• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ

by စောရယ်
11 December 2023
in ဆောင်းပါး
A A
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ

၂၀၂၃ နိုဝင်ဘာ ၁၂ ရက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မိုးဗြဲဈေးမြင်ကွင်း/ ဘုန်းအောင်

5.5k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်နဲ့ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲမြို့ လေးဟာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေကို အောင်ပွဲနဲ့အတူ ကြိုနေတဲ့ မြို့တမြို့လို့ ဆိုနိုင်ပါတယ်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေဟာ “၁ လေးလုံးစစ်ဆင်ရေး”အဖြစ် ပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ကို နိုဝင်ဘာ ၁၁ ရက်မှာ ထိုးစစ်ဆင်တိုက်ခဲ့သလို ကရင်နီပြည်ရဲ့ဝင်ပေါက်လို့ ဆိုနိုင်တဲ့ မိုးဗြဲကိုလည်း အဲဒီနေ့မှာပဲ ဝင်တိုက်ခဲ့ တာဖြစ်ပါတယ်။

တောင်ကြီး-ဆီဆိုင်-လွိုင်ကော်လမ်းက မဟုတ်ဘဲ ရှမ်းပြည်နယ် ပင်လောင်း- ဖယ်ခုံဘက်ကနေ ကရင်နီကို လာမယ်ဆိုရင် မိုးဗြဲကို မဖြစ်မနေ ဖြတ်ရမှာ ဖြစ်တာကြောင့် မိုးဗြဲဟာ ကရင်နီရဲ့ အဝင်တံခါးလို့ တော်လှန်ရေးတပ်တွေက တင်စား ခေါ်ဝေါ်ကြပါတယ်။

မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တဝိုက်က “၁ လေးလုံး စစ်ဆင်ရေး”ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်း စစ်ဒေသရဲ့ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းများ ၊ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းများ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျူဟာ (၁) တပ်ရင်းများနဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (U.R.F) တို့က ပူးပေါင်း ဖော်ဆောင်ကြတာပါ။

ကျနော်တို့ သတင်းထောက်တွေ မိုးဗြဲမြို့ကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ သတင်းယူဖို့ ရောက်ရှိသွားတာဖြစ်ပါတယ်။ မိုးဗြဲမြို့က ရွာတရွာကို စရောက်တော့ အဲဒီရွာထဲက အဆောက်အအုံတခုမှာ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေ စခန်းချနေတာ တွေ့ရပါတယ်။

အဆောက်အအုံရှေ့မှာတော့ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းမိတဲ့ လက်နက်ခဲယမ်းတွေကို အစီအရီ ခင်းကျင်း ပြသထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက်တွင် စစ်ကောင်စီတပ်ထံမှ သိမ်းမိသည့် လက်နက်ခဲယမ်းများ/ဘုန်းအောင်

စစ်ကောင်စီတပ်ရဲ့ အနီရောင် ခလရ ၂၄၈ အလံတခု ၊ သေနတ်ကျည်ဆန်များ ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်ယူနီဖောင်းအချို့ ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက် ၊ MA-2 စက်ကလေး ၁ လက် ၊ နင်းမိုင်းတွေနဲ့ မော်တာကျည်တွေက ကရင်နီပူးပေါင်း တပ်တွေရဲ့ အောင်ပွဲသင်္ကေတ အမှတ်အသားဆိုတာ ထင်ရှားပါတယ်။

မိုးဗြဲ PDF တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ခံ ကိုမိုက်ကယ်ကတော့ လက်နက်ခဲယမ်းတွေဟာ မိုးဗြဲဈေးက ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းက “ကျနော်တို့လည်း ရတဲ့ ပစ္စည်းတွေ အကုန်သိမ်းပေါ့။ ဒီတိုင်းပဲ ရှေ့ဆက်တက်ဖို့ ရှိမယ်ပေါ့။ တချို့နေရာမှာ ထိတွေ့မှုရှိတယ်။ တချို့ကျတော့ မပစ်ရဲတော့ဘဲနဲ့ စွန့်ခွာသွားတဲ့စခန်းပေါ့။ ဝါရီဆူးဖလိုင်တို့ ၊ ဒုန်းဒူထန်တို့ကျတော့ စခန်းစွန့်ပြီးမှ ထွက်ပြေးသွားတယ်ပေါ့။ ညောင်ဝိုင်းဆိုလည်း ဒီမနက်မှာ စခန်းကို စွန့်ပြီးမှ ထွက်ပြေးသွားတယ်ပေါ့။ ထိတွေ့မှုက တချက် တချက်လောက်ပဲရှိတယ်။ သူတို့က ဆုတ်ပစ် ပစ်သွားတဲ့ သဘောမျိုးပေါ့။ ကျနော်တို့က မိုးဗြဲမြို့ရဲ့ ၇၅ ရာခိုင်နှုန်းလောက်တော့ ထိန်းချုပ်လိုက်ပြီ။ ကျန်တာကတော့ စက်တော်ရာတောင်နဲ့ ၄၂၂ တပ် ပဲ ကျန်မယ်” လို့ ပြောပါတယ်။

ကျနော်တို့ အဲဒီစခန်းကနေ အပြင်ကိုထွက်လာတော့ မိုးဗြဲမြို့ရဲ့ ကောင်းကင်ယံမှာ စစ်ကောင်စီရဲ့ အပြာရောင် တိုက် လေယာဉ်ပျံတစီး အတန်ကြာ ဝဲနေပါတယ်။ ကျနော်တို့တွေ လမ်းဘေးမြောင်းထဲ ဆင်းပုန်းခဲ့ရပြီး လေယာဉ် မရှိတော့ တဲ့နောက်မှာတော့ မိုးဗြဲမြို့ထဲ ခရီးဆက်ခဲ့ပါတယ်။

ကျနော်တို့ရဲ့ကားဟာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ မိုးဗြဲမြို့အနောက်တောင်ဘက်မှာရှိတဲ့ စက်တော်ရာတောင် အရှေ့ဘက် အတန်ငယ် ဝေးတဲ့နေရာကနေ ဖြတ်ရတာပါ။

မိုးဗြဲမြို့နှင့် စစ်ကောင်စီစခန်းများပြ မြေပုံ

အဲဒီလမ်းကို စက်တော်ရာတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က စက်သေနတ်နဲ့ လှမ်းပစ်နိုင်တာကြောင့်သတိထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးပါတယ်။

စိုးတထိတ်ထိတ်နဲ့ ဖြတ်လာခဲ့ရပေမယ့် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တာ မရှိပါဘူး။ မိုးဗြဲ Rescue Team တာဝန်ခံ ခွန်းမျိုးအောင်က ကျနော်တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတဲ့စခန်း တခုချင်းစီနဲ့ ပတ်သက်ပြီး လိုက်လံပြသ ရှင်းပြပါတယ်။

စစ်ကောင်စီတပ်စခန်းတွေရှိခဲ့တဲ့ ဒုန်းဒူထန်၊ ပွဲကုန်း (၁)၊ ပွဲကုန်း (၃)၊ ဝါရီဆူးဖလိုင် ၊ မိုးဗြဲဈေးနဲ့ ညောင်ဝိုင်း ရပ်ကွက် တွေကို ရောက်ပါတယ်။ အဲဒီရပ်ကွက်တွေထဲက စစ်ကောင်စီတပ်စခန်းတွေကို တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတာကြောင့် ကရင်နီပူးပေါင်းတပ်တွေ တိုက်ခိုက်စရာမလိုဘဲ အလွယ်လေးရလိုက်တာလို့ သိရပါတယ်။

ဝါရီဆူးဖလိုင်က လူနေအိမ်တွေထဲမှာ တည်ဆောက်ထားတဲ့ စစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းလိုက်တာဖြစ်ပါတယ်။

စခန်းထဲမှာ ကျန်ခဲ့တဲ့ ဓာတ်ဘူးထဲက ရေတွေဟာ နွေးနေသေးတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာသေးခင်ကမှ ဆုတ်သွားပုံရတယ်လို့ ဝါရီဆူးဖလိုင်စခန်းကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုးဗြဲမြို့ကို စွန့်ခွာနေသည့် ပြည်သူအချို့/ ဘုန်းအောင်

မိုးဗြဲဈေးကိုရောက်တော့ ဈေးထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အသုံးအဆောင်ပစ္စည်းအချို့ နဲ့ ယူနီဖောင်းအချို့ကို တွေ့ရပါတယ်။ ဈေးထဲက ဆိုင်အချို့ဟာလည်း တံခါးတွေ အဖျက်ခံထားရပြီး ဈေးဆိုင်ထဲက ပစ္စည်းတွေ မွှေနှောက်ခံ ထားရပါတယ်။

ပြည်သူတွေကတော့ မြို့ကို စွန့်ခွာနေကြပါပြီ။ မြို့ကနေ စွန့်ခွာသွားတဲ့ပြည်သူတွေကို မိုးဗြဲ Rescue Team တာဝန်ခံ ခွန်းမျိုးအောင်နဲ့ တော်လှန်ရေးရဲဘော်တွေက ဘေးကင်းမယ့်လမ်းကြောင်းတွေ လမ်းညွှန်ပေးနေပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ မြို့ကို မကြာခဏပစ်နေတာကြောင့် မြို့ဟာ မလုံခြုံတော့ပါဘူး။ စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ အရပ်သားတွေလည်း မိုးဗြဲမှာ ရှိနေပါတယ်။ ကျနော်တို့ ရောက်တဲ့အချိန် မိုးဗြဲမြို့နယ်ထဲမှာ လက်နက်ကြီးကျည်ထိလို့ သေနေတဲ့ အရပ်သား ၅ ဦးထက် မနည်း ရှိနေပါပြီ။

လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးတဲ့ အရပ်သားတွေရဲ့ နေအိမ် ၂ လုံးကို သွားကြည့်တဲ့အခါ အိမ်တလုံးဟာ ရစရာ မရှိအောင် ပျက်စီးနေပါတယ်။အမိုးတွေပေါက်ပြဲနေသလို အိမ်ဘေးနံရံတွေ ပွင့်နေပါတယ်။ အိမ်ထဲမှာ အပုပ်နံ့လှိုင်နေပြီး သွေးကွက်တွေ ဟိုတကွက် ဒီတကွက် အိမ်နံရံနဲ့ ကြမ်းပြင်မှာ တွေ့ရပါတယ်။ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီး ကျည်ရဲ့ နောက်အမြီးတခုကိုလည်း အိမ်ခန်းထဲက ကြမ်းပြင်ပေါ်မှာ တွေ့ပါတယ်။

စစ်ကောင်စီတပ်များ ဖောက်ထွင်းသွားသည့် မိုးဗြဲဈေးက ဆေးဆိုင်/ဘုန်းအောင်

မြို့ထဲက တချို့နေရာတွေမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းတွေရှိနေသလို စစ်ကောင်စီတပ်ဘက်က လက်နက် ကြီးပစ်ခတ်တာနဲ့ လေကြောင်းကတဆင့် တိုက်ခိုက်တာတွေ လုပ်ဆောင်လာနိုင်တာကြောင့် တော်လှန်ရေးပူးပေါင်း တပ်တွေက အရပ်သားတွေကို မြို့ကနေ ယာယီစွန့်ခွာဖို့ ပြောထားပါတယ်။

မိုးဗြဲမြို့မှာ ကယန်းတိုင်းရင်းသားနဲ့ အင်းသားတွေအနေများကြပြီး ကယန်းတိုင်းရင်းသားတွေက ကရင်နီပူးပေါင်းတပ် တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ စစ်ရှောင်ကြပါတယ်။ အင်းသားတွေကတော့ ရှမ်းပြည်နယ်ဘက်ကို ဦးတည်ပြီး စစ်ရှောင်ကြပါတယ်။

မြို့ထဲမှာတော့ ကရင်နီပူးပေါင်းတပ်အသီးသီးက တပ်ဖွဲ့ဝင်တွေသာ ကျန်ပြီး ရဲဘော်တွေဟာ သေနတ်တွေထမ်းကာ အေးအေးလူလူ လမ်းလျှောက်နေပါတယ်။ အောင်ပွဲကြောင့်လည်း စိတ်တက်ကြွ ပျော်မြူးနေပုံရပါတယ်။

ကျနော်တို့တွေ မိုးဗြဲမှာ မရှိတော့တဲ့နောက် နိုဝင်ဘာ ၁၅ ရက်မှာ ကရင်နီပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ တပ်စွဲထားတဲ့ စက်တော်ရာတောင်ကို တိုက်ခိုက်ချေမှုန်းကြပါတယ်။

ဈေးကုန်းရပ်ကွက်ထဲက စစ်ကောင်စီတပ်ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ပြည်သူ ၃ ဦးသေဆုံးသွား သည့် အိမ်အတွင်းမြင်ကွင်း/ ဘုန်းအောင်

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ နိုဝင်ဘာ ၁၆ ရက် ကြေညာချက်မှာတော့ မိုးဗြဲမြို့နယ်မှာ ၁ နှစ်နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၁၈ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စက်တော်ရာတောင်စခန်းကနေ M-2 Browning စက်သေနတ်ကြီး ၁ လက် ၊ ငါးကြင်းမြီးလို့ အလွယ်ခေါ်ကြတဲ့ MA-15 စက်သေနတ် ၁ လက် ၊ ၆၀ မမ ပြောင်းရှည် တာဝေးစိန်ပြောင်း ၁ လက် ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၂ လက် ၊ RPG ၂ လက်၊ MA စီးရီးရိုင်ဖယ် ၂၃ လက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိတယ်လို့ သိရပါတယ်။

မိုးဗြဲ “၁ လေးလုံးစစ်ဆင်ရေး”မဟာမိတ်အင်အားစုများရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်နေကောင်းကလည်း စက်တော်ရာတောင် တိုက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေဘက်က ၂ ရက်နီးပါး အပြင်းအထန် တိုက်ခိုက်ရတဲ့ တိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

၎င်းက “ရဲဘော်တွေလည်း စိတ်အားလည်း ပြင်းထန်ကြတယ်။ အထိအခိုက် အကျအဆုံးလည်းရှိတယ်။ ၂ ရက် လောက် ကို တော်တော်လေး ကြိုးစားပမ်းစားနဲ့ ကျနော်တို့ အားသွန်ခွန်စိုက်လုပ်ရင်းနဲ့ပေါ့။ စက်တော်ရာက စစ်ကောင်စီဘက်က ခံစစ်ပြင်ထားတဲ့ ဗျူဟာကုန်းပေါ့။ အဲဒါကို ၂ ရက်လောက် ကျနော်တို့ တိုက်ခိုက် ချေမှုန်းလိုက်ရပါတယ်။ အတွေ့အကြုံ လည်း အများကြီးရတယ်။ အထိအခိုက်များတဲ့ ရဲဘော်တွေကိုလည်း ကျနော်တို့တွေ ပြန်ပြီး အားပေးနှစ်သိမ့်ရတာ လည်းရှိတာပေါ့” လို့ ဆိုပါတယ်။

စက်တော်ရာတောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၉ ဦး သေဆုံး တယ်လို့ မိုးဗြဲ” ၁ လေးလုံးစစ်ဆင်ရေး”မဟာမိတ်အင်အားစုတွေဆီက သိရပါတယ်။

မိုးဗြဲမြို့တွင်း ကျန်ရှိနေသူများကို တော်လှန်ရေးအင်အားစုမှ တပ်ဖွဲ့ဝင်အချို့က ဘေးလွတ်ရာသို့ ပို့ပေးနေစဉ်/ ဘုန်းအောင်

ဗိုလ်နေကောင်းကတော့ မိုးဗြဲမှာ စက်တော်ရာတောင်ပါအဝင် ကောခူနဲ့ ဆောင်ကန်းရွာတွေကို တော်လှန်ရေးတပ်တွေ ဘက်က တိုက်ခိုက် သိမ်းပိုက်ခဲ့ရပြီး ကျန်စခန်းတွေကိုတော့ မတိုက်ခိုက်ရဘဲ စစ်ကောင်စီတပ် ဆုတ်ခွာသွားတာ ကြောင့် သိမ်းလိုက်နိုင်တာလို့ ပြောပါတယ်။

မိုးဗြဲမြို့ထဲမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ပေမယ့် မြို့ရဲမြောက်ဘက် ၄၂၂ အမြောက်တပ်မှာတော့ စစ်ကောင်စီ တပ်တွေရှိသေးတယ်လို့ ဗိုလ်နေကောင်းက ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ၄၂၂ တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝိုင်းရံပိတ်ဆို့ထားပါတယ်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
50
သဇင်ပန်း

သဇင်ပန်း

10 January 2026
37
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
210

၄၂၂ တပ်ကိုသာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ရင် မိုးဗြဲမြို့နယ်တခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေကပဲ စစ်ကောင်စီရဲ့ ၄၂၂ တပ်ကို သိမ်းနိုင်ပြီး မိုးဗြဲကို ထိန်းချုပ်နိုင်မလား။ စစ်ကောင်စီ တပ်ဘက်ကပဲ ဆုံးရှုံးသွားတဲ့စခန်းတွေပြန်ရဖို့ မိုးဗြဲကို ထိုးစစ်ဆင်လာမလားဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ့် အခြေအနေရှိပါတယ်။

မိုးဗြဲ “၁ လေးလုံးစစ်ဆင်ရေး” မဟာမိတ်အင်အားစုများရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်နေကောင်းကတော့ မိုးဗြဲမြို့ အခြေ အနေနဲ့ပတ်သက်ပြီး “ကျနော်တို့က ထိန်းချုပ်တဲ့အဆင့်ပါပဲ။ သိမ်းနိုင်တယ်ဆိုတာကတော့ ကျနော်တို့ သိမ်းနိုင်အောင် လုပ်နိုင်ပြီဆိုမှပဲ ရမယ်ပေါ့။ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး ထိန်းချုပ်တယ်။ ပြည်သူတွေကို လောလောဆယ်တော့ ပြန်လာခွင့် မပြုသေးဘူးပေါ့ ။ မိုင်းတွေကို ရှင်းလင်းရမယ့် အခြေအနေရှိတယ်။ ကျနော်တို့ သိမ်းနိုင်ပြီဆိုမှပဲ အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေလာမှာပေါ့” လို့ ဆိုပါတယ်။

You may also like these stories:

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

လွိုင်ကော်တွင် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချ

Your Thoughts …
Tags: ၁ လေးလုံး စစ်ဆင်ရေးကရင်နီကရင်နီတော်လှန်ရေးပူးပေါင်းတပ်စခန်းကုန်းမိုးဗြဲ
စောရယ်

စောရယ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

by ဧရာဝတီ
11 January 2024
13.8k

စစ်ဆင်ရေးတာဝန်ယူထားရသော တိုင်းမှူးနှင့်တပ်မမှူးများအား အနားပေးခြင်းသည် ၎င်းတို့တာဝန်ယူထားရသော ဒေသ၌ စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

by ဧရာဝတီ
22 November 2023
12.1k

ကရင်နီတပ်ပေါင်းစု၏ စစ်ဆင်ရေးအတွင်း လက်နက်ချအညံ့ခံသူများနှင့် အရှင်ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄၀ ကျော်ရှိနေပြီး ၎င်းတို့အား စစ်ဆင်ရေးအတွင်း ပါဝင်ပတ်သက်မှုနှင့်လုပ်ဆောင်ခဲ့သည့် အတိုင်းအတာများအား စစ်ဆေးကာ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

Next Post
စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved