• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

NCA လက်မှတ်ရေးထိုးပွဲ KNU ဒု ဥက္ကဋ္ဌ နော်စီဖိုးရာစိန် မတက်ရောက်

by နန်းလွင်နှင်းပွင့်
13 October 2015
in Ethnic Issues
A A
KNU, NCA, နော်စီဖိုးရာစိန်

MPC တွင် ကျင်းပသည့် ဆွေးနွေးပွဲ တခုတွင် တွေ့ရသည့် KNU ဒု ဥက္ကဋ္ဌ နော်စီဖိုးရာစိန် (ဓာတ်ပုံ - သော်ဟိန်းထက် / ဧရာဝတီ)

5.8k
VIEWS
Share on FacebookShare on Twitter

ပြည်တော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့၌ ကျင်းပမည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒို နော်စီဖိုးရာစိန်က တက်ရောက်မည် မဟုတ်ဟု အစိုးရဘက်သို့ အကြောင်းပြန်ထားသည်ဟု သတင်းရရှိသည်။

နော်စီဖိုးရာစိန်က အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းကို အောက်တိုဘာလ ၁၂ ရက်တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အကြောင်းကြားစာတွင် ၎င်းအနေဖြင့် အောက်တိုဘာလ ၁၅ ရက်၊ NCA လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ပါက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် အခမ်းအနားဆင်နွှဲသကဲ့သို့ အဓိပ္ပာယ် သက်ရောက် နေမည်ဖြစ်သဖြင့် လက်မှတ်ရေးထိုးပွဲကို မတက်ရောက်နိုင်ပါကြောင်း ဖော်ပြထားသည်။

“ယခု လက်မှတ်ရေးထိုးမည့် အချိန်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကာ ပြည်သူလူထုများလည်း ကြောက်ရွံ့မှုများ ဆက်လက်ရှိနေပြီး ဘဝလုံခြုံမှု မရှိသည့်အတွက် ကျမအနေဖြင့် NCA လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခွန်အားမရှိပါ” ဟု နော်စီဖိုးရာစိန်က ၎င်း၏ စာတွင် ရေးသားထားသည်။

အောက်တိုဘာလ ၁၅ ရက်၌ ကျင်းပမည့် NCA လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မည် မဟုတ်ဘဲ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကသာ လက်မှတ်ရေးထိုးမည် ဖြစ်သည်။

NCA စာချုပ်တွင် ပါဝင်လက်မှတ်ထိုးမည် မဟုတ်သေးသည့် အဖွဲ့ ၁၃ ဖွဲ့အနက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) တို့မှာလည်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ တကြောလုံးတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်။

NCA ကို လက်မှတ်မထိုးဘဲ ကျန်နေခဲ့သည့် အဖွဲ့များမှာ အစိုးရဘက်မှ NCA စာချုပ်တွင် တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို တပြိုင်နက်တည်း လက်မှတ်ထိုးခွင့်မပြုဘဲ ၁၅ ဖွဲ့ကိုသာ ဦးစွာ လက်မှတ်ထိုးရန် ဖိတ်ခေါ်သဖြင့် ကျန်နေခဲ့ခြင်း ဖြစ်သည်။

နော်စီဖိုးရာစိန်မှာ NCA စာချုပ်ကို လက်မှတ်ထိုးနိုင်ရန် ဆွေးနွေးစဉ်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး၏ ကိုယ်စားပြု ဖြစ်သည့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD) ၏အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
32
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

၎င်းက NCA ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းမှာ တနိုင်ငံလုံးတွင် သေနတ်သံများတိတ်ပြီး တိုက်ပွဲများ ရပ်တန့်စေရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးသည့် စာချုပ် ဖြစ်လာစေရန် မျှော်လင့်ထားခဲ့သည် ဟုလည်း ဆိုသည်။

နော်ဇီဖိုးရာစိန်၏ စာတွင် “ကျမအနေဖြင့် KNU ခေါင်းဆောင်တဦး အနေဖြင့် ဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် ခေါင်းဆောင် တဦးအနေဖြင့် ဖြစ်စေ၊ ကျမတို့၏ ကြိုးပမ်းမှုမှာ မျှော်မှန်းထားသည့် အဆင့်ကို မရောက်ရှိသေးဟု ခံယူပါသည်” ဟု ရေးသားထားသည်။

အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရန် တိုင်းရင်းသား နယ်မြေဒေသများအတွင်း ထိုးစစ်ဆင်မှု ရပ်တန့်ရေးကို လုပ်ဆောင်ခဲ့သော်လည်း အကောင်အထည် မဖော်နိုင်သည်မှာလည်း ဝန်ကြီး ဦးအောင်မင်း အသိပင် ဖြစ်သည်ဟု ပြောဆိုထားသည်။

UPWC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ဒါက သူ့ရဲ့ သဘောထားပါပဲ၊ ဒီနေ့မနက်ပဲ KNUရဲ့ ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနဲ့ စစ်ဦးစီးချုပ်တို့က သမ္မတနဲ့တွေ့ပြီး ရှေ့ဆက်သွားဖို့ ဆွေးနွေး ပြီးပါတယ်၊ စာနဲ့ ပတ်သက်ပြီး ဆရာမ တဦးတည်းရဲ့ သဘောလို့ပဲ ယူဆပါတယ်၊ KNU တဖွဲ့လုံး သဘောလို့ မယူဆပါဘူး” ဟု ဧရာဝတီကို ပြောသည်။

KNU အဖွဲ့အတွင်းတွင် NCA လက်မှတ်ရေးထိုးမည့် ကိစ္စနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသည်ဟုလည်း ကောလဟလ သတင်းများ ထွက်ပေါ်နေပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အခြေစိုက် KNU၏ တပ်မဟာ (၅) က တပ်သားသစ်များ ထပ်မံ စုဆောင်းနေသဖြင့် ဒေသခံ ၂၀၀၀ ကျော်မှာ ထွက်ပြေး တိမ်းရှောင် လာရသည်ဟုလည်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က ဧရာဝတီကို ပြောဆို ထားသည်။

NCA စာချုပ်၊ အခန်း (၃)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာကိစ္စရပ်များ၊ ပုဒ်မ ၅ တွင် အပစ်ရပ် လက်မှတ် ထိုးထားသည့် အဖွဲ့များမှာ တပ်သားသစ် စုဆောင်းခြင်း မပြုရဟု ပါရှိသည်။

ဦးလှမောင်ရွှေကလည်း တပ်မဟာ (၅) ကိစ္စကို ကြားသိထားပြီး ဖြစ်ပြီး KNU မှာ အောက်တိုဘာလ ၁၅ ရက်တွင် NCA စာချုပ် ချုပ်ပြီးသည်နှင့် ၎င်းတို့ အဖွဲ့အတွင်းရှိ ကိစ္စများကို ကိုင်တွယ်လိမ့်မည်ဟု ပြောသည်။

NCA လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ Myanmar Convention Center – 2 တွင် ကျင်းပမည်ဟု သိရသည်။

အစိုးရဘက်မှ သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ ရှေ့နေချုပ်နှင့် UPWC မှ ဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက် မည်ဖြစ်သည်ဟု ဦးလှမောင်ရွှေက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ လက်မှတ်ထိုးမည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှ ခေါင်းဆောင်များ၊ စစ်ဦးစီးချုပ်များ တက်ရောက်မည်ဟု သိရသည်။

လက်မှတ်ထိုးပြီးနောက် ပစ်ခတ်တိုက်ခိုက်မှု မဖြစ်စေရေးနှင့် နိုင်ငံရေးကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee – JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ပူးတွဲ ကော်မတီ (Union Peace Dialogue Joint Committee – UPDJC) တို့ကို ဖွဲ့ရန်လည်း အောက်တိုဘာလ ၁၆ ရက်တွင် နေပြည်တော်၌ပင် အစည်းအဝေး တရပ် ပြုလုပ်သွားမည်ဟု သိရသည်။

Your Thoughts …
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မော်ချီး , ကယား , မြေပြိုမှု , ရာသီဥတု , မိုးလေဝသ

မော်ချီးမြေပြိုမှု သေဆုံးသူ အရေအတွက် ၁၈ ဦး အထိရှိလာ

တပ်မတော်, မချောစန္ဒီထွန်း, ဖေ့စ်ဘုတ်, မအူပင်မြို့နယ်

ဖေ့စ်ဘုတ်တွင် စစ်တပ်ကို သရော်သူ မချောစန္ဒီထွန်းကို စတင် ရုံးထုတ်

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved