• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နော်စီဖိုးရာစိန် ကွယ်လွန်ခြင်း KNU နှင့် NUG ဝမ်းနည်းကြေကွဲ

by ဧရာဝတီ
26 July 2024
in သတင်း
A A
နော်စီဖိုးရာစိန် ကွယ်လွန်ခြင်း KNU နှင့် NUG ဝမ်းနည်းကြေကွဲ

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း ပဒို နော်စီဖိုးရာစိန် / Karen News

1.3k
VIEWS
Share on FacebookShare on Twitter

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း ပဒို နော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း KNU နှင့် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ကြေညာပြီး သူ့ကို တော်လှန်ရေး သူရဲကောင်းအဖြစ် အသိအမှတ်ပြုကြသည်။

အသက် ၆၉ နှစ်ရှိပြီဖြစ်သော နော်စီဖိုးရာစိန်သည် ထိုင်းနယ်စပ်မြို့ မယ်စရင်းရှိ နေအိမ်တွင် ကင်ဆာရောဂါဖြင့် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်သည်။

သူသည် ဘဝကို ကရင်ပြည်သူများ လွတ်မြောက်ရေးနှင့် ကရင်လူမှုအသိုက်အဝန်းကို ပေးဆပ်ရေးအတွက် မြှုပ်နှံလုပ်ကိုင်ခဲ့သည်ဟု မြန်မာတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း KNU က ဖော်ပြသည်။ “သူ၏ သတ္တိနှင့် ဆုံးဖြတ်ချက် ပြတ်သားမှု အမွေအနှစ်သည် မိမိတို့အားလုံးကို ဆက်လက် စိတ်အားထက်သန်ပါစေ” ဟု KNU က ပြောသည်။

ပဒို နော်စီဖိုးရာစိန် ကွယ်လွန်ခြင်းသည် ကရင်လူမှုအသိုက်အဝန်း အတွက်သာမက တနိုင်ငံလုံးအတွက် ဆုံးရှုံးမှုဖြစ်ကြောင်း NUG က ဖော်ပြသည်။

သူသည် ၂၀၁၅ ခုနှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားပြီး အရပ်သားအစိုးရကို ထောက်ခံကြောင်း ပထမဆုံး ကြေညာသည့် ခေါင်းဆောင်ဖြစ်ကြောင်း NUG က ဖော်ပြသည်။

နော်စီဖိုးရာစိန်သည် NCA ကို စွန့်လွှတ်ပြီး KNU Concerned Group ကို ဦးဆောင်ကာ NUG ကို အသိအမှတ်ပြု၍ NUG ၏ ဖက်ဒရယ် ပြည်ထောင်စု ရည်မှန်းချက်ကို ဆုပ်ကိုင်သည်။

၂၀၁၄ ခုနှစ်၊ မေလက ဧရာဝတီတိုင်းရှိ ကရင်အသိုင်းအဝိုင်းသို့ KNU ကိုယ်စားလှယ်အဖြစ် ပဒို နော်စီဖိုးရာစိန် သွားရောက်စဉ် / Karen News

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာမလာဘော၏ သမီး နော်စီဖိုးရာစိန်သည် KNU တွင် ကျောင်းဆရာမ၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ အထွေထွေအတွင်းရေးမှူးနှင့် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ သူသည် ကရင်အမျိုးသမီးအသင်း (KWA) အထွေထွေ အတွင်းရေးမှူးအဖြစ် ဒုက္ခသည်ရေးရာများကို ကိုင်တွယ်ဖြေရှင်းသည်။

နော်စီဖိုးရာစိန်ကို အမျိုးသမီးအဖွဲ့ကွန်ရက် (WON) က ၂၀၁၄ ခုနှစ်တွင် အမျိုးသမီးငြိမ်းချမ်းရေးဆု ချီးမြှင့်သည်။

၂၀၁၂ ခုနှစ်၊ ဧပြီလက ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ပဒို နော်စီဖိုးရာစိန် တက်ရောက်စဉ် / Karen News

ကရင် ပညာရေးအခွင့်အရေး တက်ကြွလှုပ်ရှားသူ စောကပိက “နော်စီဖိုးရာစိန်၏ လုပ်ဆောင်ခဲ့မှုများသည် သူ၏ နိုင်ငံရေး အောင်မြင်မှုများထက် ကျော်လွန်သည်။ သူ့ကို ခွန်အားနှင့် အလားအလာ သင်္ကေတအဖြစ်မြင်သော မရေတွက်နိုင်သည့် ကရင်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် စိတ်ဓာတ်ခွန်အားနှင့် စံနမူနာ ဖြစ်သည်။ သူ၏ ခေါင်းဆောင်မှုနှင့် သတ္တိသည် ကရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စည်းမျဉ်းရှိသော နိုင်ငံရေးတွင် ဖျောက်ဖျက်မရသည် အမှတ်လက္ခဏာတခု ချန်ရစ်ခဲ့သည်” ဟု ပြောသည်။

၂၀၁၅ ခုနှစ် NCA ကို လက်မှတ် မရေးထိုးမီ ဦးသိန်းစိန်၏ အသွင်ကူးပြောင်းရေး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ညှိနှိုင်းသည့် KNU ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် နော်စီဖိုးရာစိန်ကို စောကပိက ချီးကျူးသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
61
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
18
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
46

ရှုပ်ထွေးပြီး သစ္စာမဲ့သော ညှိနှိုင်းမှုများကို ဦးဆောင်နိုင်သည့် သူ၏စွမ်းရည်သည် သူ၏ကျွမ်းကျင်မှု၊ စိတ်ရှည်မှုနှင့် ကရင့်အရေးအတွက် မဆုတ်မနစ်သော ဆုံးဖြတ်ချက်ကို သက်သေပြချက်ဖြစ်ကြောင်း စောကပိက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ KNU and Civilian Government Mourn Death of Karen Revolutionary Leader ကို ဘာသာပြန်သည်။)

You may also like these stories:

ခေါင်းဆောင်မှု အပိုင်းမှာ အမျိုးသမီးတွေ ပါဝင်သင့်တယ်လို့ ဆိုတဲ့ နော်စီဖိုးရာစိန်

NCA လက်မှတ်ရေးထိုးပွဲ KNU ဒု ဥက္ကဋ္ဌ နော်စီဖိုးရာစိန် မတက်ရောက်

အဓမ္မ အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်သည်ဟု KNU Concerned ပြော

NCA စာချုပ် ပျက်ပြီဟု KNU Concerned Group ကြေညာ

တပ်မတော်ခေါင်းဆောင်များကို ICC သို့လွှဲပြောင်းရေး KNU Concerned Group ထောက်ခံ

Your Thoughts …
Tags: KNUNCANUGကရင်အမျိုးသား အစည်းအရုံးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒုက္ခသည်ပဒို နော်စီဖိုးရာစိန်ဖက်ဒရယ် ပြည်ထောင်စုအပစ်အခတ်ရပ်စဲရေးအမျိုးသမီးအခွင့်အရေးအမျိုးသားညီညွတ်ရေးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

လူပင်သေသော်ငြား နာမည်ကား မသေပြီ

လူပင်သေသော်ငြား နာမည်ကား မသေပြီ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved