• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အသံတိတ်သပိတ်မှ မြည်ဟိန်းသော သတင်းစကားများ

by အီဂေါဗလာဇီဗစ်
13 December 2021
in သူ့အတွေး သူ့အမြင်
A A
ဒီဇင်ဘာ ၁၀ ရက် မန္တလေးက အသံတိတ်သပိတ်

ဒီဇင်ဘာ ၁၀ ရက် မန္တလေးက အသံတိတ်သပိတ်

13.2k
VIEWS
Share on FacebookShare on Twitter

အင်မတန်အားကြီးပြီး တနိုင်ငံလုံးပါတဲ့ မြန်မာပြည်သူတွေရဲ့ လူထုလှုပ်ရှားမှုကြီးတခု ထပ်ဖြစ်လာမယ်လို့ မျှော်လင့်မထားခဲ့ကြပါဘူး။

စစ်တပ်ရဲ့ ဖိနှိပ် သတ်ဖြတ် ရက်စက်မှု သိပ်ကြီးလွန်းတာကြောင့်၊ တက်ကြွလှုပ်ရှားသူတော်တော်များများလည်း အဖမ်းခံထားရတာကြောင့် လူထုအစုအဖွဲ့လိုက် အကြမ်းမဖက် ဆန့်ကျင်နိုင်တဲ့စွမ်းရည် မရှိတော့ဘူးလို့ အများစုက တွေးခဲ့ကြတာပါ။ သိပ်မကြာခင်ကဆိုရင် သံတမန်တွေ၊ ကုလသမဂ္ဂက လူတွေ၊ ငြိမ်းချမ်းရေး ကူညီရေး ဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ လစာရနေကြတဲ့ ရန်ကုန်နေ နိုင်ငံတကာပုဂ္ဂိုလ်တွေဟာ စစ်အာဏာရှင်က အာဏာချုပ်ကိုင်လို့ ရနေပြီ၊ စစ်ကောင်စီနဲ့ တွဲ မလုပ်လို့ မရတော့ဘူးလို့ ပြောလာနေတာပါ။

အသံတိတ်သပိတ်က ဒီလူတွေရဲ့အဆို လုံးဝမှားယွင်းကြောင်း သက်သေပြလိုက်ပါတယ်။

အသံတိတ်သပိတ်ဟာ ပြည်သူ့အာဏာနဲ့ ပြည်သူ့ဆန္ဒကို အံ့မခန်း ထုတ်ပြလိုက်တာပါပဲ။ ဒီဇင်ဘာ ၁၀ ရက် (ကမ္ဘာ့လူ့အခွင့်အရေးနေ့) မှာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက ပြည်သူတွေသာမက များလှတဲ့ မြို့တွေရွာတွေအစွန်အဖျားနေရာတွေက ပြည်သူတွေအထိ ပါဝင်ကြပါတယ်။ လူမျိုးနွယ်စုံ၊ အသက်အရွယ်စုံ၊ အသက်မွေးဝမ်းကြောင်းစုံ၊ အလွှာစုံက ပြည်သူတွေဟာ စစ်အုပ်ချုပ်မှုကို ဘယ်တော့မှ လက်မခံ ငြင်းပယ်ကြတယ် ဆိုတာကို ပြသကြပါတယ်။

ဈေးတွေ၊ ဆိုင်တွေ၊ အလုပ်ရုံတွေ၊ လမ်းတွေ၊ မြေပြန့်ဒေသတွေ၊ တောင်ကုန်းတွေမှာ မနက် ၁၀ နာရီကနေ ညနေ ၄နာရီထိ လူသူကင်းမဲ့ တိတ်ဆိတ်သွားကြတယ်။

လူသူကင်းမဲ့ တိတ်ဆိတ်ခြင်းဟာ အလွန်ကျယ်လောင်စွာ မြည်ဟည်းပါတယ်။ တကမ္ဘာလုံးက မီဒီယာတွေ အသံတိတ်သပိတ်အကြောင်းကို ရေးကြတယ်။

ဒီအသံတိတ်သပိတ်အပြီးမှာတော့ သပိတ်ကနေ ဘာတွေပြောနိုင်ခဲ့သလဲ၊ သပိတ်ကပေးတဲ့ သတင်းစကားက ဘာတွေလည်းဆိုတာ ပြန်ဆင်ခြင်ကြည့်သင့်ပါတယ်။

ပထမဆုံး အနေနဲ့ကတော့ အသံတိတ်သပိတ်ဟာ မြန်မာပြည်သူအချင်းချင်း သတင်းစကားပါးပါတယ်။ ပြည်သူတွေအနေနဲ့ ငါတို့ဟာ လူများစုကြီးဆိုတဲ့ သေချာရေရာမှုကို ရစေပါတယ်။ ပြည်သူက ပြည်သူကိုပေးတဲ့ ဒီသတင်းစကားဟာ အလွန်အရေးကြီးပါတယ်။ ၁၁ လ လုံးလုံး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုအောက်မှာ နေရတဲ့ပြည်သူတွေဟာ အာဆီယံ၊ UN၊ တရုတ်၊ အမေရိကန်တွေကို ကူညီပေးဖို့ ကြိမ်ဖန်များစွာ တောင်းပန်ခဲ့ကြပါတယ်။ ဘယ်သူမှ မကူညီကြပါဘူး။ ဖြေးဖြေးချင်း နာနာကျင်ကျင် သဘောပေါက်လာတာက အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ ပြည်သူပဲရှိပါလား၊ အဓိကပါဝင်ရမှာက ပြည်သူတွေပါပဲလားဆိုတဲ့ အချက်ပါ။

ဒီဇင်ဘာ ၁၀ ရက် ရန်ကုန်က အသံတိတ်သပိတ်

ပြည်သူဟာ ကိုယ့်ခံနိုင်ရည်၊ ကိုယ့်ဇွဲသတ္တိနဲ့သာ ရုန်းကန်ရမှာကြောင့် ငါတို့ညီညွတ်နေကြတယ်၊ ငါတို့အားလုံး စစ်အာဏာရှင်ကို တော်လှန်နေကြတယ်လို့ သိမြင်စေတဲ့ အသံတိတ်သပိတ်ဟာ အလွန်အရေးကြီးလှပါတယ်။

အသံတိတ်သပိတ်ဟာ လွတ်မြောက်ရေးအတွက် ရှေ့တန်းမှာ တိုက်ပွဲဝင် ရုန်းကန်နေရသူတွေကိုရော၊ ထောင်ထဲကသူတွေရောကိုပါ သူတို့ဟာ ပြည်သူတွေရဲ့ သူရဲကောင်းတွေဖြစ်ကြောင်းပြောပြပေးပါတယ်။ ပြည်သူတွေဟာသူတို့ရဲ့ သတ္တိနဲ့ စွန့်လွတ်မှုကို ကြည်ညိုရိုသေကြတယ်။ ပြည်သူတွေဟာ သူတို့နဲ့ အတူရှိနေတယ်ဆိုတာကို အသံတိတ်သပိတ်က ပြောပြပေးပါတယ်။

အသံတိတ်သပိတ်ဟာ အသက်စွန့်သွားကြတဲ့ အာဇာနည်တွေကိုလည်း အလေးပြုပါတယ်။ အမြဲတမ်းအမှတ်ရ ဂုဏ်ပြုနေကြလိမ့်မယ်ဆိုတဲ့ အဓိဌာန်ကိုလည်း အသံတိတ်သပိတ်က ပေးပါတယ်။

အသံတိတ်သပိတ်ဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့ ( EAO)တွေ၊ လူမျိုးစုပါတီတွေနဲ့ လူမျိုးစု အသီးသီးကိုလည်း စကားပြောပါတယ်။ အသံတိတ်သပိတ်ဆင်နွဲရာဒေသပြ မြေပုံကိုကြည့်ရင် သပိတ်ဒေသအများစုဟာ မြေပြန့်ဒေသနဲ့ အထက်အလယ်ပိုင်းဒေသတွေက များလှတဲ့မြိုကြီး မြို့သေးတွေဆိုတာတွေ့ရပါမယ်။

ဒီဇင်ဘာ ၁၀ ရက် မန္တလေးက အသံတိတ်သပိတ်

အဲဒီဒေသတွေဟာ အစဉ်အလာ ဗမာအများစုဒေသတွေပါ။ အသံတိတ်သပိတ်ရဲ့ သတင်းစကားက လူမျိုးစုဖယ်ဒရယ် တိုက်ပွဲဝင်သူတွေရော၊ ဒီမိုကရေစီရေးသမားတွေပါ အတူလက်တွဲတိုက်ပွဲဝင်ပြီး ဆယ်စုနှစ်များစွာကြာနေတဲ့ စစ်အာဏာရှင်စနစ်ကို အောင်ပွဲရနိုင်တဲ့ သမိုင်းဝင်အခွင့်အရေး မျက်မှောက်ကာလမှာရှိနေပြီ ဆိုတဲ့ သတင်းစကားပါ။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.5k

ဒီသတင်းစကားကို ကြားသိနားလည်ဖို့ မျှော်လင့်နိုင်ပါတယ်။ အတူပူးတွဲအောင်ပွဲခံမှုကနေ အပြန်အလှန်နားလည်မှုနဲ့ အစစ်အမှန် ညီညွတ်ရေး၊ အရှည်တည်တဲ့ ငြိမ်းချမ်းရေးတွေဆီကို ရောက်နိုင်ပါတယ်။

အသံတိတ်သပိတ်ဟာ တပ်မတော်ကိုလည်း ကျယ်လောင် အားကောင်းစွာ စကားပြောပါတယ်။ မင်းအောင်လှိုင်ရဲ့လူသတ်လမ်းစဉ်ကနေ စွန့်ခွါဖို့ အရာရှိတွေ၊ စစ်သားတွေကို ဆင့်ခေါ်ပါတယ်။ ရက်စက် သတ်ဖြတ်မှုတွေ အများကြီးဖြစ်ခဲ့ပါပြီ။ ဒါပေမယ့် အင်္ဂုလိမာလရဲ့ လူသတ်လမ်းစဉ်မှာ အောင်ပွဲရစရာ အကြောင်းမရှိဆိုတာကို အသံတိတ်သပိတ်နဲ့အတူ ပြည်သူတွေက တပ်မတော်ကို သတိပေးနေပါတယ်။

မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တစုကို ကျောခိုင်းပြီး ပြည်သူဘက် ပူးပေါင်းဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ မအလဘက်မှာက အဆုံးမရှိတဲ့ ပြည်တွင်းစစ်နဲ့ ရက်စက်မှုတွေပဲရှိပါတယ်။ ပြည်သူ့ဘက်ကသာ ပိုပြီးအခြေခိုင်တာပါ။

ဒီဇင်ဘာ ၁၀ ရက် ရန်ကုန်က အသံတိတ်သပိတ်

အသံတိတ်သပိတ်ဟာ မြန်မာပြည်ရဲ့ အိမ်နီးချင်းတွေနဲ့ ဒေသတွင်း၊ နိုင်ငံတကာ အရှေ့တောင်အာရှဆိုင်ရာ အင်အားစုတွေကိုလည်း စကားပြောပါတယ်။ အသံတိတ်သပိတ်ကနေ အဲဒီလူတွေကိုလှမ်းပြောလိုက်တာက သိမ်မွေ့ပါတယ်။ စိတ်လှုပ်ရှား စိတ်ပျက်ပြားမှုကနေ လာတဲ့ ဒေါသနဲ့ အော်ဟစ်သံမျိုး မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ် ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာပြောတဲ့စကားပါ။

သပိတ်ကနေ ပြောတာက “ ဒါဟာ ငါတို့လမ်း ငါတို့မြို့ ငါတို့တိုင်းပြည်။ ငါတို့အနာဂတ်ကို ငါတို့ဆုံးဖြတ်မယ်။ ငါတို့တွေ လူမိုက်ရဲ့ အနိုင်ကျင့် ရက်စက် နှိပ်စက်တာတွေ မတရားသဖြင့် ခံနေရပေမယ့် မင်းတို့တွေ ဆင်ခြေအမျိုးမျိုးနဲ့ မကူညီကြဘူး။ သူများပြည်တွင်းရေး ဝင်မစွက်ဘူးလို့ မင်းတို့ပြောကြသေးတယ်။ ရပါတယ် ဝင်မပါနဲ့။ ငါတို့တွေ ကိုယ့်အင်ကိုယ့်အား ကိုယ့်ယုံကြည်မှုနဲ့ သွားမယ်။ လူရမ်းကားကို ငါတို့ဘာသာ ရှင်းမယ်။ အဲဒီကောင် မနိုင်စေရဘူး။ ဒါပေမယ့် လက်နက်တွေထောက်ပံ့တာ၊ တိုင်းပြည်ရဲ့ လုပ်အားနဲ့ ကြွယ်ဝမှုကနေ ခိုးဝှက်ထားတဲ့ ဓနဥစ္စတွေကို လွှဲပေးတာ၊ ငါတို့ကို ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံတာတွေ မလုပ်ပါနဲ့။ သူတို့ဟာ ငါတို့ကိုယ်စားလှယ်တွေ မဟုတ်ဘူး” ဆိုတာပါ။

ရဲရင့်သော မြန်မာပြည်သူများအား ဂုဏ်ပြုချီးမြောက်ပါ၏။ သင်တို့သည်ကား လွတ်လပ်ခွင့်နှင့် ထိုက်တန်သူများဖြစ်ကြပါပေ၏။

အာဏာရှင်နဲ့ မတရားမှုကို ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်က အားသစ်နဲ့ ထပ်မံရှင်သန်စေခဲ့ပြန်ပါပြီ။

(အီဂေါဗလာဇီဗစ်သည် ချက်နိုင်ငံ ပရာ့ဂ်ဟာမြို့တွင် အခြေစိုက်သော နိုင်ငံရေးသုတေသီတဦးဖြစ်သည်။ ၎င်းဇာတိ ဘော့စနီးယား ဟာဇီဂိုဗီးနားတွင် စစ်ပွဲကာလ ကြမ်းကြုတ်ရက်စက်မှုများကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး မြန်မာအပါအဝင် ပဋိပက္ခဒေသ အများအပြားသို့ သွားရောက်၍ နိုင်ငံရေးသိပ္ပံနှင့် လူအခွင့်အရေးဆိုင်ရာ သင်တန်းများလည်း ပို့ချခဲ့ဖူးသည်။)

You may also like these stories:

တိတ်ဆိတ်ခြောက်ခြားသွားစေတဲ့ ပြည်သူ့ အသံတိတ်သပိတ်

အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကျပ်ကိုင်နှိပ်ကွပ်နေ

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်သည့် မှတ်တမ်းများ

ဘော့စနီးယားအတွေ့အကြုံမှ မြန်မာကို ကြည့်ခြင်း

Your Thoughts …
Tags: စစ်ကောင်စီဒီဇင်ဘာ ၁၀ ရက်မြည်ဟိန်းသော သတင်းစကားများအသံတိတ်သပိတ်
အီဂေါဗလာဇီဗစ်

အီဂေါဗလာဇီဗစ်

အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ရောဂါပိုး စမ်းသပ်စစ်ဆေးသော ကိရိယာများအား UNHCR နှင့် WFP ဝန်ထမ်းများ ကားပေါ်မှ သယ်ချနေစဉ်

ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ

၂၀၂၀ ခုနှစ် စက်တင်ဘာလက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အတူတွေ့ရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်  / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အမှု ဒေါက်တာ ဇော်မြင့်မောင် သက်သေမထွက်ဖို့ ထပ်မံတားမြစ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved