• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

Free Burma Ranger Karenni အဖွဲ့ခေါင်းဆောင်နှင့် ဆက်သွယ်မေးမြန်းချက်

by ဧရာဝတီ
24 May 2021
in အင်တာဗျူး
A A
ကယားပြည်နယ် ဒီးမော့ဆို တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်အတူ ဝင်တိုက်ပေးခဲ့သည့် FBR တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - CJ)

ကယားပြည်နယ် ဒီးမော့ဆို တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်အတူ ဝင်တိုက်ပေးခဲ့သည့် FBR တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - CJ)

19.5k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတဝီကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စစ်ဆေးရေး ဂိတ်ကို မေလ၂၂ ရက်တွင် ဒီးမော့ဆို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် Free Burma Ranger Karenni အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်။

Free Burma Ranger အဖွဲ့သည် ပုံမှန်အားဖြင့် လူကယ်သည့် အလုပ်ကိုသာ အဓိက လုပ်ဆောင်လေ့ရှိပြီး တိုက်ပွဲဖော် ဆောင်လေ့ မရှိပေ။

သို့ဖြစ်ရာ မည်သည့် အကြောင်းကြောင့် ဒေါတဝီ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရသည်ကို သိရှိနိုင်ရန် Free Burma Ranger Karenni အဖွဲ့ ခေါင်းဆောင် ကိုယောဟန်အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ Free Burma Ranger Karenni ကို ဘယ်တုန်းက ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တယ်။ အဖွဲ့က ဘယ်လို အလုပ်တွေ လုပ်တယ်ဆိုတာ အရင်ပြောပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ ဒီမှာ ဖွဲ့စည်းတာက Free Burma Ranger စပြီး တည်ထောင်ကတည်းက ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အဖွဲ့ခွဲတွေရဲ့ လှုပ်ရှားမှုကတော့ မြင်ရတာ နည်းတယ်ပေါ့။ ကျနော်တို့က ကိုယ့်ဟာကိုယ်ပဲ ဝေးလံခေါင်ဖျားတဲ့ ရွာတွေမှာပဲ လှုပ်ရှားမှု ရှိတယ်ပေါ့။ မြို့ပေါ်တွေမှာ မရှိဘူးပေါ့။ အခုမှပဲ မြို့ပေါ်တွေမှာ ပြန်ပြီးတော့ လူထုတွေ အကူအညီ တောင်းလို့ လာ ပြီးတော့ ကူညီတာ ဖြစ်တယ်ပေါ့။

အဓိကတော့ ကျနော်တို့ Free Burma Ranger Karenni က FBR လို့ ခေါ်တဲ့ Free Burma Ranger နဲ့ တဖွဲ့တည်းပါပဲ။ ဒါပေမယ့် ကျနော်တို့က ကရင်နီအဖွဲ့ခွဲဖြစ်တယ်ပေါ့။ ကျနော်တို့လည်း ဒီမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတာကို နည်းနည်း ကြိုသိထားတော့ ဒီမှာ လောလောဆယ်ဒုက္ခသည်တွေအတွက် ကူညီပြင်ဆင်နေတာတွေ ရှိတယ်။ တိုက်ပွဲကြားမှာ အရပ်သား တွေကို ဆက်ပြီး ကယ်ဆယ်သွားဖို့ ရှိပါတယ်။

မေး။ ။ မေလ၂၂ ရက်က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတဝီကျေ းရွာက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စစ် ဆေးရေးဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းပြီး Free Burma Ranger ကလည်း ပူးပေါင်းချီတက်ခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလို ပူးပေါင်းတိုက်ခိုက်ရတာပါလဲ။

ဖြေ။ ။ အဓိကကတော့ အဲဒီ ၂၂ ရက် မနက်ပိုင်းမှာ ရွာသားတွေက အဲဒီဂိတ်ကိုဖြတ်တော့ အပစ်ခံရတယ်ပြောတယ်။ သူတို့ ၂ ယောက်ထိတယ်။ တယောက်က လမ်းပေါ်မှာ ဒီတိုင်း ရှိနေတယ်ပေါ့။ ကျနော့်ကိုလည်း ရွာသားတွေက လာပြောတယ်။ သူတို့ က အဲဒီရွာသားကို ကယ်ပေးဖို့ လာပြောတယ်။ အဲဒီမှာ PDF အဖွဲ့တွေလည်း ရှိတယ်ပေါ့။ အဲဒီမှာ ကျနော်တို့လည်း သွား ကြည့်ပေးမယ်ဆိုပြီးတော့ ရွာသားကို ကယ်ဖို့ ကျနော်တို့ နေ့လယ် ၁၂ နာရီလောက် တက်လာတယ်ပေါ့။ အဲဒီမှာ နေ့လယ် ၂ နာရီလောက်ရောက်တော့ သူတို့(စစ်ကောင်စီတပ်ဖွဲ့) က တပ်ဆုတ်ဖို့ လုပ်နေတာနဲ့ တူတယ်။ အဲဒီမှာ ကျနော်တို့ ၂ မိနစ်၊ ၃ မိနစ်လောက် ကျနော်တို့ဘက်က ပစ်တယ်။ သူတို့ဘက်က မပစ်ဘူးပေါ့။ သူတို့ ဆုတ်သွားတယ်။ အဲဒီမှာ PDF အဖွဲ့နဲ့ ဝင်ပြီး သိမ်းတာတွေ လုပ်တယ်။ ရွာသားတွေကို သွားပြီးတော့ ကယ်ထုတ်တယ်။ ဒါပေမယ့် အဲဒီမှာ အလောင်းပဲ တွေ့တာ့တယ်။

မေး။ ။ ရွာသားဆိုတာက ဘယ်ရွာသားတွေလဲ။

ဖြေ။ ။ အဲဒီ သူတို့တပ်က တပ်ချထားတဲ့ ဂိတ်က ဒေါတဝီရွာသားပဲပေါ့။

မေး။ ။ အဲဒီနေ့က တိုက်ပွဲက ဘယ်လိုဖြစ်ခဲ့တာလဲ။ နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေ ပြောပြပေးပါ။

ဖြေ။ ။ တိုက်ပွဲကတော့ မပြင်းထန်ပါဘူး။ သူတို့က တပ်ဆုတ်ဖို့ ပြင်နေတဲ့ ပုံမျိုးဖြစ်နေတယ်။ သူတို့ဘက်က သိပ်ပြီး ပြန်ပစ် ခတ်တာ မရှိဘူး။ ကျနော်တို့ဘက်က ပစ်ခတ်တော့ သူတို့ ဘက်က ဆုတ်ခွာသွားတာပါ။ ကျနော်တို့ဘက်က ထိခိုက်ကျ ဆုံးတော့ မရှိပါဘူး။ ကျနော်တို့မရောက်ခင် ရှေ့တရက်ကတော့ ရွာသားတွေနဲ့ စစ်တပ်တို့ကြားမှာ တိုက်ပွဲပြင်းထန်တယ် ကြားတယ်။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
3
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
9
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
158

အဲဒီမှာ ကျနော်တို့ကို ရွာသားတွေက လာအကူအညီတောင်းတော့ ကျနော်တို့ ဝင်ပြီး ကူညီပေးတာပေါ့။၂၁ ရက်ကတော့ ဘယ်လိုဖြစ်သလဲတော့ ကျနော်တို့ မသိဘူး။ ကျနော်တို့က၂၂ ရက်မှ ရောက်လာတာပေါ့။ ကျနော်တို့ ရွာသားတွေကို မေးကြည့်တော့ တနေကုန် ဖြစ်တယ် ပြောတယ်။ မနက်ရော၊ နေ့လယ်ရော လက်နက်ကြီးတွေနဲ့ ပစ်တယ်ပြောတယ်။

ကယားပြည်နယ် ဒီးမော့ဆို တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်အတူ ဝင်တိုက်ပေးခဲ့သည့် FBR တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ – CJ)

မေး ။ ။ Free Burma Ranger နဲ့ ပတ်သက်ပြီး ကျနော်တို့သိတာက သူ့ရဲ့ မူဝါဒက လူတွေကို ကယ်တာပေါ့။ လူထုကို တိုက် ခိုက်တဲ့သူတွေကို တန်ပြန် တိုက်ခိုက်တာက သိပ်မကြားဖူးဘူး။ အခုကျတော့ တန်ပြန်ထိုးစစ်ဆင်တာတွေ့ရတော့ ဘာကြောင့် တိုက်ခိုက်ရတာပါလဲ ရှင်းပြပေးပါ။

ဖြေ။ ။ အဓိကကတော့ ရွာသားတွေက ရှေ့တရက်ကလည်း သူတို့ တိုက်ပွဲအတွေ့အကြုံအရ သူတို့ကို လက်နက်ကြီးတွေနဲ့ အပစ်ခံရတယ်‌ပေါ့။ အဲဒီလို အပစ်ခံရရင် သူတို့က အထိနာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တူမီးတွေပဲ ကိုင်တယ်။ လေသေနတ်ပဲ ကိုင်တယ်။ ရှေ့ကို သူတို့ တက်လို့မရဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့ပါတယ် ဆိုရင်တော့ ပိုအဆင်ပြေမယ် လို့ ပြောကြတယ်။

ကျနော်တို့ဘက်က ကျနော်တို့ရဲ့အဓိက အလုပ်က လူသွားကယ်မယ့်အကြောင်း သူတို့ကို ပြောပြတယ်။ သူတို့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဝိုင်းထားပြီ ဖြစ်တဲ့အတွက် တခါတည်း သူတို့ သိမ်းတော့မယ်ဆိုပြီး လုပ်တယ်။ အဲဒီလိုဖြစ်သွားတယ်။ ဒီတိုက်ပွဲမှာ ကျ‌နော်တို့က ဦးဆောင်ပြီး တိုက်ခိုက်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့က လူကယ်ဖို့ သွားတယ်။ အဲဒီမှာ ဖြစ် ပုံက PDF အဖွ့ဲတွေက အခြေအနေကောင်းတော့ တခါတည်း သိမ်းလိုက်တဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။

ကယားပြည်နယ် ဒီးမော့ဆို တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်အတူ ဝင်တိုက်ပေးခဲ့သည့် FBR တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ – CJ)

မေး။ ။ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ လာတိုက်တာတွေလည်း ရှိနေတယ်လို့ကြားရပါတယ်။ လက်ရှိမှာရော စစ်ကောင်စီ တပ်တွေနဲ့ ရင်ဆိုင်နေရမှုက ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ။ ။ အဲဒါကတော့ မနေ့ကပေါ့။ ၂၃ ရက် ညနေ ၃ နာရီကျော် ၊ ၄ နာရီဝန်းကျင်လောက်မှာ ဟတ်စကီး (ရဟတ်ယာဉ်) တွေ ပျံလာတာတွေ ရှိတယ်။ ပစ်ခတ်တာတွေ ရှိတယ်။ အဓိကက PDF အဖွဲ့ဝင်တွေက ဒီးမော့ဆို မြို့မရဲစခန်းကို ဝင်စီးနေတဲ့ အချိန်၊ ဝင်သိမ်းတဲ့အချိန် ဖြစ်တယ်ပေါ့။ အဲဒါတလျှောက်လုံး မနက်ကလည်း မိုးဗြဲမှာ ဖြစ်တယ်ပေါ့။ မိုးဗြဲမှာလည်း ရဲစခန်း တွေ သိမ်းတယ်။ နောက်ပြီး လွိုင်ကော် လမ်းတလျှောက်ပေါ့။

ကုန်းသာတို့ ဘာတို့၊ ပီကင်း ကောခူ၊ ဝိုင်ကောခူတို့၊ ကမ်းသာယာ တလျှောက်လုံးဖြစ်တယ်။ လွိုင်ကော်ကနေ ဒီးမော့ဆိုဘက် ၆ မိုင်အကွာမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ တင့်ကားတွေ ထုတ်သုံးလာတယ်။ တင့်ကား ၆ စီးလို့တော့ သတင်းရတယ်။ တချို့ကလည်း ၅ စီးပြောတယ်။ တချို့လည်း ၆ စီးပြောတယ်။ ကျနော်တို့ အတည်ပြုလို့ မရဘူး။
ဟတ်စကီးသုံးတာတော့ ကျနော်တို့ မှတ်တမ်းရှိတယ်။ ဟတ်စကီးကတော့ လောလောဆယ် ခြိမ်းခြောက်တာလို့တော့ ယူဆ တယ်။ လောလောဆယ်တော့ ကျနော်တို့ ထိခိုက်တာတော့ နည်းသေးတယ်ပေါ့။ နောက်ပိုင်းတော့ မပြောတတ်ဘူး။ အခုက သူတို့ တပ်အင်အားတွေ တိုးချဲ့နေတယ်။ ကလောဘက်က တပ်တွေ ဆင်းလာတယ်လို့ ကျနော်တို့ သတင်းရထားတယ်။

မေး။ ။ Free Burma Ranger အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေလုပ်သွားဖို့ရှိမလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ အဓိကတော့ အဖိနှိပ်ခံ လူထုတွေနဲ့ အတူတူ ရှိနေတယ်။ ကျနော်တို့ ကိုယ်တတ်စွမ်းသလောက် သူတို့ကို ကူညီဖို့ ရှိနေမှာပါ။ ရေရှည်ကတော့ တိုက်ပွဲ အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ အခုဆိုရင်လည်း အင်တာနက်လိုင်း တွေ ကျနော်တို့ဘက်မှာ ဖြတ်တောက်ထားတော့ လိုင်းတွေ သုံးလို့မရတော့ဘူး ဖြစ်နေတယ်။ ဖုန်းကတော့ ပြောလို့ရနေသေး တယ်။

နောက်ပိုင်းကျရင် အခြေအနေ ပိုဆိုးလာနိုင်တယ်။ ဒုက္ခသည်တွေကလည်း တပြည်နယ်လုံး အတိုင်းအတာနဲ့ ၂ သောင်းခွဲ လောက် ရှိနေပြီ။ ဒီရက်ပိုင်းမှာ ထပ်ပြီးလည်း တိုးလာတယ်ပေါ့။ လွိုင်ကော်ဆိုရင်လည်း မနေ့ ညက တညလုံး သေနတ်တွေ ပစ်တော့ ထပ်ပြီးတော့ ရှောင်လာတာတွေ များလာတယ်ပေါ့။

ကျနော်တို့ဒီဘက်က ရွာသားတွေမှာက ဒီတပတ် နှစ်ပတ်အတွင်းကတော့ သူတို့ ရိက္ခာတွေ ရှိသေးတဲ့အတွက် ပြဿနာတော့ မရှိသေးဘူး။ နောက်ပိုင်းကျရင် ထိုးစစ်တွေ ထပ်ပြီး ပြင်းထန်လာရင် ဒုက္ခသည်တွေအတွက်က ရိက္ခာတွေ လိုအပ်လာလိမ့် မယ်။ ဆေးဝါး အသုံးအဆောင်တွေ လိုလာလိမ့်မယ်။ ကျနော်တို့မှာလည်း ရှိတာလေးတွေနဲ့ ဒီမှာ ကူညီနေရတာပေါ့။ ကျနော်တို့အဖွဲ့နဲ့မှရယ် မဟုတ်ပါဘူး။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ဒီဘက်မှာ လာကူညီမယ်ဆိုရင် ကောင်းတာပေါ့။

You may also like these stories:

မိုးဗြဲ ရဲစခန်းကို PDF က ဝင်တိုက်၊ စစ်ကောင်စီဘက်မှ လက်နက်ကိုင် ၂၀ ဦး သေဆုံး

ပြည်တွင်းစစ်နှင့် ပြောက်ကျားစစ်ဆင်ရေး

ကနီ – မင်းကင်း လမ်းပေါ်တွင် တိုက်ပွဲ ဖြစ်၊ စစ်ကားများ မိုင်းဆွဲခံရ

Your Thoughts …
Tags: Free Burma Ranger KarenniPDFကယားတိုက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / သီဟလွင် / ဧရာဝတီ

ပြည်သူအတွက် NLD ပါတီ ဆက်ရှိနေမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

သရုပ်ဆောင် မင်းအုပ်စိုး၊ မော်ဒယ် Hu Go / Hu Go's Facebook

မင်းအုပ်စိုးနဲ့ လက်ဝှေ့ ယှဉ်ထိုးဖို့ စိန်ခေါ်လိုက်တဲ့ မော်ဒယ် Hu Go

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved