စစ်ခေါင်းဆောင်၏ အမိန့်အရ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဒု ဗိုလ်ချုပ်ကြီး ၆ ဦး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ကူးပြောင်းကြောင်း စစ်တပ်သတင်းရင်းမြစ်များက ဆိုသည်။
၎င်းတို့မှာ အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး တေဇကျော် (DSA 28)၊ အမှတ် ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး သက်ပုံ (DSA 29)၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဖုန်းမြတ် (OTS 73)၊ စစ်ရာထူးခန့်ချုပ် ဒု ဗိုလ်ချုပ်ကြီး လင်းအောင် (DSA 26)၊ တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) ဒု ဗိုလ်ချုပ်ကြီး စိုးတင့်နိုင် (OTS 75)၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ကံမြင့်သန်း (OTS 66) တို့ဖြစ်ကြောင်း သိရသည်။
နောက်ထပ်လည်း စစ်ဘက်အရာရှိကြီး ၃၀ခန့် ရွေးကောက်ပွဲ ဝင်ရန် ထပ်မံ လျာထားကြောင်း အဆိုပါ တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
အလားတူ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလည်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွေးကောက်ပွဲဝင်မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ယခုရွေးကောက်ပွဲ ဝင်မည်ဆိုသော ဒုဗိုလ်ချုပ်ကြီးများမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆၊ ၂၇၊ ၂၈ များမှ ဖြစ်သကဲ့သို့ ဗိုလ်သင်တန်းအပတ်စဉ် (OTS)မှ ၂ ဦးပါဝင်နေရာ ရွေးကောက်ပွဲအပြီး အနာဂတ် စစ်တပ် စတုတ္ထမျိုးဆက်နှင့် ပတ်သက်၍ စစ်တက္ကသိုလ် အပတ်စဉ်-၃၈ ကျောင်းဆင်းများနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၄၁/၄၂များ၏ အခန်းကဏ္ဍ အရေးပါလာနိုင် ကြောင်း ISP-Myanmar က သုံးသပ်ထားသည်။
You may also like these stories:
ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ
မြန်မာစစ်တပ်နှင့် ပီးရစ် အောင်ပွဲ
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရဲ့ သားရွှေအိုးထမ်း မဟာဗျူဟာ














