• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

by ဧရာဝတီ
19 October 2023
in သတင်း
A A
၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

မြန်မာ့ ဆန်များ ပြည်ပတင်ပို့ရန် သင်္ဘော တင်နေစဉ် / ဧရာဝတီ

2.6k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ ပို့ကုန်သွင်းကုန်လိုင်စင်များ တင်းကျပ်ခြင်း၊ ပို့ကုန်ရငွေများကို ဈေးကွက်ပေါက်ဈေးထက် နည်း၍ ဗဟိုဘဏ် သတ်မှတ်ဈေးဖြင့် ဖြတ်တောက်ခြင်း စသောမူဝါဒများကြောင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ၆ လအတွင်း ပြည်ပ ပို့ကုန်တင်ပို့မှု မှာ အမေရိကန်ဒေါ်လာ သန်း ၁,၀၁၄ ကျော်အထိ ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယမန်နှစ် ဧပြီလမှ စက်တင်ဘာအထိ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၈,၈၅၃ ရှိခဲ့သော်လည်း ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ကာလတူ ပထမ ၆ လ ပတ် ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၇,၈၀၀ ကျော်သာ ရှိခဲ့ရာ သန်း ၁,၀၀၀ ကျော်အထိ ကျဆင်းသွားသည်ကို တွေ့ရသည်။

တင်ပို့မှု ကျဆင်းသွားသောကဏ္ဍများမှာ ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရာဘာ၊ လက်ခစားစနစ်(CMP) ဖြင့် ချုပ်ပြီး အထည်တင်ပို့မှုများဖြစ်ပြီး ပြည်ပဝယ်လက်များ၏ အော်ဒါမှာယူမှု နည်းပါးခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း မြင့်တက် နေခြင်းနှင့် တရားမဝင်ကုန်သွယ်မှုတို့ကြောင့် ယခုကဲ့သို့ ပို့ကုန်တင်ပို့မှု ကျဆင်းရခြင်းဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ် UMFCCI က ထုတ်ပြန်ထားသည်။

ရာဘာလုပ်ငန်းရှင်တဦးက “ အဓိကက ဗဟိုဘဏ်ရဲ့ ၅၀-၅၀ မူဝါဒကြောင့်ပဲ။ ၁ တန်ပို့တိုင်း ပို့တိုင်းကိုပဲ မြန်မာငွေနဲ့ဆိုရင် ၁၀ သိန်းလောက်ရှုံးနေတာကို၊ အဲဒီအတွက်ကြောင့်ကို ပို့ကုန်သမားတွေက တင်ပို့နိုင်ခြင်း မရှိတော့တာ” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် နိုင်ငံခြားကုမ္ပဏီများနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုထားသော ပြည်တွင်း ရာဘာကုမ္ပဏီ အနည်းငယ်တချို့ သာ ပြည်ပတင်ပို့မှု ဆက်လက်လုပ်ကိုင်နေလျက်ရှိပြီး အများစုမှာ တွက်ချေမကိုက်၍ တင်ပို့နိုင်မှု အနည်းငယ်သာ ရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်ဝင်ရောက်မှု မရှိခြင်း၊ ပို့ကုန်တင်ပို့မှုကျဆင်းခြင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေအသစ်များ မရရှိတော့ခြင်းကြောင့် ကျပ်တည်းလာသော နိုင်ငံခြားအရန်ငွေကို ဖြေရှင်းနိုင်ရန် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း၌ ပို့ကုန်ရငွေ အမေရိကန် ဒေါ်လာများကို ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေး၂,၁၀၀ ကျပ်ဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင်မူ ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးဖြင့် ရောင်းချရန်နှင့် ကျန် ၅၀ ရာခိုင်နှုန်းကို ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ သတ်မှတ်နှုန်းထား ၁ ဒေါ်လာ ကျပ် ၂,၉၁၀ ဖြင့် ရောင်းချရန် ပြောင်းလဲ သတ်မှတ်ခဲ့သည်။

အထက်ပါ ရာဘာလုပ်ငန်းရှင်က “ပို့ကုန်ရငွေကို ၂,၁၀၀ (ကျပ်)နဲ့က ၅၀ ရာခိုင်နှုန်း၊ ၂,၉၁၀ နဲ့က ၅၀ ရာခိုင်နှုန်း ပို့ကုန်သမားတွေက ဒါပဲ ပြန်ရတာလေ။ တကယ့် မြေပြင်မှာ ဝယ်ရတဲ့ဈေးနဲ့ကျတော့ ပို့ကုန်သမားတွေအတွက်က ဘယ်လိုမှ ပို့နိုင်တော့တဲ့ အခြေအနေမရှိဘူး၊ တွက်ချေ မကိုက်ဘူးပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ၏ အဓိက လယ်ယာစိုက်ပျိုးရေး ပို့ကုန်ဖြစ်သော ဆန် နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုတွင်လည်း ပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်မှုနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကွာဟမှုများကြောင့် ဆန်တင်ပို့မှုများ လျော့ကျသွားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် ဆန်ကုန်သည်များထံမှ သိရသည်။

ဆန်ကုန်သည်တဦးက “ ဆန်ကုန်သည်မဟုတ်တဲ့ တခြားသူတွေက ဆန်ဈေးတက်မှာပဲဆိုပြီး ဝင်သိုလှောင်ကြပြီး ဈေးဆွဲ တင်တဲ့အခါကျတော့ ပြည်တွင်းဈေးက မြင့်နေပြီးတော့ ဟိုဘက် ပြည်ပပို့ဖို့ အတွက်ကျတော့ ဟိုဘက်က ကမာ္ဘ့ဆန်ဈေးက တက်တော့ တက်တယ်၊ သို့သော်လည်း ၅၀-၅၀ ကိစ္စရယ်၊ အဲဒီငွေလဲလှယ်နှုန်းကွာဟမှုရယ်၊ ပြည်တွင်းဈေးကလည်း တက်နေတဲ့အတွက် အဲဒီမှာ မကိုက်တော့ ကျနော်တို့က သိပ်မပို့နိုင်တော့ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပို့ကုန်လုပ်ငန်းရှင်များ ညှိနှိုင်းအစည်းအဝေးပြုလုပ်စဉ်/UMFCCI

ယခင်က ၁ အိတ်လျှင် ကျပ် ၅ သောင်းဝန်းကျင်သာရှိသော ပြည်ပတင်ပို့သည့် ဧည့်မထအုပ်စု ဆန် အမျိုးအစားများသည် လက်ရှိအချိန်တွင် ၁ အိတ်လျှင် ကျပ် ၆သောင်း ကျော်အထိမြင့်တက်လျက် ရှိပြီး ကမာ္ဘ့ဈေးကွက်တွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ရောင်းချရာတွင် အခက်အခဲများရှိကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “ ကမာ္ဘ့ဆန်ဈေးကွက်မှာက ဝယ်လိုအားကရှိနေတယ်၊ ဒါပေမယ့် ကိုယ့် ပြည်တွင်းဈေးကိုက မြင့် နေတဲ့အခါမှာကျတော့ တခြား ထိုင်းတို့၊ ဗီယက်နမ်တို့နဲ့ ယှဉ်ရောင်းရတဲ့ အခါကတော့ သူတို့ဈေးနှုန်းတွေထက် လိုက်ကျော်ပြီမှ ရောင်းလို့မရဘူးလေ။ တအိတ်ကို ကျပ် ၅ သောင်းလောက်ဆိုမှ တင်ပို့လို့ ကိုက်နိုင်တာ ” ဟု ပြောသည်။

မြန်မာဆန်ကို တရုတ်နှင့် ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံများက အဓိကဝယ်ယူနေခြင်းဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခင် နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ငါးသိန်းခန့် လျော့သွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ လျော့ကျရခြင်းမှာ စစ်ကောင်စီချမှတ်ထားသည့် ကုန်သွယ်ရေးနှင့် ငွေကြေးမူဝါဒများ ကြောင့်သာမက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကဲ့သို့ ဒေသများတွင် စစ်တပ်က စစ်ကြောင်းထိုးခြင်းနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ဆန်စပါးစိုက်ဧကများ လျော့ကျခဲ့ရသလို မိုခါမုန်တိုင်းနှင့် ရေကြီးရေလျှံမှုများကဲ့သို့သော သဘာဝဘေးဒဏ်များကြောင့် စပါးအထွက်နှုန်းများကျဆင်းခဲ့ရခြင်းတို့လည်း ပါဝင်သည်။

မြန်မာ့နယ်စပ်ကုန်သွယ်ရေးတွင်လည်း ပို့ကုန်သွင်းကုန်မူဝါဒအပြောင်းအလဲများ၊ ဒေါ်လာအစား တရုတ်ယွမ်ဖြင့် ငွေပေးချေခြင်း၊ တိုက်ပွဲများကြောင့် လမ်းခရီးအခက်အခဲများဖြစ်ပေါ်ကာ ကုန်ကျ စရိတ်များ ပိုလာရသည့်အတွက် ကုန်တင်ပို့မှုလျော့ကျလျက်ရှိကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

မန္တလေးအခြေစိုက် ကုန်သည်တဦးက “ မူဆယ် ကျင်စန်းကျော့ဂိတ်ဆိုရင် အခုက တရက် ကားအစီး ၄၀ကနေ ၆၀ ကြားပဲရှိတော့တယ်၊ အဲဒါက ကုန်အစုံနော်၊ ဂဏန်း၊ ငရှဉ့်ပါမယ်၊ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ အရင်က အစီး ၄၀၀၊ ၅၀၀ သွားနေရာက ၁၀ ဆလောက် ကျသွားတာ” ဟု ပြောသည်။

ထို့သို့ ပြည်တွင်းပို့ကုန်များ ပြည်ပတင်ပို့မှု ကျဆင်းနေခြင်းကြောင့် စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းအုံက ပြီးခဲ့သည့်ရက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်/စက်မှု အသင်းချုပ်ရုံး၌ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ပို့ကုန်လုပ်ငန်းရှင်များအတွက် ထိုက်သင့်သော အကျိုးရှိရန် လိုအပ်သလို ပြည်တွင်း စားသုံးမှုဖူလုံရန်လည်းချိန်ဆ၍ ဆောင်ရွက်ရန်နှင့် ပို့ကုန်တင်ပို့မှုနှင့် စပ်လျဉ်း၍ အခက်အခဲများရှိလျှင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်၏ ကျန်ရှိသော ၆ လတာကာတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ (၁၆ဒသမ ၅) ဘီလီယံ၊ သွင်းကုန်ကို (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂ဒသမ ၅)ဘီလီယံ အထိ ရရှိရန် လျာထားပြီး သွင်းကုန်ထက် ပို့ကုန်ပမာဏ တိုးတက်စေလိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ကြိုးစားဆောင်ရွက်စေလိုကြောင်း တိုက်တွန်းသွားသည်။

လတ်တလောဖြစ်ပေါ်နေသော ကုန်သွယ်ရေး နှင့် ငွေကြေးဈေးကွက် အကျပ်အတည်းများသည် စစ်ကောင်စီဗဟိုဘဏ်က ငွေကြေးဈေးကွက်ကို ထိန်းကျောင်းရမည့်အစား အမိန့်ပေး ထိန်းချုပ်ကန့် သတ်ခြင်းများ၏ အကျိုးရလဒ်များပင်ဖြစ်ပြီး တခုတည်းကျန်ရှိတော့သည့် ပို့ကုန်တင်ပို့မှု နိုင်ငံခြားငွေရလမ်းကို ဖြေလျှော့မှုမလုပ်ဘဲ ဆက်လက်ကန့်သတ်ထိန်းချုပ်ပါက နိုင်ငံခြားငွေအကျပ် အတည်း ပိုမိုကြီးမားလာနိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြပြောဆိုကြသည်။

You may also like these stories:

ပို့ကုန်ဝင်ငွေ ဆက်တိုက် ကျဆင်းသည့် အကြောင်းအရင်း စစ်ကောင်စီ မေးမြန်း

စွမ်းအင်အကျပ်အတည်း ကြုံနေရသော စစ်ကောင်စီ ရုရှားသွား အကူအညီတောင်း

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇောက်ထိုးဆင်းနေ

အဝေးပြေးလမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ အကြီးအကျယ် ငွေညှစ်

တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ

Your Thoughts …
Tags: ကန်ဒေါ်လာကျဆင်းငွေကြေးမူဝါဒပို့ကုန်ဘဏ္ဍာနှစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကမ္ဘောဒီးယား နဲ့ ပဋိပက္ခကြောင့် ထိုင်း ဘတ်ငွေ တန်ဖိုး ကျဆင်းလို့ ဆို

ကမ္ဘောဒီးယား နဲ့ ပဋိပက္ခကြောင့် ထိုင်း ဘတ်ငွေ တန်ဖိုး ကျဆင်းလို့ ဆို

by ဧရာဝတီ
26 July 2025
5.9k

ထိုင်း စတော့ အိတ်ချိန်း ရဲ့ ညွှန်းကိန်းဟာလည်း ၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း

နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း

by ဧရာဝတီ
9 January 2024
3.4k

နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနှင့် ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို နယ်စပ်ဂိတ်များအားလုံး၌ ကျဆင်းနေခြင်းဖြစ်ပြီး ပို့ကုန်ကဏ္ဍအနေဖြင့် ကုန်သွယ်ရေးစခန်းအားလုံးမှ အမေရိကန် ဒေါ်လာ သန်း ၃၅၁ ဒသမ ၆၁၇ သန်း...

စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

by ဧရာဝတီ
17 December 2023
2.3k

ပဋိပက္ခအခြေအနေများနှင့်အတူ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ အတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု စသည့် အခြေအနေပေါင်းစုံ ရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိမည်ဖြစ်ပြီး စီးပွားရေးမှာ နလံမထူဖြစ်နေမည်

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

by ဧရာဝတီ
11 January 2024
2.2k

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီကုန်သွယ်ရေးသို့သွားရာ အာရှလမ်းမကြီးသည် တိုက်ပွဲများကြောင့် ပိတ်ထားရသဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို မြဝတီဂိတ်အစား တခြားလမ်းကြောင်းများမှ ပြောင်းလဲတင်ပို့ရန် စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း အလုပ်မဖြစ်နိုင်ကြောင်း ကုန်သည်များက ပြောသည်။

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

by ဧရာဝတီ
19 July 2025
1.9k

ထိုင်းနိုင်ငံအပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုက ၃၆ ရာခိုင်နှုန်းကနေ နောက်ဆုံးမှာ ၁၈ နဲ့ ၂၀ ရာခိုင်နှုန်းလောက် ကြား ဖြစ်သွားနိုင်တယ်လို့ မျှော်လင့်ကြောင်းလည်း…

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

by ဧရာဝတီ
12 December 2023
1.7k

အရှေ့အာရှဒေသတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ မတိုင်မီက ရှိခဲ့သော စီးပွားရေးအခြေအနေသို့ ပြန်၍ မရောက်နိုင်သည့် တခုတည်းသော နိုင်ငံအဖြစ် နောက်ကျကျန်နေခဲ့ပြီဖြစ်ကြောင်း

Next Post
မုံရွာထောင်မှ အစာငတ်ခံဆန္ဒပြသူများ လျှော့ရက် ၁ နှစ်ပိတ်ခံရ

မုံရွာထောင်မှ အစာငတ်ခံဆန္ဒပြသူများ လျှော့ရက် ၁ နှစ်ပိတ်ခံရ

ရွှေကူမြို့နယ် စစ်တပ်စခန်း KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved