• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

NUG ရှက်ပါ

by ဒက်စမွန်
5 August 2025
in သူ့အတွေး သူ့အမြင်
A A
NUG ရှက်ပါ

NUG ယာယီသမ္မတ ဒူဝါလရှီလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

6.3k
VIEWS
Share on FacebookShare on Twitter

ပြည်သူတယောက်ရဲ့ အမြင်နဲ့ မျှော်လင့်ချက်

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့သူတယောက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းစဉ်ကတည်းက အားပေးထောက်ခံခဲ့သူတယောက်၊ ဒီလို ပြည်သူတယောက်အနေနဲ့ ကိုယ့်အစိုးရကို ပိုကောင်းစေလိုတာက သဘာဝကျတဲ့အချက်ဖြစ်မယ် ထင်ပါတယ်။ မူလ အစကတည်းက အားနည်းချက်တွေ အများကြီး ရှိသော်လည်း ပြုပြင်နိုင်မယ်လို့ မျှော်လင့်ခဲ့သလို ယခုလည်း မျှော်လင့်ဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် NUG ပြုပြင်ပြောင်းလဲရေး နှိုးဆော်သံတွေ၊ ဝေဖန်ဆန်းစစ် သုံးသပ်ကြတာတွေကို ကြားရတော့ NUG အစိုးရဘက်က ဘယ်လိုများ တုံ့ပြန်လာမလဲ မျှော်လင့်ချက်ကြီးစွာဖြင့် နားစွင့်နေခဲ့မိပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေး စိတ်ဝင်စားသူ ပြည်သူတယောက်အနေနဲ့ ဝေဖန်အကြံပြုတဲ့အချက်တွေကို အကျဉ်းချုပ် သံခိပ်လုပ်၊ စုစည်းကြည့်ပြီး ကိုယ့်ဘာသာလည်း အရေးကြီးလုပ်သင့်တာ ဘာဖြစ်မလဲ စဉ်းစားနေမိခဲ့ပါတယ်။

NUG ရဲ့ တုံ့ပြန်မှု

တကယ်တမ်းတော့ ဝေဖန်သံတွေက NUG နှင့်အတူ မွေးဖွားလာတယ်လို့တောင် ဆိုလို့ရနိုင်ပါတယ်။ လူထုအကြား ထင်ရှားတဲ့ ဒေါက်တာ တေဇာစန်းကပါ ထုတ်ဖော် ဝေဖန်လာလို့သာ ယခုတကြိမ် ပိုဆူညံလာတာပဲ ရှိပါတယ်။ လက်ရှိ တိုင်းပြည်အနေအထားအရ လူတွေက ပိုပြီး ဖြစ်စေချင်တာတွေနဲ့ တိုက်ဆိုင်နေတာကြောင့်လည်း ပါပါလိမ့်မယ်။

တကယ်တမ်းတော့ ဝေဖန်သံတွေက NUG နှင့်အတူ မွေးဖွားလာတယ်လို့တောင် ဆိုလို့ရနိုင်ပါတယ်။ လူထုအကြား ထင်ရှားတဲ့ ဒေါက်တာ တေဇာစန်းကပါ ထုတ်ဖော် ဝေဖန်လာလို့သာ ယခုတကြိမ် ပိုဆူညံလာတာပဲ ရှိပါတယ်။ လက်ရှိ တိုင်းပြည်အနေအထားအရ လူတွေက ပိုပြီး ဖြစ်စေချင်တာတွေနဲ့ တိုက်ဆိုင်နေတာကြောင့်လည်း ပါပါလိမ့်မယ်။

ဆိုတော့ကာ ဒေါက်တာ တေဇာစန်းရဲ့ ထုတ်ဖော်ဝေဖန်ချက် ထွက်လာပြီး တလနီးပါး ကြာတဲ့အချိန်အတွင်း NUG အစိုးရဘက်က ဘယ်လိုများ တုံ့ပြန်ပြခဲ့ပါသလဲ။ တော်တော့်ကို အားမလိုအားမရ ဖြစ်နေရသေးတယ်လို့သာ ဆိုချင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် လူသိရှင်ကြား တုံ့ပြန်မှုလို့ ဆိုနိုင်မယ့် ပြောဆိုမှုတခုကို ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုခဲ့ပါတယ်။

သူ့အပြောအရ ဆိုရင်တော့ NUG ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီးသားဖြစ်တယ်၊ စွမ်းဆောင်ရည် တိုးတက်စေရန်နဲ့ ကိုယ်စားပြု ပါဝင်မှု မြင့်တက်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ဦးမယ်လို့ နားလည်ရပါတယ်။ ဘာတွေလဲဆိုတာတော့ တိကျရှင်းလင်းမှု မရှိလှပါဘူး။ နောက်တခုအနေနဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ကိုယ်တိုင် ထိန်းချုပ်နယ်မြေတွေဆီ ကွင်းဆင်းပြတာပဲ ဖြစ်ပါတယ်။

တကယ်တော့ NUG က ပြောင်းလဲရေးလုပ်မယ်လို့ လေသံပစ်လာတာ ဟိုးအစောပိုင်းကတည်းကပါ။ ဒီနှစ်အစပိုင်းတုန်းကလည်း “၂၀၂၅ က အပြောင်းအလဲကို ကိုယ်က လုပ်မှာလား၊ ဒါမှမဟုတ် ကိုယ်က အပြောင်းအလဲ ခံလိုက်ရမှာလားဆိုတဲ့ မေးခွန်းကို ဖြေရမယ့်အချိန်လို့ မြင်တယ်” ဆိုပြီး ဒေါ်ဇင်မာအောင်က အင်တာဗျူးတခုမှာ ပြောခဲ့ဖူးပါသေးတယ်။ ဒီမေးခွန်းမေးပြီး ခြောက်လအကြာမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ အဖြေကိုလည်း အလွန်ပဲ သိချင်မိ၊ စိတ်ဝင်စားမိပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ရန် နယ်စပ်တနေရာတွင် လူငယ်များ စစ်သင်တန်းတက်နေကြစဉ်

ပြည်သူရဲ့ အသံကို NUG အမှန်တကယ် နားထောင်သလား

ဒီမတိုင်ခင် တလောကပဲ ပြန်ကြားရေးတာဝန်ခံက အခုလို NUG ကို ဝေဖန်နေကြတာက ပြည်သူတွေရဲ့ အသံဟုတ်ရဲ့လားဆိုတဲ့ သဘောမျိုး ပြောတာကိုလည်း သူ့စာမျက်နှာမှာ တွေ့လိုက်မိပါတယ်။ မှန်ပါတယ်။ တဖက်ရန်သူ စစ်ကောင်စီကလည်း ဝါဒဖြန့်မှု အမျိုးမျိုးနဲ့ ပြည်သူတွေ စိတ်ဝမ်းကွဲအောင် လုပ်နေတာလည်း ထင်ရှားပါတယ်။

သို့ပေမယ့် ဒီမိုကရေစီ အစိုးရတရပ်ဆိုရင်တော့ ပြည်သူ့အသံကို ဘယ်လို နားထောင်ရမလဲ၊ ဘယ်ဟာက အတု၊ ဘယ်ဟာက အစစ်လဲလောက်တော့ ခွဲခြားနားထောင်တတ်မှ ဖြစ်မယ်လို့ မြင်ပါတယ်။ ကိုယ်မကြားချင်ရင် ပြည်သူ့အသံ မဟုတ်ဘူးဆိုတာ ဗောင်းတော်ညိတ် စိတ်တော်သိ အာဏာရှင်စိတ်မှာပဲ ရှိပါတယ်။

သို့ပေမယ့် ဒီမိုကရေစီ အစိုးရတရပ်ဆိုရင်တော့ ပြည်သူ့အသံကို ဘယ်လို နားထောင်ရမလဲ၊ ဘယ်ဟာက အတု၊ ဘယ်ဟာက အစစ်လဲလောက်တော့ ခွဲခြားနားထောင်တတ်မှ ဖြစ်မယ်လို့ မြင်ပါတယ်။ ကိုယ်မကြားချင်ရင် ပြည်သူ့အသံ မဟုတ်ဘူးဆိုတာ ဗောင်းတော်ညိတ် စိတ်တော်သိ အာဏာရှင်စိတ်မှာပဲ ရှိပါတယ်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
171
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
114
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.4k

စာရေးဆရာမ မသီတာ (စမ်းချောင်း) ကိုယ်တိုင်သည်ပင် ဤအချက်ကို အမြင်မှားဟန် တူပါတယ်။ “ဒီတော့ တော်လှန်ရေး ဦးဆောင်သူများဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် ပြောဆိုဝေဖန် သုံးသပ်နေကြတာတွေဟာ မြေပြင်က လူထုသဘောထားနဲ့ ဘယ်နှရာခိုင်နှုန်းလောက် တိုက်ဆိုင်နေသလဲ ဆိုတာကို ပြန်တွေးစရာတွေ ဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုဝေဖန်သူတွေထဲမှာ မြေပြင်မှာ မရှိသူ၊ မြေပြင်နဲ့ မနီးစပ်သူတွေ အများအပြား ပါဝင်နေတာကိုလည်း ထည့်တွက်ရမှာကိုး” ဆိုပြီး မသီတာ (စမ်းချောင်း) ရဲ့ ဗွက်ထတဲ့ ဆောင်းပါးမှာ ထည့်သွင်း ရေးသားထားခဲ့ပါတယ်။ ဒီလို ပြောဖို့အတွက် Blueshirt Initiative ရဲ့ စစ်တမ်းတို (survey) တခုကိုလည်း ကိုးကားထားပါသေးတယ်။

ကံဆိုးစွာနဲ့ ဒီ မပြည့်မစုံဖြစ်လှတဲ့ စစ်တမ်းလေးတခုနဲ့တော့ ပြည်သူ့သဘောထားကို မထင်ဟပ်နိုင်ပြန်ဘူး ဆိုတာလည်း မသီတာ (စမ်းချောင်း) သတိချွတ်ချော်သွားတယ် ထင်ပါရဲ့။ ဒီစစ်တမ်းမှာ မေးထားတာက “ယုံကြည်မှု ဘယ်လောက်ရှိလဲ” ဆိုတဲ့ မေးခွန်းကိုပဲ အဆင့်လေးဆင့်ခွဲပြီး မေးထားတာပါ။

၁ နဲ့ ၂ ဆို မယုံကြည်၊ ၃ နဲ့ ၄ ဆို ယုံကြည်ဆိုတာမျိုးပါ။ ဒီမေးခွန်းတခုတည်းနဲ့ ပြည်သူတွေရဲ့ သဘောထားကို ပြီးပြည့်စုံအောင် မထင်ဟပ်နိုင်ပါဘူး။ ထို့အတူ ပြည်သူတွေဟာ စစ်တမ်းမှာ ဖော်ပြထားသလို ဒေါ်အောင်ဆန်းစုကြည်ပြီးရင် NUG အပေါ် ယုံကြည်မှု အမြင့်ဆုံးလို့ ဆိုရင်လည်း ယုံကြည်မှု အပ်နှင်းတယ်ဆို တာဝန်ယူဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ယုံကြည်ရုံအပြင် မေးစရာတွေ ကျန်ပါသေးတယ်။ အရင်က ယုံကြည်ခဲ့တာနဲ့ အခု ဘယ်လောက် ကွာခြားသွားလဲ၊ ယုံတော့ယုံကြည်တယ်၊ ဘာတွေ ပိုကောင်းစေချင်သေးလဲ၊ ဘာတွေ အားနည်းနေတယ် မြင်သလဲ စတဲ့ မေးခွန်းမျိုးတွေ အများကြီး ကျန်ပါသေးတယ်။

ဒီလို အရည်အသွေးကို ပြည့်စုံအောင် ဖော်ပြဖို့ရာ သုတေသန လုပ်တဲ့အခါမှာ ထဲထဲဝင်ဝင် သိသူတွေကို မေးမြန်းလေ့လာကြရပြန်ပါတယ်။ ဒေါက်တာ တေဇာစန်း အပါအဝင် ပြုပြင်ပြောင်းလဲရေး နှိုးဆော်သူတွေဟာ ဒီအချက် မချို့ယွင်းကြဘူးလို့ ယုံကြည်ပါတယ်။ ဆိုတော့ သူတို့ အကြံပြုချက်တွေဟာ ပြည်သူတွေရဲ့ အသံကို တနည်းတဖုံ ထင်ဟပ်တယ်လို့ ယူနိုင်ပါတယ်။

မှားနေတဲ့ အညွှန်းကိန်း

တော်လှန်ရေး တစုံလုံးကို တိတိကျကျ တိုင်းတာပြနိုင်တဲ့ အညွှန်းကိန်းကတော့ မရှိပါဘူး။ ထို့အတူ တော်လှန်သူ အုပ်စုအသီးသီးကြားမှာလည်း ပန်းတိုင် သတ်မှတ်ချက်က ကွဲနေတုန်းပါပဲ။ ဒါပေမဲ့ မပြည့်စုံတဲ့ အညွှန်းကိန်း တခုကို သုံးပြီး တော်လှန်ရေး အောင်မြင်တိုးတက်နေတယ်လို့ ပြောတာမျိုးဟာလည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

အားရစရာအဖြစ် ကိုယ့်ဘာသာ အားပေးရတဲ့အခါဖြစ်စေ၊ ပြည်သူနားလည်အောင် စည်းရုံးရတာဖြစ်စေ၊ လော်ဘီတွေက ကြွားလုံးထုတ်ချင်တာဖြစ်စေ ပြောလေ့ရှိတဲ့ စကားရှိပါတယ်။ “ဒီတော်လှန်ရေးကို လက်ဗလာနဲ့ စခဲ့ရတာ၊ အခုဆို မြို့ဘယ်နှမြို့ သိမ်းထားနိုင်ပြီ” ဆိုပြီး ပြောတတ်ကြပါတယ်။ အခုတဖန် စစ်တပ်က မြို့တချို့ ပြန်သိမ်းသည့်အခါလည်း အတက်အကျဆိုတာ ရှိမှာပဲလို့ ကာကွယ်တတ်ကြပါတယ်။ ဒါဟာ စစ်သဘောအရ မမှားပါဘူး။

သို့သော် ပြည်သူ့အစိုးရ ခံယူထားသူ အစိုးရတရပ်အဖို့၊ ပြည်သူ့တော်လှန်ရေးလို့ ခံယူထားသူများအဖို့ ဆိုရင်တော့ ကျနော် အဆိုပြုချင်တဲ့ အညွှန်းကိန်းတခုရှိပါတယ်။ ကျနော်တို့ တော်လှန်ရေးရဲ့ အတိုးအကျကို ပြည်သူတွေ ဘယ်လောက် ဒုက္ခက သက်လာလဲ၊ ပြည်သူကို ဘယ်လောက်အထိ ကာကွယ်လာနိုင်လဲဆိုတာနဲ့ တိုင်းတာပေးစေချင်တာပါ။

သို့သော် ပြည်သူ့အစိုးရ ခံယူထားသူ အစိုးရတရပ်အဖို့၊ ပြည်သူ့တော်လှန်ရေးလို့ ခံယူထားသူများအဖို့ ဆိုရင်တော့ ကျနော် အဆိုပြုချင်တဲ့ အညွှန်းကိန်းတခုရှိပါတယ်။ ကျနော်တို့ တော်လှန်ရေးရဲ့ အတိုးအကျကို ပြည်သူတွေ ဘယ်လောက် ဒုက္ခက သက်လာလဲ၊ ပြည်သူကို ဘယ်လောက်အထိ ကာကွယ်လာနိုင်လဲဆိုတာနဲ့ တိုင်းတာပေးစေချင်တာပါ။

၂၀၂၅ ခုနှစ် အစကတည်းက ပြောင်းမယ်ပြောခဲ့တဲ့ NUG ဟာ နောက်ထပ် ခြောက်လ စောင့်လိုက်တဲ့အတွက် ပြည်သူတွေရဲ့ ဒုက္ခခံစားရတာကို ကြည့်ရမယ် ထင်ပါတယ်။ ကုန်ခဲ့တဲ့ ခြောက်လအတွင်းမှာ စစ်တပ်ကို လေကြောင်း ဗုံးကြဲဖို့ ၁,၃၀၇ ကြိမ် ခွင့်ပြုပေးလိုက်ရတာ၊ ဒီကတဆင့် လူပေါင်း ၁,၀၆၄ ယောက်ကို သတ်ခွင့် ပေးလိုက်ရတာ၊ နောက်ထပ် ဒုက္ခသည်ပေါင်း ၁ သိန်းနီးပါး ထပ်တိုးသွားပြီး စုစုပေါင်း ဒုက္ခသည် ၃ သန်းခွဲကျော် ဖြစ်လာစေတာလို့ မြင်ရမယ် ထင်ပါတယ်။

ဒါတွေအားလုံးရဲ့ တရားခံဟာ စစ်ကောင်စီပါ။ သို့သော် တားဆီးရန် ပျက်ကွက်ခြင်းမှာလည်း တစိတ်တပိုင်း တာဝန်ယူမှု ရှိသင့်ပြီလို့ ယူဆပါတယ်။ NUG ပြောင်းလဲလိုက်လို့ အရာအားလုံး မိုးနဲ့မြေလို ပြောင်းလဲပြီး ကောင်းသွားမယ်လို့တော့ ယတိပြတ် မပြောနိုင်ပြန်ပါဘူး။

တော်လှန်ရေး တစုံလုံးရဲ့ မဟာဗျူဟာက အသီးသီးသော အုပ်စုတွေနဲ့လည်း သက်ဆိုင်ပါတယ်။ သို့သော် ပြည်သူတွေ အားကိုးတာ ခံချင်တဲ့ အစိုးရတရပ်ကတော့ ပိုပြီး ထူထူထောင်ထောင် ရှိသင့်တယ် မဟုတ်လား။ ပြီးတော့ ကျနော်တို့ အားလုံးရဲ့ အဓိက ပေးထားချက်က အချိန်အကန့်အသတ် မဟုတ်လား။

၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်‌နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီ ဆန့်ကျင်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်စဉ် / AFP

စစ်တပ်နဲ့ NUG မှာ ဘယ်သူက ပိုသာလဲ

NUG အနေနဲ့ ဘာတွေ ဘယ်လို ပြောင်းလဲသင့်သလဲ ဆိုတာကို ပညာရှင်များ၊ လေ့လာသုံးသပ်သူများနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ရှုထောင့်စုံမှ ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲရေးကိစ္စတွေ သုံးသပ်ကြရာမှာ ကျနော် ပိုပြီး သိချင်တဲ့အပိုင်း၊ စိတ်ဝင်စားတဲ့အပိုင်း တခုကို ရှိပါတယ်။ ရှိပြီးသားကို ကျနော် သတိမမူမိတာလည်း ဖြစ်နိုင်ပါတယ်။

အကယ်၍ ပြည်သူတွေက လက်ခံခြင်း၊ လက်မခံခြင်းကို ဖယ်ထုတ်ပြီး စဉ်းစားရင် စစ်တပ်နဲ့ NUG ဘယ်သူ စွမ်းဆောင်ရည် ပိုသာသလဲ ဆိုတဲ့ မေးခွန်းပါ။ ဖြစ်နိုင်ရင် ဝန်ကြီးတဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေကို လက်ဝှေ့သမားတွေ နှိုင်းယှဉ်ပြသလိုမျိုး အချက်အလက်တွေနဲ့ သုံးသပ်တာမျိုးကို မြင်ချင်မိပါတယ်။

ဒီနေရာမှာ စွမ်းဆောင်ရည်ဆိုတာ “ဘယ်သူက စိတ်ကောင်းပိုရှိလဲ” ဆိုတာမျိုး မဟုတ်ပါဘူး။ ဘယ်သူက ကိုယ့်တာဝန်နဲ့ ရာထူးအလျောက် ရရှိရမယ့် ရည်မှန်းချက်တွေကို လုပ်နိုင်လဲ ဆိုတာမျိုးကိုသာ ဆိုလိုချင်တာပါ။

မလုပ်ရဲတာ မရှိတဲ့ စစ်တပ်

လတ်တလော အနေအထားမှာဆိုရင်တော့ မလုပ်ရဲတာ မရှိတဲ့ စစ်အာဏာသိမ်းအုပ်စုဟာ အပြောင်းအလဲကို လက်ရဲဇက်ရဲ လုပ်လာနိုင်တာ၊ မဟာဗျူဟာမြောက် ရွှေ့ကွက်တွေ လုပ်လာနိုင်တာ၊ အထူးသဖြင့် ရွေးကောက်ပွဲကို တည်ကြက်လုပ်ပြီး နိုင်ငံတကာကို သတင်းစကား ဖြန့်ဝေလာတာတွေ ပိုအားသာလာတယ်လို့ မြင်နေမိပါတယ်။ ဒါဟာ သူတို့ အားသာချက်ပါပဲ။

ဒီနေရာမှာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ မဆီမဆိုင် မဟောသဓ သားတရား စီရင်ခန်းကို ကိုးကားပြီးတော့ ကိုယ့်ဘာသာ သူတော်ကောင်းယောင် မဆောင်မိဖို့လည်း အရေးကြီးပြန်ပါတယ်။ တကယ်တော့ ပြည်သူက နာလွန်းမလှ နာနေပြီးသားပါ။

ဒီနေရာမှာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ မဆီမဆိုင် မဟောသဓ သားတရား စီရင်ခန်းကို ကိုးကားပြီးတော့ ကိုယ့်ဘာသာ သူတော်ကောင်းယောင် မဆောင်မိဖို့လည်း အရေးကြီးပြန်ပါတယ်။ တကယ်တော့ ပြည်သူက နာလွန်းမလှ နာနေပြီးသားပါ။

အခုနောက်ဆုံး အရေးပေါ် အခြေအနေ ရုပ်သိမ်းပြီး အရပ်သားအစိုးရကို အာဏာပြန်အပ်သယောင် လုပ်တာတွေဟာ စစ်အုပ်စုရဲ့ ဗျူဟာမြောက်အရွေ့တွေ ဖြစ်ပါတယ်။ သူတို့ အာဏာလက်မလွှတ်ဘူးဆိုတာ လူတိုင်းသိတဲ့ကိစ္စပါ။

ဒါပေမယ့် သူတို့ အာဏာ ရယူထားတာကို တရားဝင်သယောင် လုပ်ဖို့က သူတို့ အဓိကရည်ရွယ်ချက်ပါ။ ဒီအတွက် တလှမ်းချင်း ရွေ့နေတယ်လို့ ဆိုနိုင်ပါတယ်။ တော်လှန်ရေးဘက်ခြမ်းမှာတော့ မဟာဗျူဟာ လေဟာနယ်ဟာ သိသာထင်ရှားဆဲပဲ။

အခုလို NUG ပြုပြင်ပြောင်းလဲရေး မလုပ်ခြင်းတွေဟာလည်း မဟာဗျူဟာအပေါ်မှာ ဘယ်လောက်အထိ ထိခိုက်စေသလဲ ဆိုတာကိုလည်း ချင့်တွက်ရပါမယ်။ တော်လှန်ရေးတစုံလုံးမှာ အတိုင်းအတာတခုအထိ အရေးပါနေတဲ့ NUG အနေနဲ့ နှေးနှေးနဲ့လေးလေး ဆက်လုပ်နေမှာလား။ တကယ်ပြောင်းမှာလား။ အပြောသက်သက်ပဲလား။ ပြောင်းရဲဖို့ သိတ္တိရှိကြလားလို့သာ မေးရမယ် ထင်ပါတယ်။

ခေါင်းဆောင်သူတွေ၊ အဖွဲ့အစည်းတွေ နှေးလေလေ၊ ကျနော်တို့ ပြည်သူတွေ နာလေလေပါပဲ။ တကယ်တော့ ကျန်တဲ့ အစုအဖွဲ့တွေကိုလည်း ပြည်သူတယောက်အနေနဲ့ ဒီမေးခွန်းအတိုင်း မေးချင်မိတာပါ။ အခုအချိန်ထိတော့ ပြည်သူတွေဟာ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြဆဲပါ။

ပြည်သူတွေ စိတ်မပျက်စေလို

NUG ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သတင်းစာဆရာ ဦးခင်မောင်စိုးရဲ့ လူမှုကွန်ရက်မှာ တင်ထားတဲ့ စာတစုကို ကိုးကားပြီး ဒီစာကို အဆုံးသတ်လိုပါတယ်။ ဦးခင်မောင်စိုးက “အိမ်ပြန်ကြ” လို့ ခေါင်းစဉ်တပ်ပြီး NUG သမ္မတ မြေပြင်ဆင်းတဲ့ ဓာတ်ပုံနဲ့အတူ အခုလို ရေးထားပါတယ်။

“ကဲ … ကဲ ကျန်တဲ့ဝန်ကြီးတွေ၊ ဒု ဝန်ကြီးတွေ၊ အတွင်းဝန်တွေလည်း (ပြည်ပနေဖို့ တကယ်လိုသူတွေကလွဲလို့) ပြည်တွင်းပြန်နေကြတော့။ မပြန်နိုင်ရင်လည်း တခြားတာဝန် ပြောင်းယူကြတော့။ လူထုနဲ့အတူ မနေနိုင်ဘဲ ခေါင်းဆောင်လုပ်ချင်နေသေးလား။ ရှက်တတ်ရင် လဲသေလို့ရပြီ” လို့ ရေးပါတယ်။

‘ရှက်တတ်ရင် လဲသေလို့ရပြီ’ ဆိုတဲ့ စကားကပင် မျှော်လင့်ချက် ကြီးနေသေးသလား စဉ်းစားမိပါတယ်။ ကျနော်သာဆိုရင်တော့ NUG အနေနဲ့ တကယ်ပဲ ရှက်တတ်သလားလို့သာ အရင်မေးမိမယ် ထင်ပါတယ်။

‘ရှက်တတ်ရင် လဲသေလို့ရပြီ’ ဆိုတဲ့ စကားကပင် မျှော်လင့်ချက် ကြီးနေသေးသလား စဉ်းစားမိပါတယ်။ ကျနော်သာဆိုရင်တော့ NUG အနေနဲ့ တကယ်ပဲ ရှက်တတ်သလားလို့သာ အရင်မေးမိမယ် ထင်ပါတယ်။

(စာကြွင်း – ဒီနေရာမှာ အကြောင်းအားလျော်စွာ NUG တဖွဲ့လုံးကို ရောပြွန်းပြောသလို ဖြစ်နေပါတယ်။ NUG လက်အောက်မှာဖြစ်စေ၊ ဌာနအသီးသီးမှာဖြစ်စေ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ရင်း အသက်စွန့်ခဲ့ရတဲ့ ရဲဘော်တွေ၊ ထမ်းဆောင်နေကြဆဲ ရဲဘော်တွေ၊ တော်လှန်ရေး တပ်သားတွေ အားလုံးကိုတော့ အားနာမိပါတယ်။ သူတို့ကို အားနာလွန်းလို့ပဲ အစိုးရအဖွဲ့လုပ်သူတွေကို ရည်ရွယ်မိခြင်း ဖြစ်ပါတယ်။ အစိုးရအဖွဲ့ထဲမှာ စွမ်းဆောင်ရည် ညံ့သူရှိသလို တော်သူလည်း ရှိပါတယ်။ သို့သော် မပြေးသော်လည်း ကံရာရှိဆိုသလို အစိုးရအဖွဲ့အနေနဲ့ အတူတူ ပါဝင်နေမှတော့ ဆိုးတူကောင်းဖက် ဖြစ်သင့်တယ်လို့လည်း မြင်ပါတယ်။)

(ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်။)

You may also like these stories:

တော်လှန်ရေးဗွက်ထခြင်း

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

NUG ဒီထက်ပို အလုပ်ဖြစ်ဖို့ လိုပြီ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

ဖာသာရ်မာတင်ဒေါ်နယ် သတ်ဖြတ်ခံရမှု NUG စစ်ခုံရုံးဖွဲ့ စစ်ဆေးမည် (ရုပ်/သံ)

၂၀၂၅ မှာ NUG အပြောင်းအလဲက သိပ်အရေးကြီးတယ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

Your Thoughts …
Tags: NLDNUGSliderတော်လှန်ရေးအင်အားစုဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ
ဒက်စမွန်

ဒက်စမွန်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
စစ်ကောင်စီက တီမောအပေါ် ရန်လိုစကားဆိုနေ

စစ်ကောင်စီက တီမောအပေါ် ရန်လိုစကားဆိုနေ

အာဏာသိမ်း စစ်တပ်ကို TNLA သတိပေး (ရုပ်/သံ)

အာဏာသိမ်း စစ်တပ်ကို TNLA သတိပေး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved