• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဆိုက်ဘာဥပဒေကြောင့် မန္တလေးတွင် ဖုန်းစစ်ဆေးမှု ပြန်လုပ်

by ဧရာဝတီ
5 August 2025
in သတင်းတို
A A
ဆိုက်ဘာဥပဒေကြောင့် မန္တလေးတွင် ဖုန်းစစ်ဆေးမှု ပြန်လုပ်

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးတွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များ/ဧရာဝတီ

7.4k
VIEWS
Share on FacebookShare on Twitter

ဆိုက်ဘာလုံခြုံရေးဥပဒေ အာဏာတည်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဇူလိုင်လ ၃၀ ရက်တွင် လက်မှတ်ထိုး ထုတ်ပြန်ပြီးနောက် မန္တလေးမြို့၌ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ၊ ယာဉ်စစ်ပူးပေါင်းအဖွဲ့များသည် လမ်းသွား လမ်းလာလူငယ်၊ လူရွယ်များ၏ ဖုန်းများကို စစ်ဆေးခြင်းများ ပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကား၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးခြင်း ရှိ မရှိအပြင် ဖုန်းအတွင်း၌ Facebook၊ Gmail အကောင့်များ သုံးစွဲမှု ရှိ မရှိ၊ VPN ဆော့ဖ််ဝဲလ် အသုံးပြုခြင်း ရှိ မရှိကို အဓိကထား၍ စစ်ဆေးကြောင်း သိရသည်။

“အဲဒီနေ့က အရင်လိုပဲ လိုင်စင်စစ်မယ်ထင်ပြီး ဆိုင်ကယ် ရပ်ပေးလိုက်တာ၊ အားလုံး ပြည့်စုံတော့ ဖုန်းစစ်မယ် ပြဆိုတော့ ပေးလိုက်တာမှာ VPN တို့ Facebook တို့ မတွေ့တော့ မင်း မသုံးဘူးဆိုတာတော့ မဖြစ်နိုင်ဘူး၊ ဖျက်လာတာလားဆိုပြီး ရစ် တော့တာပဲ၊ ပြီးတော့ ဓာတ်ပုံအယ်လ်ဘမ်ထဲက ပုံတွေ ဗွီဒီယိုတွေကအစ အကုန်စစ်တာ၊ အဲဒီလိုစစ်တာက ပြည်သူ့စစ်ယူနီ ဖောင်းဝတ်ထားတဲ့ ကျနော်နဲ့ မတိမ်းမယိမ်းအရွယ်တွေဗျ”ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ အသက် ၂၅ နှစ်ဝန်းကျင် လူငယ်တဦးက ပြောသည်။

ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ခွင့်ပြုချက် မရှိဘဲ VPN တည်ထောင်ခြင်းနှင့် အွန်လိုင်းလောင်းကစား ပြုလုပ်လျှင် ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်သည့်အချက်များ ပါဝင်သည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
104
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
4.6k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
876

ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပြည်တွင်း၌ ဖြစ်စေ၊ တည်ဆဲဥပဒေ တရပ်ရပ်အရ မှတ်ပုံတင်ထားသည့် ရေယာဉ် (သို့မဟုတ်) လေယာဉ်တခုခုပေါ်တွင် ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊ အမျိုးသား ဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့် ချိတ်ဆက်နေသော အခြားဆိုက်ဘာနယ်ပယ်တခုခု၌ ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားက ကျူးလွန်လျှင်လည်း စီရင်ပိုင်ခွင့် ရှိစေရမည်ဟု ပြဋ္ဌာန်းထားသည်။

ပြစ်မှု၊ပြစ်ဒဏ်များအနေဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်၊လိုင်စင် ရယူခြင်းမရှိဘဲ VPN ထူထောင်ခြင်း (သို့မဟုတ်) VPN ဝန်ဆောင်မှုများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ပါက အနည်ဆုံး တလ မှ အများဆုံး ၆ လထိ ထောင်ဒဏ်၊ ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၁၀၀ ထက် မပိုသော ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည့်အပြင် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်၊ ကုမ္ပဏီ(သို့မဟုတ်)အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်းတရာအောက် မနည်းသည့် ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ပါရှိသည်။

ဇူလိုင်လ ၃၀ ရက်က ထုတ်ပြန်သည့် ဥပဒေအမိန့်/MOI

ထို့ပြင် နိုင်ငံအတွင်း အသုံးပြုသူ တသိန်းနှင့်အထက်ရှိသော ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ သည် မှတ်ပုံတင်ခြင်းမရှိဘဲ ဆောင်ရွက်လျှင် အနည်းဆုံး ကျပ်သိန်းတထောင်အောက် မလျော့သည့် ငွေဒဏ်အပြင် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်နှင့် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစား စနစ် တည်ဆောက်ပါက အနည်ဆုံး ၆ လ မှ အများဆုံး တနှစ်ထိ ထောင်ဒဏ်၊ ကျပ် ၅၀ သိန်းမှ ကျပ်သိန်း ၂၀၀ ထက် မပိုသော ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည့်အပြင် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ပြဋ္ဌာန်းထားသည်။

ဧည့်စာရင်းစစ်ဆေးရာတွင်လည်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ် PSMS(Person Scrutinization and Monitoring System) ဖြင့် တိုက်၍ စစ်ဆေးခြင်းများ ပြုလုပ်လာရာ ဩဂုတ် ၂ ရက် ညပိုင်းက အမျိုးသမီးတဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

PSMS သည် တရုတ်နည်းပညာကုမ္ပဏီတခု၏ အကူအညီဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကာ စစ်ဆေးရေး ဂိတ်များ၊ ဟိုတယ်၊ တည်းခိုခန်း၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်ဝယ်ယူမှု စသော မှတ်ပုံတင် အသုံးပြုရသောနေရာများတွင် မှတ်ပုံတင်နံပါတ် ရိုက်ထည့်လိုက်ပါက ပြစ်မှုကျူးလွန်ထားခြင်း ရှိ မရှိ သိရှိနိုင်သည့် ဒစ်ဂျစ်တယ် စောင့်ကြည့်ရေး နည်းပညာတခုဖြစ်ကြောင်း သိရသည်။

“အဲဒီ အမျိုးသမီးက အသက် ၂၀ ကျော်အရွယ်ပါ၊ အရင်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်လို့တော့ သိရတယ်၊ ချမ်းမြသာစည် မြို့နယ်ထဲက ဟိုတယ်တခုမှာ တည်းနေတဲ့အချိန် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဧည့်စာရင်းနဲ့ PSMSနဲ့ တိုက်စစ်ပြီး ဖမ်းသွားတာ၊ ဟိုတယ်က ပို့တဲ့ ဧည့်စာရင်းအရ ညပိုင်းဝင်ဆွဲသွားတာ၊ အခုတော့ စစ်ကြောရေးရောက်နေတယ်လို့တော့ သိရတယ်၊ သူ့ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ခံထားရတာလို့တော့ သိရတယ်”ဟု ဒေသခံ တဦးက ပြောသည်။

လက်ရှိတွင် မြို့ဝင်စစ်ဆေးဂိတ်များ၌ မှတ်ပုံတင်နံပါတ်များအား PSMS ဖြင့် တိုက်၍ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသလို ဈေးချိုတော်၊ ရတနာပုံဈေး၊ ကျုံးပတ်လည်၊ မင်္ဂလာ မန္တလေး၊ Convention Center စသည့် အရေးကြီးနေရာများတွင် ပြည်သူ့စစ်အမည်ခံ ပျူစောထီးများနှင့်အတူ အရပ်ဝတ် စစ်သားများ ချထားသလို CCTV များကိုလည်း နေရာအများစု ထပ်တိုး တပ်ဆင်ထားကြောင်း သိရသည်။

You may also like these stories:

ဆိုက်ဘာလုံခြုံရေးဥပဒေက အွန်လိုင်းဝေဖန်သူများကို ပစ်မှတ်ထား

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

လိုင်စင်မဲ့ယာဉ် အဖမ်းအဆီးကြမ်း၊ မန္တလေး၌ ထောင်ချမှုများပင်ရှိ

Your Thoughts …
Tags: VPNဆိုက်ဘာဥပဒေဖုန်းစစ်မန္တလေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
တရားမဝင်ကုန်စည်နှင့်ဆက်စပ်၍ ရတခ ဒုတိုင်းမှူးနှင့် ကုန်သည်များ စစ်ဆေးခံရ

တရားမဝင်ကုန်စည်နှင့်ဆက်စပ်၍ ရတခ ဒုတိုင်းမှူးနှင့် ကုန်သည်များ စစ်ဆေးခံရ

ပေါက်ဖော်၊ ဘာဘူ၊ CIA နှင့် မြန်မာ့ မြေရှားသတ္တု

ပေါက်ဖော်၊ ဘာဘူ၊ CIA နှင့် မြန်မာ့ မြေရှားသတ္တု

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved