• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

by ဧရာဝတီ
17 December 2023
in သတင်း
A A
စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

ရန်ကုန်မြို့တွင် စားအုန်းဝယ် ဝယ်ယူနိုင်ရေး ပြည်သူများ တန်းစီစောင့်ဆိုင်းနေရစဉ် / ဧရာဝတီ

2.3k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်လာခြင်းကို ထိန်းချုပ်ရန် စစ်ကောင်စီက အခြေခံ စားသောက် ကုန် ဆန်၊ ဆီနှင့် စက်သုံးဆီ ဈေးနှုန်းများကို သတ်မှတ်နှုန်းထားများဖြင့် ကန့်သတ်ထိန်းချုပ် ထားသည်။

စစ်တပ်အာဏာသိမ်းခြင်း၏ အကျိုးဆက်ကြောင့် ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်ခြင်း၊ဈေးကွက် ကမောက်ကမဖြစ်ခြင်း၊ ပဋိပက္ခများ၏ နောက်ဆက်တွဲ ကုန်စည်စီးဆင်းမှု အပေါ် ထိခိုက်ခြင်း အစရှိသည့် အချက်များကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာသည်ကို အာဏာရှင် အစိုးရ အဆက်ဆက် လုပ်ဆောင် ခဲ့သည့်အတိုင်း ဈေးကွက်ကို အာဏာနှင့် ထိန်းရန်ကြိုးစားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဆောင်သည့် ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီက ဆန်လက်ကားဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၂၅,၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၁ အိတ် ၁၁၀,၀၀၀ ကျပ်၊ ပေါ်ကျွဲ ၁ အိတ် ၉၅.၀၀၀ ကျပ်၊ ဆန်ကြမ်း ၁ အိတ် ၇၂,၀၀၀ ကျပ်သတ်မှတ်ကာ လက်လီဈေးကွက်တွင် ယင်းဈေးနှုန်း၏ ၁၀ ရာခိုင်နှုန်းသာ အမြတ်တင်၍ ရောင်းချရမည်ဟု ကန့်သတ်ထားသလို စားအုန်းဆီဈေးကိုလည်း ရည်ညွှန်းဈေး သတ်မှတ်ထားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှတဆင့် တင်သွင်းသည့် စားအုန်းဆီ ကုမ္ပဏီများက လက်ကား ကုန်သည်များ၊ ဆီဒိုင်များ၊ အရောင်းဆိုင်ကြီးများကို ရည်ညွှန်းဈေးနှင့် ရောင်းချပေးကာ ယင်းဆိုင်များက ၂ ရာခိုင်နှုန်း အမြတ်ယူ၍ စားသုံးသူများသို့ ပြန်ရောင်းချသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်း၏ ဒီဇင်ဘာလအတွက် သင့်တင့်မျှတသောဈေးနှုန်းထုတ်ပြန်ချက်/မြန်မာနိုင်ငံ ဆန်စပါးအသင်း

အလားတူ စက်သုံးဆီကဏ္ဍတွင်လည်း စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက တိုင်းနှင့် ပြည်နယ်အလိုက် ဈေးနှုန်းများ သတ်မှတ် ရောင်းချစေသည်။

ဈေးကွက်သဘောအရ ဝယ်လိုအားနှင့် ရောင်းလိုအားပေါ်မူတည်၍ ဈေးနှုန်း အတက်အကျ ရှိသော်လည်း စစ်ကောင်စီက အာဏာနှင့် ထိန်းလိုက်သဖြင့် ဈေးကွက်မှာ ပို၍ ဆိုးရွားသွားကာ မှောင်ခိုဈေးကွက် ဖြစ်ပေါ်လာသည်။

ထို့ကြောင့် ဈေးကွက်တွင် စစ်ကောင်စီသတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးဟူ၍ နှစ်မျိုး ဖြစ်ပေါ်လာပြီး ကုန်ဈေးနှုန်း မြင့်တက် မှုမှာ ပို၍ပင် ဆိုးလာသည်။ ထိုအခြေအနေကို ထိန်းရန်အတွက် စစ်ကောင်စီက ပို့ကုန်သမားများအတွက် ကန့်သတ်ချက် ကို အနည်းငယ်ဖြေလျှော့ပေးလိုက်သည်။

စစ်ကောင်စီ ဗဟိုဘဏ်၏ ဒီဇင်ဘာ ၆ ရက်ထုတ်ပြန်ချက်အရ ပို့ကုန်သမားများ၏ ဒေါ်လာဝင်ငွေ ၅၀ ရာခိုင်နှုန်း ကို ၂,၁၀၀ ကျပ်ဖြင့် ဖြတ်ယူပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ဘဏ်အချင်းချင်းကြား လဲလှယ်သည့် (Online Trading) စနစ်နှင့် ၁ ဒေါ်လာ ၂,၉၀၀ ကျော်ဖြင့် မဖြစ်မနေ လဲလှယ်ရမည့်အစား ယခုအခါ ပို့ကုန်ရငွေ ၂,၁၀၀ ကျပ်ဖြင့် ၃၅ ရာခိုင်နှုန်း ဖြတ်တောက်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်မည်ဟု ဆိုသည်။

ယင်းသို့ဖြေလျှော့ပေးခြင်းက ပို့ကုန်တင်ပို့နိုင်ရန်အတွက် နိုင်ငံတွင်းရှိ ထုတ်ကုန်ပစ္စည်းများကို မြှင့်တင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ပြီး သွင်းကုန်ကိစ္စရပ်များဖြစ်သည့် စက်သုံးဆီ ကဏ္ဍတွင်လည်း အကျိုးသက်‌ရောက်မှု ရှိမည်ဟု စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက နေ့စဉ် သတင်း ထုတ်ပြန်မှု၌ ထည့်သွင်းပြောဆိုသည်။

လက်ရှိ စစ်ကောင်စီက ပို့ကုန်သမားများ၏ ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို လွတ်လပ်စွာ ရောင်း/ ဝယ်ခွင့် ပြုသည်ဟု ဆိုသော် လည်း အပြည့်အဝ လုပ်ခွင့်မရှိသေးဘဲ ၎င်းတို့ သတ်မှတ်ထားသည့် သင်္ဘောသား လစာဝင်ငွေ ၁ ဒေါ်လာ ၃,၄၀၀ ကျပ်ဝန်းကျင်ဖြင့်သာ ရောင်းချခွင့်ပေးနေကြောင်း နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ကိုင်သူများထံက သိရသည်။

ပြည်တွင်း နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ကိုင်သူ တဦးက “အခုဆို ဒီဇယ်သွင်းတဲ့သူတွေ အဝယ်လိုက်တော့ ဒေါ်လာဈေးက အပြင်မှာ တက်တယ်။ ထပ်တက်နိုင်ပေမယ့် ဈေးကွက်က သိပ်မလှုပ်နိုင်ဘူး။ ဘာလို့ဆို စစ်ကောင်စီက သွင်းကုန် လိုင်စင် ကို ထိန်းထားသေးတယ်။ လိုင်စင်ရှိမှ အဝယ်ရှိမယ်၊ ဒီတော့ဈေးက တက်မှာပေါ့။ ပို့ကုန်ကျတော့လည်း ၆၅ ၊ ၃၅ ရာခိုင်နှုန်း ကလည်း မကိုက်သေးဘူးလေ။ သွင်းကုန်သမားကို တိုက်ရိုက်ရောင်းလို့ မရသေးဘူး။ နောက်ဆက်တွဲ ထုတ်ပြန်ချက်တွေ ဘာမှမလာတော့ အခုထိ အပြင်ဈေးပေးတယ်ဆိုပေမယ့် သင်္ဘောသားလစာနှုန်းနဲ့ပဲ လဲနေရတယ်”ဟု ပြောသည်။

စစ်ကောင်စီ ပြောင်းလဲလိုက်သည့် မူဝါဒကြောင့် ပြည်ပမှ တင်သွင်းနေရသည့် စက်သုံးဆီသမားများမှာ လိုအပ်သည့် ဒေါ်လာငွေကို ပြင်ပမှ ဝယ်ယူရသဖြင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာမည် ဖြစ်သော်လည်း စက်သုံးဆီ အခြေခံ ရည်ညွှန်းဈေးသတ်မှတ်ချက်ကြောင့် ညှိနှိုင်းမှုများ အဆင်မပြေဖြစ်ကာ ဈေးကွက်တွင် ဆီပြတ်၍ အခက်အခဲများ ဖြစ်ခဲ့ရသည်။ ဒေါ်လာဈေးမှာလည်း ၃,၄၀၀ ကျပ်ဝန်းကျင် ရှိနေရာမှ ၃,၅၀၀ ကျပ် ကျော် အထိ တက်ခဲ့သည်။

ပြည်ပမှတင်သွင်းနေရသည့် စက်သုံးဆီမှာ ဒေါ်လာငွေ ပေးချေမှု အခက်အခဲများဖြစ်ကာ ရန်ကုန်၊မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများမှာပင် စက်သုံးဆီ ပြတ်လပ်ခြင်း၊ ရန်ကုန်တွင် ဆီဆိုင်တန်းစီရင်း ညအိပ်စောင့်ရခြင်း၊ လိုသလောက် ဝယ်မရဘဲ အကန့်အသတ်ဖြင့်သာ ရခြင်းများ ဖြစ်ပေါ်ခဲ့သည်။

စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီသတ်မှတ် ဈေးမှာ ယခုတပတ်ပေါက်ဈေးအရ ၉၂ ဓာတ်ဆီ ၁ လီတာ ၂,၄၆၅ ကျပ်၊ ၉၅ ဓာတ်ဆီ ၁ လီတာ ၂,၅၇၅ ကျပ်၊ ဒီဇယ် ၁ လီတာ ၂,၂၁၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် ၁ လီတာ ၂,၂၇၀ ကျပ် ဖြစ်သော်လည်း ရန်ကုန်တွင် လမ်းဘေးဆိုင်များ၌ ဓာတ်ဆီ ၁ လီတာ (ရေသန့်ဗူး တဗူး) ၅,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

စစ်ဖြစ်ပွားရာဒေသများနှင့် ကျန် ပြည်နယ်နှင့် တိုင်းများတွင် စက်သုံးဆီဈေးနှုန်းမှာ အဆမတန် မြင့်တက်လျက်ရှိပြီး လက်ရှိ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် ဓာတ်ဆီ ၁ လီတာလျင် ကျပ် ၁ သောင်းကျော်အထိ ဖြစ်နေပြီး စက်သုံးဆီပြတ်လပ်မှုကြောင့် ဆက်သွယ်ရေး တာဝါတိုင်များတွင် ဆီမဖြည့်နိုင်ဘဲ ဖုန်းနှင့် အင်တာနက်လိုင်းများပြတ် တောက်နေကြောင်း သိရသည်။

ဆန်ဈေးနှုန်းနှင့် ပတ်သက်၍ လက်ရှိ ပြင်ပဈေးကွက်တွင် ဆန်ကြမ်း တအိတ်လျှင် ၆၈,၀၀၀ မှ ကျပ် ၉၀,၀၀၀ ကျော်အထိ ရှိနေပြီး ဆန်ချော တအိတ်လျှင် ၁၁၇,၀၀၀ ကျပ်မှ ၁၈၀,၀၀၀ ကျပ်အထိ ရှိသောကြောင့် စစ်ကောင်စီ သတ်မှတ်ဈေးနှင့် နှိုင်းယှဉ်လျှင် ဆန်ချောတအိတ်လျှင် ကျပ် ၅ သောင်းဝန်းကျင်နှင့် ဆန်ကြမ်း တအိတ်လျှင် ကျပ် ၂ သောင်းခန့် မြင့်တက်နေကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်စာရင်းများအရ သိရသည်။

ထိုသို့ ဈေးတက်လာသဖြင့် စစ်ကောင်စီ၏ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖြစ်သင့်သောဈေးဟုဆိုကာ တလတခါ ဈေးနှုန်းများထုတ်ပြန်နေသလို ကုန်သည်များအနေဖြင့် အနိမ့်ဈေးဖြင့် ဝယ်ယူသိုလှောင်၍ အမြင့်ဈေးဖြင့် ကုန်ဈေးနှုန်း မတည်မငြိမ် ဖြစ်စေရန် ဆောင်ရွက်ပါက စုံစမ်းဖော်ထုတ် အရေးယူမည်ဖြစ်ကြောင် သတိပေးထုတ်ပြန်ထားသည်။

ဆန်လုပ်ငန်းရှင်တဦးက “ဆန်ဆိုလည်း ရည်ညွှန်းဈေးတွေထက် အခုက ကျော်နေတယ်။ အခု မူဝါဒကလည်း အတက် ဘက် ကို သွားတဲ့ မူဝါဒ ဖြစ်တယ်။ ပို့ကုန်သမားတော့ ပိုပေးလိုက်တာပဲ။ ရောင်းတဲ့သူကလည်း ဈေးခေါ်ရောင်းတော့ အတက်ဘက်ကို သွားမှာ။ ပေးတဲ့အတိုင်းတော့ တွက်ခြေမကိုက်နိုင်ဘူး။ ပြည်တွင်းဈေးကတော့ ထပ်တက်လာဦးမှာ”ဟု သုံးသပ်ပြောသည်။

ထို့ကြောင့် ဈေးကွက်တွင် စစ်ကောင်စီ၏ ရည်ညွှန်းဈေးမှာ အလုပ်မဖြစ်သလို ရောင်း/ ဝယ်သူ ကြိုက်ဈေးဖြင့်သာ အရောင်းအဝယ် ပြုလုပ်နေရကြောင်း ကုန်သည်များထံက သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီနှင့် ဆေးဝါး၊ မီးဖို ချောင်သုံးကုန်ပစ္စည်း၊ စက်သုံးဆီဈေးများမှာ ဈေးတက်လျက်ရှိရာ ယခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လတို့မှ စတင်ပြီး ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်း ဖြစ်သည်။

စားသုံးဆီနှင့် ပတ်သက်၍ ထုတ်ပြန်ချက်/ စားသုံးဆီ တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့

လတ်တလောဖြစ်ပေါ်နေသော အဓိက အကြောင်းရင်းသည် စစ်ကောင်စီတွင် နိုင်ငံခြားအရန်ငွေ ပိုမို အကျပ်ရိုက်လာ နေခြင်းနှင့် ဈေးကွက်များကို ထိန်းချုပ်ကန့်သတ်ထားမှုများကြောင့်ပင် ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

စီးပွားရေး ပညာရှင် တဦးက “စစ်ကောင်စီက လိုက်တော့ လုပ်နေတာပဲ ဒါပေမယ့် အနာနဲ့ ဆေးက တခြားဖြစ်နေ တယ်”ဟု သုံးသပ်ပြောသည်။

ပဋိပက္ခအခြေအနေများနှင့်အတူ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ အတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု စသည့် အခြေအနေပေါင်းစုံ ရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း အနည်းငယ်သာရှိမည်ဖြစ်ပြီး စီးပွားရေးမှာ နလံမထူဖြစ်နေမည်ဟု ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်သော ကမာ္ဘ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမာ္ဘ့ဘဏ်၏ မြန်မာ၊ ကမော္ဘဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က “ စီးပွားရေး အခြေ အနေက ယိုယွင်းပျက်စီးလာနေပြီးတော့ အနာဂတ်အတွက်လည်း မသေချာ မရေရာမှုတွေက ပိုပို ဆိုးလာ နေပါတယ်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေအများစုကို အစားအစာအတွက်သာ သုံးစွဲနေရတဲ့ ကုန်ဈေးနှုန်း မြင့်တက်မှု ပိုမြန်တဲ့ ဒေသတွေမှာ နေထိုင်ရတဲ့ ဒေသမှာ နေထိုင်ရတဲ့ အခြေခံလူတန်းတွေကို ပိုထိခိုက်စေပါတယ် ” ဟု ပြောသည်။

ထို့ပြင် ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ကန့်သတ်ချက်များ၊ သယ်ယူပို့ဆောင်ရေး စရိတ်ကြီး မြင့်လာမှုနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများက စီးပွားရေးလုပ်ငန်းများကို ကုန်ကျစရိတ်မြင့် တက်စေပြီး နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျစေလျက်ရှိကြောင်း အစီအရင်ခံစာက ထောက်ပြထားသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
1
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
836

You may also like these stories:

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာပြည်တွင် ဒေါ်လာဈေး ၃ မျိုးဖြစ်လာပြီ

ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

Your Thoughts …
Tags: Sliderငွေလဲနှုန်းစက်သုံးဆီဆန်ဈေးပို့ကုန်ဗဟိုဘဏ်ရည်ညွှန်းဈေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

စစ်ကောင်စီ သန်းခေါင်စာရင်းကို ကူညီမည်ဆိုသည်မှာ သတင်းမှားဟု ကုလသမဂ္ဂ ပြော

စစ်ကောင်စီ သန်းခေါင်စာရင်းကို ကူညီမည်ဆိုသည်မှာ သတင်းမှားဟု ကုလသမဂ္ဂ ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved