• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်းကို KIA သိမ်းပိုက်

by ဧရာဝတီ
21 October 2023
in သတင်း
A A
စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်းကို KIA သိမ်းပိုက်

KIA သိမ်းပိုက်ခဲ့သည့် အောင်ဂျာတပ်စခန်း

4.8k
VIEWS
Share on FacebookShare on Twitter

မြစ်ကြီးနား-ဗန်းမော် ကားလမ်း၊ နန်ဆန်ယန်ရွာအနီးရှိ စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အောက်တိုဘာ ၂၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာတီသို့ ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “မြစ်ကြီးနား-ဗန်းမော် ကားလမ်း၊ ဝိုင်းမော်နဲ့လမ်းကြားမှာ နန်ဆန်ယန်ဆိုတဲ့ ရွာကြီးတခုရှိပါတယ်။ အဲဒါနဲ့ကပ်လျက်တည်ထားတဲ့ ဒေသစခန်းတခု ဖြစ်ပါတယ်။ အဲဒီနန်ဆန်ယန်ကတော့ လိုင်ဇာဘက်ကို သွားတဲ့လမ်းလည်း ရှိတယ်။ နောက်တခုရှိတာက ဗန်းမော်ဘက်ကို သွားတဲ့အခါမှာ ပထမဆုံးရောက်တဲ့စခန်းလည်း ဖြစ်တယ်။ သူတို့အတွက်တော့ အရေးကြီးတဲ့ ဗျူဟာမြောက်တဲ့စခန်းတခု လို့ ခံယူထားပါတယ်” ဟု ပြောသည်။

ယင်းစခန်းတွင် အင်အား ၇၀ ခန့်ရှိပြီး တိုက်ပွဲအတွင်း စစ်သုံ့ပန်းတချို့ကို KIA ဘက်က ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းထွက် ပေါ်နေသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်ပါ။ နှစ်ဖက်ထိခိုက်သေဆုံးမှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုများ နှင့် ပတ်သက်၍လည်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

KIA တပ်များသည် လဲလုံစခန်း (အောင်ဂျာ) အား ၂၀၂၃ ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်ထိ ၈၁ ကြိမ်တိုင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ယင်းတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အမြောက်၊ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ခုခံတိုက်ခဲ့သော်လည်း အောက်တို ဘာ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် စခန်းမှဆုတ်ခွာပေးခဲ့ရကြောင်း၊ ယင်းစခန်းအား အမြန်ဆုံးပြန်လည် သိမ်းပိုက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ဆိုထားသည်။

ယခုရက်ပိုင်းတွင် KIA သည် စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသည့် တပ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည်ကိုတွေ့ရပြီး ၃ ရက် အတွင်း စခန်း ၃ ခု သိမ်းယူထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးပေါ်ဒေသမှာ အထိုင်ချထားသည့် စစ်ကောင်စီ တပ်စခန်းတခုကို အောက်တိုဘာ ၁၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းယူထားသည်။

ထို့အတူ အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးရွာထိပ်ရှိ စစ်ကောင်စီတပ်စခန်း ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) နှင့် ဒေသကာကွယ် ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုထားသည်။

အဆိုပါစခန်းသည် ရွှေကူ-ဗန်းမော် ဆက်သွယ်ရေးလမ်းကြောင်းပေါ် ရှိနေသည့်အပြင် မန္တလေးမှတဆင့် ဗန်းမော်သို့ စစ်ကူ၊ ရိက္ခာထောက်ပို့များအား ဧရာဝတီမြစ်ကြောင်းမှ စစ်သင်္ဘောများဖြင့် ပို့ဆောင်ရာတွင်လည်း လုံခြုံရေး ယူပေးရ သည့် အရေးပါသောစခန်းတခု ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ဗန်းမော်မြို့သို့ စစ်ကူ၊ ရိက္ခာများ ပို့ဆောင်အင်အားဖြည့်မှုနှင့်အတူ လမ်းကြောင်းတလျှောက် တိုက်ပွဲ များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ရေးအရအရေးပါသည့် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းအား ပြန်လည်ထိန်းချုပ်စိုးမိုးနိုင် ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း KIA ဘက်က သုံးသပ်ထားသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နန်ဆန်ယန်ကျေးရွာသည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ အဝင်လမ်းကြောင်းတခု လည်း ဖြစ်သည်။

You may also like these stories:

ရွှေကူမြို့နယ် စစ်တပ်စခန်း KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်

မူဆယ်က စစ်ကောင်စီ အထိုင်တပ်ကို KIA တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

Your Thoughts …
Tags: KIAနန်ဆန်ယန်မြစ်ကြီးနား-ဗန်းမော်ကားလမ်းအောင်ဂျာတပ်စခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
KIA တပ်မဟာ-၆ ဌာနချုပ်အား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

KIA တပ်မဟာ-၆ ဌာနချုပ်အား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

မြွေ နဲ့ လူသား

မြွေ နဲ့ လူသား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved