နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးရဲ့ သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေနဲ့ တိုက်ပွဲကိုရပ်တန့်ဖို့ ဆွေးနွေးခဲ့ပြီးပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ဆိုပါတယ်။
ဇူလိုင် ၂၆ ရက်နေ့က သူ့တည်ထောင်ထားတဲ့Truth လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ဖော်ပြလာတာဖြစ်ပြီး ပြောဆိုဆွေးနွေး အပြီးမှာ နှစ်နိုင်ငံလုံးက ငြိမ်းချမ်းရေးယူဖို့ သဘောတူလိုက်ပြီလို့လည်း သူက ဆိုပါတယ်။
ဒါပေမယ့် ထရမ့် ပြောဆိုအပြီး နောက်ရက် ဇူလိုင် ၂၇ ရက်နေ့ မနက်အစောပိုင်းမှာပဲ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ဆူရင်ခရိုင်မှာ နှစ်ဖက် ပစ်ခတ်မှုမရပ်ဘဲ ဆက်လက် ပစ်ခတ်နေဆဲဖြစ်တယ်လို့ ထိုင်းအစိုးရ သတင်းဌာနတခုဖြစ်တဲ့ NBT Connext က ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ လက်ရှိ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ဆွေးနွေးနေတဲ့ ကာလဖြစ်ပြီးတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရင် ဘယ်နိုင်ငံနဲ့မှ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့လည်း ထရမ့်က ဖိအားပေး ပြောဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













