• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ

by ဧရာဝတီ
27 December 2023
in သတင်း
A A

တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ/ AA

4.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ဒုံးပိုက်နှင့် ချိန်ခါလိန်နယ်ခြားစောင့်စခန်းတို့ကို နိုဝင်ဘာ ၁၃ ရက်က ရက္ခိုင့်တပ်တော် (AA) တပ်များ တိုက်ခိုက်ကာ စစ်မျက်နှာပြန်ဖွင့်ခဲ့ပြီးနောက် ရခိုင်နှင့် ချင်းပြည်နယ်ကို ဆက်သွယ်ထားသည့် ကုလားတန် မြစ်ကြောင်းတလျောက်ရှိ ဗျူဟာကုန်းများကိုဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။

ဒီဇင်ဘာ ၁၀ရက်က ထရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်းများကို သိမ်းပိုက်နိုင်ခဲ့သလို ပလက်ဝအထက်ပိုင်းရှိ မြိတ်ဝဗျူဟာ ကုန်းကိုလည်း ယခု ရက်ပိုင်းအတွင်းက AA တပ်ဖွဲ့ဝင်များ ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင် ကျောက်တော်မြို့နယ် တင်းမရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေရာ တိုက်ပွဲများပြင်းထန်ပြီး စခန်းမကျရေး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသည်။

ကုလားတန်မြစ်ကြောင်းတလျှောက်ရှိ ထရွန်အိုင်၊ နှုံးဘူး၊ မြိတ်ဝ၊ ရှင်းလက်ဝ၊ မီးဝ၊ တောင်ရှည်၊ ဆမီးဗျူဟာကုန်းများသည် အိန္ဒိယ၏ ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ရန် အရေးပါသည့် စခန်းများဖြစ်သည်။

ပလက်ဝဒေသခံတဦးက “တိုက်ပွဲဖြစ်ကတည်းက စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးလာကြဲတဲ့အတွက် မြို့ခံတွေက တော့ အကုန်ထွက်ပြေးကြပြီ။ အခု ဆမီးမြို့ကို စစ်ကောင်စီက လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေပါ ဖြတ်ထား တဲ့အတွက် မြို့မှာ ဘယ်လို ရှိနေတယ်ဆိုတာ မသိနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပြင် ပလက်ဝအရှေ့ဘက်ကမ်းတွင် တည်ရှိသည့် ခလရ ၂၈၉ တပ်ရင်းကိုလည်း AA တပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၈ ရက်က စတင်၍ ပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ကူပေးခဲ့ကြောင်း မြို့ခံတဦး က ဆိုသည်။

၎င်းက “၂၈၉ တပ်ရင်းအနီးအနားက စခန်းတွေကို AA တပ်ဖွဲ့တွေ ၁၈ ရက် ညနေပိုင်းကနေ တိုက်ခိုက်တယ်။ စစ်ရဟတ် ယာဉ်က အဲဒီနေ့ ညဉ့်အချိန် ချက်ချင်း ဗုံးလာကြဲတယ်၊ လက်နက်ကြီးသံတွေကြောင့် ကျနော်တို့ တညလုံး အိပ်မရဘူး။ ၂၈၉ တပ်က ပစ်တဲ့လက်နက်ကြီးက မြို့ထဲထိကို လာကျလို့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတယောက်ရဲ့ ကလေးငယ် တဦးနဲ့ မြို့ခံတချို့ ဒဏ်ရာ ရတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ခလရ ၂၈၉ တပ်ရင်းနှင့် AA တပ်ဖွဲ့ဝင်တို့ တိုက်ပွဲသည် ဒီဇင်ဘာလ ၁၈ ရက် ညနေပိုင်းကနေ ဒီဇင်ဘာ ၁၉ ရက် နံနက် ၄ နာရီအထိ ကြာမြင့်ခဲ့ပြီး လတ်တလောအခြေအနေတွင် ၂၈၉ တပ်ရင်းအား AA တပ်ဖွဲ့ဝင်များ ပိတ်ဆို့ထားသလို ပလက်ဝမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများသည်လည်း ပလက်ဝ မြို့ဝင်မြို့ ထွက် နေရာအားလုံးကို ပိတ်ဆို့ထားကြောင်း မြို့ခံများထံမှ သိရသည်။

ပလက်ဝမြို့အထက်ပိုင်းတွင် စစ်ကောင်စီ၏ ရန်ကုန်တိုင်း၊ အင်းတိုင်အခြေစိုက် တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းများကို ပို့ဆောင်ခဲ့ပြီး၊ ပလက်ဝအောက်ပိုင်း ကျောက်တော်နယ်စပ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများဖြင့် အခိုင်အမာ စခန်းချကာ AA တပ်ဖွဲ့ဝင်များကို ခံစစ်အနေအထားဖြင့် ခုခံနေကြောင်း သိရ သည်။

ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ကုလားတန်မြစ်ကြောင်းတလျောက်၌ စစ်ကောင် စီသည် ပလက်ဝအထက်ပိုင်းတွင် မြိတ်ဝ၊ ရှင်းလက်ဝ၊ ထရွန်အိုင်၊ နှုံးဘူးစသည့် ရှေ့တန်းစစ်ဗျူဟာများဖြင့် အခိုင်အမာ တည်ဆောက်ခဲ့သလို ပလက်ဝအောက်ပိုင်းတွင် ဆမီး၊ မီးဝ၊ တင်းမ (တောင်ရှည်တောင်) စသည့်နေရာများတွင် ရှေ့တန်း ဗျူဟာကုန်းများ အခိုင်အမာတည်ဆောက်ပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၏ ကုန်စည်စီးဆင်းမှုလမ်းကြောင်း ဖြတ် တောက်ထားသည်။

အဆိုပါ ရှေ့တန်းစစ်ဗျူဟာတွင် စခန်းချနေထိုင်သည့် တပ်မ ၁၁ နှင့်တပ်မ ၅၅ လက်အောက်ခံ စစ်ကောင်စီ တပ်သားများ သည် ပြီးခဲ့သော ၂၀၁၈၊ ၂၀၁၉ ခုနှစ် ရခိုင်စစ်ပွဲကာလအတွင်းကတည်းက ယင်းနေရာ၌ စခန်းချနေထိုင်ကာ တိုက်ပွဲရပ် လိုက်သည့် ကာလအတွင်း အမာခံ၊ မဆုတ်တမ်းခံတပ်အဖြစ် အခိုင်အမာတည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

AA နှင့် နီးစပ်သည့် ဧရာဝတီသတင်းရင်းမြစ်တဦးက “ကုလားတန်မြစ်ကြောင်းတလျောက်မှာရှိတဲ့ စစ်ကောင်စီဗျူဟာ ကုန်းတွေက လုံးဝ အခိုင်အမာ တည်ဆောက်ထားတာ။ ဆက်သွယ်ရေးမြောင်းတွေဆိုရင် လူနှစ်ရပ်စာလောက်ကို အနက် တူးထားတယ်။ စခန်းထဲမှာဆိုရင်လည်း လိုဏ်ခေါင်းတွေ တူးပြီးတော့ အခိုင်အမာကို လုပ်ထားတာ။ AA တပ်ဖွဲ့တွေ ဒရုန်းနဲ့ ဗုံးချရင် လိုဏ်ခေါင်းထဲကိုမကျနိုင်တဲ့အတွက် တိုက်ရခက်ခဲတယ်။ မြောင်းထဲက စစ်ကောင်စီတပ်သားတွေဆိုရင်လည်း မြောင်းထဲက လှေကားထောင်ပြီး တက်ပစ်တယ်။ သူတို့ လုံးဝ အပြင်မထွက်ဘူး” ဟု ပြောသည်။

သို့သော်လည်း ပလက်ဝအထက်ပိုင်းရှိ မြိတ်ဝ၊ ထရွန်အိုင်၊ နှုံးဘူး စသည့် စစ်ကောင်စီ၏ အခိုင်အမာတည်ဆောက်ထား သည့် ဗျူဟာကုန်းများသည် AA သိမ်းပိုက်လိုက်သည့်အတွက် ပလက်ဝ အထက်ပိုင်းတွင် ရှင်းလက်ဝ ဗျူဟာကုန်းတခုသာ ကျန်ရှိတော့သည်။

တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ/ AA

ယင်းပြင် ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်း၊ ဆမီးဗျူဟာကုန်း၊ ရှင်းလက်ဝဗျူဟာကုန်းတို့ကိုလည်း AA က စစ်ရှိန် မြင့်ကာ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသလို မဟာမိတ်များဖြစ်သည့် ဒေသခံ မရာလဲန်းကာကွယ်ရေးတပ် (Maraland Defense Force – MDF) တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ကို AA တပ်ဖွဲ့ဝင်များနှင့်အတူ ပူးတွဲ တိုက်ခိုက် လျက်ရှိသည်။

စစ်ရေးအရ အချက်အခြာကျသည့် မတူပီ- ပလက်ဝကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ မတူပီအခြေစိုက် ခလရ ၃၀၄ တပ် ရင်းလက်အောက်ခံ ထေဘွေးစခန်းကုန်းကိုလည်း CDF မတူပီ တပ်ဖွဲ့ဝင်များနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များက ဒီဇင် ဘာ ၁၈ ရက်က စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF မတူပီတပ်ဖွဲ့မှ ခေါင်း ဆောင်တဦးက ပြောသည်။

၎င်းက “ထေဘွေးစခန်းကုန်းကို ကျနော်တို့ တပ်ပေါင်းစုတွေ သိမ်းပိုက်လိုက်ပါပြီ။ သူတို့ အလံဖြူတော့ မရဘူး။ ကျည်ဆန် ပဲ ရမယ်ဆိုပြီး သူတို့အထဲကနေ ကြွေးကြော်ပေမယ့် တကယ်တမ်း ကျနော်တို့တိုက်တော့ သူတို့စခန်းကနေ တိတ်တဆိတ် ဆုတ်ခွာထွက်ပြေးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ထေဘွေးစခန်းသည် မတူပီနှင့်ပလက်ဝမြို့နယ်အတွင်းနေထိုင်သည့် ချင်းလူထုတရပ်လုံးအတွက် ဆက်သွယ် သွားလာမှုတွင် အရေးပါသလို စစ်ရေးအချက်အခြာကျသည့် နေရာတခုလည်းဖြစ်၍ စခန်းကုန်းကျသွားပြီ ဖြစ်သည့် အတွက် ဒေသခံပြည်သူများ လွတ်လပ်စွာ သွားလာခွင့် ရရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

AA အနေဖြင့် လက်ရှိဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းတိုက်ပွဲဖော်ဆောင်မှုမှာ ရှမ်းမြောက်ဒေသတွင် ညီနောင် မဟာမိတ် သုံးဖွဲ့နှင့် တိုက်ခိုက်နေသည့် စစ်ဗျူဟာနှင့်မတူသလို ၂၀၁၈၊ ၂၀၁၉ ခုနှစ် ရခိုင်တိုက်ပွဲကာလများနှင့်လည်း မတူဘဲ တမူ ထူးခြားနေကြောင်း စစ်ရေးအကဲခတ်များက ပြောဆိုသည်။

စစ်ရေး အကဲခတ်တဦးက “ရခိုင်မြောက်ပိုင်း အခုတကြိမ်တိုက်ပွဲကာလမှာ စစ်ကောင်စီက ရခိုင်လူထုရော၊ AA ကိုပါ ရိက္ခာ ဖြတ်တောက်ထားတဲ့အတွက် AA အနေနဲ့ ရိက္ခာသယ်ယူမှုလမ်းကြောင်းတခုကို ပွင့်သွားအောင် အိန္ဒိယနဲ့ ဘင်္ဂလားနယ်စပ် တလျောက်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတွေကို တိုက်ခိုက်မယ့်သဘော ရှိတယ်” ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

AA အခိုင်အမာ ခြေကုပ်ယူပြီး စစ်ရေးလှုပ်ရှားသည် ပလက်ဝမြို့နယ်သည် မြန်မာ- အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ် ချင်း ထိစပ်နေသော တြိဂံဒေသတခုဖြစ်သည့်အတွက် စစ်ရေးဗျူဟာအရ အရေးပါသလို နယ်စပ်ကုန်သွယ်မှု ထွက်ပေါက် တခုရရှိရေးအတွက်လည်း အသက်သွေးကြောတခု ဖြစ်သည်။

အာဏာသိမ်းမှုမတိုင်မီ ရခိုင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် AA ကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းရန် မင်းတပ်- မတူပီ ကားလမ်းကိုအသုံးပြု၍ စစ်ကားအစီး ၃၀၀ နီးပါးဖြင့် လက်နက်၊ ရိက္ခာများပို့ဆောင်ပြီး စစ်အင်အားဖြည့်တင်း ခဲ့သည်။

သို့သော်လည်း လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် ချင်းတောင်တန်းကို အသုံးပြု၍ ပလက်ဝဒေသအတွင်းသို့ စစ်ကူ ၊ ရိက္ခာများ ပို့ဆောင်ရန် မဖြစ်နိုင်တော့သလို ကုလားတန်မြစ်ကြောင်းကို အသုံးပြုပြီးလည်း ပလက်ဝအထိ ရေကြောင်းဖြင့် သွားလာရန် မလွယ်ကူတော့ပေ။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
90
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
24

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
35

ကျောက်တော်နှင့် ပလက်ဝမြို့နယ်သို့ ပြေးဆွဲနေသည့် စစ်ကောင်စီပိုင် ရေနယားနှင့် ရေဘဝဲ ဇက်သင်္ဘော ၂ စီးကိုလည်း နိုဝင်ဘာလအတွင်းက ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားပြီဖြစ်ကာ ပလက်ဝဒေသအတွင်းသို့ စစ်ကောင်စီသည် လေကြောင်း တခုတည်းဖြင့်သာ ရိက္ခာ၊ စစ်လက်နက် ပို့ဆောင်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။

လတ်တလော တိုက်ပွဲကာလ၌ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီစခန်း ၁၄၀ ကျော်ကိုလည်း AA တပ်ဖွဲ့ဝင်များက စိုးမိုးသိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း AA သတင်းပြန်ကြားရေးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကုလားတန်မြစ်ကြောင်းတလျောက်ရှိ စစ်ကောင်စီဗျူဟာကုန်းများနှင့် ခလရ ၂၈၉ တပ်ရင်းတို့သည် မကြာမီ ကာလ၌ AA လက်ထဲသို့ ကျရောက်နိုင်ကာ AA ခေါင်းဆောင်များသည် ကုလားတန်စီမံကိန်းကို ကိုင်လှုပ်၍ အိန္ဒိယအစိုးရနှင့် နိုင်ငံရေးအရ စကားပြောလာနိုင်ခြေလည်း ရှိနေသည်။

ရခိုင်စစ်ပွဲကာလအတွင်း စစ်ကောင်စီ၏ ပိတ်ဆို့ဖြတ်တောက်ရေးဗျူဟာကို ကျော်လွှားနိုင်ရန် ကုလားတန်မြစ်ကြောင်း တလျောက်ရှိ စစ်ကောင်စီအမာခံစခန်းများကို AA တိုက်ခိုက်ဖြိုဖျက်၍ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်တခု ဖန်တီး ရယူနိုင်မည်လားဆိုသည်ကို မကြာမီ မြင်တွေ့ရတော့မည် ဖြစ်ပေသည်။ ။

You may also like these stories:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

ရခိုင်တိုက်ပွဲကာလ အရပ်သား ၁၈၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား

ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

Your Thoughts …
Tags: AAကုလားတန်မြစ်ကြောင်းစစ်ဗျူဟာကုန်းတိုက်ပွဲပလက်ဝ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
တရုတ်က မဲခေါင်ဖိုရမ်တွင် မင်းအောင်လှိုင်ကို မိန့်ခွန်းပြောခိုင်း

တရုတ်က မဲခေါင်ဖိုရမ်တွင် မင်းအောင်လှိုင်ကို မိန့်ခွန်းပြောခိုင်း

စစ်ကောင်စီလေကြောင်း အန္တရာယ်ကြောင့် နမ့်ဆန်တွင် လူသူကင်းမဲ့နေ

စစ်ကောင်စီလေကြောင်း အန္တရာယ်ကြောင့် နမ့်ဆန်တွင် လူသူကင်းမဲ့နေ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

12 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved