• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

by ဧရာဝတီ
7 December 2023
in သတင်း
A A
ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် စားအုန်းဆီလှည့်လည်ရောင်းချပေးနေသည်ကို တန်းစီဝယ်ယူနေကြစဉ် / MEODA

3k
VIEWS
Share on FacebookShare on Twitter

ပို့ကုန်သမားများထံမှ ရသော ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို နိုင်ငံခြားငွေ ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းချနိုင်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်ရာ ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ တက်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ခန့်မှန်းနေကြသည်။

အဘယ်ကြောင့်ဆိုသော် ပို့ရငွေကို ၆၅ ရာခိုင်နှုန်းကို လွတ်လပ်စွာ ရောင်းချနိုင်ပါက ဈေးကွက်လိုအပ်ချက်အရ ဒေါ်လာ ဈေးမှာ မြင့်တက်လာနိုင်ကြောင်း ယနေ့ဆိုလျှင် အမေရိကန်ဒေါ်လာဈေးမှာ မငြိမ်မသက်ဖြစ်နေပြီး တဒေါ်လာလျှင် ၃၆၀၀ ကျပ်အထိပင် ဖြစ်လာကြောင်း၊ ထို့အတွက် သွင်းကုန်ကိုသာ မှီခိုနေရသည့် မြန်မာနိုင်ငံအတွက် အခြေခံလူသုံးကုန်၊ စားသောက်ကုန် ဈေးများမြင့်လာနိုင်ကြောင်း ဆိုကြသည်။

ပြည်တွင်းပို့ကုန်လုပ်ငန်းရှင် တဦးက “ပို့ကုန်သမားအတွက်ကတော့ကောင်းပါတယ်။ ဈေးနည်းနည်းပိုရမယ်။ တချို့ တဝက် က ဈေးရသွားမယ်။ ဒါပေမယ့် ပြည်တွင်းဈေးတွေကတော့ တက်သွားလိမ့်မယ်။ ဆန်ဆိုလည်း အဲဒီလိုသတင်းတွေ ထွက် လာတော့ ဈေးကွက်ထဲမှာ နည်းနည်းတက်လာတယ်။ မနေ့ကလည်း ဆန်တအိတ် ၁၅၀၀ နဲ့ ၂၀၀၀ လောက် ထပ်တက် သွားတယ်။ ဒီနေ့လည်း နည်းနည်း ထပ်တက်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပို့ကုန်သမားများထံမှ ရရှိသော ဒေါ်လာငွေကို စစ်ကောင်စီက ဗဟိုဘဏ် သတ်မှတ်ဈေး ၁ ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ၅၀ ရာခိုင်နှုန်း ဖြတ်ယူနေရာမှ ယခုအခါ ၃၅ ရာခိုင်နှုန်းသာ ဖြတ်ယူ၍ ကျန် ၆၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ပြုသည်ဟု ဒီဇင်ဘာ ၆ ရက် ညပိုင်းက စစ်ကောင်စီဘက်မှ ထုတ်ပြန်လာခြင်း ဖြစ်သည်။

ယခုလို ဖြေလျှော့ပေးခြင်းက ပို့ကုန်တင်ပို့နိုင်ရန်အတွက် နိုင်ငံတွင်းရှိ ထုတ်ကုန်ပစ္စည်းများကို မြှင့်တင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ပြီး သွင်းကုန်ကိစ္စရပ်များဖြစ်သည့် စက်သုံးဆီ ကဏ္ဍတွင်လည်း အကျိုးသက်‌ရောက်မှု ရှိမည်ဟု စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက နေ့စဉ် သတင်း ထုတ်ပြန်မှု၌ ထည့်သွင်းပြောဆိုသည်။

၎င်းက “Export သမားတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ကြိုးစားမှုအပေါ်မူတည်ပြီး အကျိုးခံစားခွင့်ရှိအောင် လုပ်ဆောင်တာ ဖြစ်တယ်။ မနေ့က ပို့ကုန်သမားတွေရဲ့ ပို့ကုန်ရငွေအပေါ် ၅၀ ရာခိုင်နှုန်းကနေ ၃၅ လဲနိုင်ဖို့ ရာခိုင်နှုန်း ဖြေလျော့ပေး လိုက်တယ်။ ကုန်ထုတ်လုပ်မှု အားပေးဖို့၊ ပို့ကုန်ပမာဏ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ် ”ဟု ဆိုသည်။

လက်ရှိတွင် ယင်းသို့ ဖြေလျော့ခြင်းကြောင့် ပြည်ပတင်ပို့မှုတွင် ယခင်ကထက် အမြတ်အနည်းငယ် ပိုရလာနိုင်သော်လည်း အခြေခံစားသောက်ကုန်များနှင့် သွင်းကုန်ပစ္စည်းများ ဈေးတက်လာနိုင်ကြောင်း၊ လက်ရှိတွင်လည်း ဆန်ဈေးနှုန်းများ စတင် တက်ရိပ်ပြနေပြီ ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

ဆက်လက်၍ ၎င်းက “ပြည်တွင်းမှာတော့ ဘယ်လောက်ထိဆက်တက်မလဲ ပြောလို့ မရသေးဘူး။ ပို့ကုန်သမားတွေရဲ့ လိုအပ်ချက်တွေကလည်း ဆက်ရှိသေးတယ်။ ဒီလို ဖြေလျှော့တော့ ပို့တာတော့ ပုံမှန်ထက်တော့ နည်းနည်း ပိုတက်လာနိုင် ပါတယ်။ အခုက နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်တော့ တင်ပို့စရာက ပင်လယ်ရေကြောင်းပဲ အဓိက ထားသွားနေရတယ်။ ဈေးကွက်လိုအပ်ချက် များနေရင်တော့ တက်လာနိုင်တယ်”ဟု ပြောသည်။

ဒေါ်လာငွေ အကျပ်အတည်းနှင့် ကြုံနေရသော စစ်ကောင်စီသည် ဒေါ်လာရရှိရန် နည်းလမ်းမျိုးစုံသုံးကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအပါအဝင် ကဏ္ဍအသီးသီး၌ ထိန်းချုပ်ရန်ကြိုးစားသော်လည်း ပိုဆိုးလာသည့်အတွက် တဆင့်ချင်း ပြန်လည် ဖြေလျော့ပေးလျက်ရှိရာ ဒီဇင်ဘာ ၅ ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် Online Trading စနစ်ဖြင့် ရောင်းချရာ ယခင်က ဗဟိုဘဏ် သတ်မှတ်ဈေးဖြင့် ရောင်းဝယ်ခွင့်ပြုရာမှ ယခုအခါ ဈေးကွက် ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေများကြောင့်လည်း ဈေးကွက်တွင် ဒေါ်လာဈေးတက်လာသော်လည်း နောက်ဆက်တွဲ ထုတ်ပြန်ချက်များနှင့် ဈေးကွက်အနေအထားကို စောင့်ကြည့်နေသောအခြေအနေဖြစ်ကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

စီးပွားရေးပညာရှင်တဦးက “ နယ်စပ်တွေက ပိတ်နေဦးမယ်။ ဒါကို စကစက ပင်လယ်ရေကြောင်းက ပေးမှာလား ဒါလည်း ရှိတယ်။ နောက်ပြီး ပို့ကုန်တွေ သွားလို့ အဆင်ပြေပါပြီတဲ့။ ဆီ မရှိရင် ဘယ်ကားနဲ့ သွားမလဲ၊ ဒီပြဿနာလည်း ရှိတယ်။ စစ်ကောင်စီကတော့ အချိန်မီ ဆေးကုသဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် မလွယ်ပါဘူး”ဟု ပြောသည်။

ထို့ပြင် လက်ရှိတွင် တိုက်ပွဲများနှင့် ပဋိပက္ခအခြေအနေများကြောင့် ပြည်ပသို့ တင်ပို့နေသော စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်မှုလျော့ကျနေသလို နယ်စပ်ကုန်သွယ်ရေးဂိတ်အများစုမှာ ပိတ်ထားရပြီး လမ်းကြောင်းများ ပြတ်တောက်နေ သောကြောင့် ပြည်ပသို့ ပို့ကုန်တင်ပို့ရာ၌ ပင်လယ်ရေကြောင်း တခုကိုသာ အားထားနေရသည့် အခြေအနေ ဖြစ်သည်။

စီးပွားရေး လုပ်ငန်းရှင်များက ပို့ကုန်တင်ပို့မှုမှ ရရှိလာသည့် ပို့ကုန်ရငွေအား ဖြတ်တောက်သည့် ရာခိုင်နှုန်းကို ဖြေလျှော့ ပေးရန် ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ပို့ကုန် လုပ်ငန်းရှင် ၁၄၀ ခန့် ညှိနှိုင်းအစည်းအဝေးပြုလုပ် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ဖြေလျော့ပေးလိုက်ခြင်း ဖြစ်သော်လည်း အသေးစိတ်ကို မသိရသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ပို့ကုန်တင်ပို့မှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ထိန်းချုပ်မှုများမရှိဘဲ လွတ်လပ်စွာ တင်ပို့ ရောင်းချခွင့်ပြုခဲ့ခြင်းကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၃ ဘီလီယံကျော်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လ အထိ ဒေါ်လာ ၃၄ ဒသမ ၃၅၃ ဘီလီယံ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သည်။

ယခုစစ်ကောင်စီလက်ထက်တွင်မူ ပို့ကုန်ရငွေ ဆက်တိုက်ကျဆင်းလျက်ရှိပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ၆ လအတွင်း ပြည်ပ ပို့ကုန်တင်ပို့မှု မှာ အမေရိကန်ဒေါ်လာ သန်း ၁,၀၁၄ ကျော်အထိ ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

အစိုးရ၏ သင့်တော်မှန်ကန်သည့် ထိန်းချုပ်မှု ရှိမှသာ ဈေးကွက်စီးပွားရေးမှာ ပုံမှန်လည်ပတ်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ဈေးကွက်စီးပွားရေးမှာ ပျက်စီးသွားပြီးဖြစ်ရာ အဓိက အားဖြင့် အာဏာဖြင့်ထိန်းချုပ်ထားသော နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မှသာ စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

You may also like these stories:

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ ကျပ်လာပြန်ပြီ

စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်
စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

Your Thoughts …
Tags: ၃၅ ရာခိုင်နှုန်းဒေါ်လာပို့ကုန်ရငွေဗဟိုဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

Next Post
လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved