• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

by ဧရာဝတီ
6 May 2025
in သတင်း
A A
အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

တိုဒိုရိုကီ (အင်္ကျီဖြူဝတ်ထားသူ) သည် ၂၀၁၉ ခုနှစ်က မန္တလေးတိုင်းတွင် ဆေးခြောက်စိုက်ခင်းတခု ထူထောင်မှုဖြင့် စွပ်စွဲပြီး မြန်မာပြည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ ဖမ်းဆီးခံခဲ့ရဖူးသည်/ဧရာဝတီ

11.4k
VIEWS
Share on FacebookShare on Twitter

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အမေရိကန် ပြည်ထောင်စုမှ ထိရောက်သော ထောက်ခံမှုရရေး တခါကမြန်မာတွင် ဆေးခြောက်နွယ်ဝင် အပင်များကို စိုက်သောကြောင့် အဖမ်းခံရဖူးသည့် အမေရိကန်စီးပွားရေးသမားတဦးကို အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

ဂျွန်ဖရက်ဒရစ် တိုဒိုရိုကီ ကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ အထူးသံတမန်အဖြစ် NUG ယာယီသမ္မတ ဒူဝါလရှီလက ဧပြီလ ၄ ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း ဧရာဝတီသတင်းဌာနက ဖတ်ရှုရသည့် ခန့်အပ်စာအရ သိရသည်။

ကနဦးခန့်အပ်မှုသည် ချက်ခြင်း အသက်ဝင်သည့် ၆ လ ကာလဖြစ်ပြီး သက်တမ်းတိုးနိုင်ကာ လစာမဲ့ ဖြစ်ကြောင်း ထိုစာတွင် ဖေါ်ပြထားသည်။

တိုဒိုရိုကီသည် အရပ်သားများကို အကာအကွယ်ပေးရေးနှင့် မြန်မအတွက် လူသားချင်းစာနာမှု အကူအညီ အပါအဝင် ဘဏ္ဍာရေးနှင့် ရုပ်ဝတ္တုထောက်ပံ့မှုရရေးအတွက် သမ္မတထရမ့်အစိုးရ၏ အဆင့်မြင့်အရာရှိများ၊ အမေရိကန်ကွန်ဂရက်နှင့် NUG တို့ကြား ဆက်ဆံရေး တိုးတက်စေရန် နည်းလမ်းများ ရှာဖွေမည်ဟု ထိုစာတွင် ဖေါ်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် နိုင်ငံတဝန်း လက်နက်ကိုင်ပုန်ကန်မှုနှင့် ရင်ဆိုင် ရုန်းကန်နေရသည်။ စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသများအား သိမ်းကြုံးတိုက်ခိုက်ပြီး အရပ်သားများကို ထိခိုက် သေဆုံးစေသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး တည်ထောင်ခဲ့သည့် NUG ကို ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်း၏ တိုင်းရင်းသား မဟာမိတ်များနှင့် ဖွဲ့စည်းထားသည်။ စစ်ကောင်စီ၏ ပြည်တွင်းပြည်ပ တရားဝင်မှုကို စိန်ခေါ်ရန် ဖွဲ့စည်းထားပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် လက်အောက်ခံ တော်လှန်ရေးတပ်များကို ကွပ်ကဲကာ NUG သည် နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် ထောက်ခံမှု ပိုမိုရရန် ကြိုးစားနေသည်။

အဆိုပါ အထူးသံတမန်သည် NUG ပြောခွင့်ရသူနှင့် ယာယီသမ္မတ အကြံပေးဖြစ်သူ ဦးကျော်ဇောနှင့် အနီးကပ် တိုင်ပင်လုပ်ကိုင်မည်ဖြစ်သည်။ ထိုခန့်အပ်မှုကို အများပြည်သူသို့ မကြေညာရဟု စာတွင် ဖေါ်ပြထားသည်။

တိုဒိုရိုကီ မည်သူနည်း

တိုဒိုရိုကီကို မန္တလေးတိုင်းတွင် ဆေးခြောက်စိုက်ခင်းတခု ထူထောင်မှုဖြင့် စွပ်စွဲပြီး မြန်မာပြည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ ၂၀၁၉ ခုနှစ်က ဖမ်းဆီးခဲ့ဖူးသည်။

မြင်းခြံထောင်တွင် ၄ လနီးပါး အဖမ်းခံရပြီးနောက် သူ့ကို တရားရုံးက ကျန်းမာရေး အာမခံပေးခဲ့သည်။ အမှုကို ရုတ်သိမ်းရန် အယူခံကို တရားရုံးက ပယ်ချပြီးနောက် သူသည် အမေရိကန်အစိုးရ အဆက်အသွယ်များကို အသုံးပြုပြီး နိုင်ငံကူးလက်မှတ်သစ် လုပ်ကာ မြန်မာနိုင်ငံမှ ထွက်ပြေးပြီး ထိုင်းမှတဆင့် အမေရိကန် ပြည်ထောင်စုသို့ပြန်သည်။

Intelligence Online ၏ အဆိုအရ တိုဒိုရိုကီသည် တခါက စီးပွားရေးသမား ရောဘတ် ခရစ္စတီရာနိုနှင့် ပူးပေါင်းပြီး L88 ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စီမံသည်။ ထိုလုပ်ငန်းသည် အမေရိကန်အစိုးရပိုင် ပိုင်ဆိုင်မှုများကို ဝယ်ယူပြီး လော်ဘီလုပ်ငန်း BGR အုပ်စုထံမှ ဝါရှင်တန် ရုံးခန်းအတွက် ငှားရမ်းခဲ့ဖူးသည်။

၂၀၁၂ ခုနှစ်တွင် ထိုကုမ္ပဏီသည် Radio Free Europe/Radio Liberty သတင်းဌာနရှိသည့် ချက်နိုင်ငံ မြို့တော် ပရာ့ဂ်ရှိ အဆောက်အအုံတခုကို ဝယ်ယူသည်။ သို့သော် တိုဒိုရိုကီနှင့် ခရစ္စတီရာနိုသည် အမေရိကန် နိုင်ငံတကာ သတင်းလုပ်ငန်းကို ပြုပြင်ပြောင်းလဲရန် အမေရိကန် ကွန်ဂရက်အမတ်ဟောင်း အက်ဒ် ရွိုင်စ့် အဆိုပြုသည့် အစီအစဉ်မှ အကျိုးအမြတ်ရကြောင်း Daily Beast သတင်းစာက ဖေါ်ပြပြီးနောက် L88 သည် ဝေဖန်ရှုတ်ချခံရသည်ဟု Intelligence Online ကဖေါ်ပြသည်။

L88 သည် ချက်သမ္မတနိုင်ငံမှ အမေရိကန်ကုန်သည်ကြီးများအသင်း၏ သတိပေးချက် ထုတ်ပြန်ခံရကြေင်း အထက်ပါ သတင်းဌာနက ဖေါ်ပြသည်။ ပရာ့ဂ်အဆောက်အအုံနှင့် ပတ်သက်သည့် ငွေပေးချေရန် ပျက်ကွက်မှု တိုင်စာများ ရရှိသည်ဟု ချက်နိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်းက ထိုသတိပေးစာတွင် ဖေါ်ပြထားသည်။

တိုဒိုရိုကီက သူသည် ရီပတ်ဗလစ်ကန်ပါတီ၊ အမေရိကန်အစိုးရနှင့် အဆက်အသွယ်ရှိသောကြောင့် ငွေပေးချေရေး သူ့ကို ဖိအားမပေးရန် မြီရှင်များအား ပြောသည်ဟု ထိုတိုင်ကြားစာများတွင် စွပ်စွဲထားကြောင်း Daily Beast က ဖေါ်ပြခဲ့သည်။

တိုဒိုရိုကီနှင့် ခရစ္စတီရာနိုသည် လွတ်လပ်သော မီဒီယာကို ထောက်ခံသည်ဆိုသော ပရာ့ဂ် ဖရီးဒန်း ဖေါင်ဒေးရှင်းဟု ခေါ်သည့် အဖွဲ့တခုကိုလည်း တည်ထောင်ခဲ့သည်။ သို့သော် L88 သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပိုင်ဆိုင်မှုများကို ရရှိရန်နှင့် သတင်းလုပ်ငန်းကို သြဇာလွှမ်းမိုးရန် ၎င်း၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်အတွက် ယုံကြည်မှုရစေရေး ရုပ်ပြ ထူထောင်ထားသည့် လုပ်ငန်းအဖြစ် အမေရိကန် နိုင်ငံတကာ သတင်းလုပ်ငန်း အတွင်းလူများက သံသယရှိသည်ဟု Daily Beast က ဆိုသည်။

ထိုအဖွဲ့၏ ၂၀၁၇ ခုနှစ် ဘဏ္ဍာရေး ကြေညာချက်အရ အဖွဲ့သည် ထရမ့်၏ အမျိုးသားထောက်လှမ်းရေး ခေတ္တ ဒါရိုက်တာဟောင်း ရစ်ချတ် ဂရန်းနဲလ်ကို ပြည်သူ့ရေးရာ အကြံပေးရန် ငှားရမ်းခဲ့ကြောင်း Intelligence Online ကဖေါ်ပြသည်။

တိုဒိုရိုကီနှင့် အနီးကပ်လုပ်ဆောင်ရမည့် NUG ပြောခွင့်ရသူ ဦးကျော်ဇောကို မေးသောအခါ “အခုလောလောဆယ် မှတ်ချက်ပေးစရာ မရှိပါဘူး” ဟု ဧရာဝတီသို့ပြောသည်။

တိုဒိုရိုကီကို ခန့်အပ်စာတွင် ယာယီသမ္မတ ဒူးဝါး လရှီလက ထရမ့်အောက်မှ အမေရိကသည် မြန်မာကို စစ်အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်ရေး ကူညီရန် အကြီးမားဆုံး အခွင့်အလမ်းများအနက် တခုဖြစ်ကြောင်း ဖေါ်ပြပြီး ထိုကိစ္စအတွက် တိုဒိုရိုကီ၏ စိတ်အားထက်သန်မှုနှင့် သူ၏ ကျွမ်းကျင်မှုများသည် မြန်မာပြည်သူများအတွက် အလွန်အဖိုးတန်ပြီး အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးကို ကိုယ်စားပြုရန် စွမ်းရည်ကိုလည်း ဖေါ်ပြနေသည်ဟု ရေးသားထားသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာမှ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံပြီး NUG နှင့် တရားဝင်ထိတွေ့ဆက်ဆံမှု ရှိသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသည် မြန်မာသို့ လက်နက်မဟုတ်သော အကူအညီပေးရန် ဘားမားအက်ကို အတည်ပြုသော်လည်း ထိုဥပဒေအရ ပေးရန်ရှိသည့် မည်သည့် အကူအညီမျှ မပေးဘဲ ထားထားသည်။

NUG က အမေရိကန် အထူးသံတမန် ခန့်အပ်ခြင်းသည် တရုတ်ကို ဒေါသထွက်စေနိုင်ကြောင်း သုတေသီများထောက်ပြသည်။ NUG သည် မြန်မာ၏ တရားဝင်အစိုးရအဖြစ် တရုတ်က အသိအမှတ်ပြုခံရန် ကြိုးစားနေသည်။

ဘေ့ဂျင်းသည် စစ်ကောင်စီကို ဆက်လက် ထိတွေ့ဆက်ဆံထောက်ခံနေပြီး NUG နှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများသည် အနောက်တိုင်းနှင့် နီးစပ်လွန်းသည်ဟု မြင်နေသည်။ ဘေ့ဂျင်းသည် ၎င်း၏ သြဇာ အောက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို NUG နှင့် မပူးပေါင်းရန်လည်း ဖိအားပေးနေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s NUG Names Controversial US Businessman as Envoy to Washington  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

“ကမ္ဘာ့လူသားချင်းစာနာမှု အကူအညီ အများစု အမေရိကန် မထောက်ပံ့နိုင်တော့” ဟု ရူဘီယို ပြော

RelatedPosts

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

9 January 2026
2
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
57
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
159

မြန်မာ့ငလျင်ကယ်ဆယ်ရေး အမေရိကန် လက်တွန့်ချိန် တရုတ် ဝင်လာ

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

လှုပ်လှုပ်ရှားရှား ကမ္ဘာ့အခင်းအကျင်းသစ်နှင့် မြန်မာ့နိုင်ငံရေး

မြန်မာ့ငြိမ်းချမ်းရေး အာဆီယံဦးဆောင် ကုလသမဂ္ဂတပ်ဖြင့် ထိန်းရမည်

မြန်မာပြည်တွင် တရုတ် လှေနံ ၂ ဖက်နင်းနေသည်

Your Thoughts …
Tags: NUGတိုဒိုရိုကီပြောခွင့်ရသူ ဦးကျော်ဇောဝါရှင်တန်ဆိုင်ရာ အထူးသံတမန်သမ္မတ ဒူဝါလရှီးလအမေရိကန်စီးပွားရေးသမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
စူပါပါဝါ နိုင်ငံကြီးက အားနည်းသူအပေါ် အခြေအမြစ်မရှိ စွပ်စွဲတာ ရှက်စရာ

စူပါပါဝါ နိုင်ငံကြီးက အားနည်းသူအပေါ် အခြေအမြစ်မရှိ စွပ်စွဲတာ ရှက်စရာ

စောချစ်သူနဲ့ သားနှစ်ယောက်ကို အမေရိကန် ဒဏ်ခတ်အရေးယူ (ရုပ်/သံ)

စောချစ်သူနဲ့ သားနှစ်ယောက်ကို အမေရိကန် ဒဏ်ခတ်အရေးယူ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved