• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေကူမြို့နယ် စစ်တပ်စခန်း KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်

by ဧရာဝတီ
19 October 2023
in သတင်း
A A

KIA ပူးပေါင်းအဖွဲ့က ရွှေကူမြို့နယ် စစ်တပ်စခန်းကို စီးနင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ / ရွှေကူ PDF

2.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးရွာထိပ်ရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) နှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်း၌ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ထိုတပ်စခန်းသည် ရွှေကူမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၆၀၂ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၅၆ တပ်ရင်းဌာနချုပ် လုံခြုံရေး ရှေ့တန်းအနေဖြင့် တပ်စွဲထားသည့်စခန်းဖြစ်ပြီး အထိုင်တပ်ဌာနချုပ်နှင့် ၄ မိုင်ခွဲခန့်သာ ကွာဝေးသည်။

တိုက်ခိုက်ဖျက်ဆီးခံရသည့် စစ်ကောင်စီစခန်းသည် ရွှေကူ-ဗန်းမော် ဆက်သွယ်ရေးလမ်းကြောင်းပေါ် ရှိနေသည့်အပြင် မန္တလေးမှတဆင့်ဗန်းမော်သို့ စစ်ကူ၊ ရိက္ခာထောက်ပို့များအား ဧရာဝတီမြစ်ကြောင်းမှ စစ်သင်္ဘောများဖြင့် ပို့ဆောင်ရာတွင် လည်း လုံခြုံရေးယူပေးရသည့် အရေးပါသောစခန်းတခု ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “ခလရ ၅၆ က ကချင်ပြည်နယ်ဘက်မှာ ကြေးနန်းသတင်းကိစ္စရပ်တွေ အားလုံးချုပ်ထားတဲ့နေရာ။ ဒီစခန်းနေရာကနေ ပြည်သူသွားလာမှုတွေကို စစ်ဆေးနေတဲ့စခန်းလည်းဖြစ်လို့ အရေးပါတာပေါ့။ ဗန်းမော်နဲ့ ရွှေကူလမ်း ကြောင်းဆိုတာက မန္တလေးကနေဆန်တက်လာတဲ့ စစ်သင်္ဘောတွေအကုန်လုံး အဲဒီလမ်းကြောင်းကနေတက်လာတာ။ ဒီနေရာက အရေးကြီးတာပေါ့။ နောက်ပြီး ရှမ်းမြောက်ဘက်ကနေလာတဲ့ အရေးကြီးတဲ့ လမ်းမကြီးလည်းဖြစ်တယ်” ဟု ပြောသည်။

KIA ပူးပေါင်းအဖွဲ့က စခန်းအား စီးနင်းတိုက်ခိုက်ပြီးနောက် စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး၏ အလောင်းနှင့်အတူ MA-11 သေနတ်တလက် အပါအဝင် ခဲယမ်းပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် KIA ပူးပေါင်းအဖွဲ့ဘက်က တပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် စခန်းတည်နေရာပြ မြေပုံ / ဧရာဝတီ

တိုက်ပွဲဖြစ်ပြီးနောက် ရွှေကူမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်နေသည့်အတွက် ငါးဘတ်ကြီးရွာနှင့် ရွှေကူမြို့အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရမှု ရှိနေကြောင်း လည်း ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
503
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

ထိုသို့ လက်နက်ကြီးပစ်ခတ်နေသည့် စစ်ကောင်စီတပ်နေရာများကို ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ ဖြစ်သည့် Myo Hla PDF က ဒရုန်းများဖြင့် တုံ့ပြန်ဗုံကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ရွှေကူ PDF က ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ဧရာဝတီမြစ်ကြောင်းမှတဆင့် ဗန်းမော်ဘက်သို့တက်လာသည် စစ်ကောင်စီ ထောက်ပို့သင်္ဘောများအား ရွှေကူမြို့နယ်အတွင်း ဒေသအခြေစိုက် PDF များက တိုက်ခိုက်ခဲ့သည့်အပြင် ထောက်ပို့ သင်္ဘောလမ်းကြောင်း လုံခြုံရေးအနေဖြင့် မြေပြင်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကိုလည်း PDF များက တိုက်ခိုက်ခဲ့သည်။

KIA ပူးပေါင်းအဖွဲ့က ရွှေကူမြို့နယ် စစ်တပ်စခန်းကို စီးနင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ / ရွှေကူ PDF

စစ်ကောင်စီအနေဖြင့် ဗန်းမော်မြို့သို့ စစ်ကူ၊ ရိက္ခာများ ပို့ဆောင်အင်အားဖြည့်မှုနှင့်အတူ လမ်းကြောင်းတလျှောက် တိုက်ပွဲ များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ရေးအရအရေးပါသည့် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းအား ပြန်လည်ထိန်းချုပ်စိုးမိုးနိုင် ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း KIA ဘက်က သုံးသပ်ထားသည်။

ဗိုလ်မှူးကြီး နော်ဘူက “အဓိကတော့ ဗန်းမော်-မြစ်ကြီးနားကားလမ်းကို ပြန်ပြီးထိန်းချုပ်ချင်လို့ ကြိုးစားတဲ့သဘောမျိုး လည်း ဖြစ်ပါတယ်။ အထူးသဖြင့် နမ်ဆန်ယန်မှာသူတို့က စခန်းထိုင်ချင်တာ။ အဲဒီနမ်ဆန်ယန်ရွာက မြစ်ကြီးနားကနေ လိုင်ဇာဘက်ကိုလာတဲ့ လမ်းခွဲလည်းဖြစ်နေတယ်။ အဲဒီအချက်အချာကျတဲ့နေရာကို သူတို့က ပြန်ထိုင်ချင်တာ” ဟု ပြောသည်။

ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာသည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ အဝင်လမ်းကြောင်းတခု လည်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် နမ်ဆန်ယန်ကျေးရွာသို့ ပြီးခဲ့သည့် ဇူလိုင်လကတည်းက မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်နေသည့် အပြင် ဇူလိုင် ၂၁ ရက် ညပိုင်းကလည်း တိုက်လေယာဉ် ၄ စင်းဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း KIA ဘက်က ပြောထားသည်။

You may also like these stories:

KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

တနိုင်းမြို့နယ်ရှိ KIA ကာကင်းစခန်းတခု တိုက်ခိုက်ခံရ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

KIA၊ TNLA နဲ့ အာဏာသိမ်း စစ်တပ် တိုက်ပွဲဖြစ်

Your Thoughts …
Tags: KIAPDFစစ်ကောင်စီရွှေကူ-ဗန်းမော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအတွက် ထောက်ပံ့မှု မရ

ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအတွက် ထောက်ပံ့မှု မရ

မူဆယ်က စစ်ကောင်စီ အထိုင်တပ်ကို KIA တိုက်ခိုက်သိမ်းပိုက်

မူဆယ်က စစ်ကောင်စီ အထိုင်တပ်ကို KIA တိုက်ခိုက်သိမ်းပိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved