“တိတ်ဆိတ်ခြင်းက အကျယ်လောင်ဆုံး ဟစ်ကြွေးသံ” ဆိုတဲ့အတိုင်း ဒီကနေ့ ပြုလုပ်တဲ့ အသံတိတ်သပိတ် (Silent Strike) ကို နိုင်ငံတဝန်းက ပြည်သူတွေက တက်ကြစွာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းမှု ၁၀ လကျော် အကြာမှာ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ Silent Strike နဲ့ ပတ်သက်လို့ အောင်မြင်နိုင် ပါ့မလားဆိုတဲ့ သံသယမေးခွန်းတွေကို ဒီနေ့ ပြည်သူတွေရဲ့ လှုပ်ရှားမှုက ချေဖျက်ပြလိုက်သလို စစ်အာဏာရှင်ကို ဘယ်လောက်ထိ စက်ဆုပ်မုန်းတီးနေတယ်၊ ဆန့်ကျင်နေတယ် ဆိုတာကိုပါ ပြသနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်တုန်းက ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ Silent Strike ဟာ အောင်မြင်ခဲ့သလို ယခု တကြိမ်မှာ လည်း အောင်မြင်ခဲ့တာကို မနက်မိုးလင်းကတည်းကနေ လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာတဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းက မှတ်တမ်းဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်းဖြစ်တဲ့ ဒီကနေ့ (ဒီဇင်ဘာ ၁၀ ရက်) မှာ ပြုလုပ်တဲ့ မြန်မာပြည်သူလူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တိတ်ဆိတ်ခြင်းသပိတ်မှာ မနက်အစောကတည်းစလို့ လမ်းမတွေပေါ်မှာ ကားမရှိ၊ လူမရှိ၊ ဆိုင်တွေမဖွင့်ဘဲ သတ်မှတ်ထားတဲ့ ညနေ ၄ နာရီထိ လူထုက တိတ်ဆိတ်ငြိမ်သက်စွာ ပါဝင်ခဲ့ကြပါတယ်။
ဒီနေ့ Silent Strike မှာ ပါဝင်ပေးကြတဲ့ ပြည်သူ လူထုတရပ်လုံးကို ဂုဏ်ယူပါတယ်၊ လေးစားပါတယ်၊ ကျေးဇူးတင်ပါတယ်။ မိမိတို့ရဲ့ ပြင်းပြတဲ့ဆန္ဒကို ထုတ်ဖော်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ အရေးတော်ပုံ မကြာမီ အောင်တော့မည်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ဒီနေ့ Silent Strike မှာ ပါဝင်ပေးကြတဲ့ ပြည်သူ လူထုတရပ်လုံးကို ဂုဏ်ယူပါတယ်၊ လေးစားပါတယ်၊ ကျေးဇူးတင်ပါတယ်။ မိမိတို့ရဲ့ ပြင်းပြတဲ့ဆန္ဒကို ထုတ်ဖော်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ အရေးတော်ပုံ မကြာမီ အောင်တော့မည်” လို့ သပိတ်တိုက်ပွဲ အဆုံးသတ်မှာ ပြောဆိုဂုဏ်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေနဲ့ ဖင်လန်နိုင်ငံ သံရုံးတွေကလည်း စစ်ကောင်စီ လက်ချက်နဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်ထိ နိုင်ငံတဝှမ်းက သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၃၂၃ ဦးအတွက် နှင်းဆီပန်း ၁၃၂၃ ပွင့်နဲ့အတူ ဒီကနေ့မှာ ဂုဏ်ပြုပေးခဲ့ပါတယ်။
စစ်အာဏာသိမ်းမှု ၁၀ ကျော် ကြာမြင့်လာချိန်မှာ သွားလာလှုပ်ရှားမှုတွေနဲ့ ပုံမှန်လို ပြန်စည်ကားလာစ ပြုနေတဲ့ ရန်ကုန်၊ မန္တလေးတို့က မြို့ပြပုံရိပ်တွေကြောင့် Silent Strike မှာ လူထုပါဝင်မှုကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပေမယ့် လူထုရဲ့ ဒီမိုကရေစီ လိုချင်တဲ့စိတ်၊ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး စိတ်ဆန္ဒတွေဟာ သွေးမအေးသေးဘူး၊ လျော့ပါးသွားခြင်း မရှိသေး ဘူးဆိုတာကို ဒီနေ့သပိတ်က မီးမောင်းထိုးပြခဲ့ပါတယ်။
စစ်အာဏာသိမ်းမှု ၁၀ လကျော် ကြာမြင့်လာချိန်မှာ သွားလာလှုပ်ရှားမှုတွေနဲ့ ပုံမှန်လို ပြန်စည်ကားလာစ ပြုနေတဲ့ ရန်ကုန်၊ မန္တလေးတို့က မြို့ပြပုံရိပ်တွေကြောင့် Silent Strike မှာ လူထုပါဝင်မှုကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပေမယ့် လူထုရဲ့ ဒီမိုကရေစီ လိုချင်တဲ့စိတ်၊ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး စိတ်ဆန္ဒတွေဟာ သွေးမအေးသေးဘူး၊ လျော့ပါးသွားခြင်း မရှိသေး ဘူးဆိုတာကို ဒီနေ့သပိတ်က မီးမောင်းထိုးပြခဲ့ပါတယ်။
အသံတိတ်သပိတ် မပြုလုပ်ခင် ရက်ပိုင်းအလိုမှာတော့ အာဏာသိမ်း စစ်ကောင်စီဘက်က ပွဲပျက်စေလိုကြောင်း ရည်ရွယ် ချက်နဲ့ ဒီကနေ့မှာ ဈေးတွေ၊ ဆိုင်ခန်းတွေ မဖြစ်မနေဖွင့်ဖို့၊ မဖွင့်ရင် အရေးယူမယ်၊ ပစ္စည်းတွေ သိမ်းမယ်ဆိုပြီး ဖိအားပေး ခြိမ်းခြောက်တာတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပေမယ့် စစ်ကောင်စီ အုပ်ချုပ်ခွင့် မရစေရဆိုတဲ့ လူထုရဲ့ စိတ်ဆန္ဒအပေါ်မှာ အရာမထင်ခဲ့ပါဘူး။
ဒါ့ပြင် ဒီကနေ့မှာ အသံတိတ်သပိတ်ကြောင့် လူသူကင်းမဲ့နေတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေပေါ် လူတစုက ထွက်လာပြီး တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ပါသေးတယ်။
ဆူးလေဘုရားအနီးနဲ့ လှည်းတန်းလမ်းဆုံ ဝန်းကျင်မှာ ဆန္ဒပြခဲ့တဲ့ အဲဒီလူတစုဟာ အာဏာသိမ်း စစ်တပ်ကို ထောက်ခံပါ တယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အတူ လူသူသွားလာမှု ကင်းရှင်းနေတဲ့ လမ်းမကြီးတွေပေါ်မှာ ခြောက်ခြောက်ကပ်ကပ်နဲ့ လုပ်နေကြတာတွေ့ရပါတယ်။
လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူငယ်တွေကို မြို့လယ်ခေါင် လူမြင်ကွင်းမှာ ကားနဲ့တိုက်သတ်ဖို့ ကြိုးပမ်းခဲ့တဲ့ စစ်တပ် ဟာ သူတို့ကို ထောက်ခံတယ်ဆိုတဲ့ အဲဒီ လူတစုကိုတော့ ကားလမ်းတွေပိတ်ပြီး လုံခြုံရေးယူပေးခဲ့ပါတယ်။
ထို့အတူ စစ်တပ်ဟာ စည်ပင်ဝန်ထမ်းတွေနဲ့ ပေါင်းပြီး အင်းစိန်လမ်းမပေါ်က ပိတ်ထားတဲ့ ဆိုင်အချို့ရဲ့ ခုံတွေ၊ ပစ္စည်းတွေ ကိုလည်း လိုက်လံသိမ်းဆည်းတာတွေ လုပ်ခဲ့သလို ပိတ်ထားတဲ့ ဆိုင်ခန်းအချို့ကိုလည်း ဓာတ်ပုံရိုက်ပြီး မှတ်တမ်းယူတာ၊ အတင်းအဓမ္မ ဖိအားပေးပြီး ဆိုင်တွေဖွင့်စေတာ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြ နေတဲ့ လူငယ်တွေကို နောက်ကနေ စစ်ကားနဲ့ သေစေလောက်တဲ့အရှိန်နဲ့ ဝင်တိုက်ပြီး ပစ်ခတ်ဖမ်းဆီးတာတွေ၊ ဆားလင်း ကြီးမြို့နယ် ဒုန်းတောကျေးရွာက ဒေသခံပြည်သူ ၁၀ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်တာတွေ လုပ်ခဲ့ကြပါတယ်။
ဒီလို ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ရန်သူသဖွယ် ဆက်ဆံပြုမူပုံကို ပူပူနွေးနွေး မျက်မြင်ခံ စားခဲ့ကြရတဲ့ လူထုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ် နိုင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ရလဒ်ကို ငြင်းပယ်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်အပေါ် နာကျည်းခံပြင်းမှုတွေ တိုးသထက် တိုးလာခဲ့ပါတယ်။
ဒါကြောင့်လည်း စစ်အာဏာရှင်ရဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကြားကပဲ ဒီကနေ့ Silent Strike လှုပ်ရှားမှုကို တက်ညီလက် ညီနဲ့ အောင်ပွဲဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသံအကျယ်ဆုံးဖြစ်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု အသံကို အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ရရှိသွားပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆက်လက်ပြီး တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ လူထုရဲ့ မပြီးဆုံးသေးသော တိုက်ပွဲခေါ်သံကို တကမ္ဘာလုံးကလည်း အသိအမှတ်ပြုပြီးသား ဖြစ်သွားပါတယ်
NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက “အသံအကျယ်ဆုံးဖြစ်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု အသံကို အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ရရှိသွားပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆက်လက်ပြီး တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ လူထုရဲ့ မပြီးဆုံးသေးသော တိုက်ပွဲခေါ်သံကို တကမ္ဘာလုံးကလည်း အသိအမှတ်ပြုပြီးသား ဖြစ်သွားပါတယ်” လို့ ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။
ဒီကနေ့ နံနက်အစောကတည်းကစလို့ နိုင်ငံအနှံ့က လမ်းမတွေထက် လူသွားလူလာမရှိ၊ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပေ မယ့် သပိတ်တိုက်ပွဲ အဆုံးသတ်ချိန်ဖြစ်တဲ့ ညနေ ၄ နာရီမှာတော့ ပြည်သူတွေရဲ့ လက်ခုပ်တီးသံ၊ ကားဟွန်းတီးသံတွေ၊ ကြွေးကြော်သံတွေနဲ့အတူ တိတ်ဆိတ်ခြင်း သပိတ်တိုက်ပွဲကို အောင်မြင်စွာနဲ့ အဆုံးသတ်ခဲ့ကြပါတယ်။ ။