မြန်မာပြည်တွင်းတွင် လူမှုအကူအညီအမျိုးမျိုး၊ ဖွံ့ဖြိုးရေး အကူအညီအမျိုးမျိုး ပေးအပ်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများစွာ ရှိသည်။ အဓိကအားဖြင့် ကုလသမဂ္ဂ၏ အေဂျင်စီများ (UN Agencies) နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (INGO) ဟု အကြမ်းဖျင်း ခွဲပြောနိုင်သည်။
လက်ရှိအချိန်တွင် မြန်မာပြည်၌ ကုလသမဂ္ဂအေဂျင်စီပေါင်း ၁၇ နှစ်ခုနှင့် INGO ပေါင်း တစ်ရာကျော် နှစ်ရာနီးပါး ရှိနေသည်။
သာမာန်အများပြည်သူအတွက် “နိုင်ငံတကာ” ထောက်ပံ့မှု၊ လှုပ်ရှားမှုဟု ဆိုလျှင် အာဆီယံ၊ အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂရုံးချုပ်တို့တွင် ဖြစ်ပျက်ပြောဆိုကြသည်များကိုသာ အဓိက အာရုံစိုက်တတ်ကြသည်။ သို့သော်လည်း အဆိုပါ “နိုင်ငံတကာ” ဟု လွှမ်းခြုံခေါ်သော ဝေါဟာရတွင် ပြည်တွင်း အခြေစိုက် မျက်နှာစာများလည်း ရှိနေသည်။
အများပြည်သူများ အာရုံမစိုက်ဖြစ်သော်လည်း ထို ကုလသမဂ္ဂ နှင့် INGO အဖွဲ့အစည်းများ၏ သောင်းချီသော ဝန်ထမ်းများအကြားတွင်တော့ လှုပ်ရှားမှု တခု ပေါ်နေသည်မှာ ကြာလေပြီ။ ထိုလှုပ်ရှားမှုကတော့ ကုလသမဂ္ဂ နှင့် INGO အဖွဲ့အစည်းများသည် ကူညီထောက်ပံ့ရေး လုပ်ငန်းများ အကြောင်းပြလျက် စစ်ကောင်စီ၏ အသုံးချခံဘဝ မရောက်ရေး လှုပ်ရှားမှုပင် ဖြစ်သည်။
အများပြည်သူများ အာရုံမစိုက်ဖြစ်သော်လည်း ထို ကုလသမဂ္ဂ နှင့် INGO အဖွဲ့အစည်းများ၏ သောင်းချီသော ဝန်ထမ်းများအကြားတွင်တော့ လှုပ်ရှားမှု တခု ပေါ်နေသည်မှာ ကြာလေပြီ။ ထိုလှုပ်ရှားမှုကတော့ ကုလသမဂ္ဂ နှင့် INGO အဖွဲ့အစည်းများသည် ကူညီထောက်ပံ့ရေး လုပ်ငန်းများ အကြောင်းပြလျက် စစ်ကောင်စီ၏ အသုံးချခံဘဝ မရောက်ရေး လှုပ်ရှားမှုပင် ဖြစ်သည်။
ထိုတက်ကြွလှုပ်ရှား၊ တာဝန်သိသော ဝန်ထမ်းများသည် လူမှုကွန်ယက် စာမျက်နှာ တစ်ခု တည်ထောင်ကာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများထဲမှ “အကြမ်းဖက် စစ်တပ်” အား အားပေးရာ ရောက်သည့် လုပ်ရပ်များကို ဖော်ထုတ် ဖွင့်ချရန် ကြိုးပမ်းနေကြသည်။ အရပ်ဘက် အဖွဲ့အစည်း ၂၅၅ ဖွဲ့ကလည်း ကုလသမဂ္ဂ အေဂျင်စီများအနေဖြင့် ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာစောင့်ထိန်းပြီး မြန်မာစစ်အုပ်စုအား တရားဝင်မှုရစေရန် လုပ်ဆောင်နေခြင်းများကို ရပ်တန့်ရန် တောင်းဆိုထားသည်။
ဘာကြောင့် ကုလသမဂ္ဂနဲ့ INGO တွေ အရေးပါသလဲ။
၎င်းတို့ အကြောင်း မဆွေးနွေးခင် ထိုအဖွဲ့အစည်းများသည် မြန်မာ့ နွေဦးတော်လှန်ရေးအတွက် မည်မျှအရေးပါသလဲ။ မြန်မာ့ အနာဂတ်အပေါ် မည်မျှ သက်ရောက်မှုရှိနိုင်သလဲ အရင် ဆန်းစစ်သင့်သည်ဟု ယူဆသည်။ အဖြေက အရေးသိပ်မပါသလို တစုံတရာ အရေးပါသည်ဟုလည်း ဆိုနိုင်သည်။
ဘာကြောင့် အရေးမပါသလဲဆိုသည်ကတော့ မြန်မာ့ အပြောင်းအလဲသည် မြန်မာပြည်သူတို့၏ လက်ထဲတွင်သာ ရှိပြီး ပြင်ပ အဖွဲ့အစည်းများသည် အကူအထောက်အပံ့သာ ဖြစ်သောကြောင့်ပင်။
ကုလသမဂ္ဂ ယန္တရားကြီးသည် ထိထိရောက်ရောက် သုံးစားမရတော့သည်မှာ ကြာပြီ။ ထို့အတူ နိုင်ငံတကာ အဖွဲ့အစည်းများသည်လည်း ဗျူရိုကရက်တစ် ယန္တယားများဖြင့် လေးလံနှေးဖင့်နေခဲ့သည်မှာ မငြင်းသာ။
၂၀၁၀ မှ ၂၀၁၈ ခုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် လေ့လာစုံစမ်းထားသည့် အစီရင်ခံစာ တစောင်တွင် “ကုလသမဂ္ဂသည် ဘာမျှ ထိထိရောက်မလုပ်နိုင်ခဲ့သည့် “systemic failures” ဟု ဖော်ပြထားသည်။
၂၀၁၀ မှ ၂၀၁၈ ခုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် လေ့လာစုံစမ်းထားသည့် အစီရင်ခံစာ တစောင်တွင် “ကုလသမဂ္ဂသည် ဘာမျှ ထိထိရောက်မလုပ်နိုင်ခဲ့သည့် “systemic failures” ဟု ဖော်ပြထားသည်။ အထူးသဖြင့် ရိုဟင်ဂျာ အရေးကိစ္စတွင် ကုလသမဂ္ဂအနေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့။
ယခုလည်း ဇာတ်လမ်းဟောင်း ထပ်ကျော့ခြင်း ဖြစ်နေသည်။ သို့သော် မြန်မာပြည်သူများကတော့ ဤတကြိမ်တွင် လက်ခံလိမ့်မည် မဟုတ်ပေ။
အခြားတဖက်တွင်လည်း မြန်မာနိုင်ငံအတွက် အရေးပေါ် လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများသည် ကုလသမဂ္ဂနှင့် INGO များတို့မှ တဆင့်သာ အဓိက စီးဆင်းသည်။ ထိုဒေါ်လာဘီလျံ ရာနှင့်ချီသော အကူအညီ ငွေကြေးများ စစ်ဘေးရှောင်များ၊ အခြားလိုအပ်သူများထံ ထောက်ပံ့ရာတွင် ၎င်းတို့သည် ဆက်လက် အရေးပါနေဦးမည် ဖြစ်သည်။ ထို့ကြောင့်လည်း ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများကို တိုက်ရိုက် ငွေကြေးထောက်ပံ့ပြီး အကူအညီများ ပေးအပ်နိုင်ရေး အသီးသီး ဆော်ဩနေကြခြင်း ဖြစ်သည်။
အကူအညီ ပေးရေးအပြင် တိတ်တဆိတ် အရေးပါနေသည့် ကိစ္စသည် ပြည်တွင်းရှိ ကုလသမဂ္ဂနှင့် INGO အဖွဲ့အစည်းများ၏ သဘောထား အမြင်များ၊ ဆောင်ရွက်မှုများသည် နိုင်ငံတကာ အပေါ် တစုံတရာ သက်ရောက်နိုင်သည်။ ၎င်းတို့သည် သံရုံးများ၊ အလှူရှင်များနှင့် ပုံမှန်ထိတွေ့ ဆက်ဆံပြီး လွှမ်းမိုးဖို့ ကြိုးစားကြသည်။
နိုင်ငံတကာမှ မြန်မာပြည်အရေး သိမြင်နားလည်မှုတွင် ၎င်းတို့၏ အခန်းကဏ္ဍကို လျော့တွက်၍ မရပေ။ ထို့ကြောင့် မြန်မာ့နွေဦး အတွက် ၎င်းတို့ အကူအညီများသည် တိုက်ရိုက် အထောက်အပံ့ မဖြစ်လျှင်တောင်မှ သွယ်ဝိုက် ထောက်ပံ့နိုင်ခြင်းများ ရှိသလို ကြီးမားသော အနှောက်အယှက်လည်း ဖြစ်နိုင်သည်။
နိုင်ငံတကာမှ မြန်မာပြည်အရေး သိမြင်နားလည်မှုတွင် ၎င်းတို့၏ အခန်းကဏ္ဍကို လျော့တွက်၍ မရပေ။ ထို့ကြောင့် မြန်မာ့နွေဦး အတွက် ၎င်းတို့ အကူအညီများသည် တိုက်ရိုက် အထောက်အပံ့ မဖြစ်လျှင်တောင်မှ သွယ်ဝိုက် ထောက်ပံ့နိုင်ခြင်းများ ရှိသလို ကြီးမားသော အနှောက်အယှက်လည်း ဖြစ်နိုင်သည်။ ထိုအချက်ကို စိုးရိမ်သောကြောင့် တက်ကြွလှုပ်ရှားသူများက စောင့်ကြည့် ထိန်းကျောင်းရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
လှုပ်ရှားခွင့် လိုင်စင် (License to operate) နှင့် လူသတ်လိုင်စင် (license to kill)
ကုလသမဂ္ဂ နှင့် INGO များသည် ပြည်တွင်းတွင် တရားဝင် ရပ်တည် လုပ်ဆောင်ခွင့်ရရန် အတွက် MoU (နားလည်မှုစာချွန်လွှာ) နှင့် မှတ်ပုံတင်ရန် လိုအပ်သည်။ ထိုသို့ MoU နှင့် မှတ်ပုံတင် လိုအပ်သည့် အကြောင်းရင်း အဓိက သုံးချက်ရှိသည်။ လိုအပ်သူများထံ သွားရောက်ကူညီခွင့်ရရန်၊ လိုအပ်သော ဘဏ္ဍာငွေလွှဲပြောင်းမှုများ၊ ဘဏ်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်နှင့် ၎င်းတို့ ပြည်တွင်းတွင် ဆက်လက်ရပ်တည်နိုင်ရန် (တနည်း) နှင်ထုတ်မခံရနိုင်ရန် ဖြစ်သည်။ ထို့အတွက်ကြောင့် လုပ်ငန်းလိုင်စင် ရရှိရန် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု အကြောင်းပြသည်။
သို့သော် ထိုသို့ လုပ်ငန်းလိုင်စင် ရယူရန် ကြိုးပမ်းနေသည်က “လူသတ်လိုင်စင်” ကိုယ့်ဘာသာ အပ်နှင်းပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီထံမှ ဖြစ်နေသည်။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီကို အစိုးရ တရပ်လို သဘောထား၍ ဆက်ဆံနေခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်သည်။ ထိုအချက်သည် စစ်ကောင်စီကို အသိအမှတ်မပြုသည့် အထွေထွေညီလာခံ ဆုံးဖြတ်ချက်များ၊ လူ့အခွင့်အရေးမူများ၊ ကြားနေရေးမူများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။
ထိုလုပ်ငန်းလိုင်စင်သည် စစ်ကောင်စီ အသည်းအသန် လိုအပ်နေသည့် “လူရာဝင်မှု” ကို ထောက်ပံ့ပေးသလို ဖြစ်နေသည်။ စစ်ကောင်စီသည် ထိုသို့သော အခွင့်အရေးကို လက်လွှတ်မခံဘဲ ၎င်းတို့၏ ဝါဒဖြန့် ယန္တယားတွင် ကောင်းကောင်း အသုံးချသည်။ ပြည်သူတရပ်လုံးက မယုံကြည်လျှင်တောင်မှ အနည်းဆုံးအားဖြင့် ၎င်းတို့၏ အမာခံ အင်အားများကို စည်းရုံးရာတွင် အသုံးဝင်သည်။
ကုလသမဂ္ဂ အေဂျင်စီအမျိုးမျိုးသည် စစ်ကောင်စီခန့် ဝန်ကြီးများကို ၎င်းတို့ ပြုလုပ်သည့် အခမ်းအနားများတွင် ဖိတ်ကြားခြင်းများလည်း ရှိနေသည်။ စစ်ကောင်စီခန့် ဌာနဝန်ထမ်းများက ပြုလုပ်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲကိုယ်တိုင် တက်ရောက်၍ သဝဏ်လွှာပင် ဖတ်ကြားခဲ့သေးသည်။
ကုလသမဂ္ဂ အေဂျင်စီအမျိုးမျိုးသည် စစ်ကောင်စီခန့် ဝန်ကြီးများကို ၎င်းတို့ ပြုလုပ်သည့် အခမ်းအနားများတွင် ဖိတ်ကြားခြင်းများလည်း ရှိနေသည်။ ယခုလတ်တလော ဖြစ်ရပ်တွင်လည်း စစ်ကောင်စီခန့် ဌာနဝန်ထမ်းများက ပြုလုပ်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲကိုယ်တိုင် တက်ရောက်၍ သဝဏ်လွှာပင် ဖတ်ကြားခဲ့သေးသည်။
ထို့အပြင် ထိုလုပ်ငန်းလိုင်စင်ကို အကြောင်းပြကာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ထိန်းချုပ်ချယ်လှယ်ရန် စစ်ကောင်စီက ကြိုးပမ်းလာနေသည်။ အထူးသဖြင့် ကိုဗစ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပါဝင်မှု၊ ပြည်တွင်း လူမှုအဖွဲ့အစည်းများ၏ ပါဝင်မှုကို အကြောင်းအမျိုးမျိုးပြကာ ပိတ်ပင်သည်။ အသင်းအဖွဲ့ပိုင် ပစ္စည်းများ သိမ်းယူသည်။ ပြည်သူများ ကိုဗစ်ကာကွယ်ဆေး ထိုးရန် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပါဝင်ကူညီလိုမှုကို “ကာကွယ်ဆေးထိုးရန် လိုင်စင် လိုအပ်သည်” ဟု အကြောင်းပြကာ ဟန့်တားထားသည်။
စစ်ကောင်စီသည် ပြည်သူများ ကာကွယ်ဆေးရရှိစေရေးထက် ၎င်းတို့ထံ ဦးညွှတ်လာရေးကိုသာ အလေးထားကြောင်း ပေါ်လွင်နေသည်။ ပို၍ ဆိုးသည်က ထိုကိစ္စကို ဦးဆောင် ဦးရွက်ပြုသော WHO အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ပွင့်လင်းမြင်သာမှုနှင့် စွမ်းဆောင်ရည် ဖြစ်သည်။
ပြင်ပ အဖွဲ့အစည်းများထံ ဆက်သွယ်အကြောင်းကြားစာများတွင် ကုလသမဂ္ဂအဖွဲ့အစည်းများက ၎င်းတို့သည် “technical level” ဝန်ထမ်းအဆင့်များနှင့်သာ ထိတွေ့ဆက်ဆံသယောင် ရေးသား ပေးပို့လေ့ရှိသည်ဟု ထိုလုပ်ငန်းစဉ်တွင် ပါဝင်နေသူ တစ်ဦးက ပြောသည်။
အပြောနှင့်အလုပ်
ကုလသမဂ္ဂ အေဂျင်စီများ ရုံးချုပ်များကတော့ စိုးရိမ်ကြောင်း တဖွဖွ စကားဆိုကြ၊ ကြေငြာချက်ထုတ်ကြသည်။ လတ်တလောတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက “မြန်မာစစ်တပ်ကို တာဝန်ခံမှု ရှိလာစေရေး ခိုင်မာ ညီညွတ်သည့် လုပ်ဆောင်မှုများကို နှစ်ဆတိုး လုပ်ဆောင်ကြရန်” ကြေငြာချက်တစောင် ထုတ်လိုက်သေးသည်။
ကုလသမဂ္ဂ ရုံးချုပ်များမှ မည်မျှ လူကြားကောင်းသည့် ကြေငြာချက်များ ထုတ်နေပါစေ ပြည်တွင်းရှိ ကုလသမဂ္ဂ အေဂျင်စီများ၏ လုပ်ရပ်များက စကားပြောနေသည်။ ပြည်တွင်းရှိ ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲများက စစ်ကောင်စီထံ နောက်ဖေးတံခါးမှ တိတ်တဆိတ် ဝင်ရောက်ကာ၊ “ပိုနေမြဲ ကျားနေမြဲ” အခြေအနေကို ပြန်သွားလိုနေကြသည်။
သို့သော် လက်တွေ့တွင်မှု အမျိုးမျိုး အပြားပြားသော နိုင်ငံတကာ (နိုင်ငံများနှင့် အဖွဲ့အစည်းများ) ပါဝင်သူများ မဆိုထားဘိ ၎င်းတို့ ကုလသမဂ္ဂ အဖွဲ့အစည်းများအတွင်းပင် တကျောင်းတဂါထာ ဖြစ်နေသည်။ ကုလသမဂ္ဂ ရုံးချုပ်များမှ မည်မျှ လူကြားကောင်းသည့် ကြေငြာချက်များ ထုတ်နေပါစေ ပြည်တွင်းရှိ ကုလသမဂ္ဂ အေဂျင်စီများ၏ လုပ်ရပ်များက စကားပြောနေသည်။ ပြည်တွင်းရှိ ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲများက စစ်ကောင်စီထံ နောက်ဖေးတံခါးမှ တိတ်တဆိတ် ဝင်ရောက်ကာ၊ “ပိုနေမြဲ ကျားနေမြဲ” အခြေအနေကို ပြန်သွားလိုနေကြသည်။ “မလုပ်မရှုပ် မပြုတ် မူ”ဖြင့် မြန်မာပြည်သူများ၏ အရေးကို ခေါင်းထဲ သိပ်မထည့်သည်ကို မြင်နိုင်သည်။ ၎င်းတို့ လုပ်ငန်းနယ်ပယ်ကလေးထဲတွင်ပင် ရပ်တည်ကာ ကိုယ့်အမြင်နှင့် ကိုယ် ကျေနပ်နေကြသည်။
တာဝန်ခံမှု ကင်းမဲ့နေပြီလား
ကုလသမဂ္ဂနှင့် INGO များအနေဖြင့် ၎င်းတို့အား ထောက်ပံ့သည့် အလှူရှင်များ တာဝန်ခံမှု ရှိရမည် ဖြစ်သလို မြန်မာပြည်သူများ အပေါ်တွင်လည်း အပြည့်အဝ တာဝန်ခံရမည် ဖြစ်သည်။ ၎င်းတို့ စီမံကိန်းလုပ်သည့် ဒေသက လူများလောက်သာ ကြည့်၍မရ။ ၎င်းတို့ လုပ်ရပ်များသည် မြန်မာတနိုင်လုံးရှိ ပြည်သူများအပေါ် မည်သို့သက်ရောက်သလဲကို ကြည့်ရမည်။ ထိုသို တာဝန်ခံမှု မရှိမည်ကို တာဝန်သိ မြန်မာနိုင်ငံသား ဝန်ထမ်းများက စိုးရိမ်ကာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ပြည်တွင်းရှိ ကုလသမဂ္ဂနှင့် INGO များ၏ လုပ်ရပ်များသည်လည်း တာဝန်ခံမှု ရှိမရှိကို သံသယဖြစ်နေစေပေသည်။
(ဒက်စမွန်သည် မြန်မာနိုင်ငံသား နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်ဖြစ်သည်။)
You may also like these stories:
စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်
အာဏာသိမ်းစစ်ကောင်စီအောက်က လယ်သမားများ ဘဝပျက်လာ
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်သည့် မှတ်တမ်းများ
ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ