စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာက လုဒ်မယ်တော်သခင်မဘုရားကျောင်းက ဖာသာရ်မာတင်ဒေါ်နယ်(Fr.Donald Martin) သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူတွေကို စစ်ခုံရုံးဖွဲ့ စစ်ဆေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီလ ၁၇ရက်နေ့က ထုတ်ပြန်ပါတယ်။
အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာသာရ်မာတင်ဒေါ်နယ်ဟာ မန္တလေးဂိုဏ်းချုပ်သာသနာက ဖာသာရ်တဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ သတ်ဖြတ်ခံခဲ့ရတာပါ။ကျူးလွန်တယ်လို့ သံသယရှိတဲ့ တအုံကျေးရွာဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ဦးကို NUG၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)ရွှေဘိုခရိုင် တပ်ရင်း ၅ နဲ့ တိုက်နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေကဖမ်းဆီးထားပြီး စစ်ခုံရုံးတင် စစ်ဆေးမယ်လို့ ဆိုပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဘာကြောင့် အခုလို သတ်ဖြတ်တယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။ ဖာသာရ်မာတင်ဒေါ်နယ်ဟာ NUG ပညာရေးကို ဝေဖန်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အချေအတင်ဖြစ်ခဲ့တာတွေရှိခဲ့သလို ကျူးလွန်သူတွေကအရက်သေစာ သောက်စားထားကြသူတွေဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် ဧရာဝတီက သီးခြား အတည်မပြုနိင်သေးပါဘူး။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













