• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ဗျူဟာကုန်းကို KIA သိမ်းပိုက်

by ဧရာဝတီ
31 October 2023
in သတင်း
A A
မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ဗျူဟာကုန်းကို KIA သိမ်းပိုက်

အောက်တိုဘာ ၂၀ ရက်နေ့က ကေအိုင်အေနှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက် သိမ်းယူခဲ့သော အောင်ဂျာစခန်း

3.9k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား- ဗန်းမော် ကားလမ်းလုံခြုံရေးအတွက် အရေးပါသော စစ်ကောင်စီ၏ ဂန်ဒေါင်ယန် အထိုင်စခန်းကြီးကို ယနေ့ အောက်တိုဘာ ၃၁ ရက် နံနက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုစစ်ကောင်စီတပ်စခန်းကို ယနေ့နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင် KIA၊ ရခိုင့်တပ်တော် AA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် ပူးပေါင်း တပ်ဖွဲ့များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကာ လတ်တလော နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီသို့ ပြောသည်။

“အဓိက နယ်ခြေလုံခြုံရေးအတွက် တိုက်ခိုက်သိမ်းပိုက်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို ထိန်းချုပ်နိုင်တဲ့ စခန်းလည်းဖြစ်ပါတယ် ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

“သူတို့(စစ်ကောင်စီ)အတွက်လည်း ဗျူဟာကျတဲ့ စခန်းကြီးတခု ဖြစ်ပါတယ်။ နောက်ပြီး ဒီနေရာက ပါပါဂျောင်ဘက်ကို တက်သွားဖို့ လမ်းခွဲဖြစ်ပြီး သွားရေးလာရေး ရိက္ခာထောက်ပို့လမ်းကြောင်း အတွက် အဓိကကျတဲ့ စခန်းကြီးတခုကျသွားတဲ့ သူတို့လည်း တော်တော်တော့ အထိနာသွားမှာပါ ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ စခန်းသိမ်းပွဲအတွင်း နှစ်ဖက်အကျအဆုံး အခြေအနေများ၊ စစ်သုံ့ပန်း ဖမ်းဆီးရမိခြင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရမိမှု အခြေအနေများကိုမူ KIA ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဂန်ဒေါင်ယန်စခန်း လက်လွှတ်ဆုံးရှုံးပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ် လိုင်ဇာရှိ AA တပ်စခန်းရှိရာ နေရာများကို စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အာဏာသိမ်းပြီးလျှင်ပြီးချင်း ကေအိုင်အေက သိမ်းယူခဲ့သည့် အလော့ဘွမ်တောင်ကုန်းပေါ်သို့ စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့တွင် နေထိုင်နေသူတဦးက “ အခုနေ့လည်ပိုင်းမှာ အာလော့ဘွမ်ကို လေကြောင်းကနေ ဗုံးကြဲတာက သုံးခါလောက်ရှိပြီ။ တတိယတခေါက်ဆိုရင် မြို့နဲ့ အရမ်းနီးတယ် ” ဟု ဆိုသည်။

စစ်ရေးအရ ဗျူဟာကျသော ဂန်ဒေါင်ယန်စခန်း လက်လွှတ်ဆုံးရှုံးရခြင်းကြောင့် စစ်ကောင်စီသည် လိုင်ဇာမြို့ကို လက်နက်နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ခြင်းကြောင့် လုံခြုံရေးအခြေအနေအရ စိတ်မချရပေ။

AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ မြန်မာစစ်တပ်ဘက်က သူတို့ဘက်မှာ ထိခိုက်အကျအဆုံးများပြီဆိုရင် လက်နက်ကြီးတွေနဲ့ ထိချင်ရာထိဆိုပြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်နေတဲ့ နေရာက လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ မုန်လိုက်ခက်လို ထပ်ဖြစ်မှာ စိုးရိမ်ရတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် KIA ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ရှောင်ဒုက္ခသည်စခန်းကို စစ်ကောင်စီဘက်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် လူ ၂၉ ဦးသေဆုံးခဲ့ပြီး လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ထိုဖြစ်ရပ်နောက်ပိုင်းတွင် မုန်လိုင်ခက်ကျေးရွာအနီး ပတ်ဝန်းကျင်မှ စစ်ဘေးရှောင်များသည် အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြသည်။

အောက်တိုဘာ ၂၀ ရက်တုန်းကလည်း မြစ်ကြီးနား-ဗန်းမော် ကားလမ်ဘေးရှိ စစ်ကောင်စီ၏ နောက်ထပ်အရေးပါသော အောင်ဂျာ တပ်စခန်းကို KIA သိမ်းယူခဲ့သေးသည်။ ယခုအခါ စစ်ကောင်စီက ၄ လကြာ ပိတ်ထားသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းတွင် ၁၄ ကီလိုမီတာမျှ ဝေးသည့် နမ်ဆန်ယန်-ဂန်ဒေါင်ယန် ကားလမ်းပိုင်းအား KIA က စိုးမိုးလိုက်နိုင်ပြီဖြစ်သည်။

တချိန်တည်းတွင်ပင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရခိုင့်တပ်တော် AA တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းမှ နယ်မြေတချို့တွင် ၁၀၂၇ အမည်ရှိ စစ်ဆင်ရေးများ အကောင်အထည်ဖော်ကာ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF များ နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အစရှိသည့် တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်နေသည်။

ယမန်နေ့ညပိုင်းကလည်း KIA တပ်မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း ၈ နယ်မြေဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ်၊ မုံးမော်ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း(ခလရ) ၃၂၄ အထိုင် စခန်းကြီးတခုကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ဘက်က ဧရာဝတီသို့ အတည်ပြု ပြောဆိုသလို ၁၀၂၇ စစ်ဆင်ရေး တစိတ်တပိုင်းအနေဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း၌ပါ စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

You may also like these stories:

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
307
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ယူကရိန်းလုပ် သံချပ်ကာယာဉ်များ တိုင်းရင်းသားလက်နက်ကိုင်များ ဖမ်းမိ

စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်းကို KIA သိမ်းပိုက်

Your Thoughts …
Tags: KIA သိမ်းပိုက်ဂန်ဒေါင်ယန်စစ်ဗျူဟာကုန်းမြစ်ကြီးနား-ဗန်းမော် ကားလမ်းအောင်ဂျာတပ်စခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ

by ဧရာဝတီ
27 December 2023
4.9k

ရခိုင်စစ်ပွဲကာလအတွင်း စစ်ကောင်စီ၏ ပိတ်ဆို့ဖြတ်တောက်ရေးဗျူဟာကို ကျော်လွှားနိုင်ရန် ကုလားတန် မြစ်ကြောင်းတလျောက်ရှိ စစ်ကောင်စီအမာခံစခန်းများကို AA တိုက်ခိုက်ဖြိုဖျက်၍ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်တခု ဖန်တီး ရယူနိုင်မည်လား

စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်းကို KIA သိမ်းပိုက်

စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်းကို KIA သိမ်းပိုက်

by ဧရာဝတီ
21 October 2023
4.8k

မြစ်ကြီးနား-ဗန်းမော် ကားလမ်း၊ နန်ဆန်ယန်ရွာအနီးရှိ စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အောက်တိုဘာ ၂၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

by ဧရာဝတီ
31 October 2023
4.5k

စစ်ရေးအခြေအနေများကို KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မုံးကိုးဗျူဟာကုန်း မဟာမိတ်တပ် သိမ်းပိုက်၊ သံချပ်ကာတစီး ထပ်ရ

မုံးကိုးဗျူဟာကုန်း မဟာမိတ်တပ် သိမ်းပိုက်၊ သံချပ်ကာတစီး ထပ်ရ

by ဧရာဝတီ
7 November 2023
4.3k

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ အရေးပါသော စစ်တပ်စခန်းတခုဖြစ်သည့် မုံးကိုးမြို့ ဗျူဟာကုန်းအား ညီနောင်မဟာမိတ်တပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တာယာဘီးတပ် သံချပ်ကာယာဉ်တစီးလည်း သိမ်းဆည်းရရှိခဲ့ကြောင်း

Next Post
ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

ဒီပဲယင်းတွင် စစ်ကြောင်းက အရပ်သား ၇ ဦးကို ဦးခေါင်းဖြတ် သတ်သွား

ဒီပဲယင်းတွင် စစ်ကြောင်းက အရပ်သား ၇ ဦးကို ဦးခေါင်းဖြတ် သတ်သွား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved