တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှုများ ဆက်လက် မြင့်မားနေသောကြောင့် ကီလိုမီတာ ၂၀,၀၀၀ ရှည်လျားသည့် တရုတ်- မြန်မာနယ်စပ် တလျှောက်တွင် ၂၀၂၂ ခုနှစ်အတွင်း စစ်မျက်နှာသစ်တခု ပေါ်ပေါက်လာနိုင်သည်။
အငြင်းပွားနေသာ တောင်တရုတ်ပင်လယ်မှာ အန္တရာယ်များသော်လည်း စီမံခန့်ခွဲနိုင်သည့် ရေကြောင်း စစ်ဆင်ရေးနှင့်မတူဘဲ ကုန်းမြေတွင် စစ်ကစားခြင်းသည် ပိုမိုကျယ်ပြန့်သော ဒေသတွင်းတွင် အကျိုးဆက်များစွာ ဖြစ်စေနိုင်သည့် လက်ဝေခံ ပဋိပက္ခများကို ထိန်းချုပ်ရန် ခက်ခဲသည့် အသွင်ဆောင်ဖွယ်ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း အရှေ့တောင်အာရှ ကုန်းမြေဒေသတွင်းသို့ အခြေခံအဆောက်အအုံ စီမံကိန်းများဖြင့် သြဇာဖြန့်ကျက်လာပြီးနောက် မကြာသေးမီက ဘေဂျင်းသည် မြန်မာမှ ရှုပ်ထွေးသော လူမျိုးစု ပဋိပက္ခများတွင် ပိုမိုကြားဝင်ဆောင်ရွက်လာပြီး မဲခေါင်မြစ်အတွင်း ပိုမိုပူးတွဲကင်းလှည့်လာကာ အငြင်းပွားစရာ အကောင်းဆုံးကိစ္စမှာ ကမ္ဘောဒီးယားနိုင်ငံတွင် ရေတပ်စခန်း တည်ဆောက်နေသည်ဆိုသည့် ကိစ္စဖြစ်သည်။
တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် သမ္မတ အိုဘားမားအစိုးရက စတင်ခဲ့သော အာရှသို့ ဗဟိုပြုသည့် အစီအစဉ်ကို အပြင်းအထန် ပြန်လည် လုပ်ဆောင်နေပြီး ထိုဒေသ ကာကွယ်ရေးအတွက် အမေရိကန် ဒေါ်လာ ၇ ဘီလီယံကို ကွန်ဂရက်က အတည်ပြုပေးလိုက်ကာ အဓိကအားဖြင့် အမေရိကန်ရေတပ်ကို အာရုံစိုက်သည်။
လွန်ခဲ့သောနှစ်အတွင်း ဝါရှင်တန်သည် ပင်မကုန်းမြေနိုင်ငံများ၊ အထူးသဖြင့် မဟာမိတ်စာချုပ် ချုပ်ထားသည့် ထိုင်းနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို အပြင်းအထန် ထူထောင်လာပြီး ဇူလိုင်လနောက်ပိုင်းတွင် ဘန်ကောက်သို့ သွားရောက်သည့် အမေရိကန်အရာရှိ ခြောက်ဦးထက်မနည်း ရှိသည်။
သို့သော် လွန်ခဲ့သောနှစ်အတွင်း ဝါရှင်တန်သည် ပင်မကုန်းမြေနိုင်ငံများ၊ အထူးသဖြင့် မဟာမိတ်စာချုပ် ချုပ်ထားသည့် ထိုင်းနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို အပြင်းအထန် ထူထောင်လာပြီး ဇူလိုင်လနောက်ပိုင်းတွင် ဘန်ကောက်သို့ သွားရောက်သည့် အမေရိကန်အရာရှိ ခြောက်ဦးထက်မနည်း ရှိသည်။
သို့သော် တရုတ်နိုင်ငံကို ကုန်းမြေဘက်မှ ဝိုင်းပတ်ခြင်းသည် တောင်တရုတ်ပင်လယ် တဝိုက်တွင် ရေကြောင်း အစီအမံများ ချထားခြင်းထက် များစွာပိုမိုခက်ခဲကြောင်း ပြသနေပြီး အမေရိကန် ပြည်ထောင်စုသည် လူသားချင်း စာနာမှုအကူအညီနှင့် သေနင်္ဂဗျူဟာကျသော စစ်ရေးအကူတို့ကို ပေါင်းစပ်ပြီး စစ်အေးတိုက်ပွဲက နည်းလမ်းများကို အသုံးပြုနေရသည်။

အောက်တိုဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ မစ္စတာ ဒဲရက် ချိုလက် ဘန်ကောက်သို့ သွားရောက်သောအခါ မြန်မာနိုင်ငံတွင်းသို့ ထိုင်းနိုင်ငံမှ လူသားချင်းစာနာမှုစင်္ကြံ ထူထောင်ရန် တောင်းဆိုမှုသည် မြန်မာနိုင်ငံတွင် ပိုမိုဖြစ်ပွားလာသည့် တိုက်ခိုက်မှုများကြောင့် ပေါ်ပေါက်လာသည့် လူချင်းစာနာမှု လိုအပ်ချက်ကို ဖြေရှင်းရန် အသုံးဝင်သော နည်းလမ်းဖြစ်ပုံရသည်။ သို့သော် အဆိုပြုချက်တွင် ထိုစင်္ကြံကို အမေရိကန် အကူအညီပေးရေး အေဂျင်စီများက ဝန်ဆောင်မှုပေးမည်ဆိုသည့် အရေးပါသော နောက်ဆက်တွဲအချက် ပါဝင်သည်။
သို့သော် နောက်ဆုံး စစ်အေးတိုက်ပွဲ အတွေ့အကြုံရှိသူများအတွက် ထိုအချက်သည် ၁၉၈၀ ပြည့်နှစ်များက ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အမေရိကန် လုပ်ငန်း ဆောင်ရွက်ချက်များကို အမှတ်ရစရာ ဖြစ်စေသည်။ ထိုစဉ်က လက်နက်မဟုတ်သည့် အကူအညီများကို ခမာနီများအား တိုက်ခိုက်နေသည့် ကွန်မြူနစ်မဟုတ်သော အင်အားစုများသို့ ပေးခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က အမေရိကန်၏ တောင်းဆိုချက်ကို အလျင်အမြန် သဘောတူခဲ့ပြီးနောက် အခြားထိုင်းအရာရှိများက ထိုအချက်သည် ထပ်မံဆွေးနွေးရန် လိုအပ်နေသေးသည့် အခြေခံအချက်တခုသာ ဖြစ်သည့်သဘောမျိုးပြောဆိုပြီး တိကျရေရာမှု နည်းနေသည်။ တရုတ်နိုင်ငံက အလိုမကျဖြစ်မည်ကို အမြဲတမ်းစိုးရိမ်နေသော ထိုင်းနိုင်ငံက မြန်မာသို့ပေးမည့် လူသားချင်းစာနာမှု အကူအညီများကို ကျယ်ပြန့်သော နိုင်ငံစုံ၊ အေဂျင်စီစုံက ကိုင်တွယ်သည်ကို ပိုမိုလိုလားနိုင်သည်။
တရုတ်နယ်စပ်အနီး အကျိုးအမြတ်များသော မူးယစ်ဆေး ကုန်သွယ်မှုလမ်းကြောင်းကို မည်သူထိန်းချုပ်မည်ဆိုသည့် ကိစ္စအတွက် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တိုက်ခိုက်မှုများသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို ၎င်းတို့၏ မူလ ထိန်းချုပ်နယ်မြေဖြစ်သည့် ထိုင်းနယ်စပ်သို့ ပြန်လည်မောင်းထုတ်လိုပြီး တရုတ်လက်နက်နှင့် တရုတ်ကျောထောက်နောက်ခံပြု ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မှ စစ်သားအကူအညီ ရနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် RCSS အကြား ပြင်းထန်နေသည်။
တဖက်တွင် တရုတ်နိုင်ငံကလည်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ တရုတ်နယ်စပ်အနီး အကျိုးအမြတ်များသော မူးယစ်ဆေး ကုန်သွယ်မှုလမ်းကြောင်းကို မည်သူထိန်းချုပ်မည်ဆိုသည့် ကိစ္စအတွက် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တိုက်ခိုက်မှုများသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို ၎င်းတို့၏ မူလ ထိန်းချုပ်နယ်မြေဖြစ်သည့် ထိုင်းနယ်စပ်သို့ ပြန်လည်မောင်းထုတ်လိုပြီး တရုတ်လက်နက်နှင့် တရုတ်ကျောထောက်နောက်ခံပြု ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မှ စစ်သားအကူအညီ ရနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် RCSS အကြား ပြင်းထန်နေသည်။
တရုတ်က မည်သည့်အတွက် ၎င်းတို့၏ ရန်သူများကို သွယ်ဝိုက် အကူအညီပေးနေသည်နှင့် ပတ်သက်ပြီး မြန်မာမှ တရုတ်သြဇာကို တန်ပြန်ရန် အမေရိကန် အားထုတ်မှုအတွက် အလားအလာရှိသော လက်ဝေခံအဖြစ် ၎င်းတို့ကို မြင်မည့်အရေး RCSS သတင်းရင်းမြစ်များက စိုးရိမ်နေသည်။
သမိုင်းကြောင်းအရ RCSS သည် ထိုင်းနှင့် မြန်မာနယ်စပ်များသို့ ၁၉၄၉ ခုနှစ်က ထွက်ပြေးလာသော ကူမင်တန် အမျိုးသားရေးဝါဒီ တရုတ်စစ်တပ် အကြွင်းအကျန်များနှင့် နီးစပ်သည်။ ထိုကူမင်တန်တပ်များကို မြန်မာသို့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ပုံစံဖြင့် အမေရိကန်က ၁၉၆၀ ပြည့်နှစ်များအထိ ထောက်ပံ့ခဲ့မှုအား ဘေဂျင်းက ပြန်လည်သတိရမည်ကို သံသယဖြစ်ရန်မလိုပေ။ မကြာသေးမီကဆိုလျှင် အမေရိကန် အရာရှိများ ရှမ်းပြည်မြောက်ပိုင်းသို့ ခရီးသွားတိုင်း တရုတ်က မြန်မာအာဏာပိုင်များကို ကန့်ကွက်သောကြောင့် ထိုနေရာသည် အမေရိကန်နှင့် တရုတ်သြဇာနယ်ပယ်များ၏ နယ်စပ်သဖွယ် ဖြစ်နေသည်။
သမိုင်းသည် သူ့အလိုလို တပတ်မလည်သော်လည်း အရှေ့တောင်အာရှ ကျန်အစိတ်အပိုင်းများကို သြဇာအာဏာ လွှမ်းမိုးရန် အခြေခံနေရာအဖြစ် မြန်မာမှ မြင့်မားလာနေသော ပဋိပက္ခကို တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့က အသုံးချရန် ကြိုးစားမည့်အရေး ထိုင်းနိုင်ငံတွင် အခြေစိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များက စိုးရိမ်နေသည်။
(ထိုင်းတော်ဝင်လေတပ်အတွက် အမေရိကန်နိုင်ငံထုတ် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူရန် ထိုင်းအစိုးရအဖွဲ့က မူအားဖြင့် သဘောတူလိုက်ခြင်းအပါအဝင်) ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဒေါ်လာသန်း ၃၀၀ တန် အမေရိကန် ကောင်စစ်ဝန်ရုံးသစ် တည်ဆောက်သည့်အတွက် တရုတ်နှင့် ထိုင်းအကြား သံတမန်ရေး အားပြိုင်မှုကို ထောက်ပြကြသည်။
(ထိုင်းတော်ဝင်လေတပ်အတွက် အမေရိကန်နိုင်ငံထုတ် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူရန် ထိုင်းအစိုးရအဖွဲ့က မူအားဖြင့် သဘောတူလိုက်ခြင်းအပါအဝင်) ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဒေါ်လာသန်း ၃၀၀ တန် အမေရိကန် ကောင်စစ်ဝန်ရုံးသစ် တည်ဆောက်သည့်အတွက် တရုတ်နှင့် ထိုင်းအကြား သံတမန်ရေး အားပြိုင်မှုကို ထိုခေါင်းဆောင်များက ထောက်ပြကြသည်။ အမေရိကန် ကောင်စစ်ဝန်ရုံး တည်ဆောက်ခြင်းသည် လက်ရှိ အမေရိကန် ထောက်လှမ်းရေးစွမ်းရည်ကို တရုတ်နယ်စပ်မှ ကီလိုမီတာ ၅၀၀ ပင်မဝေးသော ထိုင်းမြောက်ပိုင်းတွင် အင်အားဖြည့်တင်းရန် အားထုတ်မှုအဖြစ် တရုတ်က မြင်သည်။

တချိန်တည်းတွင် ရီယမ်၌ တရုတ်ရေတပ်စခန်း တည်ဆောက်ခွင့်ပေးသည်ဟုဆိုကာ ကမ္ဘောဒီးယားကို ဆုပေး၊ ဒဏ်ပေး ပုံစံဖြင့် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ချမှတ်သည်။ ထိုအချက်အတွက် အထောက်အထားမှာ အမေရိကန်ပြည်ထောင်စုက ယခင် တည်ဆောက်ထားသော အဆောက်အအုံတခုကို မြေရှင်းလင်း ပြုပြင်မွမ်းမံသည်ဆိုသည့် သတင်းအပေါ် အခြေခံသည်။ တရုတ် ကမ္ဘာလှည့် ခရီးသည်များအတွက် ဟုဆိုကာ အနောက်ဘက် ဘူတန်စကောတွင် တရုတ်ကန်ထရိုက်တာတဦးက ပိုမိုကြီးမားသည့် ရေနက်ဆိပ်ကမ်းနှင့် မီတာ ၁,၅၀၀ လေယာဉ်ပြေးလမ်းများကို လက်ရှိ တည်ဆောက်နေစေကာမူ အထက်ပါ ရေတပ်စခန်း သတင်းကို ကမ္ဘောဒီးယားက ငြင်းဆိုသည်။
တရုတ်သည် မဲခေါင်ဒေသတွင်းတွင် သြဇာနှင့် အင်အားစွမ်းရည် တိုးချဲ့နေသည်ကို သံသယဖြစ်ရန် မလိုပေ။ လွန်ခဲ့သော နှစ်အတွင်း တရုတ်သည် လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေး အဖွဲ့များနှင့် မဲခေါင်မြစ်အတွင်း အကြိမ်ပေါင်း ၁၀၀ ကျော် ပူးတွဲကင်းလှည့်ခဲ့သည်။ ထိုဒေသတွင်းတွင် တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံလုံးက ကိုဗစ်နိုင်တင်း ကာကွယ်ဆေးများနှင့် အခြားလူသားချင်းစာနာမှု အကူအညီများကို အပြိုင်ပေးနေကြသည်။
မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ အသက်နှင့်ရင်းကာ ပေးဆပ်ရမှု မြင့်မားနေချိန်တွင် ဒေသတွင်းနိုင်ငံများသည် ကမ္ဘောဒီးယား၌ လွန်ခဲ့သော ရာစုနှစ်ဝက်က ဖြစ်ခဲ့သည့်အတိုင်း တရုတ် သို့မဟုတ် အမေရိကန် ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုကောင်းကြိုဆိုနိုင်သည်။
အရှေ့တောင်အာရှ ပင်မကုန်းမြေမှ စစ်အေးတိုက်ပွဲသစ် တခုအတွက် ပြဿနာရှိသောနေရာမှ ထိုဖြစ်ပေါ်တိုးတက်မှုများသည် စိုးရိမ်စရာကောင်းသည်။ ၎င်းတို့သည် မြန်မာမှ ရှည်ကြာရှုပ်ထွေးနေပြီးသော ပဋိပက္ခအမျိုးမျိုးကို ပိုမိုရှုပ်ထွေးစေနိုင်သောကြောင့် ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် မြန်မာက တရုတ်ကိုသာမက အမေရိကန်ပြည်ထောင်စုကိုပါ သံသယရှိနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။
သို့သော် မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ အသက်နှင့်ရင်းကာ ပေးဆပ်ရမှု မြင့်မားနေချိန်တွင် ဒေသတွင်းနိုင်ငံများသည် ကမ္ဘောဒီးယား၌ လွန်ခဲ့သော ရာစုနှစ်ဝက်က ဖြစ်ခဲ့သည့်အတိုင်း တရုတ် သို့မဟုတ် အမေရိကန် ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုကောင်းကြိုဆိုနိုင်သည်။
အမေရိကန် ပြည်ထောင်စုနှင့် တရုတ်အကြား ထိပ်တိုက်တွေ့မှု မြင့်မားခြင်းကို တားဆီးရန်အတွက် မြန်မာ ပဋိပက္ခကို ဖြေရှင်းရေး အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ပိုမိုအားထုတ်ကြရန် အရေးကြီးသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုနှင် သံတမန်ရေး ထိတွေ့ဆက်ဆံရာတွင် အာဆီယံ၏ မအောင်မြင်မှုသည် အိန္ဒိယကဲ့သို့သော အင်အားပိုမိုကြီးမားသည့် နိုင်ငံများ ပါဝင်လာရန် အခွင့်အလမ်းကို ဖြစ်စေသည်။
အမေရိကန် ပြည်ထောင်စုနှင့် တရုတ်အကြား ထိပ်တိုက်တွေ့မှု မြင့်မားခြင်းကို တားဆီးရန်အတွက် မြန်မာ ပဋိပက္ခကို ဖြေရှင်းရေး အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ပိုမိုအားထုတ်ကြရန် အရေးကြီးသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုနှင် သံတမန်ရေး ထိတွေ့ဆက်ဆံရာတွင် အာဆီယံ၏ မအောင်မြင်မှုသည် အိန္ဒိယကဲ့သို့သော အင်အားပိုမိုကြီးမားသည့် နိုင်ငံများ ပါဝင်လာရန် အခွင့်အလမ်းကို ဖြစ်စေသည်။
ပထဝီနိုင်ငံရေး အားသာမှု ပြိုင်ပွဲတွင် ပင်မကုန်းမြေ စစ်မျက်နှာတခု ပေါ်ပေါက်လာနိုင်ခြေသည် စီးပွားရေးနှင့်လည်း ပတ်သက်နေသည်။ လွန်ခဲ့သော စစ်အေးတိုက်ပွဲအတွင်းက အမေရိကန် အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုကို မှီခိုရသော ဒေသတခုတွင် ဝါရှင်တန်သည် အရေးပါသည်။ ယနေ့တွင်မူ အခြေအနေသည် ပြောင်းပြန်ဖြစ်နေသည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်လျှင် တရုတ်နိုင်ငံသည် အခြားမည်သည့် အင်အားကြီးနိုင်ငံထက်မဆို ရှေ့မှဦးဆောင်နေပြီး ပထဝီအရ ထိစပ်နေသည့် အားသာချက်လည်း ရှိနေပေသည်။
(Nikkei Asia ပါ Michael Vatikiotis ၏ Myanmar the new front as U.S.-China tensions simmer on land ကို ဘာသာပြန်ဆိုသည်။ Michael Vatikiotis သည် Centre for Humanitarian Dialogue မှ ဝါရင့်အကြံပေး ဖြစ်သည်။)
You may also like these stories:
ဟွန်ဆန်၏ “ကောင်းဘွိုင်ဒီပလိုမေစီ” အာဆီယံအဖွဲ့ကို ဖျက်ဆီးနေသလား
စစ်အာဏာသိမ်းမှုဖြင့် တရုတ်လက်မှ ကယ်တင်လိုက်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်နေ
ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ
မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကြောင့် အိန္ဒိယ ရင်ဆိုင်ရသော အကျပ်အတည်း












