• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအတွက် ထောက်ပံ့မှု မရ

by ဧရာဝတီ
20 October 2023
in Uncategorized
A A
ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအတွက် ထောက်ပံ့မှု မရ

ပဲခူးတိုင်းအတွင်းရှိ ရေနမြုပ်ခဲ့ရသည့် စပါးစိုက်ခင်းတချို့ (ဓာတ်ပုံ- တောင်သူ)

954
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း ရေကြီးနစ်မြုပ်မှုတွင် ပျက်စီးခဲ့ရသော စပါးစိုက်ခင်းပေါင်းများစွာအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးခြင်း၊ မျိုး စပါးများ လုံလောက်စွာ ဖြန့်ဖြူးပေးခြင်းနှင့် သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာ၊ လောင်စာဆီ အစရှိသည်တို့ကို သင့်တင့် မျှတသည့်ဈေးဖြင့်ပေးနိုင်ရန် လိုအပ်နေသော်လည်း ယခုအချိန်ထိ ကူညီထောက်ပံ့မှုများ မရရှိသေးကြောင်း လယ်သမား များထံက သိရသည်။

စစ်ကောင်စီ၏ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ထိခိုက်ပျက်စီး မှု အနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး စက်မှုလယ်ယာဦးစီးဌာနမှ စပါးရိတ်သိမ်းခြွေလှေ့စက်များ သက်ဆိုင်ရာဒေသသို့ ချက်ခြင်းရောက်ရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက်က ပဲခူးတိုင်းအစိုးရအဖွဲ့တွင် ပြု လုပ်သည့် အစည်းအဝေး၌ ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပဲခူးတိုင်းအရှေ့ခြမ်း ရေကြီးနစ်မြုပ်မှုအပေါ် အသင်းချုပ် ညီနောင်အသင်း များနှင့် ကုမ္ပဏီများက အလှူငွေ ကျပ်သိန်း ၄၀၀ လှူဒါန်းထားပြီး ပြန်လည်ထူထောင်ရေးအတွက် တောင်သူများကို ကျပ် သိန်း ၅၀၀ ခန့် ဆက်လက် ဆောင်ရွက်မည့်ကိစ္စများ၊ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်စပါးများ ရောင်းဝယ်မှု ပြုရေးကိစ္စများ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဆောင်ရွက်မည့်ကိစ္စများ၊ ၁၀ ဧကအထက်ရှိသော လယ်သမားများကို စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေး သီးနှံစိုက်ပျိုးရာသီတွင် ချေးငွေအပြည့်အဝ ထုတ်ချေးနိုင်ရေးကိစ္စများကို အောက်တိုဘာ ၁၆ ရက် က ဆွေးနွေးခဲ့ကြောင်း ယနေ့ စစ်ကောင်စီ၏ သတင်းစာများတွင် ဖော်ပြထားသည်။

သို့သော်လည်း လက်ရှိတွင် လယ်သမားများထံသို့ မည်သည့် ကူညီထောက်ပံ့မှုမျိုးမှ ရောက်ခြင်း မရှိသေးကြောင်း ပဲခူးတိုင်း အတွင်းရှိ လယ်သမားများထံက သိရသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှ လယ်သမား ဦးစံသိန်းက “ရေကြီးနစ်မြှုပ်တာကြောင့်လယ်သမားတွေ ၇၅ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ တချို့ကျတော့ မျိုးခင်းတွေ ပျက်တယ်။ စိုက်တဲ့ဆဲဆဲအခင်းတွေရှိတယ်။ စိုက်ပြီးတဲ့အခင်းတွေက လုံး လုံးကြီး ရေလွှမ်းသွားတာ ရှိတယ်။ စပါးတွေက အခု ပြန်ပေါ်လာရော အကုန်လုံး လောင်မြီးတွေကျ သေကုန်ရော၊ ကျနော် တို့က စပါး စစိုက်ထဲက ရိတ်သိမ်းချိန်ထိ ၁ ဧက ကျပ် ၇ သိန်းကျော်လောက်ကုန်တာဆိုတော့ စိုက်ပျိုးပြီး လယ်သမား တယောက်ဆိုရင် လယ် ၁ ဧကကျပ် ၅ သိန်းလောက် ဆုံးရှုံးတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် လယ်သမားတဦး ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူ ခြင်းများရှိသော်လည်း မည်သို့ ကူညီအစားထိုးမှုများလုပ်ပေးမည်ကို လက်ရှိအချိန်ထိ မသိရသေးကြောင်း ၎င်းက ပြော သည်။

ဆက်လက်၍ ၎င်းက “ဆန်ကုန်သည်ကြီးများအသင်းကလားမသိဘူး။ မျိုးစပါးတွေကို လယ်သမားတွေ ခေါ်ပေးနေတယ်။ ခေါ်ပေးတယ်ဆိုတာကလည်း အလကားပေးတာ မဟုတ်ဘူးဗျ။ ပေါက်ဈေးနဲ့ ရောင်းတာ။ ဒါပေမယ့် ရောင်းတာက လက်ငင်း ငွေချေစနစ်နဲ့ မပေးရဘူး။ စပါးပေါ်မှ ပေးပေါ့။ မျိုးစပါး(ဆင်းသုခ) ၁ တင်းကို ကျပ် ၃ သောင်း လောက်ရှိတယ်။ ဒါကလည်း စိုက်တဲ့အချိန်ရှိသေးတော့ လယ်သမားတွေကတော့ အခု သက်ငယ်စပါး (သုံးလပေါ်) ကြဲဖို့ လုပ်နေကြတယ်။ ကျနော်တို့ ဒိုက်ဦးတမြို့နယ်ထဲ ဧက ၂၀၀၀ လောက် ပျက်စီးသွားတယ်။ ကျနော်လည်း ဧက ၂၀ လောက် ပျက်စီးသွားတာပေါ့” ဟု လက်ရှိ အခြေအနေကို ပြောပြသည်။

ပဲခူးတိုင်းအတွင်းရှိ ရေနမြုပ်ခဲ့ရသည့် စပါးစိုက်ခင်းတချို့ (ဓာတ်ပုံ- တောင်သူ)

လက်ရှိတွင် ကုန်သည်ကြီးများက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်နှင့် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွား သော လယ်သမားများအား မျိုးစပါးများကို စပါးပေါ် အကြွေးစနစ်နှင့် ချပေးခြင်းများ ရှိသော်လည်း တခြား အကူအညီ များကို လယ်သမားများ မရရှိကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် စိုက်ပျိုးစရိတ်ချေးငွေများကို ဆိုင်းငံ့ပေးခြင်း၊ မျိုးစပါး ထုတ်ပေးခြင်းများကို လယ်သမားများ လိုအပ်နေကြောင်း လယ်သမားများက ပြောသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
174
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

သနပ်ပင်မြို့နယ်မှ လယ်သမား ဦးဆန်းညွန့်က “မိုးတအားများတော့ သက်ငယ်စပါးတွေက ၅၀ ရာခိုင်နှုန်း လောက်ပျက် တယ်။ ကျန်တဲ့သက်လတ် စပါးတွေကတော့ အပျက်အစီးမရှိပေမယ့် မိုးများတဲ့အတွက် အဖျင်းအမှော် များတယ်။ အခုအုပ်ချုပ်နေတဲ့သူတွေဘက်ကတော့ ဘာမှ ပံ့ပိုးမှု မရှိသေးဘူးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မိုးများခြင်း၊ ရေကြီးနစ်မြှုပ်မှုများကြောင့် ပုံမှန်အားဖြင့် သက်လတ် စပါးကြဲခင်းမှာ ၁ ဧကလျှင် စပါးတင်း ၆၀ ထွက်လျှင် ယခုအချိန်တွင် တင်း ၅၀ သာ ထွက်နိုင်သလို သက်လတ်စပါး စိုက်ခင်း (စပါးအပင်စိုက်) ၁ ဧကလျှင် တင်း ၈၀ ထွက်လျှင် ယခုအချိန်တွင် တင်း ၆၀၊ ၇၀ သာ ထွက်နိုင်သည်အထိ လျော့ကျသွားကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ကျနော်ဆို ဧက ၆၀ စိုက်ပျိုးထားတယ်။ တချို့ လယ်တွေကတော့ ရိတ်လိုက်ပြီပေါ့။ တချို့ ရေထဲမြှုပ် သွားတဲ့ စပါးတွေက အရောင်အသွေး မကောင်းတော့ ဈေးကွက်မရတော့ဘူးပေါ့။ ဒီတော့ ဒီစပါးတွေကို တိရစ္ဆာန်အစား အစာအဖြစ်နဲ့ ကြိတ်ခွဲရောင်းရမှာပေါ့။ ကျနော်တို့က စပါးရောင်းရင် ဝေါမြို့ ကို တက်ရောင်းရတာ။ ကနဦးတုန်းက စပါးအစို ဓာတ်ရှိတာကို တင်းတရာ ကျပ် ၁၅ သိန်းခွဲပေးတယ်။ အခုတော့ ၁၄ သိန်းလောက်နဲ့ပဲ ဝယ်တော့တယ်။ ဈေးလည်းကျ သွားတာပေါ့” ဟု လက်ရှိအခြေအနေကို ပြောသည်။

ယခုနှစ် မိုးစပါးစိုက်ပျိုး ရိတ်သိမ်းသည့် ရာသီတွင် ရာသီဥတုဖျက်ဆီးသောကြောင့် လယ်သမား အများစုမှာ စိုက်ပျိုး စရိတ် နှင့် တွက်ချေမကိုက်သည့် အခြေအနေရှိသလို သွင်းအားစုဈေး၊ လောင်စာဆီဈေး အစရှိသည်တို့မှာလည်း အဆမတန် မြင့်တက်နေသည့်အတွက် လာမည့် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးရန် အခက်အခဲများလည်း ရှိကြောင်း လယ်သမား များထံက သိရသည်။

ယခုလအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်းတွင် မိုးစပါး စိုက်ဧက ၈ သောင်း ၇ ထောင်ကျော် ရေနစ်မြုပ်ခဲ့ပြီး ပြန်ပေါ်ဧက ၇ သောင်း ၇ ထောင်ကျော်အနက် ၃ သောင်းကျော် ထိခိုက်ခဲ့ပြီး ဧက ၄ ထောင်ကျော်မှ ပျက်စီးခဲ့သည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ပဲခူးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

You may also like these stories:

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

ရခိုင်တွင် ရေလွှမ်းမိုးမှုကြောင့် လယ်ဧကသောင်းချီ ပျက်စီး

Your Thoughts …
Tags: စပါးစိုက်ခင်းပဲခူးတိုင်းရေကြီးနစ်မြုပ်လယ်သမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တောင်းမြစ်အနောက်ခြမ်းတွင် စစ်ကောင်စီနှင့် ကရင်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

စစ်တောင်းမြစ်အနောက်ခြမ်းတွင် စစ်ကောင်စီနှင့် ကရင်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

by ဧရာဝတီ
19 July 2023
7k

ပဲခူးတိုင်းအတွင်းရှိ၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ညောင်လေးပင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များကြား ဇူလိုင် ၁၄ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်နေကြောင်း KNU တပ်မဟာ ၃ နှင့် နီးစပ်သူများက ဧရာဝတီကို ပြောသည်။

ပဲခူး စစ်ဆေးရေးစခန်းများတွင် အကြီးအကျယ် ဖမ်းဆီး သတ်ဖြတ်နေ

ပဲခူး စစ်ဆေးရေးစခန်းများတွင် အကြီးအကျယ် ဖမ်းဆီး သတ်ဖြတ်နေ

by ဧရာဝတီ
15 May 2024
6.9k

"လူ ၃၀ ကျော်ကို ရန်ကုန်-ပြည်လမ်းပေါ်က မီးနင်းချောင်း စစ်ဆေးရေးစခန်းမှာ ဖမ်းပြီး ကျန်တဲ့ ၂၀ ကျော်က ကွမ်းခြံကုန်း စစ်ဆေးရေးစခန်းမှာ အဖမ်းခံရတာ"

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

by ဧရာဝတီ
12 September 2024
4.4k

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များ မြစ်ရေမြင့်တက်နေမှုနှင့်အတူ ယင်းမြစ်များပေါ်တွင်တည်ဆောက်ထားသော ဆည်ကြီးများမှ ရေလွှတ်ခြင်း၊ ရေဖောက်ချခြင်းနှင့် ဆည်ကျိုးခြင်းများကြောင့် ကျေးရွာများရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေ

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက အတင်းအကျပ် စုဆောင်းနေ

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက အတင်းအကျပ် စုဆောင်းနေ

by Brian Wei
17 January 2024
1.8k

ပြည်သူ့စစ်ကို ထောက်ပံ့ရန် တအိမ်လျှင် တလ ၅,၀၀၀ ကျပ် ပေးရမည်ဟုလည်း အုပ်ချုပ်ရေးမှူးများက ပြောသည်။

စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀

စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀

by ဧရာဝတီ
29 August 2023
1.3k

စစ်တပ်ရဲ့ တရွာဝင်တရွာထွက် အိမ်၊ ဝမ်းစာစပါး၊ မျိုးစပါး၊ လယ်ထွန်စက်၊ ကျွဲ၊ နွားပါမချန် မီးရှို့ဖျက် ဆီးနေတာကြောင့် လယ်သမားတွေက အခုနှစ်တွေမှာ လယ်ယာလုပ်ငန်းခွင်မှာ မစိုက်ရဲတော့ဘဲ စစ်ရှောင် လယ် သမားတွေများလာ

Next Post
မူဆယ်က စစ်ကောင်စီ အထိုင်တပ်ကို KIA တိုက်ခိုက်သိမ်းပိုက်

မူဆယ်က စစ်ကောင်စီ အထိုင်တပ်ကို KIA တိုက်ခိုက်သိမ်းပိုက်

အပျံသင်

အပျံသင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved