• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့လက်နက်ကိုင် ပဋိပက္ခသည် လိပ်ခဲတည်းလည်း မဟုတ်တော့

by Anthony Davis
2 November 2023
in သူ့အတွေး သူ့အမြင်
A A
မြန်မာ့လက်နက်ကိုင် ပဋိပက္ခသည် လိပ်ခဲတည်းလည်း မဟုတ်တော့

လတ်တလောဖြစ်ပွားနေသော ရှမ်းမြောက်တိုက်ပွဲများအတွင်း မဟာမိတ်တပ်ဖွဲ့များက မြန်မာစစ်တပ်၏ သံချပ်ကာကားတစီးကို သိမ်းပိုက်ခဲ့စဉ်/ The Kokang

10.6k
VIEWS
Share on FacebookShare on Twitter

၂၀၂၃ ခုနှစ် မိုးရာသီ၏ နောက်ဆုံး မိုးသက်မုန်တိုင်းများအကြား မြန်မာတနိုင်ငံလုံးတွင် စစ်ရိပ်စစ်ငွေ့ ထူထပ်လာနေသည်။ မြန်မာနိုင်ငံတွင် ဖြစ်နေပေါ်နေသည့် ပြိုကွဲမှုကို စောင့်ကြည့်နေသည့် လေ့လာသူ အများအပြားသည် အမှောင်ထုတွင် လမ်းပျောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

စစ်တပ်က အရပ်သားပြည်သူများကို ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်နေစဉ် အာဏာသိမ်း စစ်ကောင်စီနှင့် များပြားလှစွာသော လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား ပဋိပက္ခသည် လွန်စွာပြင်းထန်နေသည်ကို သံသယဖြစ်ရန် မလိုပေ။

လူမှုကွန်ရက်နှင့် ပင်မမီဒီယာများတွင် ဝါဒဖြန့်ချိရေးစစ် ခါးခါးသီးသီး ဖြစ်နေစဉ် နေ့စဉ် ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ စီးနင်းတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများက လက်ရှိအချိန်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် မည်သည့်အချိန်ထက်မဆို စိန်ခေါ်မှုများကြောင်း ပြသနေသည်။

ထိုသို့သော အခြေအနေကြောင့် ဒေသတွင်းမှ သတင်းခန်းများ၊ သံရုံးများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများက လှည့်စားတတ်သော ဖြစ်ရပ်များကို ရိုးရှင်းလွန်းစွာ ဖွင့်ဆိုလာကြသည်။ စစ်ပွဲသည် မည်သည့်ဘက်ကမှ စစ်ရေးအရ နိုင်မည့်အလားအလာ မရှိသော ‘လိပ်ခဲတည်းလည်း’ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး စေ့စပ်ညှိနှိုင်းအဖြေရှာမှု မကြာမီ လိုအပ်လာမည်ဆိုသည့် ဖွင့်ဆိုမှုမျိုး ဖြစ်သည်။

ဒေသတွင်းမှ သတင်းခန်းများ၊ သံရုံးများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများက လှည့်စားတတ်သော ဖြစ်ရပ်များကို ရိုးရှင်းလွန်းစွာ ဖွင့်ဆိုလာကြသည်။ စစ်ပွဲသည် မည်သည့်ဘက်ကမှ စစ်ရေးအရ နိုင်မည့်အလားအလာ မရှိသော ‘လိပ်ခဲတည်းလည်း’ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး စေ့စပ်ညှိနှိုင်းအဖြေရှာမှု မကြာမီ လိုအပ်လာမည်ဆိုသည့် ဖွင့်ဆိုမှုမျိုး ဖြစ်သည်။

ထိုသို့ သံယောင်လိုက်နေသည့် အမြင်အရ အကျပ်အတည်း ကျရောက်နေသည်ဆိုသည့် ဇာတ်လမ်းတင်ပြပုံ၏ ဖြစ်နိုင်ခြေသည် အငြင်းပွားစရာ မလိုသည့် ပကတိအခြေအနေများအပေါ် အခြေခံသည်။ မြန်မာစစ်တပ်သည် ယခင်မကြုံဖူးသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသော်လည်း အညှာတာကင်းမဲ့ကာ စနစ်တကျ ရင်းမြစ်အများအပြား ရှိနေသည် ဆိုသည့်အချက်ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
980
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
635
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.5k

လေကြောင်းနှင့် အမြောက်ကြီးများ ပစ်ခတ်နိုင်သည့် စွမ်းရည်ကို တဖက်သတ် ပိုင်ဆိုင်နေခြင်းကြောင့် စစ်တပ်သည် မြို့ပြဒေသများနှင့် နိုင်ငံတော်အာဏာ၏ အဓိက အင်အားများဖြစ်သည့် အရပ်သား ဝန်ကြီးဌာနများ၊ လေဆိပ်များ၊ ပင်လယ်ဆိပ်ကမ်းများ၊ ဗဟိုဘဏ်နှင့် စစ်ဌာနချုပ်များကို အကန့်အသတ်မရှိ ထိန်းချုပ်နိုင်စေပုံရနေသည်။

အာဏာသိမ်းပြီးနောက် အမျိုးသားအုံကြွမှုမှ ပေါ်ပေါက်လာသော လက်နက်ကိုင်ခုခံမှုသည် စစ်တပ်၏ ထုံးစံဖြစ်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ချေမှုန်းမရတော့လောက်အောင် ကြီးမားလာသည်။ သို့သော် ထိုလက်နက်ကိုင်ပုန်ကန်မှုသည် ဗဟိုကွပ်ကဲမှု မရှိသော ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအဖြစ် အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး ဆွဲဆောင်မှုရှိသော ခေါင်းဆောင်များ၊ သေနင်္ဂဗျူဟာ ညီညွတ်မှုနှင့် ပြင်ပထောက်ခံမှု ကင်းမဲ့နေကြောင်း ထင်ရှားသည်။

ထိုအခြေခံအချက်အလက်များကို ငြင်းဆန်နိုင်ခြင်း မရှိပေ။ သို့သော် ၎င်းတို့ ထောက်ခံအားပေးနေသော အကျပ်အတည်း ဖြစ်နေသည့် ပဋိပက္ခဆိုသော ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုချက်သည် အယူအဆအရ အပေါ်ယံဆန်ပြီး ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအရ အားထုတ်မှု ကင်းမဲ့ကာ ဒေသတွင်းအစိုးရများ၏ အရေးယူဆောင်ရွက်မှု ကင်းမဲ့ခြင်းကို အားပေးခြင်းအရ အန္တရာယ်ရှိလောက်အောင် အပြစ်အနာအဆာ ရှိနေသည်။

မြေပြင်အခြေအနေ အသေးစိတ်နှင့် သမိုင်းမှ ယခင်ဖြစ်ရပ်များက ညွှန်ပြနေသည့် အခြေအနေသည် လုံးဝကွဲပြားခြားနားပြီး များစွာ ပိုမိုရှုပ်ထွေးသောကြောင့် စစ်ရေးအကျပ်အတည်းဟု ယူဆရသောကိစ္စကို ရှုပ်ထွေးစေခြင်း ဖြစ်သည်။ လက်ရှိ လက်နက်အင်အား ကွာဟမှုကြောင့် ဖြစ်လာသည့် မြို့ပြဗဟိုချက်များ ပတ်ဝန်းကျင်တွင် ယာယီ စစ်ရေးအကျပ်အတည်း၌ မလွှဲရှောင်သာ ရှည်ကြာသော်လည်း လှုပ်ရှားပြောင်းလဲနေသည့် ပဋိပက္ခဖြစ်လာသည်။

ထိုထိပ်တိုက်တွေ့မှု အကျပ်အတည်းသည် အာဖဂန်နစ္စတန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အခြား စစ်အေးတိုက်ပွဲ စစ်မျက်နှာများမှ ပြောက်ကျားစစ်သမိုင်းများတွင် အများအပြား ရှိနေသည်။

ထိုထိပ်တိုက်တွေ့မှု အကျပ်အတည်းသည် အာဖဂန်နစ္စတန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အခြား စစ်အေးတိုက်ပွဲ စစ်မျက်နှာများမှ ပြောက်ကျားစစ်သမိုင်းများတွင် အများအပြား ရှိနေသည်။

ယနေ့မြန်မာသည် ထိုစစ်ပွဲများကဲ့သို့ပင် ကျေးလက်အခြေပြု ပုန်ကန်မှုတွင် ပိုမိုကျယ်ပြန့်ပြီး အမြဲတမ်း ပြောင်းလဲနေသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး အချက်အလက်များ ပါဝင်ပတ်သက်နေကြောင်း လေးနက်သော သရုပ်ခွဲလေ့လာမှုက ပြသနေသည်။ ထိုပြောင်းလဲ ရောထွေးနေသည့် အခြေအနေသည် တဖက်က အခြားတဖက်ကို တစထက်တစ အသာရလာသည့် ပဋိပက္ခ ပင်မလမ်းကြောင်းကို ဖော်ပြနေသည်။

ကော့ကရိတ် ရှေ့တန်းတနေရာမှ PDF တပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က တွေ့ရစဉ် / Twitter

ထိုသို့သော အမြင်အရကြည့်ပါက ၂၀၂၃ ခုနှစ်အထိ စစ်၏လမ်းကြောင်းသည် ပဋိပက္ခ၏ ပထမ နှစ်နှစ်ကာလအတွင်းကဲ့သို့ မဟုတ်ဘဲ ရှင်းရှင်းလင်းလင်း ဖြစ်လာပြီး ခွဲခြမ်းစိတ်ဖြာမှု အခက်အခဲများကို မောင်းထုတ်နိုင်သည့် အခြေအနေ ဖြစ်သည်။ အဓိက သွင်ပြင်လက္ခဏာများအရ ထိုပဋိပက္ခလမ်းကြောင်းသည် နေပြည်တော် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအတွက် အားသာနေသည်။

များပြားသော လက်နက်များ

ထိုအပြောင်းအလဲကို မောင်းနှင်သည့် အတိုက်အခံအင်အား၏ အဓိကသွင်ပြင် သုံးခုသည် ယခုနှစ်အတွင်း သိသာထင်ရှားလာသည်။ တခုမှာ Asia Times က မေလတွင် ဖော်ပြခဲ့သည့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများလက်သို့ ရောက်လာသည့် ခေတ်မီလက်နက်ငယ်နှင့် အပေါ့စားလက်နက်များ ရရှိမှုသည် ၂၀၂၁၊ ၂၀၂၂ ခုနှစ်များနှင့်ယှဉ်ပါက သိသိသာသာ တိုးတက်လာခြင်းဖြစ်သည်။

ထိုအပြောင်းအလဲ၏ အကျိုးဆက်များသည် ယခု ကုန်ဆုံးလာသည့် မိုးရာသီအတွင်း လွန်စွာအရေးပါကြောင်း ပြသနေသည်။ ခဲယမ်းထောက်ပံ့မှုသည် တခါတရံ မလုံလောက်စေကာမူ ပိုမိုကြီးမားသည့် ပစ်အားက တောင်းဆိုသည့် တိုးတက်လာသော နည်းဗျူဟာ ဖွဲ့စည်းမှုကြောင့် ထူးခြားသော ထိုးစစ် စွမ်းရည်သစ်များကို ဖြစ်စေသည်။

အတိုက်အခံအင်အားစုများသည် စစ်ကောင်စီစခန်းငယ် အများအပြားကို သိမ်းပိုက်ကြပြီး ပိုမို များပြားကြီးမားသည့် လက်နက်များကို သိမ်းဆည်းမိလာသည်။ ပိုမိုအရေးကြီးသော ကိစ္စမှာ ၎င်းတို့သည် စစ်ကောင်စီ၏ မြို့ပြဒေသများ ထိန်းချုပ်နိုင်မှုကိုလည်း ဖြိုချလိုက်ခြင်း ဖြစ်သည်။

အတိုက်အခံအင်အားစုများသည် စစ်ကောင်စီစခန်းငယ် အများအပြားကို သိမ်းပိုက်ကြပြီး ပိုမို များပြားကြီးမားသည့် လက်နက်များကို သိမ်းဆည်းမိလာသည်။ ပိုမိုအရေးကြီးသော ကိစ္စမှာ ၎င်းတို့သည် စစ်ကောင်စီ၏ မြို့ပြဒေသများ ထိန်းချုပ်နိုင်မှုကိုလည်း ဖြိုချလိုက်ခြင်း ဖြစ်သည်။

အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းတွင် PDF စစ်ဆင်ရေးများ၏ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြဒေသများတွင် ဖြစ်ပွားနေပြီး ယခုနှစ် အစောပိုင်း ၂၀ ရာခိုင်နှုန်းမှ တိုးတက်လာခြင်းဖြစ်သည်ဟု မြန်မာမှ မြို့နယ် ၃၃၀ အောက်တွင် ဖြစ်ပွားနေသည့် နေ့စဉ် ပဋိပက္ခကို လေ့လာစောင့်ကြည့်နေသော အနောက်တိုင်း သုတေသီတဦးက Asia Times သို့ ပြောသည်။ အနီးရှိ မကွေးတိုင်းအတွင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက တိုက်ပွဲများ၏ ၂၈ ရာခိုင်နှုန်းသည် မြို့များအတွင်း ဖြစ်ပွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အချုပ်အားဖြင့်ဆိုရပါက နိုင်ငံမြို့တော်နှင့် စီးပွားရေး မြို့တော်များအကြား အဓိကဒေသများတွင် စစ်ကောင်စီ ထိန်းချုပ်မှုသည် မြို့ပြဒေသများကို တခုလုံးအနေဖြင့် စုစည်းထားရေး မဟုတ်တော့ဘဲ PDF များက လက်နက်ငယ်များ၊ မော်တာများနှင့် မြို့စွန်မှ ထိန်းချုပ်သည့် ဒရုန်းများဖြင့် တိုက်ခိုက်ခံရနိုင်သည့် မြို့တွင်းမှ ထိခိုက်လွယ်နေရာများကို ကာကွယ်ရန်သာ ဖြစ်လာသည်။

ရန်ကုန်ရှိ သံရုံးများမှ မြင်သာသည့် နည်းဗျူဟာအဆင့်တွင် ထိုသေနင်္ဂဗျူဟာ ထိပ်တိုက်တွေ့မှု အကျပ်အတည်း နောက်ခံ၌ စစ်ကောင်စီက မြို့နယ်အချက်အချာ ဒေသများအပေါ် ထိန်းချုပ်နိုင်စွမ်း ပြိုကွဲနေသည်။

အတိုက်အခံများ၏ မြင့်မားလာသည့် ခံနိုင်ရည် ဒုတိယသွင်ပြင်မှာ ညီညွတ်မှုဖြစ်သည်။ စစ်ပွဲ စတင်သည့် အစောပိုင်းလများတွင် အများစုသည် ရာပေါင်းများစွာသော ဒေသဆိုင်ရာ PDFs အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြား အယုံအကြည်ကင်းမဲ့မှု၏ အစိတ်အပိုင်းများအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲနေသည်။

NUG ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် အနိုင်ရသည့် ဗမာအများစု လွှမ်းမိုးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက လွှမ်းမိုးထားသည်ဟု မြင်ကြသည်။ ထိုပြဿနာနှစ်ခုလုံးသည် အဓိက အချက်များမှ လွဲချော်နေသည်။

များပြားလှသော ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြောက်ကျား ပဋိပက္ခများနှင့် မြန်မာအခြေအနေကို နှိုင်းယှဉ်လေ့လာသောအခါ မှတ်သားစရာကောင်းသည့် အချက်မှာ လက်ရှိ စစ်ကောင်စီကို တိုက်ခိုက်နေသည့် အုပ်စုများအကြား အချင်းချင်း အုပ်စုဖွဲ့တိုက်ခိုက်မှု ကင်းမဲ့ခြင်း ဖြစ်သည်။

များပြားလှသော ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြောက်ကျား ပဋိပက္ခများနှင့် မြန်မာအခြေအနေကို နှိုင်းယှဉ်လေ့လာသောအခါ မှတ်သားစရာကောင်းသည့် အချက်မှာ လက်ရှိ စစ်ကောင်စီကို တိုက်ခိုက်နေသည့် အုပ်စုများအကြား အချင်းချင်း အုပ်စုဖွဲ့တိုက်ခိုက်မှု ကင်းမဲ့ခြင်း ဖြစ်သည်။

ထိုသို့ အံ့သြစရာကောင်းလောက်အောင် ဦးတည်ချက်တူညီခြင်းသည် အနာဂတ်အတွက် အာမခံချက်များ မပေးသော်လည်း လတ်တလောအတွက် အာမခံချက် ဖြစ်စေသည်။ ထိုအခြေအနေသည် NUG လက်အောက်ခံ PDFs များနှင့် အခြားလွတ်လပ်သည့် သီးခြား PDFs များအကြား တဖွဲ့နှင့် တဖွဲ့ အငြင်းပွားမှု မရှိသည့် စစ်ကောင်စီဆန့်ကျင်ရေး လျှော့ရဲသော စစ်ဆင်ရေးတပ်ပေါင်းစု ဖွဲ့စည်းခြင်းကို ဖြစ်စေသည်။

အလားတူစွာပင် စစ်ကောင်စီက ဗမာလူမျိုးစု၊ NUG ၏ အဓိကကျသည့် ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းတိုင်းရင်းသား မဟာမိတ်များ (K3C) အကြား သွေးခွဲအုပ်ချုပ်ရန် အားထုတ်မှုများ ရှိသော်လည်း ၎င်းတို့သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး “နွေဦးတော်လှန်ရေး” အတွက် အခိုင်အမာ ပိုင်းဖြတ်လုပ်ကိုင်ကြခြင်း ဖြစ်သည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၅၁ နှစ်မြောက် နှစ်ပတ်လည်ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဟိုမိန်းတွင် ကျင်းပစဉ် / AFP

မြန်မာမှ လူများစု ဗမာများအပေါ် တိုင်းရင်းသားများ၏ အယုံအကြည်ကင်းမဲ့မှု ဆယ်စုနှစ်ပေါင်းများစွာကို အသစ်ပေါ်ပေါက်လာသည့် ချစ်ကြည်ရင်းနှီးမှုဖြင့် ကျော်လွှားလိုက်သည်ဟု စဉ်းစားပါက ရိုးအရာ ရောက်မည်။ သို့သော် တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်း (ERO) တခုစီက စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတွင် တက်ကြွစွာ ပါဝင်ခြင်းသည် ၎င်းတို့၏ အခြေခံ အကျိုးစီးပွားကို အကျိုးပြုပြီး စစ်ပွဲကို နိုင်နေသည်ဟု အခိုင်အမာ တွက်ချက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ပုံမှန် လေကြောင်းတိုက်ခိုက်မှုများသည် တိုင်းရင်းသား အရပ်သား လူမှုအသိုက်အဝန်းများကို အစုလိုက်အပြုံလိုက် သတ်နေသောကြောင့် စစ်ကောင်စီ၏ ဖြားယောင်းသွေးဆောင်မှုများသည် ထိုသို့သော အကဲဖြတ်ချက်များကို ပြန်လည် ပြင်ဆင်မည်ဟု ယူဆရန် အကြောင်းမရှိပေ။

နောက်ဆုံးအချက်မှာ ၂၀၂၃ ခုနှစ်တွင် စစ်ဆင်ရေး ထိရောက်မှု အဆင့်သစ်ကို အလေးထားသည့် သေနင်္ဂဗျူဟာ စီမံခန့်ခွဲမှု အထောက်အထားများကို ရှင်းလင်းစွာ တွေ့ရခြင်းဖြစ်သည်။ ထိုအပြောင်းအလဲကြောင့် EROs နှင့် PDFs ပူးပေါင်းစစ်ဆင်ရေး ဒေသဆိုင်ရာအဆင့်တွင် ဖြစ်ပေါ်လာပြီး တနိုင်ငံလုံးအဆင့်တွင်မူ မဖြစ်ပေါ်သေးပေ။

တနိုင်ငံလုံးမှ အဓိက ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပစ်မှတ်ထားသည့် ထိုစစ်ဆင်ရေးများသည် မတော်တဆ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ သေနင်္ဂဗျူဟာ ဆက်သွယ်မှု အဆင့်မြင့်မားခြင်းကို သေချာပေါက်နီးပါး ပြသနေသည်။

တနိုင်ငံလုံးမှ အဓိက ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပစ်မှတ်ထားသည့် ထိုစစ်ဆင်ရေးများသည် မတော်တဆ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ သေနင်္ဂဗျူဟာ ဆက်သွယ်မှု အဆင့်မြင့်မားခြင်းကို သေချာပေါက်နီးပါး ပြသနေသည်။

ထိုစစ်ဆင်ရေးများအနက် အထူးခြားဆုံးမှာ ညီနောင်မဟာမိတ်များက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည့် ရှမ်းပြည်မြောက်ပိုင်း တခွင်မှ ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးဖြစ်သည်။

ညီနောင်မဟာမိတ်များဖြစ်သည့် ကိုးကန့်တရုတ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ပလောင်လူမျိုးစု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် မန္တလေးနှင့် နယ်စပ်ကုန်သွယ်ရေး အချက်အချာ မူဆယ်ကို ဆက်သွယ်သည့် အဝေးပြေး လမ်းတလျှောက်တွင် တိုက်ခိုက်မှု အများအပြားနှင့်အတူ တရုတ်နယ်စပ် ကိုးကန့်မြို့ဖြစ်သော ချင်းရွှေဟော်ကို တပြိုင်နက် တိုက်ခိုက် သိမ်းပိုက်သည်။ ထိုတိုက်ခိုက်မှုများကြောင့် မြန်မာနှင့်တရုတ်အကြား ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်သွားသည်။

တိုက်ဆိုင်မှု မဖြစ်နိုင်သည့် အချက်တခုမှာ ထိုနေ့တွင်ပင် ရန်ကုန်နှင့် ထိုင်းနယ်စပ်မှ မြဝတီကို ဆက်သွယ်ထားသည့် အာရှအဝေးပြေးလမ်းပေါ်ရှိ ကော့ကရိတ်တွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားသည်။ ထိုဒေသတွင် အင်အားကြီးမားလှသော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ၎င်းတို့ လေ့ကျင့် စောင့်ရှောက်ထားပေးသည့် PDFs မဟာမိတ်တပ်များသည် ယခုနှစ်အတွင်း တိုက်ပွဲများ အရှိန်မြှင့် လုပ်ဆောင်နေသည်။

မကြာသေးမီ လများအတွင်း ထို KNLA-PDF မဟာမိတ်တပ်သည် မွန်ပြည်နယ်အတွင်းတွင် စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်ပြီး ရန်ုကုန်နှင့် ဆိပ်ကမ်းမြို့ မော်လမြိုင်ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းကို ဖြတ်တောက်လိုက်သည်။ ထိုနေရာမှ အနောက်မြောက်ဘက်တွင် KNLA ဦးဆောင်သည့် အခြား စစ်ဆင်ရေးတခုသည် ရန်ကုန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးကို ဆက်သွယ်သည့် ရထားလမ်းနှင့် ကားလမ်း တည်ရှိရာ စစ်တောင်းမြစ်ဝှမ်းကို ပစ်မှတ်ထား တိုက်နေသည်။

သြဂုတ်လတွင် နေပြည်တော်ဒေသကို ပထမဆုံးအကြိမ် အင်အားစမ်းသည့် KNLA-PDF တပ်များ၏ ဖိအားအောက်မှ စစ်ကောင်စီတပ်များကို လေတပ်ဂျက်လေယာဉ်များသည် အနီးကပ် လေကြောင်းအကူအညီ ပေးခဲ့ရသည်။ ထိုသို့သော တိုက်ခိုက်မှုများ ထပ်မံရှိလာနိုင်သည်။

စစ်တောင်းမြစ်ဝှမ်း မြောက်ဘက်ဆုံးတွင် စစ်ဆင်ရေးများကို နေပြည်တော် ဒေသတွင်းအထိ တိုးချဲ့လာကြသည်။ သြဂုတ်လတွင် နေပြည်တော်ဒေသကို ပထမဆုံးအကြိမ် အင်အားစမ်းသည့် KNLA-PDF တပ်များ၏ ဖိအားအောက်မှ စစ်ကောင်စီတပ်များကို လေတပ်ဂျက်လေယာဉ်များသည် အနီးကပ် လေကြောင်းအကူအညီ ပေးခဲ့ရသည်။ ထိုသို့သော တိုက်ခိုက်မှုများ ထပ်မံရှိလာနိုင်သည်။

ထို့ထက် ပိုမို မြောက်ပိုင်းကျသည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် PDF မဟာမိတ်တပ်သည် မြောက်ပိုင်းရှိ စစ်ကောင်စီတပ်များကို သယ်ယူပို့ဆောင်ရေး အချက်အချာ မန္တလေးနှင့် ဆက်သွယ်ပေးသည့် အသက်သွေးကြော ဧရာဝတီမြစ်တလျှောက် အခိုင်အမာ ထိန်းချုပ်မှု ဆက်လက် တိုးချဲ့နေကြသည်။

အခြားတဖက်တွင် ခုခံစစ်ဆင်နေရသည့် အခြေအနေရောက်နေပြီဖြစ်သော စစ်ကောင်စီသည် လက်ရှိ ပဋိပက္ခ လမ်းကြောင်းကို ရပ်ဆိုင်းသွားစေရန် နောက်ထပ် မည်သည့် သေနင်္ဂဗျူဟာများ ရှိသည်ကို သိရှိရန် ခက်ခဲသည်။

စစ်ကောင်စီ၏ အဓိက အားသာချက်များသည် နိုင်ငံတော်အာဏာကို အဓိကထိန်းချုပ်သည့် နေရာများကို ချုပ်ကိုင်ထားသောကြောင့် ရရှိသည့် အင်စတီကျူးရှင်းဆိုင်ရာ အချက်အချာ ကျမှုအပေါ် မူတည်နေသည်။

သို့သော် နိုင်ငံရေးအရကြည့်ပါက လူမုန်းများသည့် စစ်ကောင်စီသည် တဖက်ပိတ်လမ်းတွင် ပိတ်မိနေသည်။ ၎င်း၏ ထွက်ပေါက်သေနင်္ဂဗျူဟာဖြစ်သည့် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီအတုသို့ ပြန်သွားရေးကိုလည်း ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ရသည်။

စီးပွားရေးအရ စစ်ကောင်စီသည် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ လျှပ်စစ်ဓာတ်အား ကာလကြာမြင့်စွာ ပြတ်တောက်ခြင်းနှင့် အရေးယူပိတ်ဆို့ခြင်းကြောင့် အင်အားချိနဲ့သည့် ဘဏ်လုပ်ငန်းစနစ် စသည့် ယခင် မကြုံဖူးသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။

သံတမန်ရေးအရ စစ်ကောင်စီ၏ တနိုင်ငံတည်းသော မဟာမိတ်မှာ ရုရှားဖြစ်ပြီး ရုရှားသည်လည်း ယူကရိန်းစစ်တွင် အပြည့်အဝနွံနစ်နေပြီး ၂၀၁၅ ခုနှစ်က ဆီးရီးယားတွင် လုပ်ခဲ့သကဲ့သို့ ပြိုကွဲတော့မည့် လက်ဝေခံနိုင်ငံတခုကို မကယ်နိုင် သို့မဟုတ် ကယ်ဆယ်ရန် စိတ်အားထက်သန်ခြင်း မရှိပေ။

စစ်ရေး စစ်မျက်နှာတွင် စစ်တပ်သည် စစ်ဆင်ရေးစုစည်းမှု ရှိနေသေးသော်လည်း လူအင်အား လျော့နည်းခြင်းနှင့် တပ်သားသစ်စုဆောင်းမှု သိသိသာသာ လျော့ကျခြင်းကို ရင်ဆိုင်နေရသည်။

စစ်ရေး စစ်မျက်နှာတွင် စစ်တပ်သည် စစ်ဆင်ရေးစုစည်းမှု ရှိနေသေးသော်လည်း လူအင်အား လျော့နည်းခြင်းနှင့် တပ်သားသစ်စုဆောင်းမှု သိသိသာသာ လျော့ကျခြင်းကို ရင်ဆိုင်နေရသည်။

၂၀၂၃ ခုနှစ်တွင် နေရာတကာ၌ ပြန့်ကျဲနေပြီး အင်အားချိနဲ့နေသည့် စစ်တပ်သည် ကြီးမားသော ထိုးစစ် သိသိသာသာ ကျဆင်းသွားပြီး လေ့ကျင့်မထားသည့် ပြည်သူ့စစ်ကို ပိုမို အားကိုးရကာ လေကြောင်းနှင့် အမြောက်ပစ်ခတ်မှုကို အားကိုးနေရကြောင်း ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မည်သူကိုမှ ဆွဲဆောင်စည်းရုံးနိုင်မည် မဟုတ်ပေ။

သြဂုတ်လအတွင်းက စစ်ကောင်စီသည် ကချင်မြို့တော် တရုတ်နယ်စပ်မှ လိုင်ဇာကို တိုက်ခိုက်ရန် ကြိုးစားသောအခါ စစ်ဌာနချုပ်အများအပြားမှ ခေါ်ယူထားသည့် အင်အား ၁,၀၀၀ မှ ၁,၅၀၀ ကြားသာ ရှိတော့သည်။ နေ့စဉ် သွေးထွက်သံယို ထိခိုက်သေဆုံးမှုများကြောင့် စစ်ကောင်စီ၏ ကချင်ထိုးစစ်သည် မည်သည့် သေနင်္ဂဗျူဟာ သက်ရောက်မှုမှ မရှိတော့ပေ။

ထုံးစံအားဖြင့်ဆိုပါက မကြာသေးမီက မြေပြင်စစ်ဆင်ရေးများသည် ခုခံတော်လှန်ရေး အင်အားစုများထံ ဆုံးရှုံးသွားသည့် စခန်းများကို ပြန်လည်သိမ်းယူရန် အလျင်စလို စီစဉ်သည့် တန်ပြန်ထိုးစစ်များသာ ဖြစ်သည်။ ထိုင်းနယ်စပ် တောင်ပိုင်းမြို့ မြဝတီနှင့် ကယားပြည်နယ်ကို ဇူလိုင်လတွင်လည်းကောင်း၊ ရှမ်းပြည်မြောက်ပိုင်းကို စက်တင်ဘာလတွင်လည်းကောင်းနှင့် မန္တလေးတိုင်း မိုးကုတ်တဝိုက်ကို အောက်တိုဘာလ အစောပိုင်းတွင်လည်းကောင်း ပြုလုပ်သည့် တန်ပြန် ထိုးစစ်များဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဆုံးရှုံးမှုများကို တုံ့ပြန်ရန်နှင့် တရုတ်သို့ လမ်းများ ပြန်ဖွင့်ရန် မျှော်လင့်ချက် ကင်းမဲ့သော လက်ရှိအခြေအနေသည် စစ်တပ်၏ ရင်းမြစ်များကို အပြင်းထန်ဆုံး ထိခိုက်စေမည်ဖြစ်သည်။

ငန်းနက်များကို မျှော်လင့်ခြင်း

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် / Twitter

ထိုသို့သော အခြေအနေတွင် မြန်မာ၏ လတ်တလောနှင့် ကာလလယ် အနာဂတ်သည် ဗဟို အချက်အချာကျသည့် မေးခွန်းတခုအပေါ် မူတည်နေသည်။ ပိုမိုအင်အားကြီးမား ပြင်းထန်လာသော ခုခံတော်လှန်ရေး မဟာမိတ်နှင့် နိုင်ငံရေး၊ စီးပွားရေး ကျဆုံးမှုကို ကာကွယ်နေရသည့် အခွံသာကျန်သော စစ်တပ်အကြား လက်ရှိ ထိပ်တိုက်ရင်ဆိုင်မှု အကျပ်အတည်းက မည်မျှ ကြာကြာ ထိန်းထားနိုင်မည်နည်းဆိုသည့် မေးခွန်းသာ ဖြစ်သည်။

ပိုမို ထိခိုက်လွယ်လာသော အဆောက်အအုံကို သက်ရောက်ပြီး ယနေ့ သေနင်္ဂဗျူဟာ ထိပ်တိုက်ရင်ဆိုင်မှု အကျပ်အတည်းကို အဆုံးသတ်မည့် ငန်းနက်ဖြစ်ရပ် (ကြိုတင်မမြင်နိုင်ဘဲ ပြင်းထန်သော အကျိုးဆက်များဖြစ်စေသည့် ဖြစ်ရပ်) တခု သေချာပေါက်နီးပါး ဖြစ်လာနိုင်သည်။

ထိုမေးခွန်းအတွက် အဖြေကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သို့သော် ပိုမို ထိခိုက်လွယ်လာသော အဆောက်အအုံကို သက်ရောက်ပြီး ယနေ့ သေနင်္ဂဗျူဟာ ထိပ်တိုက်ရင်ဆိုင်မှု အကျပ်အတည်းကို အဆုံးသတ်မည့် ငန်းနက်ဖြစ်ရပ် (ကြိုတင်မမြင်နိုင်ဘဲ ပြင်းထန်သော အကျိုးဆက်များဖြစ်စေသည့် ဖြစ်ရပ်) တခု သေချာပေါက်နီးပါး ဖြစ်လာနိုင်သည်။

အဓိပ္ပာယ်သက်ရောက်မှုအရ ငန်းနက်ဖြစ်ရပ်ကို ကြိုတင်ခန့်မှန်း၍ မရပေ။ သို့သော် ၂၀၂၃ ခုနှစ်ကုန် မြန်မာတွင် ယုံကြည်လက်ခံနိုင်ပြီး တခုနှင့် တခု ရောထွေးနေသည့် ဖြစ်ရပ်များ ဖြစ်လာမည်ကို စဉ်းစားကြည့်ရန် မခက်ခဲပေ။ အင်အားကြီးမားသော AA သည် ရခိုင်ပြည်နယ်တွင် စစ်ပြန်ဆင်ပြီး စစ်ကောင်စီ၏ နယ်မြေအကြီးအကျယ် ဆုံးရှုံးကာ စိတ်ဓာတ်ရေးရာကို အကြီးအကျယ် ထိုးနှက်မည့် ဖြစ်ရပ်သည် ထိပ်ဆုံးမှ ပါဝင်သည်။

ရှမ်းပြည် မြောက်ပိုင်းကို ညီနောင်မဟာမိတ်များထံ လုံးဝ ရှုံးနိမ့်သွားခြင်းသည်လည်း ဖြစ်နိုင်ပြီး ယခုအချိန်အထိ ကြားနေပြီး အင်အားကြီးမားလှသည့် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ချဲ့ထွင်ရေး ရည်ရွယ်ချက်ဖြင့် အလစ်အငိုက် တိုက်ခိုက်ခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေမည် ဖြစ်သည်။

ထို စတာလင်ဂရက် ကပ်ဆိုး (သွေးစွန်းသည့် တိုက်ပွဲ) များအနက် တခုခုအပြီးတွင် စစ်ကောင်စီ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို အောင်မြင်စွာ သို့မဟုတ် ဖြုတ်ချရန် ကြိုးစားမှုကြောင့် ဖြစ်လာသည့် စစ်တပ်ထိပ်ပိုင်းပုဂ္ဂိုလ်များအကြား အကြမ်းဖက် ပဋိပက္ခဖြစ်နိုင်ခြေကလည်း ယုံကြည်လက်ခံနိုင်လောက်သည်။

အလားတူစွာပင် မည်သည့်အချိန်တွင် စစ်ကောင်စီထိန်းချုပ်မှုသည် ယခင်က ၎င်းတို့ ဖြတ်ကျော်ခဲ့ဖူးသည့် ဖြစ်ရပ်တခုကို မခံနိုင်အောင် ထိခိုက်လွယ်လာမည်ကိုလည်း ခန့်မှန်းရန် မဖြစ်နိုင်ပေ။

ယနေ့အချိန်မှစ၍ နောက် သုံးလ၊ ခြောက်လ သို့မဟုတ် ၂၄ လအထိပင် ကြာနိုင်သည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် ပြောင်းလွဲသွားသည့် ပဋိပက္ခလမ်းကြောင်း၏ အမြန်နှုန်းကြောင့် သုံးနှစ် သို့မဟုတ် ထိုထက် ပိုမိုရှည်ကြာသည့် အချိန်ကာလတခုဖြစ်ရန် ခက်ခဲသည်။

ယနေ့အချိန်မှစ၍ နောက် သုံးလ၊ ခြောက်လ သို့မဟုတ် ၂၄ လအထိပင် ကြာနိုင်သည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် ပြောင်းလွဲသွားသည့် ပဋိပက္ခလမ်းကြောင်း၏ အမြန်နှုန်းကြောင့် သုံးနှစ် သို့မဟုတ် ထိုထက် ပိုမိုရှည်ကြာသည့် အချိန်ကာလတခုဖြစ်ရန် ခက်ခဲသည်။

၂၀၂၃ ခုနှစ်ကုန်တွင် သံသယဖြစ်ရန် မလိုသည့်ကိစ္စမှာ ထိုပဋိပက္ခလမ်းကြောင်းကိုယ်တိုင်နှင့် အတိုက်အခံများက အငိုက်ဖမ်းသွားစေမည့် ငန်းနက်ဖြစ်ရပ်ကို ရှောင်လွှဲမရလုနီးပါး ဖြစ်ခြင်းတို့ ဖြစ်သည်။

မြန်မာ၏ အိမ်နီးချင်းများနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဖက်ဒရယ် ဒီမိုကရက်တစ် စနစ်သစ်သို့ ချောမွေ့စွာ ကူးပြောင်းခြင်းကို အာမခံရန် ခက်ခဲသည့် နောက်ဆက်တွဲ အခြေအနေအတွက် သံတမန်ရေး၊ လူသားချင်းစာနာမှု၊ တရားဥပဒေဆိုင်ရာတုံ့ပြန်မှုများ ကြိုတင်ပြင်ဆင်ထားရန် အကြံပြုရမည်ဖြစ်သည်။

(Asia Times ပါ Anthony Davis ၏ Fog of war: Myanmar”s armed conflict is not a stalemate ကို ဘာသာပြန်သည်။ Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)

You may also like these stories:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ဗျူဟာကုန်းကို KIA သိမ်းပိုက်

စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား

စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးEROK3CPDFSliderစစ်ကောင်စီဒရုန်းတိုက်ခိုက်မှုနွေဦးတော်လှန်ရေးလက်နက်ခဲယမ်းလေကြောင်းတိုက်ခိုက်မှုဝါဒဖြန့်ချိရေးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအမျိုးသားညီညွတ်ရေးအစိုးရ
Anthony Davis

Anthony Davis

Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရိုဟင်ဂျာ ပြန်လက်ခံရေး ကြိုးပမ်းချက် နိုင်ငံရေးအသုံးချမှုဟု ဒုက္ခသည်များ ဝေဖန်

ရိုဟင်ဂျာ ပြန်လက်ခံရေး ကြိုးပမ်းချက် နိုင်ငံရေးအသုံးချမှုဟု ဒုက္ခသည်များ ဝေဖန်

ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်

ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved