တော်လှန်ရေးအင်အားစုများ၏ မကြာသေးမီက အောင်ပွဲများသည် မြန်မာစစ်ကောင်စီ ကျဆုံးတော့မည်ဆိုသည့် အသက်ရှူရပ်လောက်အောင် ထင်ယောင်ထင်မှား ဖြစ်စေသော ကြိုတင်ခန့်မှန်းချက်များကို ဖြစ်စေသည်။
မြန်မာ့ပြည်တွင်းစစ်တွင် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများ၏ အအောင်မြင်ဆုံး စစ်ဆင်ရေး စတင်ပြီး တလကျော်ကြာသောအခါ ထိုပဋိပက္ခတွင် အပြောင်းအလဲမှတ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပြောလာကြသည့် ဖြစ်ရပ်များမှ အဓိက ပကတိအရှိတရားများ ထွက်ပေါ်လာသည်။
အရေးအကြီးဆုံးများသည် သိမြင်ရန် ခက်ခဲသည့် ကိစ္စများဖြစ်ကြောင်း အငြင်းပွားရန် မလိုပေ။ သမားရိုးကျ စစ်အတွက် လေ့ကျင့်ထားသော စစ်တပ်ကို ရင်ဆိုင်ရန် စစ်ရေးအရ ပြင်ဆင်မှု အားနည်းနေဆဲ ဖြစ်သော ပြောက်ကျားတပ်များ၏ အောင်ပွဲနှင့်ပတ်သက်သည့် အယူအဆနှင့် အလျင်စလို အောင်ပွဲခံလိုခြင်းတို့၏ အန္တရာယ်များဖြစ်သည်။
အရေးအကြီးဆုံးများသည် သိမြင်ရန် ခက်ခဲသည့် ကိစ္စများဖြစ်ကြောင်း အငြင်းပွားရန် မလိုပေ။ သမားရိုးကျ စစ်အတွက် လေ့ကျင့်ထားသော စစ်တပ်ကို ရင်ဆိုင်ရန် စစ်ရေးအရ ပြင်ဆင်မှု အားနည်းနေဆဲ ဖြစ်သော ပြောက်ကျားတပ်များ၏ အောင်ပွဲနှင့်ပတ်သက်သည့် အယူအဆနှင့် အလျင်စလို အောင်ပွဲခံလိုခြင်းတို့၏ အန္တရာယ်များဖြစ်သည်။
ယနေ့တွင် ထိုအန္တရာယ်များသည် နိုင်ငံအရှေ့ပိုင်း ကယား (ကရင်နီ) ပြည်နယ်မြို့တော် လွိုင်ကော်မြို့ လမ်းများနှင့် အခြားမြို့ငယ်များတွင် ပေါ်ထွက်လာသည်။ ထိုနေရာများမှ အမြောက်ကြီးများနှင့် ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက်မှုများ မညှာမတာလုပ်သည့် စစ်တပ်နှင့် တိုက်ပွဲများတွင် လက်နက် အနည်းငယ်သာ တပ်ဆင်ထားသည့် တိုက်ခိုက်ရေးသမားများကြား တိုက်ပွဲဖြစ်သည်။ မြန်မာစစ်တပ်သည် ၎င်းတို့ မကြာမီ ကျဆုံးတော့မည်ဆိုသည့် သတင်းများကို ယုံကြည်ပုံ မရပေ။

ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြ စဉ်းစားသုံးသပ်နေသည့်အတိုင်း ကိုးကန့်၊ ပလောင်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်များ၏ သုံးပွင့်ဆိုင် ညီနောင်မဟာမိတ်၏ ရှမ်းပြည်နယ် မြောက်ပိုင်းမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်လိုက်သည့် အလုံးအရင်းထိုးစစ်ကို အဆင့်အမျိုးမျိုးမှ ကြည့်လျှင်ပင် မကြုံစဖူး ထူးခြားသည်။
စတင်သည့်နေ့ကို အစွဲပြုအမည်ပေးထားသည့် ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်နယ်စပ် တလျှောက်မှ မြို့အများအပြား၊ စစ်စခန်းနှင့် အခြေစိုက်စခန်း ၂၀၀ ခန့်အထိကို သိမ်းသလို လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိပြီး စစ်တပ်၏ တပ်ရင်း သုံးရင်းကို လက်နက်ချစေခဲ့သည်ဟု ဆိုသည်။
ဗမာပြည် ကွန်မြူပါတီ (CPB) တပ်များ တရုတ်နိုင်ငံအတွင်းမှ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် ၁၉၆၈ ခုနှစ် အမှောင်မိုက်ဆုံး နေ့ရက်များတွင်ပင် မြန်မာစစ်တပ်သည် ထိုမျှ လျင်မြန် ပြင်းထန်သည့် ရှုံးနိမ့်မှုများကို မခံစားဖူးပေ။
အလစ်အငိုက်တိုက်သည့် သက်ရောက်မှုကို ထိုစစ်ဆင်ရေး၏ ပထမပိုင်းနာရီများနှင့် နေ့ရက်များတွင် ထင်ထင်ရှားရှား ပြသနေပြီး စစ်တပ်က တုံ့ပြန်သောအခါ အရေးပါမှု လျော့ကျသွားကြောင်း ထင်ရှားသည်။
သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်းသည် တနိုင်ငံလုံးသဘော မဆောင်ဘဲ ထိုအောင်ပွဲများကို ဖြစ်စေသည့် အခြေအနေများကို နိုင်ငံ၏ ကျန်အစိတ်အပိုင်းများမှ မတူညီသော စစ်ဆင်ရေး အခြေအနေတွင် အလွယ်တကူ ပုံတူကူးနိုင်မည်ဟု စိတ်ကူးယဉ်ခြင်းသည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး၏ ထူးခြားသော အောင်မြင်မှုများကို အဓိက အချက် သုံးခုက ဖြစ်ပေါ်စေသည်။ သေနင်္ဂဗျူဟာ အဆင့်တွင် အလစ်အငိုက်တိုက်ခြင်း၊ ညှိနှိုင်းတိုက်ခိုက်ခြင်းနှင့် နည်းဗျူဟာအဆင့်တွင် အမြောက်မရှိခြင်းကို အစားထိုးသည့် လက်နက်တပ် ဒရုန်းများကို အဆင့်မြင့် ဖြန့်ကြက်ခြင်းတို့ ဖြစ်သည်။
လပေါင်းများစွာ ကြိုတင်ပြင်ဆင် အကောင်အထည်ဖော်သည့် ထိုအချက်များသည် ၁၀၂၇ စစ်ဆင်ရေး၏ ထူးခြားသော အခြေအနေများဖြစ်ပြီး တခုချင်းစီကို လေ့လာသင့်ပေသည်။ အလစ်အငိုက်တိုက်သည့် သက်ရောက်မှုကို ထိုစစ်ဆင်ရေး၏ ပထမပိုင်းနာရီများနှင့် နေ့ရက်များတွင် ထင်ထင်ရှားရှား ပြသနေပြီး စစ်တပ်က တုံ့ပြန်သောအခါ အရေးပါမှု လျော့ကျသွားကြောင်း ထင်ရှားသည်။
အလစ်အငိုက်တိုက်သည့် ရိုက်ခတ်မှု လျော့ကျခြင်းကို တိုက်ပွဲများ၏ အဓိက အချိန်ဇယားတွင် ရှင်းလင်းစွာ ထင်ဟပ်နေသည်။ နယ်စပ်မြို့ ချင်းရွှေဟော်တိုက်ပွဲကို ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် နာရီပိုင်းအတွင်း အောင်မြင်အောင် တိုက်နိုင်သည်။ ထိုအချိန်တွင် အလစ်တိုက်သည့် သက်ရောက်မှုသည် လွန်စွာအရေးပါသည်။

ကိုးကန့်နှင့် ပြည်နယ် ကျန်အစိတ်အပိုင်းများကို ချိတ်ဆက်ထားသည့် အဓိကကျသော သံလွင်မြစ်ကူးတံတား တည်ရှိရာ ကွမ်းလုံမြို့ တိုက်ပွဲကို အောင်မြင်ရန် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ကြာသည်။ ထိုမြို့နှင့် မုန်းကျက်အခြေစိုက်စခန်းကို သိမ်းပိုက်သည့် ပလောင်တိုင်းရင်းသား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ နောက်ဆုံး တိုက်ခိုက်မှုများသည် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပွားသည်။ သီတင်းပတ်ပေါင်းများစွာ အပြင်းအထန် လေကြောင်းမှ တိုက်ခိုက်မှုများသည် လုံးဝ အချည်းနှီးသာဖြစ်ကြောင်း ပြသနေသည်။
သေနင်္ဂဗျူဟာအဆင့်တွင် ထိုအလစ်အငိုက်တိုက်သည့် သက်ရောက်မှု မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ မြန်မာစစ်တပ်သည် ယခင်က နိုးကြားမှု မရှိလျှင်ပင် ယခုအခါ အပြည့်အဝ နိုးကြားနေပြီး ဒေါသပေါက်ကွဲကာ ၎င်း၏ အကန့်အသတ်ရှိသည့် သေနင်္ဂဗျူဟာ ရွေးချယ်စရာများကို အကဲဖြတ် ဆန်းစစ်နေသည်။
ညီနောင် မဟာမိတ်များအကြား စစ်မြေပြင် ညှိနှိုင်းတိုက်ခိုက်ခြင်းသည်
လတ်တလော စိတ်အားတက်ကြွမှုများတွင် မကြာခဏ မေ့နေသော ကိစ္စမှာ ညီနောင်မဟာမိတ်များသည် နှိုင်းယှဉ်ချက်အားဖြင့် ကျဉ်းမြောင်းသည့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မြေပြင်တွင် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်မှာ အနည်းဆုံး ၂၀၁၄ ခုနှစ်ကပင် ဖြစ်ပြီး ဆယ်စုနှစ်တခု ကြာပြီဖြစ်သည်ဆိုသော အချက်ဖြစ်သည်။
သို့သော် ထိုသို့သော ညှိနှိုင်းဆောင်ရွက်မှုကို လအနည်းငယ်အတွင်း မရနိုင်ပေ။ လတ်တလော စိတ်အားတက်ကြွမှုများတွင် မကြာခဏ မေ့နေသော ကိစ္စမှာ ညီနောင်မဟာမိတ်များသည် နှိုင်းယှဉ်ချက်အားဖြင့် ကျဉ်းမြောင်းသည့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မြေပြင်တွင် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်မှာ အနည်းဆုံး ၂၀၁၄ ခုနှစ်ကပင် ဖြစ်ပြီး ဆယ်စုနှစ်တခု ကြာပြီဖြစ်သည်ဆိုသော အချက်ဖြစ်သည်။
ထိုသုံးဖွဲ့၏ ပထမဆုံး အဓိက ပူးပေါင်းထိုးစစ်သည် ၂၀၁၅ ခုနှစ် အစောပိုင်းတွင်ဖြစ်ပြီး အင်အားအပြည့်အဝဖြင့် စတင်ခဲ့ခြင်းဖြစ်သော်လည်း ကိုးကန့်ဒေသကို စစ်တပ်ထံမှ သိမ်းယူရန် မအောင်မြင်သည့် ကြိုးစားမှုဖြစ်သည်။ နောက်ထပ် ပူးတွဲစစ်ဆင်ရေးများကိုလည်း ပြုလုပ်ပြီး အထင်ရှားဆုံးမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် ညီနောင်မဟာမိတ်များ အမည်ဖြင့် ပထမဆုံးအကြိမ် ထိုးစစ်ပြုလုပ်ပြီး ထိုထိုးစစ်သည် ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးအတွက် စမ်းသပ်သည့် စစ်ဆင်ရေးဖြစ်ကြောင်း အချက်အများအပြားက ပြသနေသည်။
အတိုင်းအတာနှင့် လူအင်အား ဖြန့်ကြက်မှုအရ များစွာ ပိုမိုသေးငယ်သည့် ၂၀၁၉ ခုနှစ်က ပူးပေါင်းစစ်ဆင်ရေးများသည် မြို့တမြို့လုံးကို သိမ်းပိုက်ရန် မရည်ရွယ်ဘဲ စခန်းငယ်များကို သိမ်းကာ တံတားများကို ဖောက်ခွဲပြီး တရုတ်နယ်စပ်သို့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းများကို ထိထိရောက်ရောက် ဖြတ်တောက်ကာ မန္တလေးမြို့ကို မိုးနေသည့် ပြင်ဦးလွင် တပ်မြို့ကို ဒုံးကျည်များဖြင့် တိုက်သည့် သြဇာကြီးမားပြီး အင်အားဖော်ပြသော တိုက်ခိုက်မှုတခုလည်း ပါဝင်သည်။
မတူညီသည့် စစ်ဘက်အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် နှစ်ပေါင်းများစွာ ဆက်ဆံခြင်းနှင့် ပူးတွဲစစ်ဆင်ရေး၏ အရေးပါမှုကို လျှော့တွက်ရန် ခက်ခဲသည်။ ထိုအချက်တွင် ညီနောင်မဟာမိတ်များသည် မြန်မာနိုင်ငံအခြေအနေတွင် မေးခွန်း ထုတ်စရာ မလိုလောက်အောင် ထူးခြားသည်။
မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းဖြစ်စေ၊ အသစ်ပေါ်ပေါက်လာပြီး ၎င်းတို့၏ တိုက်ရိုက် ထိန်းချုပ် ကွပ်ကဲမှုအောက်တွင် မရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များနှင့် ဖြစ်စေ ထိုအဆင့်အထိ ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲစစ်ဆင်ရေးအဆင့် မရှိကြပေ။ ထိုအချက်သည် လာမည်နှစ် မြန်မာနိုင်ငံအလယ်ပိုင်းမှ ထိုးစစ်များအတွက် သက်ရောက်မှုများ ရှိမည်မှာ ထင်ရှားသည်။
၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုကို ဖြစ်စေသည့် တတိယအချက်မှာ ဒရုန်းများကို နည်းဗျူဟာအရ တီထွင်ဆန်းသစ်စွာ ဖြန့်ကြက်ခြင်း ဖြစ်သည်။ ထိုအချက်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ဝန်ခံထားသည့် အချက်ဖြစ်ပြီး ထိုကိစ္စအတွက် ပြည်ပ ကျွမ်းကျင်သူများကို အပြစ်တင်ထားသည်။
မင်းအောင်လှိုင် အနေဖြင့် မြန်မာနိုင်ငံသားများကိုသာ ပိုမို အသိအမှတ်ပြုသင့်သည်။ သူ၏ တပ်များသည် မြေပြင်တွင် အခံရခက်စွာ သိထားသည့်အတိုင်း ဒရုန်းစစ်ရေးသည် မြန်မာ့လက်နက်ကိုင် ပဋိပက္ခတွင် အသစ်အဆန်း မဟုတ်ပေ။
၂၀၂၁ ခုနှစ်အစောပိုင်းတွင် စစ်ကိုင်းတိုင်းမှ ဒေသခံ PDFs များက အပျော်တမ်းအဆင့်ဖြင့် စတင်ခဲ့သည့် လူလိုက်ပါခြင်း မရှိသည့် တိုက်ခိုက်ရေး လေယာဉ် သို့မဟုတ် စစ်ဘက်ဝေါဟာရအရ UCAVs များသည် နောက်ပိုင်းတွင် သိသိသာသာ တိုးတက်လာသည်။
Federal Wings ကဲ့သို့သော အထူးဖွဲ့စည်းထားသည့် PDF ဒရုန်းတပ်ဖွဲ့များသည် ယခုအခါ စစ်ကောင်စီ ဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်တွင် လှုပ်ရှားနေပြီး အခြား UCAVs အပြင် အဆင့်မြင့်သည့် လက်နက်တပ်ဆင်ထားပြီး ပန်ကာ လေးခုတပ် မောင်းသူမဲ့ ရဟတ်ယာဉ်များကိုပင် ထိန်းချုပ်နိုင်သည်။
၁၀၂၇ စစ်ဆင်ရေးက နည်းဗျူဟာ တီထွင်ဆန်းသစ်မှု ထူးခြားသောအဆင့်သစ်တခု ရောက်သည်ဟု ယူဆရသော နယ်ပယ်မှာ PDFs များက ရရှိထားပြီးဖြစ်သော ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် ညီနောင်မဟာမိတ်များက စစ်မြေပြင်သို့ ဆောင်ယူလာသည့် ဖွဲ့စည်းမှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ရင်းမြစ်များ ပေါင်းစပ်မှုပင် ဖြစ်သည်။
ထိုအချက်သည် အပြန်အလှန်အားဖြင့် NUG နှင့် ညီနောင်မဟာမိတ်များအကြား နှိုင်းယှဉ်ကြည့်လျှင် သစ်လွင်သော ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်နေသည်။ ထိုအချက်ကို လေးစားဖွယ် မြန်မာသုတေသီ ကိုရဲမျိုးဟိန်းက ၂၀၂၃ ခုနှစ် အစောပိုင်းကပင် ထောက်ပြထားပြီး ဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုများပြားသည့် တာဝန်များယူနိုင်ပြီး ပိုများသည့် UCAV အရေအတွက် သုံးနိုင်သည့် စွမ်းရည်ကို မြှင့်တင်ပေးသည်။
နိုဝင်ဘာလတွင် ရှမ်းပြည်နယ်မှ ထွက်ပေါ်လာသည့် ပုံများအရ စိုက်ပျိုးရေးလုပ်ငန်းတွင် သုံးပြီး တရုတ်နိုင်ငံမှ ဒေါ်လာ ၈,၀၀၀ နှင့် ၁၆,၀၀၀ ကြားဖြင့် ဝယ်နိုင်သည့် တောင်ပံ လေးခုတပ်၊ ခြောက်ခုတပ် မောင်းသူမဲ့ ရဟတ်ယာဉ်များကို ယာယီ UCAVs များအဖြစ် သုံးလာကြောင်း တွေ့ရသည်။
အလေးချိန် ၁၄ ဒသမ ၄ ကီလိုဂရမ်ရှိပြီး ၂၅ မီတာ ပတ်ဝန်းကျင်အထိ သေစေနိုင်သည့် စွမ်းအားရှိ ၁၂၀ မမ မော်တာကျည်များကို သယ်ဆောင်နိုင်စွမ်းရည်ရှိသော ထို ပိုမိုကြီးမားသည့် ဒရုန်းများအား စစ်ကောင်စီတပ်ဖွဲ့များကို ထုတ်ပေးထားသည့် လက်ကိုင် ဒရုန်းဂျန်မာ (ဒရုန်းတားဆီးသည့်) အရေအတွက်ထက် သာလွန်အောင် တွက်ချက်ပြီး အုပ်စုလိုက် ဖြန့်ကြက်ကာ မြေပြင် ခံစစ်ကြောင်းများ အင်အားချိနဲ့အောင် လုပ်ခဲ့ကြသည်။
ထိုးစစ် ပထမ နှစ်ပတ်အတွင်း ရလဒ်သည် အံ့သြတုန်လှုပ်စရာ ဖြစ်သော်လည်း နိုင်ငံ၏ အခြားဒေသများမှ စစ်မျက်နှာများတွင် ထိုအတိုင်းလုပ်ရန် အချိန်နှင့် ထောက်ပံ့မှုရင်းမြစ် လိုမည်ဖြစ်သည်။
လက်တွေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းမှ အလစ်အငိုက်တိုက်ခိုက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဒရုန်း နည်းဗျူဟာသည် ယခုအခါ အကန့်အသတ်များနှင့် ရင်ဆိုင်နေရကြောင်း ထင်ရှားသည်။
အဓိကကျသော မြို့ကြီးများဖြစ်သည် ကိုးကန့်မြို့တော် လောက်ကိုင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးနှင့် တရုတ်နယ်စပ်အဓိက ကုန်သွယ်ရေးမြို့ မူဆယ်တို့သည် စစ်ကောင်စီလက်တွင် ကျန်နေဆဲဖြစ်ပြီး လူအင်အားနှင့် လက်နက်ခဲယမ်း အကျပ်အတည်းဖြစ်စေမည့် ရှည်ကြာနိုင်သော မြို့ပြတိုက်ပွဲများ မပါဘဲ ထိုမြို့များကို ညီနောင်မဟာမိတ်များ သိမ်းပိုက်နိုင်မည် မဟုတ်ပေ။
အခြေအနေ မည်သို့ရှိသည်ကို ရှမ်းပြည်နယ် ပြင်ပတွင် ပြသနေပြီး ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း ကောက်ရိုးမီး စိတ်အားထက်သန်မှုကြောင့် အခြားဒေသများမှ လွန်စွာကွဲပြားသည့် စွမ်းရည်နှင့် အခြေအနေများတွင် လှုပ်ရှားနေသည့် တော်လှန်ရေး အင်အားစုများ အနေဖြင့် မြို့ပြများတွင် မပြတ်သားသော ရလဒ်များသာ ရနေသည်။
၂၀၂၁ ခုနှစ်အစောပိုင်းတွင် စစ်ကိုင်းတိုင်းမှ ဒေသခံ PDFs များက အပျော်တမ်းအဆင့်ဖြင့် စတင်ခဲ့သည့် လူလိုက်ပါခြင်း မရှိသည့် တိုက်ခိုက်ရေး လေယာဉ် သို့မဟုတ် စစ်ဘက်ဝေါဟာရအရ UCAVs များသည် နောက်ပိုင်းတွင် သိသိသာသာ တိုးတက်လာသည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဒေသခံ PDFs တပ်များလက်သို့ နိုဝင်ဘာ ၆ ရက်နေ့တွင် ကျရောက်ခဲ့သော စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းခရိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လတ်တလော အပြုသဘော ဆောင်သော ဥပမာတခု ဖြစ်သည်။ ထိုဒေသသည် ၂၀၂၁ ခုနှစ်မှစတင်ပြီး KIA က နက်နက်ရှိုင်းရှိုင်း လှုပ်ရှားနေသော ဒေသဖြစ်သည်။
ရခိုင်ပြည်နယ်မှ ပေါက်တောမြို့ သိမ်းပိုက်ရေး သက်တမ်းတိုသော တိုက်ပွဲမှာ လွန်စွာ ကွဲပြားခြားနားသည့်ရလဒ် ဖြစ်လာသည်။ ထိုမြို့တွင် နိုဝင်ဘာ ၁၅ ရက်နေ့ နှောင်းပိုင်းက ရက္ခိုင့်တပ်တော် (AA) သည် ပြည်နယ်မြို့တော် စစ်တွေအနီး မြစ်ကမ်းမြို့ကို အလစ်အငိုက် တိုက်ခိုက် သိမ်းပိုက်သော်လည်း စစ်ကောင်စီ၏ မြေပြင်၊ လေကြောင်းနှင့် ရေတပ်များ၏ အလျင်အမြန် တန်ပြန်တိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာရသည်။

စစ်ကိုင်းတိုင်းအလယ်ဗဟို တန့်ဆည်တွင်လည်း အလားတူဖြစ်သည်။ ရွှေဘိုအနီး အရေးပါသည့် တန့်ဆည်မြို့ကို သိမ်းပိုက်ရန် ပူးပေါင်း PDF တပ်များ၏ အားထုတ်မှုကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများနှင့်
လွိုင်ကော်တိုက်ပွဲ
လက်ရှိအချိန်အထိ အလေးနက်ဆုံး ပြောက်ကျားစစ် အောင်ပွဲအယူအဆမှာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ပြည်နယ်မြို့တော် လွိုင်ကော်ကို သိမ်းပိုက်ရန် အားထုတ်မှုဖြစ်သည်။ ထိုမြို့သည် ကြီးမားသော မြို့ကြီးဖြစ်ပြီး ဒေသစစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ဖြစ်သလို နေပြည်တော် မြို့တော် နယ်မြေနှင့် ၁၂၅ ကီလိုမီတာ (၇၇ မိုင်ကျော်) သာ ဝေးသောမြို့ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုကြောင့် စိတ်အားထက်သန်ပြီး ကရင်နီတော်လှန်ရေး အင်အားစုများက ပြည်နယ်မြို့တော်ကို သိမ်းပိုက်ရေး အဓိက ရည်မှန်းချက်ဖြင့် ၎င်းတို့၏ သီးခြား ၁၁၁၁ စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာသည်။
ထိုမြို့ပြဒေသကို အနောက်မြောက်ဘက်မှစတင် ဝင်ရောက်ပြီး တိုက်ခိုက်ရေးသမားများသည် ကနဦး အောင်မြင်မှုများရကာ ထိုမြို့မှ လွိုင်ကော်တက္ကသိုလ်နယ်မြေကို သိမ်းပိုက်သည်။ လွိုင်ကော်တက္ကသိုလ်ကို သိမ်းပိုက်သည့် ဗီဒီယိုတွင် တုန်လှုပ်ခြောက်ခြား ဒဏ်ရာရနေသည့် စစ်သားများ ဂိတ်ပေါက်များတွင် လက်နက်ချသည့် ပုံများကို ကမ္ဘာတဝန်း မျှဝေပြီး အောင်ပွဲ စောလျှင်စွာ ရရန် အာမခံသည့် သဘောဖြစ်နေသည်။
အဓိကကျသော မြို့ကြီးများဖြစ်သည် ကိုးကန့်မြို့တော် လောက်ကိုင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးနှင့် တရုတ်နယ်စပ်အဓိက ကုန်သွယ်ရေးမြို့ မူဆယ်တို့သည် စစ်ကောင်စီလက်တွင် ကျန်နေဆဲဖြစ်ပြီး လူအင်အားနှင့် လက်နက်ခဲယမ်း အကျပ်အတည်းဖြစ်စေမည့် ရှည်ကြာနိုင်သော မြို့ပြတိုက်ပွဲများ မပါဘဲ ထိုမြို့များကို ညီနောင်မဟာမိတ်များ သိမ်းပိုက်နိုင်မည် မဟုတ်ပေ။
သို့သော် နှစ်ပတ်ကြာသောအခါ အများအားဖြင့် လူသူကင်းမဲ့နေသည့် ထိုမြို့မှ ပြင်းထန်သော ထိုတိုက်ပွဲတွင် မြို့စောင့်တပ်ရင်း အများအပြားရှိသည့် စစ်ကောင်စီသည် တော်လှန်ရေး အင်အားစုများကို အမြောက်များဖြင့် ပစ်ခတ်ပြီး ရဟတ်ယာဉ်ဖြင့်ပေးပို့သည့် အထောက်အပံ့များနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့်
တော်လှန်ရေး အင်အားစုများဘက်တွင်လည်း လက်နက်ငယ်များသာ ရှိသောကြောင့် အကန့်အသတ်ရှိနေကာ လွိုင်ကော်လေဆိပ်၏ GPS နှင့် ရေဒီယိုကြိမ်နှုန်း ဖော်ထုတ်သည့် စနစ်များကြောင့် စစ်တပ်အခိုင်အမာ စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်ရန် ခက်ခဲနေသည်။ ထိုလေဆိပ်သည် မြို့လယ်မှ နှစ်မိုင်ကျော်ခန့်သာ ဝေးသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် စစ်ကြောင်းသစ်များသည် အောင်မြင်မှုနှင့် အလှမ်းကွာသေးသည့် စစ်ဆင်ရေးကို စစ်ကူအားဖြည့်ရန် မြို့တွင်းသို့ ဝင်ရောက်သွားသည်ကို ရိုက်ကူးပြသခဲ့သည်။
ထိုသို့သော အခြေအနေများနှင့် အခြားနေရာများမှ ဖြစ်ရပ်များအရ လွိုင်ကော်တိုက်ပွဲသည် ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြာနိုင်ပြီး တော်လှန်ရေးတပ်များဘက်တွင် ထိခိုက်သေဆုံးမှု ဖြစ်စေနိုင်သည်။ တော်လှန်ရေးတပ်များအနေဖြင့် ရည်မှန်းချက် လျှော့ချပြီး ပြည်နယ်အတွင်း ပိုမိုထိခိုက်လွယ်သည့် အခြားဒေသများမှ စစ်စခန်းများကို တိုက်ခိုက်ပါက ပိုမိုကောင်းမွန်မည် ဖြစ်သည်။
စစ်ပွဲသည် မလွှဲရှောင်သာဘဲ ခါးခါးသီးသီး တိုက်ခိုက်ရသည့် ပွင့်လင်းရာသီ ရောက်လာသောကြောင့် တော်လှန်ရေး တပ်မှူးများသည် တဘက်တွင် ၁၀၂၇ စစ်ဆင်ရေး၏ အရှိန်အဟုန်ကို အသုံးချရန် ဦးတည်လုပ်ဆောင်ခြင်းနှင့် အခြား တဘက်တွင် သေနင်္ဂဗျူဟာ သတိကြီးကြီးမားမားထားပြီး နောက်ထပ်ရှေ့တိုး တိုက်ခိုက်မှုကို ကန့်သတ်ခြင်းအကြား မှန်ကန်သော ချိန်ခွင်လျှာညှိရန် တိုင်းတာတွက်ချက်ရသည့် အရေးပါသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ဒေသဆိုင်ရာအင်အားစုများသည် ဖြစ်စဉ်တခုလုံးကို ညှိနှိုင်းမှု မရှိဘဲ သီးခြား အကဲဖြတ်ချက်များချကာ ထိုအကဲဖြတ်ချက်များအတိုင်း လုပ်ဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကရင်နီ ပြည်နယ်တွင်ကဲ့သို့ ညီညွတ်သော အမိန့်ပေးကွပ်ကဲမှု မရှိခြင်းကြောင့် ထိုသို့ချိန်ခွင်လျှာညှိခြင်း
သို့သော် ၁၀၂၇ စစ်ဆင်ရေးမှ ဖြစ်ရပ်များမှ ဆက်စပ်နေသည့် စဉ်းစားသုံးသပ်ချက် နှစ်ခုအရ ထိုသို့ တိုင်းတာတွက်ချက်ခြင်း ပိုမိုလုပ်ဆောင်ရမည် ဖြစ်သည်။ ပထမအချက်မှာ ပိုမိုကျယ်ပြန့်လာသည့် စစ်ပွဲတွင် အပြောင်းအလဲမှတ်ဖြစ်သည်မှာ သေချာသည့် ထိုးစစ်တွင် မြန်မာစစ်တပ်သည် ရှုံးနိမ့်မှု ခံစားနေရသော်လည်း ပြိုကွဲလုနီး မဖြစ်သေးသည်မှာ သေချာသည်။
စစ်တပ်သည် သေနင်္ဂဗျူဟာအရ အမိန့်ပေးကွပ်ကဲမှု ညီညွတ်ခြင်း အားသာနေပြီး နည်းဗျူဟာအရ အမြောက်နှင့် လေကြောင်းအင်အား တဖက်သတ် ပိုင်ဆိုင်ခြင်း အပေါ်စီးရနေဆဲဖြစ်ကာ အရပ်သားထိခိုက်သေဆုံးမှုကို လုံးဝ ဂရုမစိုက်ဘဲ ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။
တော်လှန်ရေး အင်အားစုများဘက်တွင်လည်း လက်နက်ငယ်များသာ ရှိသောကြောင့် အကန့်အသတ်ရှိနေကာ လွိုင်ကော်လေဆိပ်၏ GPS နှင့် ရေဒီယိုကြိမ်နှုန်း ဖော်ထုတ်သည့် စနစ်များကြောင့် စစ်တပ်အခိုင်အမာ စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်ရန် ခက်ခဲနေသည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း ရှည်ကြာသော ပြောက်ကျားစစ် အမျိုးမျိုးမှ ရရှိသော သင်ခန်းစာများအရ ထို နည်းဗျူဟာစွမ်းရည် နှစ်ခုလုံးသည် စစ်အင်အား လျော့နည်းခြင်းနှင့် ယိုယွင်းနေသည့် စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေများကြောင့် အပြင်းအထန် ထိခိုက်နေသည့် ပဋိပက္ခတွင် ရှုံးနိမ့်မှုကို တားဆီးနိုင်မည် မဟုတ်ပေ။ လာမည့်လများတွင် အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများသည် ပိုမိုသေဆုံးစေသည့် အကြောင်းရင်းများ ဆက်လက် ဖြစ်နိုင်ဖွယ်ရှိသည်။
ဒုတိယအချက်သည် စိတ်ဓာတ်နှင့် ပတ်သက်သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ မြန်မာသည် ၂၀၂၁ ခုနှစ် သြဂုတ်လက အာဖဂန်နစ္စတန် မဟုတ်ပေ။ စစ်တပ်၏ စွမ်းရည်နှင့် ဆုံးဖြတ်ချက်အား လက်တွေ့ကျကျ အကဲဖြတ်ခြင်းကို ဒိုမီနိုဖဲချပ်များ ဆက်တိုက်လဲကျသကဲ့သို့ ပြိုကွဲမှု စိတ်ကူးယဉ်ခြင်းက လွှမ်းမိုးစေခြင်းသည် တော်လှန်ရေး တပ်များတွင်သာမက ပိုမိုကျယ်ပြန့်သည့် သာမန် ပြည်သူများအကြားတွင်ပါ စိတ်ဓာတ်ကို အပြင်းအထန် ထိခိုက်စေမည့် ဆုတ်ယုတ်မှုများနှင့် လူအင်အားဆုံးရှုံးမှု ဖြစ်စေနိုင်သည်။
လက်ရှိအခြေအနေသည် အသစ်အဆန်း မဟုတ်ဘဲ သမိုင်းတွင် ယခင်က အကြိမ်ကြိမ် ဝိုင်းပတ်ပိတ်ဆို့ခံဖူးသည့် စစ်တပ် ခံစားရသည့် ဆုံးရှုံးမှုများ ပြန်လည် ဖြစ်ပေါ်ခြင်းဆိုသည့် အချို့သုတေသီများ၏ အဆိုပြုချက်က လမ်းလွဲနေသည်။

အင်အားအလွန် ပြန့်ကျဲနေပြီး ထိခိုက်ဒဏ်ရာရနေသော စစ်တပ် လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများ၏ ပထဝီ နယ်ပယ်နှင့် စစ်ရေးအတိုင်းအတာသည် ယခင်မကြုံဖူးသည့် အခြေအနေဖြစ်ပြီး ညှိနှိုင်းအပစ်အခတ်ရပ်စဲခြင်း မရှိပါက စစ်တပ်သည် ၁၉၅၀ ပြည့်နှစ်များမှ စတင်ရယူထားသည့် အဓိက နိုင်ငံရေး-စစ်ရေး အင်စတီကျူးရှင်းအဖြစ် ဆက်လက် ရပ်တည်ရေးကို ခြိမ်းခြောက်နေသည်။
၁၀၂၇ စစ်ဆင်ရေးက ရရှိသည့် တိုးတက်မှုများကြောင့် မြန်မာမှ စစ်ပွဲသည် မြို့များကို သိမ်းပိုက်ပြီး နေပြည်တော်သို့ ချီတက်ရန် လိုအပ်သည့် သေနင်္ဂဗျူဟာထိုးစစ်၏ နောက်ဆုံးအဆင့်သို့ ရုတ်တရက် ရောက်လာသည်ဟု ယူဆခြင်းသည် အလားတူ မှားယွင်းပြီး လက်တွေ့တွင် အန္တရာယ်များသည့် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာဖြစ်သည်။
စစ်တပ်၏ စွမ်းရည်နှင့် ဆုံးဖြတ်ချက်အား လက်တွေ့ကျကျ အကဲဖြတ်ခြင်းကို ဒိုမီနိုဖဲချပ်များ ဆက်တိုက်လဲကျသကဲ့သို့ ပြိုကွဲမှု စိတ်ကူးယဉ်ခြင်းက လွှမ်းမိုးစေခြင်းသည် တော်လှန်ရေး တပ်များတွင်သာမက ပိုမိုကျယ်ပြန့်သည့် သာမန် ပြည်သူများအကြားတွင်ပါ စိတ်ဓာတ်ကို အပြင်းအထန် ထိခိုက်စေမည့် ဆုတ်ယုတ်မှုများနှင့် လူအင်အားဆုံးရှုံးမှု ဖြစ်စေနိုင်သည်။
ထိုသို့ယူဆခြင်းသည် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင် ဖြစ်ပေါ်တိုးတက်လာသည့် အယူအဆဖြစ်သည့် စစ်တပ်ကို အပြင်းအထန် အင်အားချိနဲ့အောင် လုပ်ခြင်း၊ နိုင်ငံဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး အသက်သွေးကြောများကို ဖြတ်တောက်ခြင်း၊ စစ်ကောင်စီတပ်များ သီးခြား အထီးကျန် ပိုမိုဖြစ်လာပြီး နောက်ဆုံးတွင် ရေရှည်ရပ်တည်ရန် မဖြစ်နိုင်သည့် မြို့ပြဒေသများသို့ မှန်မှန် ဆုတ်ခွာစေရေး စသည်တို့ကို အခြေခံသည့် ဖြည်းဖြည်းမှန်မှန် ခုခံတော်လှန်ရေး သေနင်္ဂဗျူဟာကို စွန့်လွှတ်သည့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်သည်။
သို့သော် ၁၀၂၇ စစ်ဆင်ရေးသည် အနာဂတ် သေနင်္ဂဗျူဟာအတွက် လမ်းညွှန်မဖြစ်နိုင်ဘဲ အခြားပဋိပက္ခများတွင် ယုံကြည်မှု လွန်ကဲသော်လည်း ကြိုတင် ပြင်ဆင်မထားသည့် ပုန်ကန်သူ အင်အားစုများသည် ရှုံးနိမ့်လုနီး ဖြစ်သည်ဟု ယူဆသော အခြေအနေတွင် အောင်ပွဲရအောင် တခါတရံ လုပ်နိုင်ခဲ့ကြောင်း သမိုင်းသင်ခန်းစာများက ပြသနေသည်။
(Asia Times ပါ Anthony Davis ၏ The dangers of guerrilla triumphalism in Myanmar ကို ဘာသာပြန်သည်။ )
ပြည်တွင်းစစ်နှင့် ပြောက်ကျားစစ်ဆင်ရေး
မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း
မြန်မာ့လက်နက်ကိုင် ပဋိပက္ခသည် လိပ်ခဲတည်းလည်း မဟုတ်တော့
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး














