• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တပတ်အတွင်း သတင်းစုံ

by ထက်မြက်ငြိမ်းချမ်း
8 October 2022
in ဆောင်းပါး
A A
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ် ဦးခင်ရီ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ် ဦးခင်ရီ

6k
VIEWS
Share on FacebookShare on Twitter

ဒီတပတ်အတွင်း လူများ စိတ်ဝင်တစား ရှိနိုင်မယ့် သတင်းတွေကတော့ လူတိုင်းနီးပါး ခံစားနေရတဲ့ မြန်မာ့ စီးပွားရေး အခြေအနေ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြီးဆုံးသွားခဲ့ရတဲ့ ကြံ့ခိုင်ရေးပါတီ ညီလာခံနဲ့ ရွေးကောက်ပွဲလုပ်ပြီး တိုင်းပြည်ကို ဆက်အုပ်ချုပ်ဖို့ ပြင်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ခြေလှမ်းတွေအကြောင်းကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်။

အဖြေ မရှိသေးသည့် မြန်မာ့ စီးပွားရေး

ခေတ်အဆက်ဆက် မည်သည့်အခါတွင်မှ စီးပွားရေးမှာ အောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ အခုတကြိမ် ပြန်ဦးဆောင်လာတဲ့အချိန်မှာ စီးပွားရေးဟာ ကမောက်ကမတွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတာက အံသြစရာတော့ မဟုတ်ပါဘူး။

မြန်မာစစ်တပ်ဟာ အရာရာကို အမိန့်ပေး အုပ်ချုပ်မှု၊ အာဏာနဲ့ ထိန်းချုပ်မှုတွေနဲ့ လုပ်လေ့ရှိတဲ့အတိုင်း စီးပွားရေးကိုလည်း အဲဒီလို သဘောထားပြီး နှုန်းရှင် ဖြစ်နေတဲ့ ဒေါ်လာကို နှုန်းသေပြောင်းသတ်မှတ်တာ၊ လွတ်လပ်တဲ့ ဗဟိုဘဏ်ကို စစ်တပ် ထိန်းချုပ်မှုအောက်ကို ပို့လိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကမောက်ကမ နိုင်လှတဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားတာ၊ သွင်းကုန်ပို့ကုန် လုပ်ငန်းတွေ ပုံမှန် မလည်ပတ်တော့ဘဲနဲ့ မှောင်ခိုစနစ်ကို ကူးပြောင်းသွားတာ၊ မြန်မာကျပ်ငွေ တန်ဖိုးထိုးကျနေတာတွေက လက်တွေ့ ဖြစ်နေတာတွေပါ။

နောက်ပြီး ကုမ္ပဏီတွေဆီကို ဒေါ်လာတွေ ဝင်လာရင် ရှယ်ယာတွေ ရလာရင် ကုမ္ပဏီတွေသာမက ပုဂ္ဂလိကပိုင်ငွေတွေပါ စစ်ကောင်စီရဲ့ သတ်မှတ်နှုန်းထားအတိုင်း အတင်းအကြပ် မြန်မာကျပ်ငွေ ပြောင်းလဲစေခဲ့တဲ့အထိ လွှဲမှားတဲ့ မူဝါဒတွေ ကျင့်သုံးခဲ့တာပါ။

အဲဒီမှာ လုပ်ငန်းလည်ပတ်မှုတွေပါ ရပ်ဆိုင်းသလို ဖြစ်ကုန်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်တဲ့အချိန်ရောက်မှသာ စစ်ကောင်စီနဲ့ ဗဟိုဘဏ်ဟာ ပြန်လည် ပြင်ဆင်ရေးတချို့ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ် ဥက္ကဌ အပြောင်းအလဲကနေ စပြောရရင် ဗဟိုဘဏ် ဥက္ကဌ အသစ် ဖြစ်လာတဲ့ ဒေါ်သန်းသန်းဆွေဟာ သိပ်ထက်မြက်တဲ့ ပညာရှင်တယောက် မဟုတ်ဘဲ စာရေးကြီးလိုပဲ အလုပ်လုပ်တတ်တဲ့သူ တဦးပါ။ အဲဒီလို လူမျိုး လက်ထက်မှာ မြန်မာပြည်ရဲ့ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ ဘာမျှော်လင့်ချက်မှ မရှိဘဲ ရှေ့နောက် မညီတဲ့ ကြေညာ ချက်မျိုးစုံနဲ့ အလုပ်ရှုပ်နေခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီခန့် ဗဟိုဘဏ်ဟာ စစ်ခရိုနီအများစု ပိုင်ဆိုင်ကြတဲ့ ဘဏ်တွေ အသက်ရှူချောင်အောင် စည်းကမ်းမတင်းကြပ်တော့ဘဲ ဒေါ်လာဈေးကွက်ကို သတ်မှတ်ဈေးနှုန်း ထားပေမယ့် ကြိုက်ဈေးပေး ရောင်းဝယ်ခွင့် ပေးလိုက်ပါတယ်။ ရွှေကိုလည်း ဒီအတိုင်း ရောင်းဝယ်ခွင့်ပြုတဲ့အပြင် ဈေးကွက်ပေါက်ဈေးထက် နှိမ့်ပြီး ထုတ်ရောင်းပေးလာပါတယ်။

စစ်ကောင်စီမှာ နိုင်ငံခြားငွေ ခမ်းခြောက်လာနေတဲ့ ပြသနာက ဆက်ရှိနေပါသေးတယ်

အရင်လို ဒေါ်လာဈေးကို ထိန်းဖို့ ဗဟိုဘဏ်က ဒေါ်လာ ထုတ်ရောင်းပေးသလို အခုတော့ စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရွှေဈေးနှုန်း တည်ငြိမ် စေဖို့ ဆိုပြီးတော့ ရွှေစင်တုံးနှင့် ရွှေစင်ခဲတွေ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရောင်းချပေးတာ၊ ဗဟိုဘဏ် လက်အောက်ရှိ ပုဂ္ဂလိကဘဏ်တွေက ပြင်ပ သင်္ဘောသားလွှဲငွေတွေ အပါအဝင် နိုင်ငံခြားက ပြန်ဝင်လာတဲ့ငွေတွေကို လွတ်လပ်စွာ ပြန်ရောင်းခွင့်ပေးတာ၊ ကုန်သည်တွေရဲ့ နိုင်ငံခြားဝင်ငွေအပေါ် သတ်မှတ်ဈေးနဲ့ ဈေးကွက်ပေါက်ဈေး ရာခိုင်နှုန်း အချိုးအစား ခွဲ ငွေလဲခိုင်းတာနဲ့ အဓိက သွင်းကုန်ဖြစ်တဲ့ လောင်စာဆီအတွက် ဒေါ်လာထုတ်ရောင်းပေးတာ တွေကြောင့် ဦးမော့နေတဲ့ ရွှေနဲ့ ဒေါ်လာဈေး တံ့သွားပါတယ်။

ရွှေနဲ့ ဒေါ်လာဈေးလို အခြေခံကုန်ဈေးနှုန်းတွေလည်း ကျစေရမယ်လို့ ရည်ရွယ်ပြီး စစ်ကောင်စီက နေပြည်တော်မှာ ဆန်ကုန်သည်တွေကို ခေါ်ယူပြီး စည်းရုံးပါတယ်။ ပြီးခဲ့တဲ့ သောကြာညနေ ဈေးပိတ်တဲ့အချိန်ထိ ဆန်ဈေးက ကျလာနေပါတယ်။

ဒါပေမယ့်လည်း ဒီအခိုက်အတံ့က ဘယ်လောက်ကြာမှာလဲ။ စစ်ကောင်စီမှာ နိုင်ငံခြားငွေ ခမ်းခြောက်လာနေတဲ့ ပြသနာ ဆက်ရှိနေသလို ရွှေကလည်း လိုသလောက် ကြာကြာရောင်းပေးနေမှာလို့ အာမမခံနိုင်ပါဘူး။

နိုင်ငံရေး တည်ငြိမ်မှု မရှိတဲ့ ဝန်းကျင်မှာ ပုံမှန် စီးပွားရေးတရပ် ဖွံ့ဖြိုးလာဖို့ကတော့ မဖြစ်နိုင်သေးဘူးဆိုတာ စီးပွားရေး အသိုင်းအဝိုင်းကလူတွေ နားလည် သဘောပေါက်ပါတယ်။ ပြိုပျက်လာနေတဲ့ စီးပွားရေးကို တပွဲထိုးနည်းလမ်းတွေ သုံးပြီး ဖာထေးကျားကန်တတ်ရုံနဲ့ စီးပွားရေးဦးမော့နေပြီလို့ စစ်ခေါင်းဆောင်ပြောတာဟာ နေ့ခင်းမှာ အိပ်မက်မက်နေသလိုမျိုး ကယောင်ကတန်း ပြောတာသာ ဖြစ်မှာပါ။

ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြီးဆုံးသွားခဲ့တဲ့ ကြံ့ခိုင်ရေး ညီလာခံ

နေပြည်တော်က ကြံ့ခိုင်ရေးပါတီ ရုံးချုပ်မှာ အောက်တိုဘာလ ၂ ရက်ကနေ ၅ ရက်နေ့အထိ နှစ်ရက် ကျင်းပပြီး ဦးခင်ရီ ဥက္ကဌ ဖြစ်သွားတဲ့ ကြံ့ခိုင်ရေး ညီလာခံဟာ ပုံမှန် ဘာမှ မဖြစ်ဘဲ ပြီးဆုံးသွားခဲ့တယ်လို့ ထင်ရပေမယ့် ဒဏ်ရာဒဏ်ချက် ကိုယ်စီနဲ့ ပြီးဆုံးသွားခဲ့တဲ့ ညီလာခံတစ်ခု ဖြစ်ပါတယ်။

လက်ရှိ ပါတီ ဥက္ကဌ ဦးသန်းဌေး အုပ်စုနဲ့ ပါတီ ဥက္ကဌ လုပ်ချင်တဲ့ ဦးခင်ရီ အုပ်စုတို့ အားပြိုင်ကြတဲ့ပွဲမှာ အများပြည်သူ စိတ်ဝင်စားနိုင်တဲ့ ဇာတ်လမ်းလေးတွေ ရှိနေပါတယ်။ ဦးသန်းဌေးကို စတင် တိုက်ခိုက်သူနှစ်ဦးမှာ မင်းကင်းအမတ် ဦးမောင်မြင့်နဲ့ ဘူးလက်လှဆွေတို့ ဖြစ်ပါတယ်။
ဦးမောင်မြင့်က ဦးသန်းဌေးကို “တွေဝေတဲ့သူ ခေါင်းဆောင်မှု အားနည်းတဲ့သူ”လို့ မီဒီယာတစ်ချို့ကနေ စတင် တိုက်ခိုက်ပါ သလို သူရဲ့ ဖေ့စ်ဘုတ်စ်အကာင့်ကနေ “ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ တောက်ပြောင်တဲ့ပါတီ ဖြစ်မလာနိုင်ပါဘူး” ဗြောင်ရေးသားခဲ့ပါတယ်။ ဘူးလက်လှဆွေကတော့ ပါတီ အစည်းအဝေးတွေမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာတွေ လုပ်ပါတယ်။

ဦးမောင်မြင့်နဲ့ ဘူးလက်လှဆွေတို့ ဒီလို ပြောဆိုဝေဖန်တာဟာ သူတို့ချည်းသက်သက်ရဲ့ သဘောထား မဟုတ်ဘဲ သူတို့ နောက်ကွယ်မှာ စစ်တပ်နဲ့ ဦးခင်ရီတို့ အုပ်စုတွေရဲ့သဘောထား ဖြစ်တယ်လို့ ဦးသန်းဌေးတို့ အုပ်စုဘက်က မြင်ပါတယ်။

လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး အခင်အကျင်းနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ဦးသန်းဌေးရဲ့ ဦးဆောင်မှုနဲ့ဆိုရင် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေကြားထဲမှာ ဆွေးနွေးမှုတချို့ စရှိလာပြီး တကယ်လို့ လာမယ့် ရွေးကောက်ပွဲမှာ အပစ်အခတ် အသတ်အဖြတ်တွေ ရှိလာခဲ့ရင် ပါတီကိုယ်စားလှယ်တွေဟာ မိုက်မိုက်ကန်းကန်းတွေ ဖြစ်ရမှာမို့ ဦးခင်ရီနဲ့ဆို ပိုအလုပ်ဖြစ်မယ်လို့ တွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဦးသန်းဌေးဟာ ကြံံ့ခိုင်ရေးပါတီ ဥက္ကဌ ဖြစ်လာတာဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ထောက်ခံချက် ပါတာမိုလို့ ဦးခင်ရီတို့အုပ်စုဟာ ဦးသန်းရွှေရဲ့ထောက်ခံချက်၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့ဆီကပါ သဘောတူညီချက်ရအောင် ကြိုးစားခဲ့ရတာပါ။

ဒီကိစ္စကို သဘောတူဖို့ ကြီးသုံးကြီးဖြစ်တဲ့ ဦးသန်းရွှေ၊ ဦးသိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ကြားမှာလည်း တွေ့ဆုံမှုတွေ ရှိပါတယ်။ ဒီကြီးသုံးကြီးက သဘောတူပြီးပြီဆိုတာနဲ့ ဦးခင်ရီကို စစ်တပ်က ထောက်ခံထားတယ်ဆိုတာကို ဦးသန်းဌေးတို့ အုပ်စုသိအောင် ပုံစံမျိုးစုံနဲ့ အသိပေးခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဌ ရွေးတာဟာ မဲစနစ်နဲ့ မဟုတ်ပါဘူး။ လက်ရှိ ရှိနေတဲ့ ဗဟိုကော်မတီ ၉၀ ဝန်းကျင်ထဲကမှ လူ ၅၀ ကို ရွေးချယ်ရေး အဖွဲ့တခုကနေ အဆိုပြုတာပါ။ အဲဒီအဖွဲ့မှာ ပါတီရဲ့ ဒုတိယ ဥက္ကဌ ၃ ယောက်နဲ့ ဗဟိုအတိုင်ပင်ခံပုဂ္ဂိလ် ဆိုတဲ့သူတွေ ပါဝင်ပါတယ်။ ဒီအဖွဲ့ထဲမှာ ပါတဲ့ လူတချို့နဲ့ ခုနက ပြောခဲ့တဲ့ ကြီးသုံးကြီးတို့ကြားမှာ တွေ့ဆုံမှုတွေ ရှိထား ပါတယ်။ သူတို့ကပဲ ဦးသန်းဌေးကို ဖယ်ထုတ်ဖို့ အပိုင်လုပ်ကြတာပါ။

လာမယ့် NLD မပါတဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီပဲ အနိုင်ရမယ်ဆိုတာကို တပ်ပျက်တဲ့အချိန်မှာ ဗိုလ်တက်လုပ်ရတဲ့ ဦးသန်းဌေး ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် တဖက်မှာ အသာတကြည် ထွက်မပေးရင် သူရဦးရွှေမန်း လမ်းစဉ် လိုက်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် နောက်ဆုတ်သွားတာ ဖြစ်ပါတယ်။

ဦးသန်းဌေးဘက်ကလည်း အထွက်လှဖို့ စီစဉ်ခဲ့ရပါတယ်

အဲဒီတော့ ဦးသန်းဌေးဘက်ကလည်း အထွက်လှဖို့ စီစဉ်ရပါတော့တယ်။ သူ့ရဲ့အထွက်မိန့်ခွန်းမှာ အချက် ၃ ချက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို နိုင်အောင် ဦးမဆောင်နိုင်ခဲ့တဲ့အတွက် တာဝန်ရှိတာ၊ အာဏာသိမ်းပြီးနောက် ပါတီဝင် နှစ်ထောင်ကျော် အသတ်ခံရတာကို အကာအကွယ် မပေးနိုင်တာနဲ့ ကျန်းမာရေး အရ ခါးရောဂါတို့ကြောင့် ပြန်အရွေးမခံတာတို့ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပါတီရန်ပုံငွေတွေ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လို အဂတိလိုက်စားမှုကိုမှ ကျူးလွန်ခဲ့တာ မရှိဘူးလို့ ဦးသန်းဌေးက တုန့်ပြန်ခဲ့ပါတယ်။ တကယ်တမ်းတော့ ဦးသန်းဌေးဟာ ကျပ်ဘီလီယံနဲ့ ချီတဲ့ ပါတီရန်ပုံငွေတွေကို ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို အတိုးနည်းနည်းနဲ့ ချေးငှားထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဦးသန်းဌေးဟာ ဒဏ်ရာဒဏ်ချက်တွေကို ပွေ့ဖက်လို့ ရင်နာနာနဲ့ပဲ ပါတီကို ထားသွားခဲ့ရပါပြီ။ အဲဒီတော့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဖြစ်လာတဲ့ ဦးခင်ရီဟာ သူ့ပါတီဝင်တွေကို အရင်လို ငြိမ်ခံခိုင်းတော့မှာ မဟုတ်ဘဲ လူအင်အားစုဆောင်းမှုတွေ လက်နက်တပ်ဆင်မှုတွေ လုပ်တော့မှာ ဖြစ်လို့ မြန်မာ့နိုင်ငံရေးမှာ အပြန်အလှန် လူသတ်ပွဲတွေ၊ လုပ်ကြံ သတ်ဖြတ်မှုတွေ ပိုမြင်ရတော့မှာ ဖြစ်ပါတယ်။

မိုးကျရွှေကိုယ်ခေတ် ပြန်လာပြီ

အရပ်သားအစိုးရအသွင်ယူဖို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ဦးသိန်းစိန်နဲ့ အခြားစစ်အရာရှိကြီးတွေကို ယူနီဖောင်းချွတ်ခိုင်းပြီး အရပ်ဝတ်လဲစေခဲ့သလို အခုလည်း လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့နောက်လိုက်တွေကို ယူနီဖောင်းချွတ်ခိုင်းတဲ့ အသံတွေ စကြားလာရပါတယ်။

ဒီရက်ပိုင်းထဲမှာပဲ စစ်တပ်က ဒုတိယ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေကို အနားပေးပြီး ကြံ့ခိုင်ရေးပါတီကို ပို့လိုက်တာဟာ စစ်ခေါင်းဆောင်ရဲ့ ၂၀၂၃ မှာ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလို့ သုံးသပ်နိုင်ပါတယ်။

အခု ကြံ့ခိုင်ရေးပါတီကို ရောက်လာမယ့် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းဟာ စစ်တပ်ထဲက တခြားလူတွေလို သာမန် ဗိုလ်ချုပ်တစ်ယောက် မဟုတ်ဘဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့လူရင်း၊ လူယုံတယောက် ဖြစ်နေတာကြောင့် သူ့လူတယောက်ကို ပါတီကို အကြောင်းမဲ့ စေလွှတ်တာ မဟုတ်ပါဘူး။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
83
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.1k

ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း သာမက တခြား စစ်တပ် အရာရှိတွေ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ ဗိုလ်ချုပ် မျိုးမြင့်လို လူတွေလည်း ကြံ့ခိုင်ရေးပါတီကို ရောက်လာတော့မှာ ဖြစ်လို့ စစ်ခေါင်းဆောင်နဲ့ ကြံ့ခိုင်ရေး ခေါင်းဆောင်တို့ တွဲပြီး ဒီအခင်းအကျင်းကို ရှေ့ဆက်နိုင်အောင် ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြင်လိုက်ရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်နဲ့ အစိုးရအဖွဲ့ကို ဆက်လက် ထိန်းကျောင်းမှာ ဖြစ်သလို ပါတီဘက်မှာလည်း ဦးခင်ရီကနေ တာဝန်ယူပြီး ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ အပေးအယူမျှအောင် ဆက်လက် ဆောင်ရွက်မယ့် အကြံအစည်တွေကို ပြောင်းလာတဲ့ စစ်တပ်အရာရှိတွေက အကောင်အထည် ဖော်ပေးရမှာ ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၈ က ဖြစ်ပြီး ရန်ကုန်တိုင်းမှူး၊ ကစထမှူးနဲ့ စစ်ရေးချုပ် တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့နိုင်ငံခြား ခရီးစဉ်တွေမှာပါ လိုက်ပါခွင့်ရတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်ငံရေး ရည်မှန်းချက်ရှိသူဖြစ်လို့ ကြံ့ခိုင်ရေးပါတီဘက်ကို လိုလိုလားလား ပြောင်းလာတဲ့သူပါ။ သူဟာ ပါတီမှာ နေမယ့်သူ မဟုတ်ဘဲ ၂၀၂၃ ရွေးကောက်ပွဲပြီးလာရင် ထိပ်ပိုင်းရာထူးတစ်ခုနဲ့ မင်းအောင်လှိုင်ရဲ့ရှေ့ထွက် အလုပ်လုပ်ပေးရမယ့်သူ တဦးလည်း ဖြစ်လာနိုင်ပါတယ်။

၂၀၂၃ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း မဲဆွယ်နိုင်မည် မထင်

သူ့လိုပဲ ဒုတိယ ဗိုလ်ချုပ် ကြီး သန်းထွန်းဦးကိုလည်း ကြံ့ခိုင်ရေးပါတီဘက်ကို ရွေ့ခဲ့ပေမယ့် နိုင်ငံရေး ရည်မှန်းချက် မရှိတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးက မသွားချင်ဘူးလို့ ငြင်းခဲ့ပါတယ်။ အဲဒါကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးက ထပ်မံ အရွေးခံခဲ့ရတာပါ။

စစ်တပ်ထဲမှာလည်း စစ်သားပဲ လုပ်ချင်တဲ့သူတွေ ရှိပါသေးတယ်။ တချို့ကျတော့လည်း နိုင်ငံရေးသမားယောင်ယောင် စစ်သားယောင်ယောင်လုပ်နဲ့ စစ်ခေါင်းဆောင်နောက်ကို လုပ်ကြပါတယ်။ တချို့ကလည်း စစ်သားပုံ ပိုပေါက်တဲ့ ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းကို အားကျကြပါတယ်။

အခုလို စစ်ခေါင်းဆောင်က သူ့ဗိုလ်ချုပ်တွေကို ကြံ့ခိုင်ရေးပါတီကို လွှတ်တာ၊ သူနဲ့ အလုပ်လုပ်ဖို့ ပိုအဆင်ပြေမယ့် ဦးခင်ရီ ကို ပါတီခေါင်းဆောင်တက်လုပ်ခိုင်းတာတွေက NLD မပါတော့မယ့် ၂၀၂၃ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပဲ ဖြစ်ပါတယ်။

NLD မပါတဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီပဲ အပြတ်အသတ်နိုင်တော့မှာမိုလု့ိ အခုချိန်ကတည်းက ဘယ်သူက လွှတ်တော်ပိုင်း၊ ဘယ်သူကတော့ အစိုးရဘက်နဲ့ ဘယ်သူကတော့ စစ်တပ်မှာ ကျန်ခဲ့ရမယ့်သူဆိုပြီး အာဏာခွဲဝေရေးတွေ လူတွေကို Line Up တွေတောင် စီစဉ်နေပြီဆိုတဲ့ သတင်းတွေလည်း ထွက်လာနေပါတယ်။

ဒါ့ကြောင့် အရင်လို မိုးကျရွှေကိုယ် ခေတ် ပြန်လာပြီလို့ ပြောရမှာပါ။ ဒါပေမယ့် ဦးသန်းရွှေနဲ့ လက်ရှိ စစ်ခေါင်းဆောင်ကြားမှာ မတူတာက ဦးသန်းရွှေဟာ နိုင်ငံရေးက အနားယူဖို့ လုပ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံရေး ဆက်လုပ်ဖို့ပြင်ဆင်နေတာပါ။

ဒါပေမယ့် ၂၀၂၃ ရွေးကောက်ပွဲမှာ မြန်မာပြည်အတွက် နိုင်ငံရေး အဖြေတခု မဟုတ်ဘဲ စစ်တပ်တခုတည်းရဲ့ နိုင်ငံရေး ထွက်ပေါက်ဖြစ်နေတာကြောင့် ဆန့်ကျင်မယ့် အင်အားစုတွေက ရွေးကောက်ပွဲကို အနုနည်း၊ အကြမ်းနည်းနဲ့ပါ ဆန့်ကျင် ကြမှာ ဖြစ်ပါတယ်။

အဲဒီလို ဆန့်ကျင်မယ့်သူတွေနဲ့ ကြံ့ခိုင်ရေးပါတီ ဦးခင်ရီရဲ့ခါးပိုင်ဆောင်တပ်တွေကြား အပြန်အလှန် သတ်ဖြတ်မှုတွေကလည်း ရှိတော့မှာ ဖြစ်လို့ လာမယ့် မြန်မာနိုင်ငံရေးမှာ ပိုကြမ်း၊ ပိုရမ်းမယ့် အခြေအနေတွေကို စာဖတ်သူတွေ မြင်ရတော့မှာ ဖြစ်ပါတယ် ခင်ဗျား။ ။

You may also like these stories:

အရေးယူခံရမည် စိုး၍ ဆန်ဈေး အနည်းငယ်ပြန်ကျ

ဒေါ်လာနှင့် ရွှေဈေး ကျလာသော်လည်း ကုန်ဈေးနှုန်း မကျ

ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ

ခေါင်းဆောင်ပိုင်းရာထူးအချို့ ခန့်အပ်နိုင်ခြင်းမရှိဘဲ ကြံ့ခိုင်ရေးပါတီညီလာခံ ပြီးဆုံး

အာဆီယံကနေ မြန်မာနုတ်ထွက်နိုင်သလား

Your Thoughts …
Tags: ကြံ့ခိုင်ရေးပါတီ ညီလာခံကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ် ဦးခင်ရီစစ်ခေါင်းဆောင် မင်းအောင်လှိုင်တပတ်အတွင်း သတင်းစုံဒဏ်ရာဒဏ်ချက်တွေမိုးကျရွှေကိုယ်ခေတ် ပြန်လာပြီ
ထက်မြက်ငြိမ်းချမ်း

ထက်မြက်ငြိမ်းချမ်း

Similar Picks:

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

by ဧရာဝတီ
27 July 2024
33k

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်အား မနာခံပဲ ထွက်စာတင်သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

by ဧရာဝတီ
31 July 2023
16.3k

မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း

လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း

by ဧရာဝတီ
31 July 2025
5.7k

မင်းအောင်လှိုင်က ထိပ်ပိုင်းရာထူးတွေဆက်လက်ချုပ်ကိုင်ထားတဲ့အပြင် အရေးပါတဲ့ ရာထူးတာဝန်တွေကိုလည်း သူယုံကြည် အားထားရတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ အားပြုဖွဲ့စည်းခဲ့ပါတယ်။

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ

by ကျော်စွာမိုး
17 September 2024
5.6k

"၈၈ အရေးတော်ပုံ" နဲ့ "၂၀၂၁ နွေဦးတော်လှန်ရေး" တွေမှာ တနိုင်ငံလုံးလူထုပါဝင် ဆန့်ကျင်မှုဟာ "အရေးတော်ပုံ" အဆင့်ထိ တောင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် မတူညီတဲ့ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။

Next Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

မြန်မာ့အရေး အာဆီယံတဖွဲ့ထဲကပဲ ဆောင်ရွက်လို့ မရဘူး

စက်တင်ဘာ ၃၀ ရက်နေ့က ထိုင်းနယ်ခြားစောင့်တပ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လိုက်သည့် ကျောင်းသူ၊ ကျောင်းသားများ  /  KHRG

ထိုင်းက မြန်မာနိုင်ငံ ပြန်ပို့သည့် ကျောင်းသား ၁၄၀ အခက်အခဲကြုံနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved