• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ နီးပါး သေဆုံးခဲ့ရ

by ဧရာဝတီ
17 January 2024
in သတင်း
A A
လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ နီးပါး သေဆုံးခဲ့ရ

၂၀၂၃ နိုဝင်ဘာလဆန်းက လောက်ကိုင်မြို့အနီး ရှီယွင်ကြည်ရွာ စစ်တပ်စခန်းကို ကိုးကန့်တပ်က သိမ်းပိုက်ပြီး နောက် လေကြောင်းမှ ပြန်လည်တိုက်ခိုက်ရာ လောင်ကိုင်မြို့ ထွက်ပြေးလာသည့် လူအုပ်ကြားသို့ ဗုံးကျ ရောက်ပေါက်ကွဲခဲ့စဉ် CJ

1.8k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆင်နွှဲနေသော “၁၀၂၇ စစ်ဆင်ရေး” စသည့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှ ၂၀၂၄ ဇန်နဝါရီ ၁၄ ရက်ထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေး ၂၈ ဦး အပါအဝင် အရပ်သား ၁၉၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်နိုင်ခဲ့သည့် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ ပန်ဆိုင်း/ကြူကုတ်၊ ကွတ်ခိုင်၊ သိန္နီမြို့ အပါအဝင် မြို့ပေါင်း ၁၆ မြို့မှ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှု ကြောင့် ဒဏ်ရာရ သေ ဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များနှင့် ညီနောင်မဟာမိတ်၏ စာရင်းကောက်ယူ ထုတ်ပြန်ချက်များ အရ သိရသည်။

ထိုစစ်ဆင်ရေးအတွင်း ဒဏ်ရာရရှိသူများအနေဖြင့် ၄၀၅ ဦးရှိကြောင်း အရပ်ဘက်အဖွဲ့များထံမှ သိရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “မြေပြင်မှာ ဘယ်လိုမှ မယှဉ်နိုင်တော့တာမို့ တခုတည်းသော အားကိုးရာဖြစ်တဲ့ လက်နက်ကြီး၊ လေကြောင်းတွေကို သုံးပြီးတော့ ဆက် တိုက် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ သူတို့ရဲ့ ရန်သူလိုသဘောထားပြီး ပြည်သူလူထုတရပ်လုံးကို ဖိနှိပ်ချေမှုန်းနေ တယ်ဆိုတာ ပေါ်လွင်တယ်ဆိုတာ ပြောချင်ပါတယ်။ နောက်တခုက အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်ရေး အင်အားစု တွေကို လုံးဝမယှဉ်နိုင်ဘဲနဲ့ အရှုံးကြီး ရှုံးနေပြီ ဆိုတာ ပြသတဲ့အခြေအနေဖြစ်ပါတယ်” ဟု ပြောသည်။

မိုးမိတ်မြို့နယ်ရှိ အုန်းကြောရွာသစ်၊ ရွာဟောင်းများသို့ မိုးမိတ်အခြေစိုက် ခလရ ၂၇၆၊ ခလရ ၂၂၃ နှင့် ခမရ ၃၄၈ တပ်ရင်း များက ဇန်နဝါရီ ၁၁၊ ၁၂ ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကျရောက်ပေါက်ကွဲမှုကြောင့် မြပန့်ဆီဆိုင်မှ ၂ ဦး သေဆုံးခဲ့ ရသလို အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့သည်။

လားရှိုးခရိုင် မိုင်းယော်တိုက်နယ်တွင် ဇန်နဝါရီ ၇ ရက်က လေကြောင်းဖြင့်ဗုံးကြဲ၍ ထိခိုက်ပျက်စီးမှုများ/ TWO

မိုးမိတ်မြို့ခံတဦးက “မိုးမိတ်ဘက်မှာ တိုက်ပွဲတွေ စဖြစ်ကတည်းက မြို့ခံတွေနဲ့ တိုက်ပွဲအနီးက ရွာတွေအားလုံး ရှောင်နေ ကြတာ၊ အခုသေဆုံး ထိခိုက်တဲ့သူတွေက အိမ်စောင့်အဖြစ် ကျန်နေတာ။ ပန့်ဆီဆိုင်အိမ်ပေါ်ကို တည့်တည့်ကျပြီး လင် မယားနှစ်ယောက် ပွဲချင်းပြီး သေသွားတာ။ လက်နက်ကြီးတွေပစ်တာကတော့ ၅ ရက်နေ့ နောက်ပိုင်းကစပြီး နေ့တိုင်း ပစ်နေ တာ၊ အုန်းကြောကို ပစ်တဲ့နေ့က တော်တော်များတယ်၊ PDF တွေ ရှိတယ်အထင်နဲ့ ရမ်းသမ်းပစ်တာ” ဟု ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
307
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ယခုအခါ ရှမ်းပြည်မြောက်တိုင်းတွင် စစ်တပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ယာယီအပစ်အခတ် ရပ်စဲရေးလုပ်ထားကြ သော်လည်း မိုးမိတ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက် လုပ်နေဆဲဟု သိရသည်။

ထို့အတူ ကွတ်ခိုင်မြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာများအတွင်း လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၁၀ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) လက်အောက်ခံ နမ့်ဖက်ကာအခြေစိုက် ခလရ ၁၂၃ အနီးရှိ နေအိမ်များနှင့် နမ့်ဖတ်ကာဈေး၊ ပန်ဂျရောပ့်ရွာဘုန်းကြီးကျောင်း၊ ရန်အောင်မြင်၊ သာယာကုန်း၊ ရပ်ကွက် ၂ မှ နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုအခါ ဒေသခံများမှာ ဟိုမော၊ မော်စောင်း၊ မန်နိမ်စသည့် ကျေးရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများလည်း ဖြတ်တောက်ထားခံရကြောင်း သိရသည်။

ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် နမ့်ဆန်မြို့နယ်ရှိ မြို့သစ်ကျေးရွာကို ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြာင်းမှ ဗုံးကြဲခဲ့သဖြင့် တအာင်းအမျိုး သားပညာရေးကော်မတီ (TNEC) ဝန်ထမ်း ၂ ဦး၊ ကလေးငယ်များအပါအဝင် အရပ်သား ၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်တွင်လည်း ကွမ်ဟယ်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပါရမီလက်ဖက်စက်ရုံ ပျက်စီးခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သော အသက် ၄၈ နှစ်အရွယ်ရှိ ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကလည်း နမ့်ဆန်မြို့၌တာဝန်ယူနေစဉ်အတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရကာ နေအိမ် ၁၃၃ အိမ် ပျက်စီးခဲ့ကြောင်း ဝန်ခံထားသလို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရမှုအပေါ် စိတ်မကောင်းဖြစ်ခဲ့ ရပြီး တောင်းပန်ကြောင်း TNLA က ထုတ်ပြန်သော ရုပ်သံဖိုင်၌ ထည့်သွင်း ပြောဆိုထားသည်။

နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် ဇန်နဝါရီ ၇ ရက်က လေကြောင်းဖြင့်ဗုံးကြဲ၍ ထိခိုက်ပျက်စီးမှုများ/ TWO

နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာကို ဒီဇင်ဘာ ၂၉ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင်လည်း တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) မှ ၂၀ နှစ်အရွယ် ကျောင်းဆရာမ လွေးမေဖြိုးအိ ထိမှန်သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်း ပြာကျခဲ့သလို ဒေသခံ ၆၀၀ ကျော်မှာလည်း ပန်သပြေရွာဘက်ရှိ တရုတ်သို့ ပို့ဆောင်နေသည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအနီး၌ ယာယီတဲများဖြင့် နေထိုင်ကြရသည်။ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်က မန်လီကျေးရွာကို ဒုတိယအကြိမ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရာ စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ခဲ့ပျက်စီးပြီး ဒေသခံများမှာ ယနေ့အချိန်ထိ ရွာမပြန်ရဲသေးကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ကျေးရွာကို ဇန်နဝါရီ ၇ ရက်နှင့် ၁၁ ရက်နေ့များတွင် အုမ္မတီး၊ အုမ္မခါးဘက်မှ စစ်တပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးများကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတဦးအပါအဝင် မိသားစုဝင် ၃ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများအပြင် Mi35 ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ထက်မနည်း ပစ်ခတ်မှုများ ပြုလုပ်သဖြင့် လက်ရှိအချိန်ထိ သုံးဆယ်ကျေးရွာ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်သို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဇန်နဝါရီ ၇ ရက်တွင် ရဟတ်ယာဉ် ၂ စီးဖြင့် ပေါင် ၅ဝဝ ဗုံး ၃ ကြိမ် လာရောက်ကြဲချခဲ့ရာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတဦး၊ အသက် ၁၂ နှစ်ဝန်းကျင်အရွယ် မိန်းကလေး ၃ ဦး အပါအဝင် ၅ ဦးသေဆုံး၊ အမျိုးသား ၁ ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၃၀ ကျော်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ကြဲချခဲ့ သော ပေါင် ၅၀၀ ဗုံးများသည် မိုင်းယော်မြို့ ဆေးရုံအနောက်ဘက်၊ ပြည်သူ့စစ်စခန်း အနောက်ဘက်၊ မိုင်းယော်ဈေးရပ် ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။

သိန္နီမြို့နယ်ရှိကျေးရွာများသို့ ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ စစ်တပ်က လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီး တို့ကြောင့် ၁၈ နှစ်အောက်အရွယ် ၂ ဦးအပါ ၆ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာများ ရရှိခဲ့ကြသည်။

လားရှိုးခရိုင် သိန္နီမြို့နယ်ရှိ ဘုန်းကြီးကျောင်းတခု၌ စစ်ရှောင်နေကြသည့် ဒေသခံများ/TWO

ကိုးကန့် အထူးဒေသ ၁ နယ်မြေအတွင်းရှိ လောက်ကိုင်မြို့တွင်အခြေချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ အားလုံး လက်နက် ချအညံ့ခံသဖြင့် ဇန်နဝါရီလ ၅ ရက်၌ လောက်ကိုင်မြို့နယ်တခုလုံးအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် မတော် (MNDAA) က ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ မှ ဇန်နဝါရီလ ၇ ရက်အထိ အထူးဒေသ ၁ နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၇၃ ဦး သေဆုံးပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၁ ရက်မှ ၁၄ ရက်ထိ နှစ်ပတ်တာကာလအတွင်း လားရှို့၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်မြို့နယ်များရှိ ကျေးရွာများနှင့် မြို့များအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီး ၄၃၀ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၁၄၀ ကြိမ်တွင် ပေါင် ၅၀၀ ဗုံး ၉ လုံး၊ ဗုံးအလုံးပေါင်း ၃၅၀ ခန့်ထိ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ရှုံးမဲမဲနေတဲ့ စစ်ကောင်စီက သူတို့ အကျင့်ဝသီအတိုင်း ရပ်ရွာတွေနဲ့ ပြည်သူတွေ ကို အဓိက ပစ်မှတ်ထားပြီး လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေ တာမို့ ပြည်သူတွေအနေနဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်တို့ကနေ အန္တရာယ်ကင်းဖို့ သတိရှိရှိနဲ့ နေထိုင်ကြပါလို့ သတိ ပေးချင်ပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ကြား ယာယီအပစ်ရပ်စဲရန် သဘောတူညီ ချက် စတင် အသက်ဝင်သည့် ဇန်နဝါရီ ၁၂ ရက်မှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက်တပ်များ ထိုးစစ်ဆင် တိုက်ခိုက်မှု မရှိခဲ့သော်လည်း စစ်ကောင်စီက အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

You may also like these stories:

ညီနောင် ၃ ဖွဲ့ နှင့် စစ်ကောင်စီတို့ အပစ်ရပ်သော်လည်း တိုက်ပွဲများ မရပ်

လက်နက်ကြီးကြောင့် ကောလင်းမြို့၌ သေဆုံးသူ ၁၃ဦးအထိ ရှိလာ

တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးစစ်ကောင်စီရှမ်းမြောက်လက်နက်ကြီးလေကြောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်ဝမ်ရွေးကောက်ပွဲအပြီး တရုတ်ကို မြန်မာစစ်ကောင်စီ ထပ်မံ ထောက်ခံ

ထိုင်ဝမ်ရွေးကောက်ပွဲအပြီး တရုတ်ကို မြန်မာစစ်ကောင်စီ ထပ်မံ ထောက်ခံ

တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံကို တိုက်ခိုက်မည်မဟုတ်ဟု UWSA “ဝ”ထုတ်ပြန်

တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံကို တိုက်ခိုက်မည်မဟုတ်ဟု UWSA “ဝ”ထုတ်ပြန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved