• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်

by ဧရာဝတီ
2 November 2023
in သတင်း
A A
ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်

ကိုးကန့်ဒေသတွင် စစ်ဆင်ရေးလှုပ်ရှားနေသော မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- The KoKang)

13.7k
VIEWS
Share on FacebookShare on Twitter

“၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ကိုးကန့်ဒေသသို့ အဓိက ဆက်သွယ်ရာလမ်းကြောင်းဖြစ်သည့် ကွမ်းလုံမြို့အား ညီနောင်မဟာမိတ်တပ်များ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာတွင် ယနေ့မွန်းလွဲပိုင်းအထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ပြောခွင့်ရှိသူ ကိုရန်ရန်က ပြောသည်။

အောက်တိုဘာ ၂၇ ရက်က စတင်သည့် စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်) နှင့် ချင်းရွှေ ဟော်ဒေသတို့အား မဟာမိတ်တပ်များက ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကွမ်းလုံမြို့အား သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ယမန်နေ့က စတင်ပြီး ကွမ်းလုံမြို့ရှိ အဓိက စစ်ဗျူဟာစခန်းကုန်းဖြစ်သည့် အမြောက်တပ်ရင်း-၁၂၇ အား ညီနောင်မဟာ မိတ်တပ်များက ထိုးစစ်ဆင်ခဲ့ရာ တပ်ရင်း ဒုတိယတန်း ခံစစ်ကြောင်းအထိ ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့သည်ဟု ပြောထား ကြသည်။

MNDAA ပြောခွင့်ရှိသူ ကိုရန်ရန်က “ကွမ်းလုံဘက်က တပ်ရင်း ၁၂၇ ကို ကျနော်တို့ စစ်ဆင်ရေး လုပ်နေတယ်။ လတ်တလော ရရှိတဲ့သတင်းတွေအရ ဆက်လက်ပြီး စစ်ဆင်ရေးလုပ်နေဆဲပါပဲ။ စခန်းသိမ်းဆည်းရရှိမှုတွေတော့ သတင်း မရသေးပါဘူး” ဟု ပြောသည်။

ညီနောင်မဟာမိတ်တပ်အနေဖြင့် စစ်ဆင်ရေး စတင်ကတည်းက မုံးကိုးဒေသနှင့် ဆက်စပ်နေသော ကွမ်းလုံမြို့နယ်၊ မြောက်ဘက်ရှိ နမ့်ကျွမ်းဒေသအတွင်းမှ စစ်တပ်နှင့် ပြည်သူ့စစ်စခန်းများအား သိမ်းပိုက်ထားနိုင်ခဲ့သည့်အပြင် မြင့်တက်လာသည့် စစ်ရေးအရှိန်ကြောင့် စစ်ကောင်စီ လက်အောက်ခံတပ်များ လက်နက်ချ အညံ့ခံမှုများရှိနေသည်။

ကွမ်းလုံမြို့တောင်ဘက်ရှိ ကံမိုင်းဒေသအခြေစိုက် ခြေလျင်တပ်ရင်း ၁၄၃ မှ ဒုတပ်ရင်းမှူးအပါအဝင် တပ်ရင်းတခုလုံး (စုစုပေါင်း အင်အား ၄၁ ဦး) မှာ အောက်တိုဘာ ၃၀ ရက်က လက်နက်ချခဲ့သည့်အပြင် ကွမ်းလုံမြို့နယ်၊ ဟဲ့ဟော်ကျေးရွာ အခြေစိုက် ပြည်သူ့စစ်အဖွဲ့ဝင် ၁၅ ဦးသည်လည်း အောက်တိုဘာ ၃၁ ရက်က လက်နက်ချခဲ့သည်။

ကိုးကန့်ဒေသတွင် စစ်ဆင်ရေးလှုပ်ရှားနေသော မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- The KoKang)

ညီနောင်မဟာမိတ်တပ်အနေဖြင့် စစ်ရေးဗျူဟာအရ အရေးပါသည့် ကွမ်းလုံမြို့အား မြောက်ဘက်နှင့် တောင်ဘက် ထိုးစစ်ဆင်နေခြင်းဖြစ်သည့်အပြင် အရှေ့ဘက်ရှိ ဟိုပန်၊ နန့်တိန်းချောင်းတံတားကိုလည်း ယခင်ရက်များကတည်း ချိုးဖျက်ထားသည်။

ယင်းပြင် ကွမ်းလုံအဝင်လမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီမြို့နယ် များတွင်လည်း ညီနောင်မဟာမိတ်တပ်များက တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ပြီး လမ်းကြောင်းများ ထိန်းချုပ်ထားလျက်ရှိသည်။

ကွမ်းလုံမြို့မှာ ကိုးကန့်ဒေသစိုးမိုးရေးအတွက် အရေးပါပြီး လက်လွှတ်လိုက်ရပါက သံလွင်မြစ်မြောက်ဘက်ခြမ်းရှိ ကိုးကန့် ဒေသတခုလုံး ညီနောင်မဟာမိတ်တပ်များ၏ ပိတ်ဆို့ထိန်းချုပ်ခံရမည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။

၎င်းက “ကွမ်းလုံကိုကတော့ ရသလောက် စစ်ကောင်စီက ခုခံမယ်ထင်တယ်။ ဒါပေမယ့် ရိက္ခာ၊ လက်နက်၊ လူအားလုံးက လေကြောင်းနဲ့ပဲ ပို့လို့ရမယ်။ ကားလမ်းနဲ့ ပို့လို့မရတော့ဘူး၊ ကွမ်းလုံနဲ့ ချင်းရွှေဟော်ကျသွားခဲ့ရင် သံလွင်မြစ်ရဲ့ အရှေ့ဘက်ခြမ်း ဟိုပန်၊ ပန်လုံဒေသက ပိတ်မိသွားလိမ့်မယ်။ မြောက်ပိုင်းသုံးဖွဲ့နဲ့ ဝ နယ်ကြားထဲမှာ။ နောက်တခုက ကွမ်းလုံရော ချင်း ရွှေဟော်ရော မြောက်ပိုင်းအဖွဲ့က ရသွားရင် လောက်ကိုင်နဲ့ ကိုးကန့်ဒေသတခုလုံးက ပိတ်မိနေတယ်” ဟု သုံးသပ်သည်။

အောက်တိုဘာ ၃၁ ရက် MNDAA ထံ လက်နက်ချလာသော ကွမ်းလုံမြို့နယ်ဟဲ့ဟော်ကျေးရွာပြည်သူ့စစ်အဖွဲ့ / The KoKang

ထိုသို့ ကိုးကန့်ဒေသထိန်းချုပ်ရေး အဓိကအရေးပါသည့် ကွမ်းလုံမြို့နှင့် ပတ်သက်၍ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ လက်ထက်ကလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ဖူးပြီး “ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ” အဖြစ် နာမည်ကျော်ခဲ့သည်။

ထိုတိုက်ပွဲသည် ၁၉၇၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်တပ်များက ကွမ်းလုံဒေသ ကာကင်းစခန်းကုန်းများအား ကနဦးသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်အစိုးရ၏ တန်ပြန် ထိုးစစ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲမှာပြီးဆုံးခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်ရေးအရအရေးပါသည့် ကွမ်းလုံဒေသ၌ စစ်တပ်က အခိုင်အမာ ခံစစ်စခန်းများနှင့် ကွမ်းလုံမြို့ တောင်ဘက် သံလွင်မြစ်ကမ်းဒေသတွင် ဗျူဟာစခန်းကုန်းအနေဖြင့် အမြောက်တပ်ရင်းများဖြင့်ပါ အခိုင်အမာ အထိုင်ချ တပ်စွဲထားသည်။

တကျော့ပြန်ဖြစ်ပွားလာသည့် ကွမ်းလုံတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က စစ်စခန်းတချို့ ဆုံးရှုံးထားသော်လည်း ကွမ်းလုံသို့ စစ်ကူများ ထပ်မံဖြည့်တင်းကာ တန်ပြန်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့အတွင်း ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်လျက်ရှိနေကြောင်း သိရသည်။

ကွမ်းလုံဒေသနှင့် နယ်မြေဆက်စပ်နေသည့် ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) က ၎င်းထိန်းချုပ်နယ်မြေအနီး ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး မည်သည့်ဘက်မှ ပါဝင်မှာ မဟုတ်ကြောင်းနှင့် စစ်ရေးအရ လေကြောင်း၊ ကုန်းကြောင်းများမှ နယ်မြေကျူးကျော်လာပါက ခုခံတိုက်ထုတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့က သတိပေးကြေညာထားသည်။

ကွမ်လုံက စစ်ရေးအရ ဗျူဟာကျသည်

လက်ရှိ စစ်ဆင်ရေးဆင်နွှဲနေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၊ UWSP တို့နှင့် ပြည်ထောင်စုနိုင်ငံရေးဆွေနွေးရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်သည့် မိုင်းလားတပ်ဖွဲ့ (NDAA) ကလည်း ယခုစစ်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း ပြောသည်။

ညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA ၊ ရက္ခိုင်တပ်တော်(AA) နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) တို့အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်တိုက်ခိုက်နေသည်မှာ ခုနှစ်ရက်မြောက်လာပြီဖြစ်ပြီး ဒေသတွင်း စစ်တပ်စခန်း အကြီးအသေး ၁၀၀ ခန့်အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးအတွင်း ကြူကုတ်၊ ဖောင်းဆိုင်နှင့် ချင်းရွှေဟော်ဒေသတို့အား လက်လွှတ်ရ ကြောင်း ဝန်ခံထားပြီး နယ်မြေဒေသတည်ငြိမ်ရေးအတွက် တန်ပြန်တိုက်ခိုက်လျက်ရှိကြောင်းလည်း စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယင်းပြင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးအား ကိုးကန့်မျိုးနွယ်စုဖြစ်သည့် ဖုန်မျိုးနွယ်စုနှင့် ရန်မျိုးနွယ်စုအကြား ရန်ငြိုးဖြင့် အာဏာရရေး လက်စားချေတိုက်ခိုက်မှုသာဖြစ်ကြောင်း ပြောဆိုခဲ့သည့်အပြင် ၎င်းတို့သည် စစ်အာဏာရှင် ထက်ဆိုးသည့် စစ်ဘုရင်များသာဖြစ်ကြောင်းလည်း ဇော်မင်းထွန်းက ပုတ်ခတ်ပြောဆိုသည်။

You may also like these stories:

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
67
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
61
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
51

လောက်ကိုင်ရှေ့တန်းတွင် ထိုင်းနိုင်ငံသား ၂၀၀ နီးပါး စစ်တပ်က လူသားဒိုင်းလုပ်ထား

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြန်မာ့လက်နက်ကိုင် ပဋိပက္ခသည် လိပ်ခဲတည်းလည်း မဟုတ်တော့

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဟာ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်တခုဖြစ်တယ်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးကိုးကန့်ဒေသကွမ်းလုံစစ်ကောင်စီညီနောင်မဟာမိတ် ၃ ဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အိန္ဒိယရဲအရာရှိ အသတ်ခံရမှု မိုးရေးမြို့ရှိ မြန်မာ ၄၀ခန့် အဖမ်းခံရ

အိန္ဒိယရဲအရာရှိ အသတ်ခံရမှု မိုးရေးမြို့ရှိ မြန်မာ ၄၀ခန့် အဖမ်းခံရ

နောင်ချိုမြို့အနီး စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် MDY PDF တို့ စစ်ဆင်

နောင်ချိုမြို့အနီး စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် MDY PDF တို့ စစ်ဆင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved