• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်က မဲခေါင်ဖိုရမ်တွင် မင်းအောင်လှိုင်ကို မိန့်ခွန်းပြောခိုင်း

by ဧရာဝတီ
27 December 2023
in သတင်း
A A
တရုတ်က မဲခေါင်ဖိုရမ်တွင် မင်းအောင်လှိုင်ကို မိန့်ခွန်းပြောခိုင်း

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးကို ဗီဒီယိုမှတဆင့် တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် / MOI

3.6k
VIEWS
Share on FacebookShare on Twitter

တကမ္ဘာလုံး ပစ်ပယ်ထားသော်လည်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် ၄ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပသည်။

ထိုအစည်းအဝေးကို ဗီဒီယိုမှ တဆင့် ကျင်းပခြင်းဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်မန်နက်၊ လာအို ဝန်ကြီးချုပ် မစ္စတာ ဆွန်နက်ဆေး ဆီဖန်ဒုံ၊ ထိုင်းဝန်ကြီးချုပ် မစ္စတာ ဆရီထာသာဗီဆင်၊ ဗီယက်နမ် ဝန်ကြီးချုပ် မစ္စတာ ဖမ်မင်းချင့်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ ပူးတွဲအိမ်ရှင် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီ ချောင်တို့ တက်ရောက်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချမ်းသာကြွယ်ဝရေး အားပေးရန်၊ ဖွံ့ဖြိုးတိုးတက်ရေး ကွာဟမှု ကျဉ်းမြောင်းစေရန်နှင့် မဲခေါင် (တရုတ်တွင် လန်ချန်း) နိုင်ငံများအကြား ရေရှည်တည်တံ့သော တိုးတက်မှု အားပေးရန် ၂၀၁၆ ခုနှစ်က တည်ထောင်ခဲ့သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းတို့ပါဝင်သည့် တရုတ် ဦးဆောင်သော အစီအစဉ်ဖြစ်သည်။

မြန်မာသည် လူမှုစီးပွားတိုးတက်မှုအတွက် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ထံမှ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းတန်သော အထူးရန်ပုံငွေထောက်ပံ့သည့် စီမံကိန်း ၁၀၆ ခုအတွက် ငွေကြေး အထောက်အပံ့ရကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစည်းအဝေးတွင် ပြောသည်။

၂၀၂၄ ခုနှစ် အစောပိုင်းတွင် ပြီးစီးမည့် အမျိုးသား ကူးစက်ရောဂါ ကာကွယ်ရေးနှင့် လေ့ကျင့်ရေးဌာနကို နေပြည်တော်တွင် တည်ဆောက်ပေးသောကြောင့် စစ်ကောင်စီခေါင်းဆောင်က တရုတ်ကို ကျေးဇူးတင်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
44
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးတွင် ထာဝရ ပူးတွဲအိမ်ရှင်ဖြစ်သည့် တရုတ်အစိုးရ ကျေနပ်စေရန် မင်းအောင်လှိုင်က နိုင်ငံဖြတ်ကျော် မှုခင်းနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မှောင်ခိုကူးခြင်း၊ လူမှောင်ခိုကူးခြင်း၊ အကြမ်းဖက်မှု၊ ဆိုက်ဘာ ရာဇဝတ်မှုနှင့် အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်တောင်းဆိုသည်။

ထိုရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်ဟု ဒေသတွင်းမှ အခြားခေါင်းဆောင်များကို ၎င်းကပြောသည်။

တရုတ်-မြန်မာနယ်စပ်အနီး တရုတ်နိုင်ငံသားများ လုပ်ကိုင်နေသည့် အွန်လိုင်းငွေကြေးလိမ်လည်မှု ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီက ပျက်ကွက်သည့်အတွက် ဒဏ်ခတ်သည့်အနေဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီဆန့်ကျင်ရေး တိုက်ပွဲတွင် တရုတ်သည် ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပါဝင်သည့် ညီနောင်မဟာမိတ်များကို တရုတ်က ထောက်ခံသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။

ထိုတိုင်းရင်းသား မဟာမိတ်များသည် တရုတ်၏ ထောက်ခံမှု မရပါက နှစ်လ မပြည့်မီ ဒါဇင်နှင့်ချီသော မြို့များနှင့် ရာနှင့်ချီသော စခန်းများကို သိမ်းပိုက်နိုင်မည်မဟုတ်ဟု သုတေသီများက ပြောသည်။

ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး၏ ရည်မှန်းချက်တခုမှာ တရုတ်၏ ပန်းတိုင်ဖြစ်သော အွန်လိုင်းငွေကြေး လိမ်လည်မှုများကို တိုက်ဖျက်ရန်ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လတွင် ကျင်းပသည့် ပထမဆုံးအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးကို ဦးသိန်းစိန် အရပ်သားအစိုးရအတုမှ ဒု သမ္မတ စိုင်းမောက်ခမ်း တက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးသို့ ယခု စစ်ကောင်စီ ခေတ္တ သမ္မတ၊ ယခင်က ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဒု သမ္မတ ဦးမြင့်ဆွေ တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ကျင်းပသည့် တတိယအကြိမ် အစည်းအဝေးသို့ NLD အစိုးရ သမ္မတ ဦးဝင်းမြင့် တက်ရောက်ပြီး လာအိုထံမှ ပူးတွဲသဘာပတိရာထူးကို လက်ခံသည်။ တရုတ်သည် ထိုအစည်းအဝေး၏ ထာဝရ ပူးတွဲ သဘာပတိဖြစ်ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများက နှစ်နှစ်တကြိမ် ပူးတွဲ သဘာပတိ အလှည့်ကျဖြစ်သည်။ ယခု အစည်းအဝေးတွင် မင်းအောင်လှိုင်က ပူးတွဲသဘာပတိ တာဝန်ကို ထိုင်းသို့ လွှဲပေးရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပူးတွဲအိမ်ရှင်အဖြစ် ထိုအစည်းအဝေးကို ကျင်းပသော်လည်း တရုတ်သည် မင်းအောင်လှိုင် တရုတ်သို့ တရားဝင်လည်ပတ်ရန် အကြိမ်ကြိမ် တောင်းဆိုမှုကို ပယ်ချသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကလည်း ထိပ်သီးအစည်းအဝေးတက်ခွင့် ပိတ်ပင်ထားသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ အစည်းအဝေးတွင် အခွင့်ကောင်းယူပြီး စစ်ကောင်စီခေါင်းဆောင်က မဲခေါင်-လန်ချန်း နိုင်ငံများအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးတွင် တနိုင်ငံနှင့် တနိုင်ငံ ကူညီရန် တိုက်တွန်းပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များစင်္ကြံ အကောင်အထည်ဖော်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် စီမံကိန်း ရေးဆွဲရေး တောင်းဆိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ From Pariah to Co-Host: Myanmar Coup Leader Promotes Rule of Law at Mekong Forum ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်ကြိုးစားနေ

မြန်မာ စစ်ပွဲနှင့် ပဋိပက္ခများကြား ယူနန်တရုတ်တွေ စီးပွားရေးလုပ်မတဲ့လား

တရုတ်အကျိုးစီးပွားကို မတိုက်ခိုက်ရန် NUG ကို တရုတ် လာရောက်ဆွေးနွေး

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAMNDAANLDTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုဆိုက်ဘာ ရာဇဝတ်မှုညီနောင်မဟာမိတ်သုံးဖွဲ့တရုတ်နိုင်ငံဖြတ်ကျော် မှုခင်းနှိမ်နင်းရေးမူးယစ်ဆေးဝါးမဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမဲခေါင်ဖိုရမ်လူမှောင်ခိုကူးမှုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဆီယံအွန်လိုင်းငွေကြေးလိမ်လည်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီလေကြောင်း အန္တရာယ်ကြောင့် နမ့်ဆန်တွင် လူသူကင်းမဲ့နေ

စစ်ကောင်စီလေကြောင်း အန္တရာယ်ကြောင့် နမ့်ဆန်တွင် လူသူကင်းမဲ့နေ

မြောက်ဦးစစ်ရှောင်စခန်းမှ ကလေးငယ်များအပါအဝင် ၅ ဦး လက်နက်ကြီးမှန် သေဆုံး

မြောက်ဦးစစ်ရှောင်စခန်းမှ ကလေးငယ်များအပါအဝင် ၅ ဦး လက်နက်ကြီးမှန် သေဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved