• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ်မဲနဲ့ အရွေးခံမယ့် အာဏာရှင်၏ ဒေါက်တိုင် ၃ ဦး

by ဧရာဝတီ
29 October 2025
in သတင်း
A A
စစ်တပ်မဲနဲ့ အရွေးခံမယ့် အာဏာရှင်၏ ဒေါက်တိုင် ၃ ဦး

အဓိကလူယုံဒေါက်တိုင် ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစော၊ ဦးအောင်လင်းဒွေးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ဥက္ကဋ္ဌ ဦးခင်ရီတို့ကို စစ်တပ်အမာခံနယ်မြေတွေက ပြိုင်မှာဖြစ်ပါတယ်။ (ဧရာဝတီ

1.4k
VIEWS
Share on FacebookShare on Twitter

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအလွန် အာဏာဆက်ကိုင်ထားဖို့ သမ္မတနေရာက လွှတ်တော်ဥက္ကဋ္ဌ အထိ အဓိကလူယုံဒေါက်တိုင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစော၊ ဦးအောင်လင်းဒွေးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ဥက္ကဋ္ဌ ဦးခင်ရီတို့ကို စစ်တပ်အမာခံ နယ်မြေတွေက ဝင်ပြိုင်စေပြီး လာမည့်အစိုးရအဖွဲ့ကို ပုံဖော်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

လက်ရှိ စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးညိုစောဟာ အရပ်သားဦးရေ နည်းပါးပြီး စစ်တပ်နဲ့ ဌာနဆိုင်ရာ အများစုရှိနေတဲ့ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆနန္ဒမှာတော့ ယှဉ်ပြိုင်မှာဖြစ်သလို နေပြည်တော်က စစ်ရုံးတည်ရှိရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါ့ပြင် စစ်တပ်အမာခံနှင့် ကြံ့ခိုင်ရေးပါတီ အားကောင်းရာ နေပြည်တော် ကောင်စီနယ်မြေ၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင် တို့ကို စုစည်းပြီး အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ရွေးချယ်မယ့် အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ် ၃ မှာ လက်ရှိ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ

သမ္မတ ဦးဝင်းမြင့်ကို ဆယ်အိမ်ခေါင်းလို့ ခိုင်းနှိုင်းပြောဆိုခဲ့ဖူးသူ ဦးခင်ရီက ယခင်ပါတီဥက္ကဋ္ဌများနည်းတူ အနိုင် သေချာတဲ့ စစ်ရုံးရှိရာ ဇေယျာသီရိမြို့နယ်ကနေ ယှဉ်ပြိုင်ခွင့်ရပြီး ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမယ့် စစ်အစိုးအရ အခင်း အကျင်းမှာ ဒုသမ္မတဖြစ်မယ့်သူလို့ သုံးသပ် ထင်ကြေးပေးခံနေရသူ ဖြစ်ပါတယ်။

အဓိက ပြိုင်ဘက် NLD ကို ဖျက်သိမ်းပြီး တကောင်တည်း ပြေးတဲ့ပြိုင်ပွဲလို စစ်တပ်အလိုကျ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေများတဲ့ ပါတီတခုရဲ့ ဥက္ကဋ္ဌအနေနဲ့ သမ္မတရာထူး သူကိုယ်တိုင်လည်း စိတ်ကူးယဉ်အိမ်မက်နေမှာလည်း သေချာသလောက် ရှိပါတယ်။

သို့သော် ဒုသမ္မတလောင်းတဦးသာ တင်ခွင့်ရှိတဲ့ ပြည်သူ့လွှတ်တော်မှာ လက်ရှိ စစ်ကော်မရှင်ဝန်ကြီးချုပ်ဖြစ်သူ ဦးညိုစော လည်းရှိနေလို့ ဦးခင်ရီရဲ့ အနာဂတ်ဟာ စစ်ခေါင်းဆောင်နဲ့ သူ့အကြား အပေးအယူတွေနဲ့လည်း သက်ဆိုင်နေပါတယ်။

စစ်အာဏာရှင်တွေ အဆက်ဆက် လက်ကိုင်တုတ်အဖြစ် အကြမ်းဖက်မှုတွေကို ဝန်မလေးတဲ့ ဦးခင်ရီဟာ လူထုကြားမှာ တော့ “လက်မရွံ့ ခင်ရီ” အဖြစ် သမုတ်ခံနေရသူ ဖြစ်ပါတယ်။

အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးခင်ရီဟာ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ဇာတိဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ တက်ရောက်ပြီးတဲ့နောက် ၁၉၇၂ ခုနှစ်မှာ ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၁၇ ကို တက်ရောက်ခဲ့ ပါတယ်။

စစ်တပ်မှာ ဒုဗိုလ်အဆင့်နဲ့ ပုသိမ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၃၈) မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် (စစ်တွေ) မှာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာထူး၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရာထူးတွေ အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါတယ်။

စစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ယူခဲ့တဲ့ ဦးခင်ရီဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး သန်းရွှေလက်အောက်မှာ ရဲချုပ် ရာထူးနဲ့ ပြည်ထဲရေး ဒုဝန်ကြီးရာထူး ခန့်အပ်ခံခဲ့ရသလို စစ်တပ်က အသွင်ထားတဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရခေတ်မှာလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လ.ဝ.က) ရဲ့ ဝန်ကြီးဖြစ်လာခဲ့ပါတယ်။

ရဲချုပ်ဘဝမှာလည်း ဦးခင်ရီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် ရိုက်နှက်ဖိနှိပ်ခဲ့ကြတဲ့ “စွမ်းအားရှင်” အဖွဲ့တွေကို ဖန်တီးခဲ့ပြီး အကြမ်းဖက်မှု ကျူးလွန်တာတွေမှာ အသုံးချခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ

ထင်ရှားတဲ့ အကြမ်းဖက်မှုတွေအနေနဲ့ ၂၀၀၃ ခုနှစ်က ဒီပဲယင်းမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို အကြမ်း ဖက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာအရေးအခင်းတွေမှာ စွမ်းအားရှင်လို့ ခေါ်တဲ့ အရပ်သား လက်နက်ကိုင် အကြမ်းဖက်သူတွေဟာ လူသတ်မှုအထိ ကျူးလွန်ခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်က ပေါက်ကြားခဲ့တဲ့ ရန်ကုန် အမေရိကန်သံရုံးရဲ့ လျှို့ဝှက်ကြေးနန်းတစောင်မှာလည်း စစ်အစိုးရလက်ထက်မှာ စွမ်းအားရှင်တွေကို စခန်းသွင်း လေ့ကျင့်ပေးတဲ့အပြင် တခါတရံ လက်နက်ကိုင်ဆောင်စေခဲ့ကြောင်း ရဲချုပ် ခင်ရီက မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနားကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်မှာလည်း ဦးခင်ရီဟာ တကျော့ပြန်အနေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အခြေခံ လူတန်းစား တချို့ကို စုရုံးပြီး အစိုးရ ဆန့်ကျင်ရေးနဲ့ စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင် ဖန်တီးခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းရဲ့ စာအုပ်မှာ အတိအကျဖော်ပြရေးသားခဲ့ပြီး ဦးခင်ရီအနေနဲ့ ရမ်းကား ရိုင်းစိုင်းတဲ့ တပ်ထောက်ခံပွဲတွေကို ရန်ကုန်မြို့မှာ စစ်တပ်အာဏာမသိမ်းခင်က ၁၁ ပွဲ၊ အာဏာသိမ်းပြီးနောက် ၁၁ ပွဲ၊ စုစုပေါင်း ၂၂ ပွဲ ကြိုးကိုင် စီစဉ်ခဲ့တယ်လို့ ပြောပြထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ လဝက ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရပြီး ၂၀၂၂ ခုနှစ်မှာတော့ ဝန်ကြီးရာထူး အနားယူကာ ပါတီဥက္ကဋ္ဌဟောင်း ဦးသန်းဌေးကို ဖယ်ရှားပြီး ပါတီဥက္ကဋ္ဌသစ်ဖြစ်လာခဲ့ပါတယ်။

စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစော

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
118
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
33

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
52

စစ်ခေါင်းဆောင်ရဲ့ လူယုံတဦးဖြစ်ပြီး စစ်တပ် စီးပွားရေးများသာမက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့စီးပွားရေးကဏ္ဍ များကို ချုပ်ကိုင် ခြယ်လှယ်ခွင့်ရခဲ့သူ လက်ရှိ စစ်ကော်မရှင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောက စစ်တပ်နဲ့ စစ်သား မိသားစုဝင် အများစုနေထိုင်ရာ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရနိုင်ခြေရှိသူ ဖြစ်ပါတယ်။

အာဏာရှင် ဦးနေဝင်းလက်ထက် နိုင်ငံရေးလှုပ်ရှားသူများကို တကျွန်းပြစ်ဒဏ်ချမှတ်ပြီး ပို့ဆောင်ချုပ်နှောင်ခဲ့တဲ့ ကိုကိုး ကျွန်းက မြန်မာနိုင်ငံတောင်ဘက် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ကြားမှာ တည်ရှိပြီး ရန်ကုန်မြို့နဲ့ မိုင် ၂၆၀ ကျော် ကွာဝေးကာ ရေတပ်အခြေစိုက်စခန်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲတိုင်း ကြံ့ခိုင်ရေးပါတီသာ အနိုင်ရခဲ့တဲ့ ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်မှာလည်း ဒုရဲချုပ်ဟောင်းဖြစ်သူ ဦးအောင်နိုင်သူက ရွေးကောက်ပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ဘက်အနေနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီကိုယ်စား လှယ်လောင်းများနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ညိုစောဟာ အာဏာမသိမ်းမီက စစ်ထောက်ချုပ်ရာထူးကနေ အငြိမ်းစားယူခဲ့ပြီး စစ်တပ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ရဲ့ ဥက္ကဋ္ဌ၊ အင်းဝဘဏ်ဥက္ကဋ္ဌနဲ့ မြန်မာ့စီးပွားရေး ဦးပိုင် အများပိုင်ကုမ္ပဏီ (UMEHL) တို့မှာ ထိပ်ပိုင်းရာထူးတာဝန်တွေ ယူထားခဲ့သူတဦး ဖြစ်ပါတယ်။

စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစော

ဒုဗိုလ်ချုပ်ကြီး ညိုစောဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၃ ကဖြစ်ပြီး တပ်မတော် နည်းပညာတက္ကသိုလ်နဲ့ စစ်တက္ကသိုလ်တို့ မှာ ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးသူတဦး လည်းဖြစ်သလို အဲဒီအချိန်ကတည်းက စစ်ခေါင်းဆောင် သဘောကျခဲ့သူလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ လူယုံလည်းဖြစ် အကြံပေးလည်းဖြစ်သလို ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးမှာလည်း အရေးပါတဲ့ ဘတ်ဂျက် စိစစ်ဖြတ်တောက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးခံရသူဖြစ်ပါတယ်။ အဲဒီရာထူးက ကြံ့ခိုင်ရေးအစိုးရနဲ့ NLD အစိုးရလက်ထက်က ဒုတိယသမ္မတတွေသာ လုပ်ဆောင်ရတဲ့အလုပ် ဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ အကြံပေးနဲ့ ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီးနောက်ပိုင်း ရလာတဲ့ လုပ်ပိုင်ခွင့်အာဏာများကို ကြည့်ကာ တိုင်းပြည်စီးပွားရေးတခုလုံးကို ဦးညိုစော စီမံခန့်ခွဲတော့မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့ ခန့်မှန်း သုံးသပ်ခဲ့ကြ သလို ရွေးကောက်ပွဲကျင်းပပြီး အစိုးရဖွဲ့နိုင်ပါက ဒုသမ္မတအထိ စစ်ခေါင်းဆောင် လျာထားနိုင်တယ်လို့လည်း တွက်ဆခဲ့ကြ ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး

စစ်တပ်က အနားယူပြီး ရွေးကောက်ပွဲဝင်ကြမယ့် ဗိုလ်ချုပ်ကြီးအများစု ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်ကြပေမယ့်လည်း စစ်ခေါင်းဆောင် လူယုံဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကတော့ ထူးခြားမှုအနေနဲ့ အမျိုးသားလွှတ်တော်ကနေ ယှဉ်ပြိုင်လာတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ ကြံ့ခိုင်ရေး အမာခံနယ်မြေ နေပြည်တော်၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာခရိုင်တို့ ပါဝင်တဲ့ မန္တလေးတိုင်း၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် ၃ ကနေ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် အနီးကပ်လူယုံဖြစ်သလို စစ်ဥပဒေချုပ်ဖြစ်ခဲ့ဖူးတဲ့ ဦးအောင်လင်းဒွေးအနေနဲ့ ထူးခြားချက်ဟာ အမျိုးသား လွှတ်တော်ကနေ ဝင်ပြိုင်လာတာဖြစ်လို့ သူ့ကို ဥပဒေပြုရေးကိုင်တွယ်ရတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာ လျာထားခံရ သူအဖြစ် သုံးသပ်မှုတွေ ရှိနေပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်း ဦးအောင်လင်းဒွေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ် မဖြစ်ခင်က ရာထူးတိုးရန် အခွင့်အလမ်းမရှိသူတွေကိုပို့လေ့ရှိတဲ့ မှတ်တမ်းဌာနကို ဗိုလ်မှူးကြီးအဆင့်နဲ့ ချောင်ထိုးခံခဲ့ရပေမယ့်လည်း မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာတဲ့အခါ ခိုင်းတာလုပ်မယ့် သူ့ကို အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူးအဖြစ် ပြန်လည် ခန့်အပ်ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ စစ်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး၊ အနောက်ပိုင်းတိုင်း စစ်တိုင်းမှူးအဖြစ် အဆင့်ဆင့်နေရာပေးခံရ ပြီး ၂၀၁၆ ခုနှစ်မှာ စစ်ဥပဒေချုပ်ဖြစ်လာပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီ အတွင်းရေးမှူးဖြစ်လာခဲ့ပြီး စစ်ခေါင်းဆောင်ရဲ့ လူထုအပေါ် ဖိနှိပ်ရေးအမိန့် နဲ့ ညွှန်ကြားချက်ပေါင်းများစွာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံ အရေးပေါ်အခြေအနေ ကြေညာမှုရုပ်သိမ်းပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ငံ့အာဏာချုပ်ကိုင် ထားစဉ်မှာလည်း ဦးအောင်လင်းဒွေးဟာ ကောင်စီအမှုဆောင်ချုပ် ရာထူးနေရာပေးခြင်းခံထားရသူဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး

စစ်ခေါင်းဆောင်အနေနဲ့ သူဖန်တီး ကျင်းပမယ့် ရွေးကောက်ပွဲမှာ လူယုံ စစ်ဗိုလ်ချုပ်ကြီးတွေကို အရပ်ဘက်ပြောင်းကာ ရွေး ကောက်ပွဲ ဝင်ပြိုင်စေရာမှာ စစ်တပ်နယ်မြေဖြစ်တဲ့ နေပြည်တော်နဲ့ သူတို့ရဲ့ဇာတိဒေသတွေမှာ ပါဝင်ယှဉ်ပြိုင်ကြတာကို လည်း တွေ့ရပါတယ်။

သူတို့ထဲက ဗိုလ်ချုပ်ကြီးဟောင်း မြထွန်းဦးက ပြင်ဦးလွင်၊ ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်းက ဥတ္တရသီရိ၊ ဒုဗိုလ်ချုပ်ကြီးဟောင်း သက်ပုံက စစ်ကိုင်း၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းက မအူပင်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်က မကွေး၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေလည်းဖြစ် စစ်တပ်အရာရှိဟောင်းတွေဖြစ်တဲ့ ဦးမျိုးဇော်သိန်းက ပေါက်ခေါင်း၊ ဦးမြတ်ဟိန်းက ဒက္ခိဏသီရိ၊ ဦးမောင်မောင်အုန်းက တပ်ကုန်းမြို့နယ်တို့ကနေ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

စစ်တပ်က ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတုအယောင်ရွေးကောက်ပွဲအဖြစ် တော်လှန်ရေးအင်အားစုတွေရဲ့ ကန့်ကွက် ဆန့်ကျင်မှုတွေကြားကပဲ ပဋိပက္ခဒေသတွေထဲက မြို့နယ်တချို့မှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းမရှိတဲ့အတွက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ၂၈ ဦးဟာ အလိုအလျောက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်မယ့် အခြေအနေကိုလည်း ရရှိခဲ့ပါတယ်။

You may also like these stories:

ပြိုင်ဘက်မရှိ၍ အလိုအလျောက်ကိုယ်စားလှယ်ဖြစ်မည့်သူ ၃၁ ဦးထဲ ကြံ့ဖွံ့ ၂၆ ဦး ပါဝင်

ဒုဗိုလ်ချုပ်ကြီး သက်ပုံ စစ်ကိုင်းတိုင်းက ဝင်ပြိုင်မည်

ဒု ဗိုလ်ချုပ်ကြီး ၆ ဦး ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်မည်

ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ပြီး USDP ကို ပြောင်းကြပြန်ပြီ

ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ

Your Thoughts …
Tags: USDPစစ်ကော်မရှင်စစ်အာဏာရှင်တပ်မဲရွေးကောက်ပွဲဦးခင်ရီဦးညိုစော
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

Next Post
စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်

စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်

မဲဆွယ်ခွင့် မစမီ စစ်အုပ်စုဝန်ကြီးချုပ် ကိုကိုးကျွန်းမှာ မဲဆွယ်

မဲဆွယ်ခွင့် မစမီ စစ်အုပ်စုဝန်ကြီးချုပ် ကိုကိုးကျွန်းမှာ မဲဆွယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved