ပဲခူးတိုင်း၊ ပဲခူးမြို့လယ် လမ်းဆုံမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကော်မရှင် အဖွဲ့က ဩဂုတ်လ ၇ ရက်နေ့ညသန်းခေါင်ယံအချိန်မှာ ဖြိုချဖယ်ရှားခဲ့တယ်လို့ ပဲခူးမြို့ခံတွေက ဧရာဝတီကို ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ဖယ်ရှားမယ့် ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်က လူထုကို ကြိုတင်အကြောင်းကြားခြင်း မရှိသလို ညသန်းခေါင်ယံ ဖယ်ရှားခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တော့လည်း ထုတ်ပြန်ရှင်းလင်းတာ မတွေ့ရပါဘူး။
မြို့ခံပြည်သူတွေကတော့ စစ်ကော်မရှင်ရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိလုပ်တာ ဒါမှမဟုတ် ယတြာချေတာမျိုးဖြစ်နိုင်ကြောင်း အမျိုးမျိုး သုံးသပ် ပြောဆိုနေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













