စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းခြင်းမှာ အကန့်အသတ်ရှိ၏။ တနှစ်စာ စစ်အင်အား ဖြည့်တင်းခြင်းသည် စစ်မြေ ပြင်ရလဒ်တွင် သိသာသည့် ရလဒ်မရသကဲ့သို့ နှစ်နှစ်စာ ဖြည့်တင်းခြင်းသည် အင်အားအချိုးအစားအရ လုံးဝ အသာစီးရသည့် အခြေအနေတွင် ရှိလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း တပ်သားသစ် ဖြည့်တင်းခြင်းနှင့် စစ်လက်နက်နည်းပညာကို အသုံးပြုပြီး နေရာအတော်များများသို့ ပြန်လည် ထိုးစစ်ဆင်လာမည်ကတော့ သေချာသည်။ သို့သော်လည်း ဤအခြေအနေသည် ရှောင်လွှဲ၍ မရသကဲ့သို့ စိုးရွံ့စရာ စိုးရမ်စရာလည်း မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် အခြေခံအားဖြင့် တိုင်းရင်းသားတပ်ဖွဲ့များနှင့် နွေဦးအင်အားစုများသည် ယခင်ကထက် ပိုမို၍ လက်နက်တပ်ဆင်လာနိုင်သကဲ့သို့ ယခင်ကထက် စစ်ရေးအတွေ့အကြုံ ကြွယ်ဝလာ၍ ဖြစ်၏။ မည်သို့ စစ်ရေးအရ ပြန်လည်တုံ့ပြန်မည်ဆိုသည်ကို စနစ်တကျ ပြင်ဆင်ရန်သာလိုသည်။
#ဧရာဝတီ #မြန်မာ #စစ်ကောင်စီ #ဆိုက်ဝါး #တော်လှန်ရေး #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













