• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း

by ဧရာဝတီ
9 January 2024
in သတင်း
A A
နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့ နယ်စပ်ဂိတ် ကားရပ်နားရာနေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကုန်တင်ကားများ မီးလောင်ကျွမ်းနေစဉ်(CJ)

3.4k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ကုန်သွယ်ရေး၏ အဓိကဖြစ်သည့် နယ်စပ်ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှိုင်းယှဉ်ပါက ၉ လအတွင်း အမေရိကန်ဒေါ်လာ သန်းတရာကျော်အထိ ကျဆင်းနေကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၉ အထိ ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၆၁၈၄ ဒသမ ၅၄၉ သန်း ရရှိခဲ့ ရာမှ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၆၀၆၂ ဒသမ ၅၅၄ သန်း ရရှိခဲ့ သောကြောင့် ဒေါ်လာ ၁၂၁ ဒသမ ၉၉၅ သန်း လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းတွင် ဖော်ပြထားသည်။

နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနှင့် ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ၊ လာအို နယ်စပ်ဂိတ်များအားလုံး၌ ကျဆင်းနေခြင်းဖြစ်ပြီး ပို့ကုန်ကဏ္ဍအနေဖြင့် ကုန်သွယ်ရေးစခန်းအားလုံးမှ အမေရိကန် ဒေါ်လာသန်း ၃၅၁ ဒသမ ၆၁၇ သန်း ကျဆင်းခဲ့ကြောင်း တွေ့ရသည်။

မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေး၌ ဒေါ်လာ ၁၅၇ ဒသမ ၃၇၄ သန်း၊ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ၁၇၈ ဒသမ ၉၈၇ သန်း၊ မြန်မာ- ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးတွင် ဒေါ်လာ ၉ ဒသမ ၃ သန်းနှင့် မြန်မာ-အိန္ဒိယကုန်သွယ်မှုတွင် ဒေါ်လာ ၅ ဒသမ ၉၅၆ သန်းအထိ လျော့ကျခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းအရ သိရသည်။

သွင်းကုန်တင်သွင်းမှုကို ကြည့်ပါက မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာ ၆၈၂ ဒသမ ၉၉၅ သန်း ပို၍ တင်သွင်းခဲ့သည်မှတပါး ကျန်နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ သွင်းကုန်တင်သွင်းမှုမှာ ဆက်တိုက်ကျ ဆင်းနေ ကြောင်း တွေ့ရသည်။

မူဆယ်နယ်စပ်ကုန်သည်ကြီးတဦးက “နယ်စပ်ကုန်သွယ်ရေး ကျဆင်းနေတာတော့ အရှေ့မြောက်တံခါးတွေ ပိတ်နေလို့ပဲ ဖြစ်တယ်။ လောလောဆယ်တော့ အားလုံးရပ်ဆိုင်းနေတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အကြီးဆုံး ကုန်သွယ်ရေး စခန်းတခုဖြစ်သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေး မှတဆင့် တင်ပို့နေသော လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား၊ သရက်၊ ငရုတ်သီးနှင့် ရေထွက်ကုန်ပစ္စည်းစသည်တို့မှာ ယခင်က တရက်လျှင် ကုန်ကားအစီးရေ ရာနှင့်ချီ သွားနေရာမှ မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်း တင်ပို့မှု လုံးဝရပ်ဆိုင်းသွားခဲ့ကြောင်း ကုန်သည်များထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်တော် (AA) တို့၏ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဂိတ်များဖြစ်သည့် ချင်းရွှေဟော်နှင့် မူဆယ်နယ်စပ်ဂိတ်များကို တိုက်ခိုက် သိမ်းပိုက်ထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ကောင်စီက ပြည်မနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ထားသဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှာလည်း ရပ်ဆိုင်းနေသည်။

အလားတူ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးဖြစ်သော ရိဒ်ခေါဒါရ်စခန်းကိုလည်း ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသလို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏အကြီးဆုံးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှာလည်း ကော့ကရိတ်မြို့တိုက်ပွဲများကြောင့် အာရှလမ်းမကြီးပိတ်ထားသဖြင့် လမ်းပိုင်းပြတ်တောက်ခြင်း၊ ကုန်ကျစရိတ်များ အဆမတန် မြင့်တက်ခြင်းတို့ကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း ကုန်သည်များထံမှ သိရသည်။

တရုတ်နှင့်ထိုင်းနိုင်ငံများသို့ ကုန်သွယ်မှုပြုလုပ်နေသော ကုန်သည်တဦးက “သွားလို့မရတဲ့အခါ ကျတော့ သီးနှံဈေးကို ပြော လို့မရဘူး။ အရမ်းပြုတ်ကျနေတယ်။ တရုတ်ဘက်ကသွားလို့ မရဘူး။ ထိုင်းကျတော့လည်း မြဝတီက သွားလို့ မရဘူး။ အခုက ကားခဈေးတွေ တက်မယ်။ ၆ ဘီးကားပဲ ပေးသွားမယ်ဆိုတော့ သွားလို့ မရပြန်ဘူး။ အဲဒီတော့ ဈေးက ပြုတ်ကျတာ ပေါ့။ အခု ဧရာဝတီက ငရုတ်တွေ ထွက်ချိန်ရောက်ပြီ။ ဒီလနောက်ဆုံးပတ်ကနေ ဖေဖော်ဝါရီဆို လှိုင်လှိုင် ထွက်တော့မှာ၊ ကပ်နေပြီ။ တောင်သူတွေဆို မေးကုန်ပြီ။ ဈေးကွက်ကို ဘယ်လို ဖောက်မလဲ၊ လမ်းပိုင်းကို ဘယ်လို လုပ်မလဲ။ တောင်သူ တွေ လည်း ဘာလုပ်ရမယ် မသိဘူး” ဟုဧရာဝတီသို့ ပြောသည်။

သီးနှံဈေးကွက်တွင် ဖရဲကို မူဆယ်နယ်စပ်မှ တင်ပို့၍ မရ၍ မိုင်းလားနယ်စပ် ကုန်သွယ်ရေးဘက်က ပြောင်းလဲတင်ပို့နေ သော်လည်း လမ်းခရီးကြန့်ကြာမှုများနှင့် ကားလမ်း အခြေအနေပေါ်မူတည်၍ ကုန်တင်ပို့ရသဖြင့် အသီးများကို အချိန်မတိုင် မီ ခူး၍ တင်ပို့ရခြင်းတို့ကြောင့် သီးနှံ အရည်အသွေးကို ထိန်း၍ မရဘဲ နယ်စပ်ဂိတ်ရောက်လျှင် ပုပ်သိုးပျက်စီးခြင်းများ ဖြစ်ကာ အချို့သော ကုန်ကားများ၌ ကားတစီးလုံးစာ စွန့်ပစ်ရသည်အထိ ဆုံးရှုံးမှုများလည်း ရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးတွင်လည်း ကုန်ကျစရိတ်မှာ ယခင်ထက် အဆပေါင်းများစွာ ကုန်ကျနေပြီး လမ်းခရီး ကြမ်းတမ်းခြင်း၊လမ်းတလျှောက် ပေးကမ်းရသည့် ဂိတ်ကြေးများကြောင့် တွက်ခြေမကိုက်သဖြင့် ကုန်သည်များဘက်က လည်း မဖြစ်မနေ တင်ပို့/ တင်သွင်းရမည့် စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်း၊ စက်မှုလုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်း များ၊ ဆေးဝါးပစ္စည်း၊ စက်ကိရိယာ တင်သွင်းခြင်း၊ စားသောက်ကုန် တင်ပို့ခြင်းတို့ကိုသာ ပြုလုပ်နေရကြောင်း သိရသည်။

ယင်းအခြေအနေတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီ ၇ရက်က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် လက်အောက်ရှိ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို နေပြည်တော်သို့ ခေါ်ယူတွေ့ ဆုံပြီး ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲများကြောင့် လမ်းခရီးတွင် ပိတ်မိနေသောကုန်များကို အကောက်ခွန်ဖြတ်သန်းမှုများ ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကာ လမ်းဖွင့်ပေးမည်ဟု ပြောဆိုထားကြောင်း ကုန်သည်များထံက သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ထို့ပြင် ဇန်နဝါရီ ၇ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံ သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က “မိမိတို့အစိုးရ တာဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများ ရရှိမှု မရှိခဲ့သည့်အပြင် စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုများစွာကို ကြုံတွေ့ခဲ့ရကြောင်း၊ထို့ကြောင့် မိမိတို့အနေနှင့် ပို့ကုန်မှရရှိသည့် ငွေကြေး များဖြင့် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်”ဟု ထုတ်ဖော်ပြောဆိုထားသည်။

You may also like these stories:

မြဝတီကုန်သွယ်ရေး၌ သယ်ယူပို့ဆောင်စရိတ် အဆမတန် မြင့်၍ ကုန်ဈေးနှုန်းတက်လာ

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်း စက်သုံးဆီကုမ္ပဏီများသို့ ရောင်းပေးရန် စစ်ကောင်စီ ညွှန်ကြား

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးကျဆင်းစစ်ခေါင်းဆောင်နယ်စပ်ကုန်သွယ်ရေးပို့ကုန်ရငွေအမေရိကန်ဒေါ်လာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

စင်ကာပူတွင် ငွေသားမှောင်ခိုမှုဖြင့် မြန်မာလက်နက်ပွဲစားကို ပြစ်ဒဏ်ချမှတ်

စင်ကာပူတွင် ငွေသားမှောင်ခိုမှုဖြင့် မြန်မာလက်နက်ပွဲစားကို ပြစ်ဒဏ်ချမှတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved