Facebook အပါအဝင် လူမှုကွန်ရက်များတွင် မြန်မာ့နိုင်ငံရေး၊ စစ်ရေးနှင့်ပတ်သက်၍ ရေးသားကြသူများအနက် ဆယ်လီ ခေါ် ထင်ရှားသူ မဟုတ်သော်လည်း မှန်မှန်ကန်ကန် ကြည့်မြင်သုံးသပ်နိုင်သူများကို တွေ့ရသည်။ ထိုသူများအနက် ဩဂုတ်လ ၁၁ ရက်နေ့က Facebook လူမှုကွန်ရက်တွင် Victor ဆိုသည့် အမည်ဖြင့် ရေးသားသူတဦး၏ အကြောင်းအရာသည် စိတ်ဝင်စားဖွယ်ကောင်းသည်။
သူက လက်ရှိ စစ်တပ်၏ နိုင်ငံရေးစစ်ရေးထိုးစစ်များကို ဝေဖန်သုံးသပ်ထားခြင်းဖြစ်၏။ သူ၏ သုံးသပ်ချက်အပြည့်အစုံမှာ လူမှုကွန်ရက်တွင် အများဖတ်ရှုနိုင်အောင် ဖော်ပြထားသည်။ သူ၏ရေးသားချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
“အခုအချိန်မှာ မအလ (မင်းအောင်လှိုင်) အဓိက ဖြစ်ချင်နေတာက သူ့ရွေးကောက်ပွဲကို ကြည့်ပျော်ရှုပျော် ဖြစ်စေချင်တာ။ ဘယ်နှမြို့နယ်မှာ ကျင်းပပြီး ပြည်သူ ဘယ်နှသန်း မဲလာပေးတယ်ပေါ့။ ဒီလိုဖြစ်ချင်နေတာ။
နောက်တချက်က စိတ်ဓာတ်ကျဆင်းနေတဲ့ သူ့လူတွေကိုလည်း မိုတီပေးချင်နေတယ်။ ဒါတွေအတွက် ဆုံးရှုံးထားတဲ့မြို့တွေထဲက ဘယ်နှမြို့ ပြန်ရရ၊ ရသလောက် ပြန်လိုချင်နေတယ်။ ဒါပေမယ့် မြို့တိုင်းကိုလည်း ပြန်ရဖို့က မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် အရေးပါတဲ့ မြို့တချို့ကိုပဲ ဦးစားပေးပြီး ထိုးစစ်လုပ်နေတာကို တွေ့ရတယ်။
ဒီနေရာမှာ တခုပြောစရာရှိတာက တချို့ မီဒီယာတွေမှာ မအလဘက်က တော်လှန်ရေးကို ချိုးနှိမ်လာနိုင်သလိုလို ရေးသားဖော်ပြနေကြတာတွေဟာ အဓိပ္ပာယ်မရှိဘူး။ ဆုံးရှုံးထားတဲ့ မြို့ပေါင်း ၉ဝ ကျော်အတွက် စစ်ကြောင်း ၉ဝ ထွက်နိုင်တဲ့ အင်အားမျိုးလည်း မအလမှာ မရှိသေးဘူး။ ဒီလူတွေဟာ ခေါင်းကိုက်တတ်ရုံနဲ့ ဦးနှောက်ကင်ဆာဖြစ်နေပြီလို့ ကောက်ချက်ချနေတဲ့ လူတွေလို ဖြစ်နေတယ်။
ဒီနေရာမှာ တခုပြောစရာရှိတာက တချို့ မီဒီယာတွေမှာ မအလဘက်က တော်လှန်ရေးကို ချိုးနှိမ်လာနိုင်သလိုလို ရေးသားဖော်ပြနေကြတာတွေဟာ အဓိပ္ပာယ်မရှိဘူး။ ဆုံးရှုံးထားတဲ့ မြို့ပေါင်း ၉ဝ ကျော်အတွက် စစ်ကြောင်း ၉ဝ ထွက်နိုင်တဲ့ အင်အားမျိုးလည်း မအလမှာ မရှိသေးဘူး။ ဒီလူတွေဟာ ခေါင်းကိုက်တတ်ရုံနဲ့ ဦးနှောက်ကင်ဆာဖြစ်နေပြီလို့ ကောက်ချက်ချနေတဲ့ လူတွေလို ဖြစ်နေတယ်။
ဒီထိုးစစ်တွေမှာ မအလဟာ လူဘယ်လောက်ကုန်ကုန်ဆိုတဲ့ သဘောမျိုးနဲ့ အလျင်စလို ထိုးစစ်လုပ်နေတာကို တွေ့ရတယ်။ ပေါ်တာဆွဲထားတဲ့ ပသစ (ပြည်သူ့စစ်) တွေရဲ့အသက်ကို သောက်သောက်လဲ ဖြုန်းတီးပစ်တာဖြစ်တယ်။ ငွေကုန်ကြေးကျ များလွန်းတဲ့ လက်နက်ကြီးပစ်အားတွေကို အလွန်အကျွံ အသုံးပြုနေတာဖြစ်တယ်။
ဒီအချက်တွေဟာ မအလအနေနဲ့ ဆုံးရှုံးမှုကြီးမားတဲ့ နိုင်ပွဲတွေကို အလျင်စလို ဖန်တီးနေတာကို ပြသနေတယ်။ ဒီလိုမျိုး ပေးဆပ်မှုကြီးမားတဲ့ နိုင်ပွဲတွေကို စစ်ဗျူဟာမှာတော့ ပီးရစ် အောင်ပွဲ (Pyrrhic Victory) လို့ ခေါ်တယ်။ ပီးရစ် အောင်ပွဲဆိုတာ သမိုင်းထဲက ဂရိဘုရင် ပီးရပ်စ် (Pyrrhus) ကို အစွဲပြုပြီး ပေးထားတဲ့ နာမည်ဖြစ်ပြီး ပီးရပ်စ်ကဲ့သို့ အောင်ပွဲလို့ မြန်မာမှု ပြုရမယ်ထင်တယ်။
ပီးရစ် အောင်ပွဲရဲ့ သဘောတရားကတော့ နိုင်လားဆို နိုင်တယ်။ နိုင်ရတာ တန်ရဲ့လားဆိုတော့ မတန်ဘူး။ အဲ့လိုနိုင်ပွဲမျိုးတွေ။ ကမ္ဘာ့သမိုင်းထဲက နပိုလီယံဆိုရင်လည်း ဘိုရိုဒီနိုတိုက်ပွဲ (Battle of Borodino) ကို ပီးရစ် အောင်ပွဲနဲ့ နိုင်ခဲ့တာလို့ စစ်သမိုင်းပညာရှင်တွေက သုံးသပ်ကြတယ်။
နပိုလီယံဟာ ဒီတိုက်ပွဲကို နိုင်လိုက်ပေမယ့်လည်း ဆုံးရှုံးမှု များပြားလွန်းခဲ့တယ်။ ဒီနိုင်ပွဲကပဲ နောက်ပိုင်းမှာ နပိုလီယံရဲ့ နေဝင်ချိန်ကို လမ်းခင်းပေးသွားခဲ့တာလို့ ပညာရှင်တွေ သုံးသပ်ကြတယ်။
စစ်ဗျူဟာမှာ နပိုလီယံရဲ့ ခြေဖျားတောင် မမီတဲ့ မအလဟာ ပီးရစ် အောင်ပွဲတွေကြောင့် တချိန်မှာ exhausted (ခြေကုန်လက်ပန်းကျ) ဖြစ်လာပါလိမ့်မယ်။
တခုသတိထားရမှာက ကိုယ့်တလရ (တော်လှန်ရေး) အဖွဲ့တွေဘက်ကလည်း မအလရဲ့ ပီးရစ် အောင်ပွဲတွေဟာ ဗျူဟာမြောက်အောင်ပွဲအဖြစ် ကူးပြောင်းမလာနိုင်အောင် ညီညွတ်တဲ့ တပ်ပေါင်းစုတခုကို မြန်မြန်ဆန်ဆန် ဖော်ဆောင်သင့်ပြီ ဆိုတာပဲဖြစ်တယ်” ဟု စာရေးသူ Victor က ဖော်ပြထားပါသည်။ သူ၏ သုံးသပ်ရေးသားချက်နှင့်ပတ်သက်၍ မိမိ၏ နားလည်ချက်အား အောက်တွင် ဆက်လက် ဖော်ပြလိုက်ပါသည်။

ပီးရစ် အောင်ပွဲ
ဤနေရာတွင် စာရေးသူ Victor ရည်ညွှန်းသည့် ပီးရစ် အောင်ပွဲ ဆိုသည်မှာ ဘီစီ ၂၇၉ ၌ အက်စ်ကျူလန် (Asculum) တွင် ရောမတို့ကို အနိုင်ယူရာ၌ ကြီးမားသည့် အရင်းအနှီးများ ပေးဆပ်ခဲ့ရသော အပိုင်းရပ်စ် (Epirus) ဘုရင် ပီးရပ်စ်မှ ဆင်းသက်လာခြင်းဖြစ်သည်။
ပီးရစ်အောင်ပွဲသည် အောင်ပွဲ၏ အကျိုးကျေးဇူးများကို ပျက်ပြားသွားစေမည့် ကြီးမားသော ကုန်ကျစရိတ်ဖြင့် ရရှိလာသော အနိုင်ရခြင်းဖြစ်ပြီး၊ နောက်ဆုံးတွင် ကြိုးစားရကျိုးမနပ်သည့် အောင်ပွဲဖြစ်၏။ လတ်တလော အောင်မြင်သော်လည်း ရှုံးနိမ့်မှုနှင့်တူသည့် သိသိသာသာ အားပျော့သွားခြင်းကို ကြုံရပြီး နောက်ဆုံးတွင် ပျက်စီးသွားမည် ဖြစ်သည်။
ပီးရစ်အောင်ပွဲသည် အောင်ပွဲ၏ အကျိုးကျေးဇူးများကို ပျက်ပြားသွားစေမည့် ကြီးမားသော ကုန်ကျစရိတ်ဖြင့် ရရှိလာသော အနိုင်ရခြင်းဖြစ်ပြီး၊ နောက်ဆုံးတွင် ကြိုးစားရကျိုးမနပ်သည့် အောင်ပွဲဖြစ်၏။ လတ်တလော အောင်မြင်သော်လည်း ရှုံးနိမ့်မှုနှင့်တူသည့် သိသိသာသာ အားပျော့သွားခြင်းကို ကြုံရပြီး နောက်ဆုံးတွင် ပျက်စီးသွားမည် ဖြစ်သည်။
ပီးရစ် အောင်ပွဲဟု ခေါ်ဝေါ်သတ်မှတ်ကြရာတွင် အချက်သုံးချက် တွေ့ရ၏။ ပထမအချက်မှာ ထိုစစ်ပွဲအောင်မြင်မှုသည် အောင်မြင်မှုရရှိရန် သုံးစွဲရသည့် အရင်းအနှီး များပြားလွန်းသည်။ ပီးရစ် အောင်ပွဲရရှိရန် ကြိုးစားသည့်ဖြစ်စဉ်တွင် လူသားအရင်းအမြစ်နှင့် ဘဏ္ဍာအရင်းအမြစ် အများအပြား ပုံအောသုံးစွဲရသဖြင့် ကြီးမားသည့် အရင်းအနှီးများ ပေးဆပ်ပြီး အောင်ပွဲယူရသည် လက္ခဏာရပ်ကို တွေ့ရသည်။
ဒုတိယအချက်အနေဖြင့် အဆိုပါ ပေးဆပ်ရသည့် ရင်းနှီးမြှုပ်နှံရမှုများသည် အောင်ပွဲ၏ အမြတ်အစွန်းထက် သာလွန်နိုင်ပြီး အောင်မြင်သူအတွက် ရေရှည် အနုတ်လက္ခဏာဆောင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေပါသည်။
တတိယအချက်အချက်မှာ ပီးရစ် အောင်ပွဲသည် စစ်ပွဲတစ်ခု သို့မဟုတ် ယှဉ်ပြိုင်မှုတခုတွင် အနိုင်ရသည်ဟု အကြမ်းပြင်းအားဖြင့် ဆိုနိုင်သော်လည်း နောက်ဆုံးတွင် အလုံးစုံစစ်ပွဲတွင် ရှုံးနိမ့်မှု၌ ကြုံရသည်။ သို့မဟုတ် မဟာဗျူဟာရည်မှန်းချက်ကို ဆုံးရှုံးသွားသည်။
အက်စ်ကျူလန်တိုက်ပွဲပြီးနောက် “ဒီလို အောင်ပွဲမျိုးသာ တခါထပ်ယူရရင်တော့ ကျနော်တို့အားလုံး အဆုံးသတ်သွားမယ်” ဟု ဂရိဘုရင် ပီးရပ်စ်က ပြောကြားခဲ့သည်။
ပီးရစ် အောင်ပွဲ၏ စစ်ရေးနမူနာတခုအဖြစ် နပိုလီယံ၏ ရုရှားကို ကျူးကျော်စဉ် ၁၈၁၂ ခုနှစ်က တိုက်ခဲ့သည့် ဘိုရိုဒီနိုတိုက်ပွဲအား ရည်ညွှန်းကြ၏။ ပြင်သစ်တို့သည် ဘိုရိုဒီနိုတိုက်ပွဲအား အနိုင်ရခဲ့သော်လည်း အသေအပျောက် များပြားခဲ့၏။ ဘဏ္ဍာရေးအရင်းအမြစ်များစွာ ပြုန်းတီးသွားခဲ့၏။ နပိုလီယံ၏ ကျဆုံးခြင်း အစဖြစ်ခဲ့၏။
မြန်မာစစ်တပ်နှင့် ရွေးကောက်ပွဲ
လားရှိုးကျပြီး ရက်ပိုင်းအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နေပြည်တော် ရောက်လာပြီး စစ်ကောင်စီအား ထောက်ခံကြောင်း ကြေညာကာ စစ်ကောင်စီအား အကူအညီပေးသည်။ တရုတ်နယ်စပ်ရှိ အဖွဲ့များအား ဖိအားပေး၍ အမျိုးမျိုး ဖြိုခွဲသည့်အပြင် လားရှိုးမြို့အား စစ်ကောင်စီလက်ထဲ ပြန်ထည့်ပေးသည်။
ထို့ပြင် စစ်အုပ်စုအား တရုတ်က အမေရိကန် ဒေါ်လာ သန်း ၁ ထောင်ခန့် ဘဏ္ဍာရေးအကူအညီ ဖြည့်ဆည်းပေးသည်ဟု ဆိုသည်။ ချေးငွေဆိုသည်ထက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကြေးနီတို့အတွက် ကြိုတင်ပေးငွေ ဖြစ်နိုင်သည်ဟု ယူဆကြသည်။
မစ္စတာ ဝမ်ယိ ခရီးစဉ်အပြီး မြန်မာကျပ်ငွေဖောင်းပွမှု မကျဆင်းသော်လည်း ဆက်မတက်တော့ဘဲ ရပ်တန့်သွား၏။ ပြည်ပမှ လောင်စာဆီဝယ်ယူ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားငွေပြဿနာ ပြေလည်သွား၏။ တရုတ်တို့၏ နိုင်ငံရေး၊ စီးပွားရေး အကူအညီများကြောင့် စစ်ကောင်စီ အသက်ရှူချောင်သွား၏။ သို့သော် ၂၀၂၅ နှစ်ကုန်၊ ၂၀၂၆ နှစ်ဆန်းတွင် ရွေးကောက်ပွဲလုပ်၍ အပြောင်းအလဲလုပ်ပေးရန် သဘောတူထားရသည်ဟု တွက်ဆရသည်။
ရွေးကောက်ပွဲသည် မြန်မာစစ်အုပ်စုအတွက် ထွက်ပေါက်၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ထွက်ပေါက်ဟု တရုတ်တို့ယူဆပြီး တွန်းအားပေးနေပုံရ၏။ ရွေးကောက်ပွဲမှ တက်လာသောအစိုးရအား နိုင်ငံတကာက အသိအမှတ်ပြုရေး၊ ပြည်တွင်း၌ အပစ်အခတ်ရပ်စဲရေးတို့ဖြင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားအကျပ်အတည်းတို့မှ ရုန်းထွက်နိုင်ရန် ရည်ရွယ်နေပုံရ၏။
ရွေးကောက်ပွဲသည် မြန်မာစစ်အုပ်စုအတွက် ထွက်ပေါက်၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ထွက်ပေါက်ဟု တရုတ်တို့ယူဆပြီး တွန်းအားပေးနေပုံရ၏။ ရွေးကောက်ပွဲမှ တက်လာသောအစိုးရအား နိုင်ငံတကာက အသိအမှတ်ပြုရေး၊ ပြည်တွင်း၌ အပစ်အခတ်ရပ်စဲရေးတို့ဖြင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားအကျပ်အတည်းတို့မှ ရုန်းထွက်နိုင်ရန် ရည်ရွယ်နေပုံရ၏။
စစ်အုပ်စုသည် ၂၀၂၃ ခုနှစ်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်မှာ ၅၅ မြို့နယ်သာ ရှိသော်လည်း ၂၀၂၅ ခုနှစ်တွင် အရေးပေါ်အခြေအနေ ကြေညာသည့်မြို့နယ် ၆၃ မြို့နယ် ဖြစ်လာသည်။ ထိုစစ်အုပ်ချုပ်ရေး သို့မဟုတ် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များသည် စစ်တပ် မထိန်းချုပ်နိုင်သည့်မြို့နယ်များဖြစ်သည်။
စစ်တပ်၏ ကြေညာချက်ကိုကြည့်လျှင်ပင် ၂၀၂၃ ခုနှစ်ထက် ၂၀၂၅ ခုနှစ်တွင် စစ်အုပ်ချုပ်ရေး ကြေညာရသည့်မြို့နယ် ပိုတိုးလာသည်ကို တွေ့မြင်ရ၏။ လက်တွေ့မြေပြင်တွင် စစ်တပ် မထိန်းချုပ်နိုင်သည့်မြို့နယ် အရေအတွက်မှာ စစ်တပ်က တရားဝင် ကြေညာထားသည်ထက် ပိုမိုများပြားသည်။
သို့ဖြစ်ရာ စစ်တပ်သည် ပြည်တွင်းအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီဖြစ်၍ ရွေးကောက်ပွဲ ပြုလုပ်သည်မဟုတ်ဘဲ တိုင်းပြည်အခြေအနေ ပိုဆိုးလာ၍ ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် မှတ်ယူပြုလုပ်ခြင်းဖြစ်သည်။ တဖက်ကလည်း တရုတ်၏အကူအညီ ရယူထားသဖြင့် တရုတ်နှင့် သဘောတူထားသည့်အတိုင်း ရွေးကောက်ပွဲပြုလုပ်ခြင်း ဖြစ်သည်။

ပီးရစ်အောင်ပွဲ
စစ်တပ်အတွက် လက်လွှတ်ဆုံးရှုံးထားသည့် မြို့နယ်အားလုံးကို ပြန်လည် သိမ်းပိုက်နိုင်သည့် စစ်အင်အားရော စစ်ရေးအစွမ်းအစပါ မရှိသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်၏။ သို့သော်လည်း ရွေးကောက်ပွဲမတိုင်မီ ရတတ်သမျှ မြို့နယ်များကို ပြန်သိမ်းရန်လိုအပ်သည်။
ထို့အတွက် အများအာရုံစိုက်သည့် အရေးကြီးသည်ဟု ယူဆရသော မြို့နယ်အချို့အား ပြန်လည် ထိန်းချုပ်ရန် ရည်ရွယ်သည်။ လက်လွှတ်ထားရသော မြို့နယ်များကို ရတတ်သမျှ ပြန်လည်ထိန်းချုပ်ရန် ရည်ရွယ်ပုံရ၏။
ဤအတွက် ဒီဇင်ဘာ ရွေးကောက်ပွဲမတိုင်မီ အမြန်တိုက်ခိုက်ရန် လိုအပ်နေရာ ပွင့်လင်းရာသီအထိ မစောင့်ဆိုင်းနိုင်ဘဲ မိုးရာသီ၊ မိုးသည်းထန်၍ ရေကြီးနေသည့်အချိန်တွင်ပင် စစ်ဆင်ရေးကို တွန်းအားပေး လုပ်ဆောင်နေသည်ကို တွေ့ရသည်။
စစ်မြေပြင်တွင်လည်း အဓမ္မစုဆောင်းထားသည့် စစ်သားသစ်များကို ထိုးကြွေးပြီး စတေးနေသည်ကို တွေ့နေရ၏။ စစ်လက်နက်ခဲယမ်း၊ ဒရုန်း၊ စက်တပ်လေထီး၊ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကို ဖောဖောသီသီ အသုံးပြု၍၊ ဘဏ္ဍာရေးအရင်းအမြစ်များကို များစွာဖြုန်းတီး၍ စစ်ရေးအောင်ပွဲအချို့ ရနိုင်ရန် အသည်းအသန် ကြိုးစားနေသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင်များအတွက် နေရာအတော်များများ ပြန်လည် ထိန်းချုပ်နိုင်ပြီး မြန်မာပြည် နယ်မြေအများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် သူတို့၏ ထွက်ပေါက်ဖြစ်သည်။ တရုတ်အစိုးရ၏ ထောက်ခံမှု ဆက်လက် ရယူနိုင်မည်ဟု မှတ်ယူလုပ်ဆောင်နေခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်များအတွက် နေရာအတော်များများ ပြန်လည် ထိန်းချုပ်နိုင်ပြီး မြန်မာပြည် နယ်မြေအများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် သူတို့၏ ထွက်ပေါက်ဖြစ်သည်။ တရုတ်အစိုးရ၏ ထောက်ခံမှု ဆက်လက် ရယူနိုင်မည်ဟု မှတ်ယူလုပ်ဆောင်နေခြင်းဖြစ်သည်။
စစ်တပ်သည် ထိုအောင်ပွဲအတွက် စစ်သားအများအပြား စတေးရမည်ဖြစ်၏။ မိုးရာသီကဲ့သို့ ရာသီဥတုဆိုးဝါးသည့်အချိန်တွင် စစ်ဆင်ရေးများ ဇွတ်တွန်း၍ ပြုလုပ်နေသည်။ မိုးရာသီတွင် မိုးရေထဲ၌ တပတ်၊ နှစ်ပတ်ခန့် လှုပ်ရှားရပါက ကျည်ဆန်ထိမှန်စရာမလိုသော်လည်း ဖျားနာရောဂါဘယ များပြားကြ၍ ပုံမှန်စစ်ဆင်ရေးများကို မိုးတွင်း ရာသီဥတုဆိုးဝါးချိန်ကို ရှောင်ကြ၏။ ပွင့်လင်းရာသီကို ရွေးကြလေ့ရှိ၏။
မင်းအောင်လှိုင်နှင့် စစ်တပ်ကမူ ခက်ခက်ခဲခဲ စုဆောင်းရလာသော တပ်သားအရင်းအမြစ်များကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဖြုန်းတီးနေကြသည်။
ထို့ပြင် မြေပြင်တပ်ချင်း မယှဉ်နိုင်၍ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူတို့ကို ဖောဖောသီသီ အသုံးပြုပြီး ဘဏ္ဍာအရင်းအမြစ်များစွာကို ဖြုန်းတီးရမည်ဖြစ်ရာ စစ်တပ်အတွက် ထိုအောင်ပွဲသည် ပီးရစ် အောင်ပွဲ ဖြစ်ပေလိမ့်မည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရခေတ်ကလည်း ပြည်ပချေးငွေအားလုံးကို စစ်ရေးတိုက်ပွဲကြီးများ ဆင်နွှဲရခြင်း၊ တပ်တိုးချဲ့ခြင်းတို့ကြောင့် စစ်ရေးအရ အသာစီးရလာခဲ့သော်လည်း စီးပွားရေးအရ ပြိုလဲပြီး မဆလ အစိုးရ ဇာတ်သိမ်းသွားသည်။ မဆလအစိုးရအတွက် စီစီဝမ်တာပန် အောင်ပွဲသည် ပီးရစ် အောင်ပွဲဖြစ်ခဲ့သည်။ စီစီဝမ်တာပန် စစ်ရေးအောင်ပွဲရပြီးနောက် မဆလ အစိုးရ ပြုတ်သွား၏။
နဝတ/နအဖ အစိုးရလက်ထက်၌ နေရာအများစုတွင် စစ်မတိုက်ဘဲ အပစ်အခတ်ရပ်ပြီး ထိုအကျပ်အတည်းကို ကျော်လွှားခဲ့၏။ ထိုသို့ ကျော်လွှားခဲ့လျှတောင်မှ မဆလခေတ် ကြွေးမြီကို ပြန်ဆပ်နိုင်ခြင်း မရှိသည်ကို တွေ့မြင်နိုင်သည်။
ယခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်သည် မဆလခေတ်ထက်ဆိုးသည့်ကာလကို ကြုံနေရပြီဖြစ်၏။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ မစ္စတာ ဝမ်ယိ ခရီးစဉ်အပြီး တရုတ်၏ ဘဏ္ဍာရေး အကူအညီကြောင့် မြန်မာငွေကြေးဖောင်းပွမှု တန့်သွားခြင်း၊ လောင်စာဆီအပါအဝင် ပြည်ပသွင်းကုန်များအတွက် နိုင်ငံခြားငွေ လိုအပ်သည့်ပြဿနာကို တစုံတရာဖြေရှင်းနိုင်ခြင်းများ ရှိခဲ့သော်လည်း တရုတ်တို့ ဘဏ္ဍာရေးအကူအညီလည်း အကန့်အသတ်ရှိပုံရ၏။
ယခု ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပိုင်းအတွင်း ကုန်ဈေးနှုန်းများ ယခင်ထက် ပိုမို ကြီးမြင့်လာခြင်း၊ ကုန်ပစ္စည်းများ ရှားပါးခြင်းတို့ ပြန်လည်တွေ့နေရပြီး စစ်တပ်၏ ဘဏ္ဍာရေးအကျပ်အတည်းပြဿနာ ပြန်လည် စတင်နေသည့် အရိပ်အယောင်များကို တွေ့နေရပြီဖြစ်သည်။
ယခု ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပိုင်းအတွင်း ကုန်ဈေးနှုန်းများ ယခင်ထက် ပိုမို ကြီးမြင့်လာခြင်း၊ ကုန်ပစ္စည်းများ ရှားပါးခြင်းတို့ ပြန်လည်တွေ့နေရပြီး စစ်တပ်၏ ဘဏ္ဍာရေးအကျပ်အတည်းပြဿနာ ပြန်လည် စတင်နေသည့် အရိပ်အယောင်များကို တွေ့နေရပြီဖြစ်သည်။
စစ်တပ်သည် ရွေးကောက်မတိုင်ခင် စစ်ရေးအရ အောင်ပွဲအချို့ ရရှိရန် စစ်အင်အားများစွာ စတေးခြင်း၊ ဘဏ္ဍာအရင်းအမြစ်များ စုပုံသုံးစွဲရခြင်းကြောင့် အဆုံးသတ်တွင် စစ်တပ်ပြိုလဲခြင်းသို့ ဦးတည်ပေလိမ့်မည်။
ထို့ပြင် အရပ်သားပစ်မှတ်များကို တိုးမြှင့်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများ တိုးလာပြီး နိုင်ငံတကာက မျက်နှာလွှဲရန် ခက်ခဲလာလိမ့်မည်။ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များသည် ၎င်းတို့၏အမိန့်များ အကောင်အထည်ပေါ်အောင် စစ်ဖက်အဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုကို မျက်နှာလွှဲထားသည်ဖြစ်ရာ ထိုစစ်ဘက်၊ အုပ်ချုပ်ရေးဘက် ယန္တရားများ ပျက်စီးပြီး အဖတ်ဆယ်မရသည့် အခြေအနေကို ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
သို့ဖြစ်ရာ ဤနှစ်ကုန် ရွေးကောက်ပွဲမတိုင်မီ ဒေသအချို့တွင် စစ်ရေးအရ တိုက်ပွဲများ ပြင်းထန်နိုင်၏။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်၏ ပီးရစ် အောင်ပွဲအချို့ကို တွေ့မြင်ရပေလိမ့်မည်။ ထို ပီးရစ် အောင်ပွဲနှင့်အတူ စစ်တပ်ပြိုလဲခြင်းကို ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
ပီးရစ် အောင်ပွဲဆိုသည်ကို အနီးစပ်ဆုံး မြန်မာဥပမာပေးရပါက ‘ငြိမ်းခါနီး ဝုန်းကနဲ ထတောက်လိုက်သည့် ဖယောင်းတိုင်’ နှင့်တူသည်ဟု ဆိုရမည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
စစ်အုပ်စု သက်ဆိုးရှည်ဖို့ ပြည်သူ့စစ်မှုထမ်းတွေ အသက်ကို စတေးနေ
မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်
မင်းအောင်လှိုင် အကွက်တွေ ရိုးသလား ဆန်းသလား
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို မင်းအောင်လှိုင် ဘာကြောင့်ဖယ်ရှားသလဲ (ရုပ်/သံ)
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်
မင်းအောင်လှိုင်ရော လုပ်ရဲရင် ခံရဲသလား (ရုပ်/သံ)
မြန်မာ့ဘဏ္ဍာရေးထိန်းချုပ်မှု တိုက်ပွဲ













