• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မင်းအောင်လှိုင် အကွက်တွေ ရိုးသလား ဆန်းသလား

by မောင်ကကြီး
5 August 2025
in သူ့အတွေး သူ့အမြင်
A A
မင်းအောင်လှိုင် အကွက်တွေ ရိုးသလား ဆန်းသလား

လက်ပြောင်းလက်လွှဲ/ကာတွန်း-ဘီရုမာ

2.8k
VIEWS
Share on FacebookShare on Twitter

(ကိုကကြီး၊ ကိုခခွေးနဲ့ ကိုဂငယ်တို့ ဆွေးနွေးခန်း)

“ကိုယ်လုပ်ချင်တာလုပ်ဖို့ အာဏာသိမ်းထားတာ၊ ဥပဒေနဲ့ ညီတာတွေ မညီတာတွေ လာပြောမနေနဲ့”။

မနက် လက်ဖက်ရည်ဆိုင် စကားဝိုင်းကို စဖွင့်လိုက်သူက ကိုကကြီးပါ။

“လုပ်စမ်းပါဦးဗျ၊ ဘာတွေ ထူးလို့လဲ”။

ကိုခခွေးက ဝင်ထောက်တယ်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာပြန်အပ်လိုက်တယ်လေ”။

ကိုဂငယ် ။ ။ ရှင်းပြပါဦးဗျ၊ ရှုပ်နေသလိုပဲ။

ကိုကကြီး ။ ။ ဒီလိုဗျာ၊ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၇) နဲ့ (၄၁၈) အရ အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေတဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းကို ပေးအပ်ထားတဲ့တာဝန် ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြတဲ့အစီရင်ခံစာကို လက်ခံရရှိပြီဖြစ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်စေခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၂၁ ကို ပယ်ဖျက်လိုက်တယ်” လို့ ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တာပါ။

ကိုဂငယ် ။ ။ ဒါဆို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထဲမှာ အာဏာမရှိတော့ဘူးပေါ့။

ကိုကကြီး ။ ။ ဟုတ်ပါတယ်။ သူ့ကို နိုင်ငံတော်သမ္မတက လွှဲအပ်ထားတယ်ဆိုတဲ့ အာဏာတော့ မရှိတော့ဘူးပေါ့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့တော့ ဆက်ရှိနေတာဖြစ်ပြီး အရေးပေါ်အခြေအနေအရ ပေးအပ်ထားတဲ့ အာဏာက ကာ/လုံလက်ထဲ ပြန်ရောက်သွားတယ်။

ကာ/လုံဆိုတာ သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပေါ့။ ဒါပေမယ့် နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းထားပြီး ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတ တင်မြှောက် အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်က ယာယီသမ္မတ ဦးမြင့်ဆွေ နာတာရှည်ရောဂါ ခံစားနေရတယ်ဆိုပြီး ကာ/လုံကိုလည်း ယာယီသမ္မတ (တာဝန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်ပြီး ယူထားတဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာ/လုံရဲ့ ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ အာဏာပြန်အပ်လိုက်တာပါ။

ကာ/လုံဆိုတာ သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပေါ့။ ဒါပေမယ့် နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းထားပြီး ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတ တင်မြှောက် အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်က ယာယီသမ္မတ ဦးမြင့်ဆွေ နာတာရှည်ရောဂါ ခံစားနေရတယ်ဆိုပြီး ကာ/လုံကိုလည်း ယာယီသမ္မတ (တာဝန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်ပြီး ယူထားတဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာ/လုံရဲ့ ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ အာဏာပြန်အပ်လိုက်တာပါ။

ကိုခခွေး ။ ။ ဒီလို တယောက်ထဲက ရာထူး နှစ်နေရာ ယူထားလို့ ရသလား။

ကိုကကြီး ။ ။ ရ၊ မရတော့ မသိဘူး။ အာဏာသိမ်းပြီးကတည်းက သမ္မတလည်း ဖမ်းထားတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်း မရှိတော့ဘူး။ နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း ဖမ်းထားတယ်။ ဒု သမ္မတ တဦးဖြစ်တဲ့ ဦးဟင်နရီ ဗန်ထီးယူကလည်း အခု မတွေ့တော့ဘူး။ လွှတ်တော်ဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးတီခွန်မြတ်ကိုတော့ နောက်ပိုင်းအစည်းအဝေးတွေမှာ ပြန်တွေ့တယ်။ အာဏာသိမ်းတဲ့နေ့ကတော့ ဦးမြင့်ဆွေတယောက်ကိုပဲ တွေ့ရတယ်။ သမ္မတ၊ ဒု သမ္မတ နှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး မရှိတော့တဲ့ အင်္ဂါမစုံတဲ့ ကာ/လုံမှာ သူက ယာယီသမ္မတ (တာဝန်) ခေါင်းစဉ်နဲ့ တာဝန်ယူတယ်။ တပ်ချုပ်လည်း သူပဲ။ ကာ/လုံ လည်း သူပဲ။

ဒီလို တာဝန်ယူလို့ ရ၊ မရ အခြေခံဥပဒေမှာ ရေးထားတာလည်း မတွေ့ရဘူး။ ကာ/လုံမှာ အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော်သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုပါ တပြိုင်တည်း ထမ်းဆောင်နိုင်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ မတွေ့ရဘူး။

ကိုဂငယ် ။ ။ ဒါဆိုတော့ လက်ရှိအုပ်ချုပ်ရေးအာဏာက ကာ/လုံ လက်ထဲ ရောက်သွားပြီပေါ့။

ကိုကကြီး ။ ။ မင်းအောင်လှိုင် အာဏာသိမ်းပြီးပြီးချင်း ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီကို ဖျက်လိုက်ပြီး အဲဒီနေရာမှာ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” ဆိုပြီး နာမည်ပြောင်း ထပ်ဖွဲ့စည်းတယ်။ ဒီကော်မရှင်မှာ ကာ/လုံအဖွဲ့ဝင်တွေအပြင် ဝန်ကြီးချုပ်၊ အမှုဆောင်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တွဲဖက်အမှုဆောင်ချုပ်တို့ကို ထပ်ဖြည့်ထားတယ်။

ကိုခခွေး ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရေးပေါ်အခြေအနေမှာ ဆောင်ရွက်ခဲ့တဲ့တာဝန်တွေ ပြီးဆုံးသွားပြီလို့ အစီရင်ခံတင်ပြတယ်ဆိုတော့ ရယ်စရာတော့ကောင်းနေတယ်။ တယောက်တည်းကပဲ ကိုယ့်အစီရင်ခံစာ ကိုယ်ရေးပြီး ကိုယ့်ကိုယ်ကို ပြန်တင်ပြတဲ့သဘောပေါ့။ အင်္ဂါမစုံတော့တဲ့ ကာ/လုံ ဆိုတာလည်း ယောင်လည်လည်နဲ့ ထိုင်နေရတဲ့ ဦးတီခွန်မြတ်ကလွဲပြီး စစ်တပ်က လူတွေချည်းပဲ။ ရွေးကောက်ခံတယောက်မှ မပါတဲ့ ကာ/လုံ။ လေးနှစ်ခွဲကြာတော့မှ အရေးပေါ်အခြေအနေ ပြီးဆုံးသွားပြီလို့ ကြေညာတယ်ဆိုတော့ အခု အရေးပေါ်အခြေအနေ တကယ် ပြီးဆုံးသွားပြီဆိုတဲ့သဘောလား။

အရေးပေါ်အခြေအနေ ပြီး၊ မပြီးတော့မသိဘူး။ မနေ့တနေ့ကပဲ ကန့်ဘလူ၊ ကွတ်ခိုင်နဲ့ စဉ့်ကူးမှာ စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သားတွေ သေဆုံးနေသလို တိုက်ပွဲတွေလည်း မန္တလေးတိုင်းအတွင်းမှာအထိ ဖြစ်နေတုန်းပဲ။

ကိုကကြီး ။ ။ အရေးပေါ်အခြေအနေ ပြီး၊ မပြီးတော့မသိဘူး။ မနေ့တနေ့ကပဲ ကန့်ဘလူ၊ ကွတ်ခိုင်နဲ့ စဉ့်ကူးမှာ စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သားတွေ သေဆုံးနေသလို တိုက်ပွဲတွေလည်း မန္တလေးတိုင်းအတွင်းမှာအထိ ဖြစ်နေတုန်းပဲ။

အမှန်တော့ အရေးပေါ်အခြေအနေဆိုတာ သူလိုချင်သလို အဓိပ္ပာယ်ဖွင့်နေတာပဲ။ အာဏာသိမ်းစဉ်က NLD အစိုးရဟာ မဲမသမာမှု၊ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ သမ္မတက အရေးပေါ်အခြေအနေ ကြေညာပြီး ပုဒ်မ ၄၁၈ အရ သူ့ကို အာဏာလွှဲခဲ့တယ်လို့ ဆိုတယ်။

ဒါပေမယ့် အဲဒီအချိန်မှာ သမ္မတကို ဖမ်းထားပြီး ယာယီသမ္မတ ဦးမြင့်ဆွေက တုန်တုန်ယင်ယင်နဲ့ ကြေညာချက် ဖတ်ကြားနေတာကို အားလုံးမြင်တွေ့ခဲ့ရမှာပါ။

အဲဒီအချိန်က စစ်တပ်ဘက်ကသာ အရေးပေါ်အခြေအနေ ကျရောက်နေတယ်လို့ ဆိုပေမယ့် တနိုင်ငံလုံး ရွေးကောက်ပွဲပြီးလို့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းပဲ။ ဘယ်နေရာမှ ဘာမှ အရေးပေါ်နေတာလည်း မတွေ့ရဘူး။ အရေးပေါ်အခြေအနေ အမှန်တကယ် မကျရောက်ဘဲ အရေးပေါ်အခြေအနေ ကျရောက်နေပြီဆိုပြီး အရပ်သားအစိုးရဆီက အာဏာကို အဓမ္မသိမ်းယူလိုက်တာဖြစ်တယ်။ အရေးပေါ်အခြေအနေ မကြေညာခင်က တိုင်းပြည်က အေးချမ်းနေပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်တော့မှ တိုင်းပြည် စစ်မီးတောက်ပြီး ပျက်စီးသွားတာ ခင်ဗျားအမြင်ပဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဦးဆောင်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာ/လုံ) က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ်အခြေအနေ ကြေညာပြီး အာဏာလွှဲအပ် လုပ်ပိုင်ခွင့်ပေးထားတာက ခြောက်လ နှစ်ကြိမ်ပဲရှိတယ်။ သူက ခြောက်လ နှစ်ခါ ကျော်လာပြီးတော့ “သာမန် မဟုတ်သောအခြေအနေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ခြောက်လ အကြိမ်ကြိမ် သက်တမ်းတိုးလာခဲ့တာ လေးနှစ်ခွဲအထိ ကြာလာခဲ့တယ်။ ရှေ့ဆက်ပြီး ခြောက်လ သက်တမ်းတိုးနေရင် ကြည့်မကောင်းတော့တာရယ်၊ နိုင်ငံတကာ ဖိအားတွေရယ်ကြောင့် ဟန်ပြရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဖို့ စီစဉ်ပြီး ဒီတခါ သက်တမ်း ဆက်မတိုးတော့ဘဲ ကာ/လုံကို အာဏာပြန်အပ်လိုက်တာပါ။

သူတို့ရေးထားတဲ့ အခြေခံဥပဒေအရ အာဏာပြန်အပ်ပြီး ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်လို့ လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ သိရတယ်။

ကိုဂငယ် ။ ။ ဒါနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ် ဖွဲ့စည်းလိုက်တာလည်း တွေ့ရတယ်။ အဲဒါက ဘယ်လိုလဲ။

ကိုကကြီး ။ ။ ဒါက ပုဒ်မ ၄၂၇ (ခ) အရ ကာ/လုံက ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ပါ။ စစ်ဗိုလ်ချုပ်ကြီး ညိုစောကို ဦးညိုစောအဖြစ် ပြောင်းလဲပြီး ဝန်ကြီးချုပ် ခန့်လိုက်ပေမယ့် သူက ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်အောက်မှာပါ။

မင်းအောင်လှိုင်က အသစ်ဖွဲ့လိုက်တဲ့ စစ်ကော်မရှင်ဥက္ကဋ္ဌဖြစ်ပြီး ဒီစစ်ကော်မရှင်ဟာ အရင် စစ်ကောင်စီကို အစားထိုးလိုက်တဲ့ အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်တယ်။

ကိုခခွေး ။ ။ နာမည်တွေသာ ပြောင်းသွားပြီး လူလည်း မပြောင်းဘူး။

မင်းအောင်လှိုင်ကတော့ အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားမှာပဲ။ ယူနီဖောင်းလည်း ချွတ်မှာ မဟုတ်ဘူး။ တချို့က ရွေးကောက်ပွဲပြီးလို့ သူတို့ပါတီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) အနိုင်ရပြီး သူ သမ္မတလုပ်ရင် ယူနီဖောင်းချွတ်မယ်လို့ မှန်းဆနေကြတယ်။ စစ်ကော်မရှင်မှာ ထည့်ထားတဲ့ အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တပ်ချုပ်ရာထူးပေးပြီး သူက သမ္မတလုပ်မယ်လို့ မှန်းဆနေကြတယ်။ ဒါက မှန်းဆချက်သာ ဖြစ်ပြီး တကယ် ဖြစ်လာ၊ မလာ စောင့်ကြည့်ရမယ်။

ကိုကကြီး ။ ။ မင်းအောင်လှိုင်ကတော့ အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားမှာပဲ။ ယူနီဖောင်းလည်း ချွတ်မှာ မဟုတ်ဘူး။ တချို့က ရွေးကောက်ပွဲပြီးလို့ သူတို့ပါတီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) အနိုင်ရပြီး သူ သမ္မတလုပ်ရင် ယူနီဖောင်းချွတ်မယ်လို့ မှန်းဆနေကြတယ်။ စစ်ကော်မရှင်မှာ ထည့်ထားတဲ့ အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တပ်ချုပ်ရာထူးပေးပြီး သူက သမ္မတလုပ်မယ်လို့ မှန်းဆနေကြတယ်။ ဒါက မှန်းဆချက်သာ ဖြစ်ပြီး တကယ် ဖြစ်လာ၊ မလာ စောင့်ကြည့်ရမယ်။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k
မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

7 January 2026
211

ကိုဂငယ် ။ ။ အရေးပေါ် အခြေအနေပြီးဆုံးပြီလို့ ကြေညာပြီးတော့မှ နောက်ထပ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ထပ်ကြေညာတာလည်း တွေ့ရတယ်။

ကိုကကြီး ။ ။ ဟုတ်တယ်။ ဒီ ၆၃ မြို့နယ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ။ သူတို့ထိန်းချုပ်မှုအောက်မှာ မရှိသလို ဒီမြို့နယ်တွေမှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ မင်းအောင်လှိုင်ရဲ့အမိန့်နဲ့ စစ်အုပ်ချုပ်ရေး ကြေညာပြီး ရက်ပေါင်း ၉၀ အတွင်း သူတို့ ပြန်ရအောင် ကြိုးစားမယ့်သဘောရှိတယ်။ ရခိုင်ပြည်နယ်မှာဆို ၁၄ မြို့နယ်၊ ချင်းပြည်နယ်မှာ ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၉ မြို့နယ်၊ မန္တလေးတိုင်းမှာ ၃ မြို့နယ်၊ ရှမ်းပြည်နယ်မှာ ၁၅ မြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆၃ မြို့နယ်ဟာ သူတို့လက်အောက်မှာ မရှိဘူး။

ကိုခခွေး ။ ။ ဟိုတနေ့ကတော့ “ဒုတိယစာမျက်နှာ စပြီ” ဆိုပြီး ရှေ့ဆုံးမှာ ထိုင်ခုံအကြီးကြီးနဲ့ ထိုင်ပြီး နှုတ်ဆက်ပွဲ ကျင်းပသွားတာတော့ တွေ့ရတယ်။ ဒုတိယစာမျက်နှာ စပြီဆိုတော့ တတိယစာမျက်နှာတွေများ လာဦးမလား။

ကိုကကြီး ။ ။ တွက်ရေးကတော့ စက်သူဌေးပေါ့။ တွက်ကြည့်မှ စက်မရှိ ဖြစ်နေဦးမယ်။ စစ်ခေါင်းဆောင်ရဲ့ လက်ရှိအခင်းအကျင်းက သူ အာဏာဆက်မြဲဖို့နဲ့ ရေရှည် အာဏာကို ဆုပ်ကိုင်ထားဖို့ပဲ ဖြစ်တယ်။ ဒီရက်ထဲ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်တွေကို ကြည့်ရင် တော်တော် ကတိုက်ကရိုက်နိုင်တာ တွေ့ရတယ်။ အစိုးရအဖွဲ့အမည်စာရင်းမှာ ပညာရေးဝန်ကြီးဌာန ကျန်ခဲ့ပြီး နောက်မှ ဖြည့်ခဲ့ရတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဦးတည်ချက် ၄ ရပ် ထုတ်ပြန်ထားတာကို ကြည့်ရင် နောက်ဆုံးအချက်က ဘူးလုံးနားမထွင်း ရှင်းရှင်းလင်းလင်း မရှိတာတွေ့ရတယ်။

တကယ်တော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဓိက တာဝန်က ရွေးကောက်ပွဲကျင်းပပြီး အစိုးရအဖွဲ့သစ် ပေါ်လာရင် အာဏာလွှဲပြောင်းပေးဖို့ပဲ ဖြစ်တယ်။ ဒါပေမယ့် ဦးတည်ချက် ၄ ရပ်ရဲ့ နံပါတ် ၄ မှာ ဖော်ပြထားပုံက “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” ဆိုပြီး မရှင်းမလင်း ဖော်ပြထားတာ တွေ့ရတယ်။

တကယ်တော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဓိက တာဝန်က ရွေးကောက်ပွဲကျင်းပပြီး အစိုးရအဖွဲ့သစ် ပေါ်လာရင် အာဏာလွှဲပြောင်းပေးဖို့ပဲ ဖြစ်တယ်။ ဒါပေမယ့် ဦးတည်ချက် ၄ ရပ်ရဲ့ နံပါတ် ၄ မှာ ဖော်ပြထားပုံက “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” ဆိုပြီး မရှင်းမလင်း ဖော်ပြထားတာ တွေ့ရတယ်။

သဘောကတော့ ရွေးကောက်ပွဲ ကျင်းပပြီးသွားလည်း အကြောင်းအရာတခုနဲ့ အာဏာကို ဆက်ယူထားနိုင်တယ်။ ဒီအဖြစ်မျိုး ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရှိခဲ့ဖူးပြီ။ ဒီတကြိမ်ကတော့ သူတို့စိတ်ကြိုက်ပါတီပဲ အနိုင်ရဖို့ရှိပေမယ့် စစ်ခေါင်းဆောင်အနေနဲ့ အလွယ်တကူ ရော့၊ အင့် ပေးမယ့်ပုံတော့ မရှိဘူး။

ကိုဂငယ် ။ ။ ရွေးကောက်ပွဲ ပြီးသွားလည်း ချက်ချင်း အာဏာ မလွှဲသေးဘူးလို့ ဆိုလိုတာလား။

ကိုကကြီး ။ ။ ဒါကတော့ သေချာတပ်အပ် မပြောနိုင်ဘူးလေ။ အာဏာရှင်တွေရဲ့ သဘာဝကို မှန်းဆကြည့်တာ။ အာဏာရှင်တွေမှာ ညစ်နည်းမျိုးစုံ ရှိတယ်။

စောင့်ကြည့်ရမှာက (၁) သူတို့ ကြိုတင်ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ အစီအစဉ်အတိုင်း ပြီးဆုံးသွားမှာလား။ (ရွေးကောက်ပွဲမတိုင်မီ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ပို အရှိန်မြင့်လာနိုင်တယ်)။

(၂) ဖြစ်သလိုနဲ့ ကျင်းပပြီးစီးသွားခဲ့ရင်ရော အနိုင်ရပါတီနဲ့ ကိုယ်စားလှယ်တွေကို ကာ/လုံက လွှတ်တော်ခေါ်ပြီး အာဏာချက်ချင်း လွှဲပေးမလား။ လက်ရှိအချိန်မှာ အာဏာသုံးရပ်က ကာ/လုံ လက်ထဲမှာ ရှိနေပြီး မှောက်ချင်သလိုမှောက်၊ လှန်ချင်သလိုလှန်လို့ ရနေတယ်။

ဒုတိယစာမျက်နှာကို ဘယ်အချိန်ထိ ဆက်ဖတ်နေမလဲဆိုတာ မမှန်းဆနိုင်ဘူး။ သေချာတာတခုကတော့ အာဏာရှင်တွေဟာ ဘယ်တော့မှ အာဏာကို လွယ်လွယ်ကူကူ လက်လွှတ်မသွားဘူးဆိုတာပါ။

(မောင်ကကြီးသည် သတင်းစာဆရာတဦး၏ ကလောင်ခွဲဖြစ်သည်။)

You may also like these stories:

ရွေးကောက်ပွဲအတွက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းကို အမြတ်ထုတ်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အတုအယောင် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင် အာဏာ ဆွဲဆန့်ဖို့ ပြင်

သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

Your Thoughts …
Tags: NLDUSDPကာ/လုံစစ်ကော်မရှင်စစ်အာဏာသိမ်းမှုနလအပြည်တွင်းစစ်ဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲ
မောင်ကကြီး

မောင်ကကြီး

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲ အပိုင်း – ၁ (ရုပ်/သံ)

စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲ အပိုင်း - ၁ (ရုပ်/သံ)

NUG ရှက်ပါ

NUG ရှက်ပါ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved