• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဒေါ်လာနှင့် ရွှေဈေး ကျလာသော်လည်း ကုန်ဈေးနှုန်း မကျ

by ဧရာဝတီ
4 October 2022
in စီးပွားရေး
A A
၂၀၂၁ ခုနှစ်က တွေ့ရသည့် ရန်ကုန်မြို့တွင် တွေ့ရသည် စားသောက်ကုန်နှင့် လူသူကုန်းရောင်းသည့် ကုန်စုံဆိုင်တဆိုင် / ဧရာဝတီ

၂၀၂၁ ခုနှစ်က တွေ့ရသည့် ရန်ကုန်မြို့တွင် တွေ့ရသည် စားသောက်ကုန်နှင့် လူသူကုန်းရောင်းသည့် ကုန်စုံဆိုင်တဆိုင် / ဧရာဝတီ

4.9k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း၌ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းနှင့် ရွှေဈေးများမှာ စံချိန်တင်မြင့်တက်နေရာမှ ဈေးပြန်ကျလာခဲ့ သော်လည်း အထွေထွေ စားသောက်ကုန်ဈေးနှုန်းများ အပါအဝင် ကုန်ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းသွားခြင်း မရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် လပိုင်းတွင် အမေရိကန်ဒေါ်လာလဲနှုန်းမှာ ၃၀၀၀ ကျော်မှ ၄၀၀၀ ကျော်အထိ ရှိခဲ့ရာမှာ ယခု ရက်ပိုင်း အတွင်း ၃ ထောင်အောက်သို့ ပြန်ဆင်းလာခြင်း၊ ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင်၂၅ သိန်းအောက်သို့ ကျဆင်း လာသော်လည်း အတက် အကျမှာ တည်ငြိမ်မှု မရှိသေးကြောင်း သိရသည်။

ပြည်တွင်း စားသောက်ဆိုင် လုပ်ငန်း လုပ်ကိုင်သူ ဆိုင်ပိုင်ရှင် တဦးက “ဒေါ်လာဈေး ကျတယ်ဆိုတာလည်း ဈေးတည် ငြိမ်သွားတာ မဟုတ်တော့ လူတွေက ဒါကိုပဲ စောင့်ကြည့်နေတာ။ တကယ်ကို အားလုံး ကျသွားတယ်၊ တည်ငြိမ်တယ် ဆိုရင်တော့ ကုန်ဈေးနှုန်းကလည်း ကျမှာပေါ့။ အခုကတော့ ကျသွားလိုက် ပြန်တက်သွားလိုက်ဆိုတော့ ကုန်ဈေးနှုန်း က ကျမသွားဘူး။ တချို့ပစ္စည်းတွေက နည်းနည်းလောက် ကျပေမယ့် ဆီတို့ ဆန်တို့တောင် မကျသေးဘူး။ ကျနော်တို့ က စားသောက်ဆိုင် လုပ်ငန်းဖြစ်တဲ့အတွက် ဝယ်နေရတာတော့ အထွေထွေ ကုန်ပစ္စည်းတွေက အခု လုံးဝ မကျသေး တဲ့ အခြေအနေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြည်တွင်း ဒေါ်လာ လဲလှယ်နှုန်းမှာ ၁ ဒေါ်လာလျှင် ကျပ် ၄၀၀၀ ကျော်နှင့် အထက်မြင့် တက်ခဲ့သောကြောင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာလည်း လိုက်ပါမြင့်တက်ခဲ့ပြီး ကော်ဖီမစ် တထုပ်သေး ၁ ထုပ်ပင်လျှင် ကျပ်၂၀၀ ဝန်းကျင်မှ ကျပ်၂၅၀ နှင့် ကျပ် ၃၀၀ နီးပါး အထိ မြင့်တက်ခဲ့သည်။

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အိမ်ရှင်မတဦးက “အရင်လတုန်းက ကျမတို့ စားတဲ့ ဆန် ၁ ပြည် ၂၈၀၀ ကျပ် ရှိတယ်။ ဒီလ ဆန်ဝယ်စားရတော့လည်း ၁ ပြည် ၂၈၀၀ ကျပ်ပဲ။ ကော်ဖီမစ်တောင် အရင်က ၂ ခွက်၊ ၃ ခွက် သောက်နိုင်ပေ မယ့် ဒီအချိန်မှာတော့ အရင် ၁၀၀ ကျပ်တန် တထုပ်က အခု ကျပ်၂၅၀ နဲ့ ၃၀၀ လောက် ဖြစ်နေတော့ ၁ ထုပ်ပဲ သောက်တော့တယ်။ ချွေတာ ရတယ်။ ကုန်ဈေးနှုန်းကတော့ တက်ပြီး ကျဖို့က ခဲယဉ်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ဒေါ်လာဈေးအနည်းငယ် ပြန်ကျသော်လည်း ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ကျပ် ၉ သောင်းကျော်နှင့် စားအုန်းဆီ ၁ ပိဿာလျှင် စစ်ကောင်ဆီ၏ သတ်မှတ်ဈေးမှာ ကျပ် ၄၀၀၀ ကျော် ရှိသော်လည်း ပြင်ပဈေးတွင် ၁ပိဿာ ကျပ် ၇၀၀၀ မှ ၈၀၀၀ ဝန်းကျင်အထိ ဈေးမြင့်နေသေးသည်။

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
139
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
480
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k

အခြေခံ စားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကော်ဖီမစ်၊ နို့မုန့်၊ အစရှိသည် တို့အပြင် ပြည်ပမှ သွင်းရသည့် ဆပ်ပြာမှုန့်၊ ခြင်ဆေးခွေ၊ အိမ်သုံးကုန်ပစ္စည်းဈေးနှုန်းများမှာလည်း အတက်ဈေးတွင် ရှိနေသေးကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများထံမှသိရသည်။

လက်ကားဆိုင်တချို့ကလည်း လက်လီဆိုင်များသို့ ဈေးပြန်မချပေးသဖြင့် အထွေထွေ ကုန်ဈေးနှုန်းများ ကျဆင်းခြင်း မရှိသေးသလို တချို့ ကုန်သည်များကလည်း ဒေါ်လာဈေးတက်ချိန်တွင် တင်သွင်းထားရသည်ကို အကြောင်းပြ၍ ဈေး ပြန် မချခြင်းများလည်း ရှိနေကြောင်း သိရသည်။

အောက်တိုဘာလ ၁ ရက်က ပြင်ပပေါက်ဈေး ၁ ဒေါ်လာလျှင်၂၇၀၀ ကျပ် ဝန်းကျင်နှင့် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၂၅ သိန်းအောက်သို့ ကျဆင်းခဲ့သော်လည်း ယနေ့ အောက်တိုဘာလ ၃ ရက် မနက်ပိုင်းတွင် ၁ ဒေါ်လာလျှင် ကျပ်၂၈၀၀ မှ ၂၉၀၀ ကျော် ဝန်းကျင်နှင့် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်၂၅ သိန်းကျော်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယင်းနှင့် ပတ်သက်ပြီး ပြည်တွင်း စီးပွားရေး လေ့လာသုံးသပ်သူ တဦးက “နိုင်ငံရေး စီးပွားရေး အစစအရာရာ မတည် ငြိမ်တဲ့အခါ ကုန်ဈေးနှုန်းက အရမ်း ပြောင်းလဲတယ်။ ဒေါ်လာဈေး အများကြီး တက်တယ်၊ အများကြီး ပြန်ကျတယ်။ ဒါတွေက မတည်ငြိမ်တာတွေကြောင့် ဖြစ်သလို ဒီလိုဖြစ်တာတွေကလည်း မတည်ငြိမ်အောင် လုပ်နေလို့ ဒီလို အခြေ အနေတွေ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ ပို့ကုန်သမားများအပေါ်တွင် ကန့်သတ်ထားသည့် ဒေါ်လာ သတ်မှတ်ချက်များ၊ သွင်းကုန်သမား များပေါ်တွင် ကုန်သွယ်မှု ပိုငွေ ပြရန်အတွက် တင်သွင်းခွင့် လိုင်စင် ကန့်သတ်ချက်များကြောင့် စီးပွားရေးမှာ လည် ပတ်နိုင်စွမ်းအား ကျဆင်းနေသဖြင့် အဆမတန် မြင့်တက်ခဲ့သည့် ဒေါ်လာဈေး ပြန်ကျသော်လည်း ကုန်ပစ္စည်း ဈေးနှုန်းများမှာ လိုက်ပါ ကျဆင်းနိုင်ခြင်း မရှိသည့် အခြေအနေ ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “အခု ဖြစ်နေတာက ကျသွားပြန်ပြီ။ နောက်တခါ ပြန်တက် သွားပြန်ပြီ။ အဲဒီလို မတည်မငြိမ် ဖြစ်တော့ ကုန်ပစ္စည်းတွေက အခုတိုင်းသွားနေမှာပဲ။ ဒါကို တကယ် အကောင်းဘက်ကို ပြောင်းနိုင်မယ့် အပြောင်း အလဲ မလုပ်နိုင်ရင် စီးပွားရေးက တဖြည်းဖြည်းနဲ့ ပြုတ်ကျသွားမှာပဲ” ဟု ရှင်းပြသည်။

လက်ရှိတွင် နိုင်ငံခြား ငွေကြေးဈေးများ ဖြစ်သည့် အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်းဈေးနှင့် ထိုင်းဘတ်ငွေဈေးမှာ လည်း အတက်အကျ မတည်ငြိမ်ကြောင်း ဈေးကွက်အတွင်းက သိရသည်။

You may also like these stories:

ရွှေဈေးမငြိမ်မှုကြောင့် မန္တလေးက ရွှေဆိုင်းလုပ်ငန်းများ ရပ်ထားရ

NLD အစိုးရ ရပ်ဆိုင်းခဲ့သည့် သံမဏိစက်ရုံ စစ်တပ်နှင့် ရုရှားကုမ္ပဏီ လည်ပတ်ရန်ပြင်နေ

အော်ဒါမရသဖြင့် ရန်ကုန်က အထည်ချုပ်စက်ရုံတချို့ ရပ်နား

စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ

Your Thoughts …
Tags: ကုန်ဈေးနှုန်းဒေါ်လာဈေးရွှေဈေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

by ဧရာဝတီ
1 June 2024
12.6k

မေလ နောက်ဆုံးပတ်က စတင်ပြီး မြန်မာငွေကျပ်တန်ဖိုးတွေ တရှိန်ထိုးကျဆင်းလာပြီးတဲ့နောက် ဈေးကွက်ထဲမှာ ဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းထားတွေဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

by ဧရာဝတီ
28 August 2023
12.1k

ပြည်တွင်း ဆန်ဈေးကို စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ် ဈေးထက် ပို၍ ရောင်းချပါက အရေးယူသွားမည်

Next Post
ရန်ကုန်မြို့လည်ရှိ စာအုပ်ဟောင်းရောင်းဆိုင်တဆိုင် / AFP

မြန်မာ့ပထမ ကြော်ငြာ မဂ္ဂဇင်း “သက်စောင့်”

ပူတင်နှင့် ယူကရိန်းခွဲထွက်ဒေသ ၄ ခုမှ ရုရှခန့်အစိုးရခေါင်းဆောင်များ

ရုရှားက ယူကရိန်းကို ဖဲ့ထုတ်ခြင်းသည် ဒုတိယကမ္ဘာစစ် မတိုင်မီ ဥရောပအခြေအနေနှင့် တူညီနေ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved