• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီအတွက် ဒေါက်တာ အေးမောင်နှင့် ဒေါ်စန္ဒာမင်းတို့ ဂျပန်သွားစည်းရုံး

by ဧရာဝတီ
2 October 2023
in သတင်း
A A
စစ်ကောင်စီအတွက် ဒေါက်တာ အေးမောင်နှင့် ဒေါ်စန္ဒာမင်းတို့ ဂျပန်သွားစည်းရုံး

ဂျပန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည့် ဒေါ်စန္ဒာမင်း၊ ဒေါက်တာအေးမောင်

4.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ လုပ်ဆောင်မှုများနှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုကို အားပေးထောက်ခံရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း ဒေါ်စန္ဒာမင်းနှင့် ရခိုင့် ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ တို့ ဂျပန်လွှတ်တော် အမတ်အချို့နှင့် တွေ့ဆုံကာ စည်းရုံးပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်စန္ဒာမင်း၊ ဒေါက်တာ အေးမောင်တို့နှင့်အတူ Neo Politics News (NP News) တည်ထောင် သူ ကိုကျော်မျိုးမင်း လည်း ပါဝင်ပြီး စက်တင်ဘာ ၁၉ ရက်က ဂျပန်- မြန်မာလွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် မြန်မာ့အရေး ဆောင်ရွက်နေသည့် ဂျပန် လွှတ်တော်အမတ်တချို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဂျပန် လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် မြန်မာပြည်တွင်း မတည်ငြိမ်မှုများနှင့်ပတ်သက်၍ ဒီမိုကရေစီအင်အားစု များအား အပြစ်တင်ခဲ့ပြီး၊ နိုင်ငံရေး အကျပ်အတည်း ထွက်ပေါက်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန်လိုသည်ဟု ၎င်းတို့က ပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံရောက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုသန့်က ပြောသည်။

၎င်းက “ရွေးကောက်ပွဲ လမ်းကြောင်းကို လွှတ်တော်အမတ်တွေကတဆင့် ဂျပန်အစိုးရကို တိုက်တွန်းပေးဖို့ သူတို့ လော်ဘီလုပ်သွားတယ် သိရတယ်။ နောက်တခုက အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၊ PDF ဒီဟာတွေက မြန်မာပြည်ထဲမှာ အကြမ်းဖက်မှုတွေ လုပ်နေတယ်ဆိုပြီး လီဆယ်တိုင်တန်းသွားတယ်။ ပြည်ပကနေ မြန်မာပြည်အရေးကို ကူညီဆောင်ရွက်ပေးနေသူတွေက အကြမ်းဖက်မှုကို အားပေးနေတဲ့သူတွေပေါ့နော်။ အကြမ်းဖက်မှုတွေဖြစ်အောင် ကူညီထောက်ပံ့နေတာဖြစ်လို့ ဒါတွေကို စစ်ဆေးအရေး ယူပေးပါ ဆိုပြီးလည်း တိုင်တန်းသွားတယ်” ဟု ပြောသည်။

ယင်းပြင် ၎င်းတို့အနေဖြင့် စစ်ကောင်စီက ဖန်တီးထုတ်ဝေထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ထွက်ဆိုချက်များ ဆိုသော အကြောင်းအရာနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ ကျူးလွန်သည့်အကြမ်းဖက်မှုများဟု ဆိုကာ ပုံနှိပ်ဖော်ပြထားသည့် စာစောင်တို့ကိုလည်း လွှတ်တော်အမတ်များထံ ပေးခဲ့ကြောင်းလည်း သိရသည်။

ဒေါ်စန္ဒာမင်း၊ ဒေါက်တာ အေးမောင်နှင့် ကိုကျော်မျိုးမင်းတို့အား ယခုကဲ့သို့ ဂျပန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် လုပ်ဆောင်ပေးခဲ့သူမှာ မြန်မာလုပ်ငန်းရှင် ဦးသန်းနိုင်ဆိုသူ ပါဝင်ဖွဲ့စည်းထားသည့် ဂျပန်-မြန်မာ ချစ်ကြည်ရေး တိုးမြှင့်မှုအသင်း (Japan- Myanmar Exchange Promotion Association) မှ ကူညီ ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုသန့်က ဆိုသည်။

ဒေါက်တာ အေးမောင်၊ ဒေါ်စန္ဒာမင်း၊ ကိုကျော်မျိုးမင်းတို့သည် ဂျပန်အမတ်များနှင့် တွေ့၍ မြန်မာနိုင်ငံ မတည်ငြိမ်မှုများ အတွက် ဒီမိုကရေစီခုခံကာကွယ်သူများကို အပြစ်တင်ပြီး၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လော်ဘီ ပြုလုပ်ခဲ့ကြောင်း တိုကျိုရှင်ဘွန်းသတင်းဌာနမှ သတင်းထောက် မစ္စတာ ရှီဂဲဖုမိကီတာဂါဝါကလည်း စက်တင်ဘာ၂၄ ရက်က တွစ် တာတွင် ရေးသားထားသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံသို့ သွားရောက်ကာ လွှတ်တော်အမတ်တချို့နှင့် တွေ့ဆုံပြီး စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို အားပေးထောက်ခံရန် ပြောဆိုခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ ဒေါ်စန္ဒမင်းနှင့် ဒေါက်တာ အေးမောင်တို့ထံ ဧရာဝတီက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

ဂျပန်နိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်မှာ မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး အကူအညီပေးရေးသာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က Myanmar Now သတင်းဌာနအား ဖြေကြားထားပြီး NUG အပေါ် စွပ်စွဲ ပြော ကြားမှုနှင့် ပတ်သက်၍ မေးမြန်းမှုကိုမူ တိတိကျကျ တုံ့ပြန်ဖြေဆိုခြင်း မရှိခဲ့ပေ။

ဒေါ်စန္ဒာမင်းသည်၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုကာ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သည်။ ပြီးခဲ့သည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်မူ ၎င်းအား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီက ရွေးချယ်ခြင်း မရှိခဲ့ပေ။

စစ်တပ် အာဏာသိမ်းပြီးနောက်တွင်မူ ပြည်သူ့ဆန္ဒအား လေးစားလိုက်နာမှု မရှိခြင်း၊ ပါတီ၏ ရပ်တည်ချက်ကို ဆန့်ကျင်ကာ ပါတီအမည် အလွဲသုံးစားလုပ်ခြင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာကာ ကိုယ်ကျိုးရှာ လုပ်ဆောင်မှု များရှိကြောင်း အကြောင်းပြချက်များဖြင့် ဒေါ်စန္ဒာမင်းအား NLD ပါတီဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်ခဲ့သည်။

ရခိုင်နိုင်ငံရေးသမား တဦးဖြစ်သူ ဒေါက်တာအေးမောင်သည်၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲသည်။၂၀၁၈ ခုနှစ်တွင်မူ ၎င်းကို နိုင်ငံတော် ပုန်ကန်မှုဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံခဲ့ရသည်။

သို့သော် စစ်တပ်က အာဏာသိမ်းအပြီး ရက်ပိုင်းအကြာ၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှပြန်လည် လွတ် မြောက်ခဲ့ပြီး လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်တွင် ၎င်း၏ ရခိုင့်ဦးဆောင်ပါတီ (AFP) အား ပြန်လည် မှတ်ပုံတင်ထားသည်။

၎င်းတို့၏ ဂျပန်ခရီးစဉ်တွင် ပါဝင်ခဲ့သည့် ကိုကျော်မျိုးမင်းဆိုသူသည် ယခင်က ပြည်မြန်မာဂျာနယ်တွင် သတင်း ထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အကုန်သိသတင်းဌာနအား ဦးဆောင်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

လက်ရှိတွင် NP News အမည်ရှိ သတင်းဌာနတည်ထောင်ကာ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများအား ဦးစားပေး ဖော်ပြနေပြီး NUG နှင့် PDF တို့အား အကြမ်းဖက်ပုံသဏ္ဍာန် ပုံဖော်ပြောဆိုလေ့ရှိသူတဦးလည်း ဖြစ်သည်။ ဂျပန်ခရီးစဉ်အတွင်း ၎င်းဖြန့်ဝေပေးခဲ့သည့် လိပ်စာကတ်တွင်မူ MYTHICAL MYANMAR Co.,LTD ၏ ဒါရိုက်တာတဦး အနေဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

You may also like these stories:

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
32
ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
180
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
58

သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

Your Thoughts …
Tags: ဂျပန်လွှတ်တော်အမတ်ဒေါက်တာ အေးမောင်ဒေါ်စန္ဒာမင်းရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
စပါးခင်းများ ရေမြုပ်သဖြင့် အထွက်နှုန်းကျနိုင်

စပါးခင်းများ ရေမြုပ်သဖြင့် အထွက်နှုန်းကျနိုင်

အမျိုးသမီးဖြစ်လို့ ပိုပြောသတဲ့လား

အမျိုးသမီးဖြစ်လို့ ပိုပြောသတဲ့လား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved