီလို ကျက်သရေမဲ့ လုပ်ရပ်တွေမှာ မပါဝင်ဖို့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ကျနော် တိုက်တွန်းတယ်” ဟု ၎င်းကပြောသည်။

နှစ်ဖက်လုံးမှ စစ်သားနှင့် ကျေးရွာသား စုစုပေါင်း ၄၀ ကျော် သေဆုံးစေသည့် ဇူလိုင်လက ငါးရက်ကြာ စစ်ပွဲအတွင်း စစ်ရေးအားသာသော ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား ၁၈ ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်။ ထိုင်းစစ်သား အများအပြားသည်လည်း တောလမ်းများတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် ခြေထောက်များ ဆုံးရှုံးရသည်။

ဇူလိုင်လတွင် ပဋိပက္ခမြင့်မားလာပြီးနောက် နယ်စပ်တလျှောက်တွင် မြှုပ်ထားသည့်၊ စွန့်ပစ်ထားသည့် အမြောက်ဆံများ၊ တပ်ဖွဲ့နှင့်တင့်ကားတိုက်ဖျက်ရေး မြေမြှုပ်မိုင်းများ အပါအဝင် မပေါက်ကွဲသေးသည့် ခဲယမ်း ၂,၄၇၀ ခုကို ရှာဖွေတွေ့ရှိကြောင်း ထိုင်း မိုင်းရှာဖွေရေးဌာနက ပြောသည်။

မိုင် ၅၀၀ ရှည်သည့် နယ်စပ်ကို ပိတ်ထားဆဲဖြစ်ပြီး ဂျပန်နှင့် အခြားရင်းနှီးမြှုပ်နှံသူများက ဝင်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးသည်ဟု မကျေမနပ် ပြောသည်။

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း ဒေါသထွက်နေသော ကမ္ဘောဒီးယားနိုင်ငံသားများသည် ပြန့်ကျဲနေသော နယ်စပ်နေရာများတွင် ထိုင်းစစ်သားများကို ရင်ဆိုင်တွေ့ကြပြီး ၎င်းတို့နေထိုင်နေသည့် အငြင်းပွားမြေကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု ပြောကြသည်။

“ဒါဟာ အတင်းအကျပ် မောင်းထုတ်နေတာ မဟုတ်ဘူး” ဟု ဝန်ကြီးချုပ် အနုတင်က အောက်တိုဘာလ ၃ ရက်နေ့တွင် ပြောသည်။

“မလိုအပ်တဲ့ အခက်အခဲတွေကို ရှောင်ရှားဖို့ တရားဝင်တဲ့ နည်းလမ်းတွေကိုပဲ ကျနော်တို့ သုံးမယ်” ဟုလည်း သူကပြောသည်။

တချိန်တည်းတွင် ဇူလိုင်လ နယ်စပ်စစ်ပွဲတွင် အသုံးပြုသည့် လက်နက်များကို တရုတ်က ကမ္ဘောဒီးယားသို့ ထောက်ပံ့သည်ဆိုသည့် နယူးယောက်တိုင်းမ်၏ စက်တင်ဘာလ ၉ ရက် သတင်းကို တရုတ်နှင့် ထိုင်း နှစ်နိုင်ငံလုံးက အောက်တိုဘာလ ၃ ရက်နေ့တွင် ငြင်းဆိုသည်။

ဆိုဗီယက်ခေတ် BM-21 မြေပြင်မှ မြေပြင်ပစ် လောင်ချာများအတွက် ဒုံးကျည်များ၊ ဟောင်ဝစ်ဇာ အမြောက်ဆံများနှင့် ဆိုဗီယက်ခေတ် လေယာဉ်ပစ် စက်သေနတ်များအတွက် ကျည်များကို တရုတ်က ကမ္ဘောဒီးယားသို့ ပေးပို့သည်ဆိုသည့် “ထိုင်းစစ်ထောက်လှမ်းရေး အစီရင်ခံချက်များ” ကို နယူးယောက်တိုင်းမ် သတင်းက ကိုးကားသည်။

ဆိုဗီယက်ခေတ် BM-21 မြေပြင်မှ မြေပြင်ပစ် လောင်ချာများအတွက် ဒုံးကျည်များ၊ ဟောင်ဝစ်ဇာ အမြောက်ဆံများနှင့် ဆိုဗီယက်ခေတ် လေယာဉ်ပစ် စက်သေနတ်များအတွက် ကျည်များကို တရုတ်က ကမ္ဘောဒီးယားသို့ ပေးပို့သည်ဆိုသည့် “ထိုင်းစစ်ထောက်လှမ်းရေး အစီရင်ခံချက်များ” ကို နယူးယောက်တိုင်းမ် သတင်းက ကိုးကားသည်။

ဘန်ကောက်ရှိ တရုတ်သံရုံးနှင့် ထိုင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နက်တာပို နက်ပါနစ်က လွန်ခဲ့သောမေလက စီစဉ်ထားသည့် တရုတ်နှင့် ကမ္ဘောဒီးယား နှစ်စဉ် စစ်ရေးလေ့ကျင့်မှုအတွက် နယ်စပ်ပဋိပက္ခ မတိုင်မီက တရုတ်လက်နက်များကို ကမ္ဘောဒီးယားသို့ ပေးပို့ထားကြောင်း သိရသည်ဟုသာ ပြောသည်။

“ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခမှာ သုံးဖို့ တရုတ်က ဘာစစ်လက်နက်ပစ္စည်းမှ မပေးပို့ဘူး” ဟု တရုတ်သံရုံး ပြောခွင့်ရသူကပြောကြောင်း Khaosod သတင်း အင်္ဂလိပ်ပိုင်းက ဖော်ပြသည်။

“ကမ္ဘောဒီးယားက လက်ရှိပိုင်ဆိုင်နေတဲ့ တရုတ်က စစ်လက်နက်ပစ္စည်းတွေ အားလုံးဟာ အရင်ကတည်းက ရှိပြီးသား တရုတ်-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းက လာတာတွေဖြစ်တယ်” ဟုလည်း ထိုသတင်းတွင် ဖော်ပြသည်။

၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်နေ့တွင် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဂိတ်ကို ဖြတ်ကူးနေကြစဉ်/ HANDOUT/CAMBODIA’S MINISTRY OF LABOUR/AFP

အမေရိကန်နှင့် တရုတ် နှစ်ဖက်လုံးနှင့် ဆက်ဆံရေးကောင်းသော ထိုင်းကို ဆန့်ကျင်ရန်အတွက် တရုတ်က ကမ္ဘောဒီးယားကို လက်နက်တပ်ဆင်ပေးမည် မဟုတ်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး နက်တာပိုက ပြောသည်။

“တရုတ်က စစ်ရေးလေ့ကျင့်မှုအတွက် လက်နက်တွေ ကမ္ဘောဒီးယားကို ပေးပို့ခဲ့ပြီး အဲဒီတုန်းက ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပဋိပက္ခ မရှိသေးဘူး။ ဒါပေမဲ့ အခု ကျနော်တို့ မြင်တွေ့ရတဲ့ တင်းမာမှုတွေရှိလာတော့ တရုတ်ဟာ ဒီကိစ္စကို ဂရုတစိုက် ကိုင်တွယ်မယ်လို့ ကျနော်ယုံကြည်တယ်” ဟုလည်း ၎င်းကပြောသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတပ်ဖွဲ့များသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ခဏတာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့၌ ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးနောက် ပထမဆုံးအကြိမ် ပစ်ခတ်မှုဖြစ်သည်။

ထိုင်းဘက်က စတင် ရန်စသည်ဟု ကမ္ဘောဒီးယားက အပြစ်တင်သည်။ အမေရိကန်၏ အရှေ့တောင်အာရှ စစ်ရေးမဟာမိတ် ထိုင်းနိုင်ငံကလည်း သူ၏ တပ်များသည် လက်တုံ့ပြန် ပစ်ခတ်ခြင်းသာဖြစ်သည်ဟု ပြောသည်။

ထိုင်းဘက်က စတင် ရန်စသည်ဟု ကမ္ဘောဒီးယားက အပြစ်တင်သည်။ အမေရိကန်၏ အရှေ့တောင်အာရှ စစ်ရေးမဟာမိတ် ထိုင်းနိုင်ငံကလည်း သူ၏ တပ်များသည် လက်တုံ့ပြန် ပစ်ခတ်ခြင်းသာဖြစ်သည်ဟု ပြောသည်။

“ထိုင်းတပ်ဖွဲ့များသည် လက်ဦးမှုရယူတိုက်ခိုက်ပြီး ကမ္ဘောဒီးယားနိုင်ငံ အချုပ်အခြာအာဏာပိုင် နယ်မြေအတွင်း တည်ရှိသည့် ကမ္ဘောဒီးယား စစ်စခန်းတခုကို မော်တာများ၊ လက်နက်ငယ်များဖြင့် အကြိမ်ကြိမ် ပစ်သည်” ဟု ကမ္ဘောဒီးယားမှ Agence Kampuchea Press က ဖော်ပြသည်။

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
205
သဇင်ပန်း

သဇင်ပန်း

10 January 2026
55
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
4.2k

ကမ္ဘောဒီးယားများသည် ထိုင်းပိုင်နက် ဥဘွန် ရက်ချာသနီပြည်နယ် အရှေ့မြောက် ချုံဘော့ နယ်စပ်ဒေသမှ တောင်ပေါ်စခန်းများကို စက်သေနတ်များ၊ ဗုံးပစ်ဒုံးများနှင့် မွန်းတည့်ချိန်ခန့်တွင် ပစ်ခတ်သည်ဟု ထိုင်းဘက်က ပြောသည်။

ကမ္ဘောဒီးယားသည် နိုင်ငံတကာစင်မြင့်တွင် ထိုင်းကို အပြစ်တင်စေရန် ထိုပဋိပက္ခကို ဖန်တီးသည်ဟု ထိုင်းဘက်က ပြောသည်။

“ဒါဟာ ဖြစ်လေ့ဖြစ်ထ နယ်စပ်တိုက်ပွဲ မဟုတ်ဘဲ ထိုင်းက အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တယ်လို့ စွပ်စွဲဖို့ ပုံတွေ၊ သတင်းတွေ ဖန်တီးဖို့ ကြိုတင်စီစဉ် ရန်စမှုဖြစ်တယ်” ဟု တော်ဝင်ထိုင်းကြည်းတပ် ပြောခွင့်ရသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဝရီးက စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြောသည်။

“လက်ရှိအချိန်မှာ ဆူရာနာရီး အထူးတပ်ကို ပြင်ဆင်ထားပြီး လိုအပ်သလို လက်စားချေ ပစ်ခတ်ဖို့ အမိန့်ပေးထားတယ်” ဟု ဗိုလ်ချုပ် ဝင်ထိုင်းက X လူမှုကွန်ရက်တွင် ရေးသားသည်။

ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံအတွက် ခြိမ်းခြောက်မှု မဖြစ်တော့သည်အထိ နယ်စပ်စစ်ဆေးရေးဂိတ်များကို ပိတ်ထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အနုတင်က စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောသည်။

သစ်တောတွင်းမှ သံဆူးကြိုးများကို ကမ္ဘောဒီးယား ၂၀၀ ခန့်က ဖယ်ရှားသောကြောင့် ဒေသခံရဲက ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ရပြီးနောက် ဆာကဲအိုပြည်နယ်မှ နယ်စပ်နေရာကို ထိုင်းအဓိကရုဏ်းရဲ ၁၄၀၀ ဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အင်အားဖြည့်ထားသည်။

“အခြေအနေကို လူမှုဖရိုဖရဲဖြစ်မှုအဆင့် ရောက်မသွားအောင် တားဆီးဖို့ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်တွေသုံးပြီး အဲဒီဖြစ်ရပ်ကို နိုင်ငံတကာမူတွေအတိုင်း ဖြေရှင်းဖို့ အဓိကရုဏ်းရဲတွေ ဖြန့်ကြက်ဖို့ လိုအပ်လာတယ်” ဟု ဗိုလ်ချုပ် ဝင်ထိုင်းက ပြောသည်။

“လှမ်းပစ်တဲ့ တုတ်တွေ၊ ခဲတွေနဲ့ လေးခွတွေကြောင့် တချို့တပ်ဖွဲဝင်တွေ ဒဏ်ရာရကြတယ်” ဟုလည်း ၎င်းကပြောသည်။

ကမ္ဘောဒီးယားအာဏာရှင် ပိုပေါ့၏ ၁၉၇၅-၁၉၇၉ ခမာနီ လူသတ်ကွင်း အစိုးရခေတ်က လူနေမထူထပ်သည့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကမ္ဘောဒီးယား ဒုက္ခသည်များကို ရက်ရောစွာ ကျူးကျော်နေထိုင်ခွင့် ပေးခဲ့ကြောင်း ထိုင်းကပြောသည်။

ကမ္ဘောဒီးယားအာဏာရှင် ပိုပေါ့၏ ၁၉၇၅-၁၉၇၉ ခမာနီ လူသတ်ကွင်း အစိုးရခေတ်က လူနေမထူထပ်သည့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကမ္ဘောဒီးယား ဒုက္ခသည်များကို ရက်ရောစွာ ကျူးကျော်နေထိုင်ခွင့် ပေးခဲ့ကြောင်း ထိုင်းကပြောသည်။

“ကျနော့်ရဲ့ ကမ္ဘောဒီးယားမိတ်ဆွေ ရည်ညွှန်းပြောဆိုတဲ့ရွာတွေဟာ ထိုင်းနိုင်ငံပိုက်နက်ထဲမှာ ရှိတယ်။ ဘာမှ ထပ်ပြောစရာ မလိုတော့ပါဘူး” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကောက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပြောသည်။

“တကယ်တော့ သူတို့ရှိနေတာဟာ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာတဲ့ ကမ္ဘောဒီးယားနိုင်ငံသား ထောင်‌ပေါင်းများစွာအတွက် ၁၉၇၀ ပြည့်နှစ်များနှောင်းပိုင်းမှာ ကျနော်တို့နယ်စပ်တွေကို ဖွင့်ပေးဖို့ ထိုင်းနိုင်ငံက လူသားချင်းစာနာမှုဆုံးဖြတ်ချက် ချခဲ့လို့ဖြစ်တယ်” ဟု ၎င်းကပြောသည်။

“သံတမန်ငယ်တဦးအနေနဲ့ အဲဒီမြင်ကွင်းကို ကျနော်ကိုယ်တိုင် မြင်ခဲ့တယ်။ သားကောင်အစစ်က ဘယ်သူလဲဆိုတာ ကျနော်တို့သိတယ်၊ အဲဒါကတော့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တွေ ဆုံးရှုံးရတဲ့ ထိုင်းစစ်သားတွေပဲ။ အမြောက်နဲ့ အပစ်ခံရတဲ့ကျောင်းတွေက ကလေးတွေ၊ ကမ္ဘောဒီးယားဒုံးကျည် ထိမှန်တဲ့ ကုန်စုံဆိုင်မှာ အဲဒီနေ့က ဈေးဝယ်နေသူတွေပဲ” ဟု မစ္စတာ ဆီဟာဆက်က ပြောသည်။

ထိုင်းနယ်ခြားမျဉ်းအနီးရှိ ကမ္ဘောဒီးယား ဒုက္ခသည်စခန်းတခု/Apostolic Prefecture of Battambang

တချိန်တည်းတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်ဇ်ထံ စာတစောင်ရေးသားပြီး ထိုင်းနိုင်ငံ၏ သံဆူးကြိုးများနှင့် အတားအဆီးများသည် လူ ၁ ထောင်ခန့် ပါဝင်သည့် အိမ်ထောင်စု ရာချီကို ထိခိုက်စေနိုင်သည့် အလားအလာရှိသည်ဟု ပြောသည်။

နှစ်ဖက်လုံးမှ ဒေသခံများသည် နယ်စပ်ဇုန်အများအပြားမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြသည်။ ပြေးစရာငွေမရှိဘဲ ကြောက်လန့်နေသည့် ကျေးရွာသားများသည် ခုတ်ထားသည့် သစ်ပင်များ၊ ရာဘာတာယာများ၊ သဲအိတ်များနှင့် အုတ်များဖြင့် ၎င်းတို့၏နေအိမ်များ အနီးတွင် ဗုံးခိုကျင်းများ တည်ဆောက်ကြသည်။

နယ်စပ်တလျှောက်တွင် နေ့စဉ် ဒရုန်းပျံသန်းနှောင့်ယှက်မှုသည် တင်းမာမှုကို တိုးစေသည်။

တချိန်တည်းတွင် ဘန်ကောက်နှင့် ဖနွမ်းပင်တို့သည် ၎င်းတို့၏ ပြည်သူများအကြား မုန်းတီးရေးစိတ် ထင်ယောင်ထင်မှားဖြစ်အောင် အရှိန်မြှင့်တင်သည်။ ဒုက္ခရောက်ပြီး မုတ်သုန်ရွှံ့များရှိကာ တောင်ထူသည့် နယ်စပ်ထိပ်တိုက်တွေ့မှုများအကြောင်း လိမ်ညာပြောဆိုသည်ဟု အပြန်အလှန် စွပ်စွဲကြသည်။

တချိန်တည်းတွင် ဘန်ကောက်နှင့် ဖနွမ်းပင်တို့သည် ၎င်းတို့၏ ပြည်သူများအကြား မုန်းတီးရေးစိတ် ထင်ယောင်ထင်မှားဖြစ်အောင် အရှိန်မြှင့်တင်သည်။ ဒုက္ခရောက်ပြီး မုတ်သုန်ရွှံ့များရှိကာ တောင်ထူသည့် နယ်စပ်ထိပ်တိုက်တွေ့မှုများအကြောင်း လိမ်ညာပြောဆိုသည်ဟု အပြန်အလှန် စွပ်စွဲကြသည်။

စစ်ကြောင့် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး အသေးစိတ် သတင်းတင်ပြပေးရန် ကမ္ဘောဒီးယား၏ စိတ်အားထက်သန်မှု မရှိခြင်းသည် ပဋိပက္ခအတွင်း လူထုထောက်ခံမှုကို ထိန်းသိမ်းထားရန် ဝန်ကြီးချုပ် ဟွန်မနက်၏ အားထုတ်မှုဖြစ်သည်ဟု အချို့က မြင်ကြသည်။

တချိန်တည်းတွင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးမကင်းသည့် စစ်တပ်သည် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် နယ်စပ်ဂိတ်ဖွင့်မည်အပါအဝင် ရှေ့တန်းစစ်မျက်နှာတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းအပေါ် ထိန်းချုပ်မှုကို ခိုင်မာအောင် လုပ်နေသည်။

ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များဖွင့်ပြီး ငါးနာရီအကြာတွင် သူတို့ဘက်က နယ်စပ်ဂိတ်များ ဖွင့်ပေးမည်ဟု ကမ္ဘောဒီးယားက ပြောသည်။

နှစ်နိုင်ငံလုံး ဂိတ်ပေါက်များကို တပြိုင်နက်တည်း ဖွင့်မည်ဆိုသည့် ပိုမိုချမ်းသာပြီး လူဦးရေပိုများသော ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို ကမ္ဘောဒီးယားက ပယ်ချသည်။ ဇူလိုင်လတွင် ပဋိပက္ခစတင်သောအခါ နယ်စပ်ကို ထိုင်းနိုင်ငံက တဖက်သတ် ပိတ်ခဲ့သောကြောင့် ထိုင်းနိုင်ငံက အရင်ဖွင့်ရမည်ဟု မစ္စတာ ဟွန်ဆန်က ပြောသည်။

“နယ်စပ်ကို ပြန်ဖွင့်ပေးဖို့ ကမ္ဘောဒီးယားက ထိုင်းနိုင်ငံကို အလျှော့ပေးမှာ မဟုတ်ဘူး။ ထိုင်းနိုင်ငံက နယ်စပ်ကို နောက်ထပ်နှစ်ပေါင်း ၁၀၀ ပိတ်ထားဖို့ ဆုံးဖြတ်ရင်တောင် ကမ္ဘောဒီးယားက မဆုံးရှုံးဘူး” ဟု မစ္စတာ ဟွန်ဆန်က စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြောသည်။

နယ်စပ်ပဋိပက္ခသည် သက်တမ်း နှစ် ၁၀၀ ရှိပြီဖြစ်သော ပြင်သစ်မြေပုံတွင် အမြစ်တွယ်နေပြီး အငြင်းပွားမှု ဆယ်စုနှစ်များစွာ ဖြစ်နေသောကြောင့် မကြာမီ ပြီးဆုံးမည်ဟု မမျှော်လင့်နိုင်ပေ။

(Asia Times ပါ Richard S Ehrlich ၏ Cracked truce: Thailand-Cambodia border fight far from over ကို ဘာသာပြန်သည်။ ရစ်ချတ် အက်စ် အားလစ်သည် ၁၉၇၈ ခုနှစ်ကတည်းက အာရှမှသတင်းများကို ပေးပို့နေသည့် ဘန်ကောက်အခြေစိုက် နိုင်ငံခြားသတင်းထောက်နှင့် ကိုလံဘီယာ တက္ကသိုလ် နိုင်ငံခြားသတင်းထောက်များဆု ရရှိထားသူ ဖြစ်သည်။)

You may also like these stories:

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲအပေါ် မြန်မာစစ်သည်တဦး၏ အမြင်

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ လောကီအစီအရင် တိုက်ပွဲ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီပြီးနောက် ပစ်ခတ်မှုဆက်ဖြစ် (ရုပ်/သံ)

ဒေါ်နယ်ထရမ့် ကြားဝင်ပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား ပစ်ခတ်မှု ဆက်ဖြစ်နေ (ရုပ်/သံ)

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များအား နှိုင်းယှဉ်ချက်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

Your Thoughts …
Tags: ကမ္ဘောဒီးယားစီးပွားရေးတရုတ်ထိုင်းအပစ်အခတ်ရပ်စဲရေးအမေရိကန်
Richard S Ehrlich

Richard S Ehrlich

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
မြန်မာစစ်ပွဲမှာ ၂ ဖက်လုံး ဝင်ပါသည့် တရုတ်က ကြားဝင်မစွက်ဖက်ရေး ပြော

မြန်မာစစ်ပွဲမှာ ၂ ဖက်လုံး ဝင်ပါသည့် တရုတ်က ကြားဝင်မစွက်ဖက်ရေး ပြော

စစ်အုပ်စုရွေးကောက်ပွဲ EU မယုံကြည် (ရုပ်/သံ)

စစ်အုပ်စုရွေးကောက်ပွဲ EU မယုံကြည် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved