အာဏာသိမ်း စစ်တပ်ဘက်က မြို့တွေပြန်ပေးဖို့ တောင်းဆိုလာရင် ဆွေးနွေးပွဲဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က ဆွေးနွေးပွဲ မတိုင်ခင်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
TNLA နဲ့ အာဏာသိမ်း စစ်တပ်ဟာ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ ဩဂုတ်လထဲမှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိပြီး TNLA က သူတို့ရဲ့ သဘောထားကို သတင်းမီဒီယာတွေက တဆင့် တရားဝင် ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ TNLA အပါအဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့အပေါ်မှာ တရုတ်အစိုးရရဲ့ အကူအညီကိုရယူပြီး ဗျူဟာကျကျ ဖိအားပေးနေတယ်လို့လည်း TNLA ပြောခွင့်ရသူ လွေးယေဦးကပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













