• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက အတင်းအကျပ် စုဆောင်းနေ

by Brian Wei
17 January 2024
in သတင်း
A A
ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက အတင်းအကျပ် စုဆောင်းနေ

၂၀၂၂ ခုနှစ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီစစ်သားများနှင့် ရဲများက ပြည်သူ့စစ်များကို သင်တန်းပေးနေစဉ် / CJ

1.8k
VIEWS
Share on FacebookShare on Twitter

စစ်သားအင်အား မလုံလောက်မှုနှင့် ရှုံးနိမ့်မှုများ ဆက်တိုက် ကြုံတွေ့ရသောကြောင့် အင်အားချိနဲ့လာသည့် စစ်ကောင်စီတပ်သည် ပဲခူးတိုင်းတွင် ပြည်သူ့စစ်အုပ်စုများဖွဲ့ရန် အရပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများက ပြောသည်။

လွန်ခဲ့သောလကလည်း စစ်ကောင်စီသည် တနိုင်ငံလုံးရှိထောင်များမှ ထောင်ကျနေသော စစ်သားများကို ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ရန် ပြန်လွှတ်ပေးခဲ့သည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
206
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
466
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
117

လူ ၃၀ မှ ၅၀ အထိ စစ်သင်တန်းတက်ရန် ပေးရမည်ဖြစ်ကြောင်း ပဲခူးတိုင်းရှိ ကျေးရွာအချို့မှ ဒေသခံများကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြောခဲ့သည်။

လူသစ်စုဆောင်းသည့် လုပ်ဆောင်မှုကို တောင်ငူ၊ ပဲခူးနှင့် ပြည် ကဲ့သို့သော မြို့ကြီးများတွင် လူသိရှင်ကြား ကြေညာခြင်းမရှိဘဲ တိုင်းအတွင်းမှ ကျေးရွာများတွင်သာ လုပ်ကိုင်နေကြောင်း ပဲခူးမှ သတင်းရင်းမြစ် အများအပြားက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါး ကြာသောအခါ တော်လှန်ရေး အင်အားစုများ၏ ညှိနှိုင်းထိုးစစ်သည် တနိုင်ငံလုံးမှ နယ်မြေများကို သိမ်းပိုက်နေသောကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏တပ်များသည် ထိခိုက်သေဆုံးမှု မြင့်မားခြင်း၊ တပ်ပြေးခြင်း၊ အလုံးအရင်းဖြင့် လက်နက်ချခြင်းများကို ကြုံတွေ့နေရသည်။

ယခုလအစောပိုင်းတွင် ဗိုလ်မှူးချုပ် ခြောက်ဦးနှင့် စစ်အရာရှိ ၂၀၀ ခန့်အပါအဝင် စစ်သား ၂,၄၀၀ ကျော်သည် တော်လှန်ရေး အင်အားစုများထံ လက်နက်ချခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းမှ တော်လှန်ရေးတပ်များထံ လက်နက်များ၊ စစ်ဌာနချုပ်များနှင့် ကိုးကန့်ဒေသတခုလုံးကို ပေးအပ်ခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ် တော်လှန်ရေး အင်အားစုများသည် စစ်ကောင်စီ အာဏာဗဟိုချက်နှစ်ခုဖြစ်သည့် မြောက်ဘက်မှ နေပြည်တော်နှင့် တောင်ဘက်မှ ရန်ကုန်အကြားရှိ ပဲခူးတိုင်းအတွင်းမှ ပိုင်နက်များကို သိမ်းပိုက်ရန် တိုက်ခိုက်နေသည်။

ပဲခူးတိုင်း၊ တောင်ငူပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အသက် ၁၆ နှစ်နှင့် ၅၀ နှစ်ကြား အမျိုးသားများအား လူသစ်စုဆောင်းမည့် အစီအစဉ်ကို စစ်ကောင်စီအရာရှိများက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။ ပြာတောင်၊ ဇီးဖြူပင်၊ သဖန်းပင်၊ ကျွန်းကြီးနှင့် ရှောင်ကန်ကျေးရွာများမှ ဒေသခံများကို မဲဖောက် စစ်သားစုဆောင်းမည်ဟု ထိုအရာရှိများက ဒေသခံများကို ပြောသည်။

တပ်သားသစ် အနည်းဆုံး တဦး မပေးနိုင်သော မိသားစုများသည် စစ်ကောင်စီ အရာရှိများကို တလလျှင် ၃၀,၀၀၀ ကျပ် ပေးရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ဌာနချုပ်တခုတွင် ပြည်သူ့စစ် စစ်သင်တန်းဆင်းပွဲ ကျင်းပစဉ် / CINCDS

စစ်သားသစ်အဖြစ် ရွေးခံရသည့် အရပ်သားများအနေဖြင့် တပ်သားစုဆောင်းမခံလိုပါက ကျပ် သိန်း ၂၀ (စစ်ကောင်စီ၏ တရားဝင်ငွေလဲနှုန်းအရ ဒေါ်လာ ၉၅၀ ခန့်) ပေးရကြောင်း တောင်ငူဒေသခံတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ထိုအစီအစဉ်ကို မည်သည့်အချိန်တွင် အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီ အရာရှိများက မပြောပေ။

စစ်သားစုဆောင်းခံရမည်ကို စိုးရိမ်သော ဒေသခံများသည် လွန်ခဲ့သောရက်များအတွင်း အိမ်ပြင် မထွက်ကြသောကြောင့် တောင်ငူမှ လမ်းများတွင် လူသူကင်းမဲ့နေသည်။

နံနက်စောစော ဈေးသည်များသည် ဒေသဈေးတွင် ဆိုင်မထွက်ကြတော့ဘဲ ဒေသခံအချို့သည် ထိုဒေသမှ ထွက်ပြေးကြ၊ လယ်ကွင်းများထဲတွင် သွားရောက်အိပ်ကြရသည်။

“ပြည်သူတွေက ကြောက်နေတယ်။ စစ်ကောင်စီရဲ့အစီအစဉ်ကို သူတို့လက်မခံနိုင်သလို ပြည်သူ့စစ်ထဲကိုလည်း မဝင်ချင်ဘူး။ သူတို့ အခု ကောင်းကောင်းမအိပ်နိုင်ကြဘူး” ဟု တောင်ငူဒေသခံတဦးက ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ ဖဒိုကျေးရွာအနီး ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက ဒေသခံများကို ၎င်းတို့အိမ်သို့ ခေါ်ယူပြီး ပြည်သူ့စစ်အတွက် တရွာလျှင် လူ ၅၀ စုဆောင်းမည်ဖြစ်ကြောင်း ကြေညာသည်။

ပြည်သူ့စစ်ကို ထောက်ပံ့ရန် တအိမ်လျှင် တလ ၅,၀၀၀ ကျပ် ပေးရမည်ဟုလည်း အုပ်ချုပ်ရေးမှူးများက ပြောကြောင်း ဖဒိုကျေးရွာမှ သတင်းရင်းမြစ်တခုက ပြောသည်။ ထိုငွေကို မပေးပါက ဖြစ်လာမည့် အကျိုးဆက်များကိုလည်း ၎င်းတို့သတိပေးကြောင်း သိရသည်။

“ကျမမှာ ၁၆ နှစ်အရွယ် မောင်လေးရှိလို့ သူ့အတွက် စိတ်ပူနေရတယ်။ ဘာလုပ်ရမှန်း မသိတော့ဘူး” ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။

စစ်သားသစ် စုဆောင်းသည့် သတင်းများ ပျံ့နှံ့လာသောအခါ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံသူများသည် ရဲအစောင့်အရှောက်ဖြင့် ပဲခူးတွင် သီချင်းများ ကျယ်လောင်စွာဖွင့်ကာ ကားများဖြင့် လှည့်လည်သည်ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

ပဲခူးမြို့တွင် စစ်သားစုဆောင်းမည့် ကြေညာချက် ထုတ်ပြန်ခြင်း မရှိသော်လည်း ဇန်နဝါရီလကုန်တွင် ပြည်သူ့စစ်အဖွဲ့တခု ဖွဲ့မည်ဆိုသည့် ကောလာဟလများ ထွက်နေကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီ၏ စစ်သားသစ်စုဆောင်းသည့် လုပ်ရပ်ကို လက်မခံရန်နှင့် အရပ်သားများအား အတင်းအကျပ် စစ်သားစုဆောင်းသူများကို ၎င်းတို့ထံ သတင်းပို့ရန် ပဲခူးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က တိုက်တွန်းထားသည်။

အောက်တိုဘာလ နှောင်းပိုင်းမှစတင်သည့် ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် စခန်းပေါင်း ၆၀၀ ကျော် ဆုံးရှုံးပြီးနောက် စစ်ကောင်စီက စစ်သားစုဆောင်းသည့် အစီအစဉ်ကို ကြေညာခြင်းဖြစ်သည်။ ထိုထိုးစစ်အတွင် ဗိုလ်မှူးချုပ်များ အပါအဝင် စစ်ကောင်စီစစ်သား ၄,၀၀၀ ကျော် လက်နက်ချကြောင်း မဟာမိတ်အဖွဲ့က လွန်ခဲ့သောအပတ်တွင် ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Forcibly Recruiting Bago Villagers as Resistance Threatens Yangon-Naypyitaw Link ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီ စိတ်ကူးယဉ်နေတဲ့ ပြည်သူ့စစ် မဟာဗျူဟာ ဘယ်လဲဘာလဲ

ရှမ်းပြည်တောင်ပိုင်းမှ Non-CDM များ စစ်တပ် အရန်အင်အားအဖြစ် ဖွဲ့ရန် ညွှန်ကြား

မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ကျွန်းလှမြို့ခံများ ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးUSDPစစ်ကောင်စီစစ်သားစုဆောင်းမှုစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်အဖွဲ့ညှိနှိုင်းထိုးစစ်တပ်ပြေးမှုတော်လှန်ရေး အင်အားစုပဲခူးတိုင်းပြည်သူ့စစ်လက်နက်ချမှု
Brian Wei

Brian Wei

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ နီးပါး သေဆုံးခဲ့ရ

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ နီးပါး သေဆုံးခဲ့ရ

ထိုင်ဝမ်ရွေးကောက်ပွဲအပြီး တရုတ်ကို မြန်မာစစ်ကောင်စီ ထပ်မံ ထောက်ခံ

ထိုင်ဝမ်ရွေးကောက်ပွဲအပြီး တရုတ်ကို မြန်မာစစ်ကောင်စီ ထပ်မံ ထောက်ခံ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate