စကော့မာစီရယ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/စကော့မာစီရယ် Covering Burma and Southeast Asia Wed, 19 Jul 2023 00:21:19 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png စကော့မာစီရယ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/စကော့မာစီရယ် 32 32 နေပြည်တော်တွင် တရုတ်သံရုံးခွဲ ဖွင့်အပြီး အမေရိကန်လည်း လိုက်ဖွင့် https://burma.irrawaddy.com/news/2019/04/10/188736.html Wed, 10 Apr 2019 13:33:17 +0000 https://burma.irrawaddy.com/lytbox/?p=188736 နေပြည်တော်တွင် ဖွင့်လှစ်သည့် အမေရိကန် ဆက်ဆံရေး သံရုံး တရားဝင် ပန္နက်ချသည့် အခမ်းအနား  / ထက်နိုင်ဇော် / ဧရာဝတီနေပြည်တော်တွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် တရုတ်သံရုံး ယာယီရုံးခွဲ ဖွင့်လှစ်ပြီး မကြာမီ အမေရိကန် ပြည်ထောင်စုက ၎င်းတို့၏ ဆက်ဆံရေး သံရုံးတခု ဖွင့်လှစ်နိုင်ရန် ယနေ့ နေပြည်တော်ရှိ ဟီတန်လ်ဟိုတယ်ဝင်းအတွင်း တရားဝင် ပန္နက်ချသည့် အခမ်းအနား တခုကို ပြုလုပ်သည်။]]> နေပြည်တော်တွင် ဖွင့်လှစ်သည့် အမေရိကန် ဆက်ဆံရေး သံရုံး တရားဝင် ပန္နက်ချသည့် အခမ်းအနား  / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော်တွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် တရုတ်သံရုံး ယာယီရုံးခွဲ ဖွင့်လှစ်ပြီး မကြာမီ အမေရိကန် ပြည်ထောင်စုက ၎င်းတို့၏ ဆက်ဆံရေး သံရုံးတခု ဖွင့်လှစ်နိုင်ရန် ယနေ့ နေပြည်တော်ရှိ ဟီတန်လ်ဟိုတယ်ဝင်းအတွင်း တရားဝင် ပန္နက်ချသည့် အခမ်းအနား တခုကို ပြုလုပ်သည်။

ယနေ့ သံရုံးခွဲ ပန္နက်ရိုက် ဖွင့်လှစ်သည့် အခမ်းအနားကို မြန်မာဘက်မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦး ကျော်တင် တက်ရောက်ပြီး အမေရိကန်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး စကော့မာစီရယ်လည်း တက်ရောက်ခဲ့ပြီး ယခု ယာယီ ရုံးခွဲကို ၂၀၂၀ ခုနှစ်တွင် အပြီးသတ်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

“အစိုးရ ၂ ရပ် ဆွေးနွေးပြီးမှ လုပ်ဆောင်ရတဲ့ ကိစ္စမိုလို့ အချိန်တခု ကြာနေတာပါ။ တခြား အစိုးရတွေ၊ တခြားသံရုံးတွေ ဘာလုပ် တယ် ဆိုတာနဲ့လည်း ဘာမှ ဆက်စပ်မှု မရှိပါဘူး။ ကျနော်တို့ရဲ့ ဆွေးနွေးညှိနှိုင်းမှု သဘောတရားအရ အချိန်တခု ယူပြီးတော့မှ ဆောင်ရွက်ရတာ ဖြစ်ပါတယ်”ဟု ဧရာဝတီ၏ မေးခွန်းကို အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ပြောသည်။

သံရုံးကြီးတခုလုံး နေပြည်တော်သို့ ရွေ့ လာရန် ပထမဆုံး မြေနေရာလိုကြောင်း၊ ထို့ပြင် အမေရိကန် ကွန်ကရက်သို့လည်း သံရုံး တ ခုလုံး ဆောက်လုပ်ရန် အတွက်ကို ဘတ်ဂျက် တောင်းဆိုရမည်ဖြစ်၍ အချိန်တခုလိုကြောင်း၊ သံရုံးကြီးတခု ရွေ့ နိုင်ရန် အတွက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခု ဆက်ဆံရေးရုံးကို အရင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက နေပြည်တော်တွင် သတင်း ထောက်များကို ပြောသည်။

နေပြည်တော်တွင် ဖွင့်လှစ်သည့် အမေရိကန် ဆက်ဆံရေး သံရုံး တရားဝင် ပန္နက်ချသည့် အခမ်းအနား (ဓာတ်ပုံ – ထက်နိုင်ဇော်၊ ဧရာဝတီ)

နေပြည်တော်တွင် ပထမဆုံး ပြည်ပ အခြေစိုက်သံရုံးအဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီ ရုံးခွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အဓိက လမ်းမကြီးတခုဖြစ်သည့် ပျဉ်းမနား တောင်ညိုလမ်း ပေါ်ရှိ Grand ACE VILLA တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက နေပြည်တော်တွင် သံရုံးကြီး ဖွင့်လှစ်မည်ဆိုသော ကတိကဝတ် ရရှိမှ ဆက်ဆံရေးရုံးကို ဖွင့်ခွင့်ပြု လိုက်ခြင်း ဖြစ်ကြောင်း၊ အမေရိကန်၏ မြန်မာပြည်သူများကို နှစ်ပေါင်း ၂၀ ကျော် ဒီမိုကရေစီရေး အကူအညီပေးမှုများကို ကျေးဇူး တင်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ပြောသည်။

ဝန်ကြီး ဦးကျော်တင်က “ဒီလို နိုင်ငံကြီးတွေက စတင် ပြောင်းရွှေ့လာပြီဆိုရင် အခြားနိုင်ငံတွေလည်း လိုက်လံပြောင်းရွှေ့ လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်အနေနဲ့တော့ ပြောင်းရွှေ့လာတဲ့လူတွေကို အားပေးပါတယ်။ ဒါကတော့ ပထမအဆင့်ပဲ ရှိသေးတာပေါ့။ သံရုံးကြီး တကယ့် ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းရွှေ့ဖို့အတွက် ပထမအဆင့် ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့အတွက် ရွှေ့ပြောင်းလာခြင်း ဖြစ်ပါ တယ်” ဟု သတင်းထောက်များကို ပြောသည်။

လက်ရှိ နေပြည်တော်တွင် သံရုံး ၁၄ ရုံးမှ မြေနေရာများ ရယူထားပြီး ဘရူနိုင်းနိုင်ငံက သံရုံးမြေနေရာ လဲထားပြီး ဖြစ်သလို ဘရာဇီး သံရုံးကလည်း မြေလဲရန် ဆွေးနွေးထားပြီး ဖြစ်ကြောင်း၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ကလည်း မြေငှားရမ်းရန် အတွက် ငွေချေပြီး ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်တင်က ဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာသံရုံးနှင့် မြေနေရာ လဲလှယ်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုရန် ကျန်တော့သလို ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ မလေးရှားတို့က သံရုံးအတွက် မြေကွက်ဝယ်ခြင်း၊ မြေလဲလှယ်မှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း၊ မြေနေရာ ရရှိရေး စိတ်ဝင်တစား လာရောက် ဆွေးနွေးသည့် နိုင်ငံများမှာ ကာတာ၊ ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ သြစတေးလျနှင့် ချက်သမ္မတနိုင်ငံတို့ ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကေ်ာမတီမှ သိရသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ က “သံတမန်ဇုန်က နှစ် ၅၀ မြေငှားစာချုပ်နဲ့ဆိုရင် တဧကကို ဒေါ်လာ ၅ သိန်း၊ တနှစ်ကို ဒေါ်လာ ၁ သောင်း ကျတာပေါ့။ နှစ် ၅၀ ထက် ပိုယူတာတို့ ဘာတို့ဆိုရင်တော့ ဒီထက်လျော့ပေးတယ်။ သီးခြားနှုန်းထားတွေ ရှိတယ်။ နှစ်လျော့ရင် သက်ဆိုင်ရာ ငွေကြေးနဲ့ တွက်ပြီး ဖြတ်တာ။ တဘလောက်ကို ၉ ကွက် ရှိတယ်။ အလယ်တည့်တည့်ဟာကတော့ Green Zone အဖြစ် ထားပြီးတော့ ကျန်တာတွေကို ရောင်းတယ်။ တကွက်ကို ၅ ဒသမ ၇၄ ဧက ရှိတယ်”ဟု ပြောသည်။

မြန်မာနှင့် အမေရိကန်နိုင်ငံကြား ဆက်ဆံရေးအရပဲ ဖြစ်စေ၊ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများအရ ဖြစ်စေ နောင်တွင်လည်း ရွေ့ ပြောင်းနိုင်ရေး ဆုံးဖြတ်ရမည့် အတူတူ စောစောလာပြီး ဆောင်ရွက်ခြင်းသည် သင့်လျော်ကြောင်း၊ စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်လာပုံရ၍ ကြိုဆိုကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။

နေပြည်တော်တွင် ဖွင့်လှစ်သည့် အမေရိကန် ဆက်ဆံရေး သံရုံး တရားဝင် ပန္နက်ချသည့် အခမ်းအနား (ဓာတ်ပုံ – ထက်နိုင်ဇော်၊ ဧရာဝတီ)

ဒေါ်ပြုံးကေသီနိုင်က “အနည်းဆုံး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကဏ္ဍကို သံတမန် နည်းလမ်းနဲ့ ဆက်ဆံတဲ့အပေါ်မှာလည်းပဲ အထူးဂရုပြုလာတယ် ဆိုတာ ကိုလည်းပဲ တွေ့ရတယ်။ ဆက်စပ်စဉ်းစားရင် Business Corner တခုကိုလည်း မန္တလေးမှာ သွားလုပ်တာ တွေ့တယ်။ ဒါ အမေရိကန် နိုင်ငံကလာတဲ့ Investment တွေကို အဆင်ပြေ ချောမွေ့ ပြီးတော့မှ ဒါတွေ အပေါ်မှာ Service ပေးနိုင်အောင် ရည်ရွယ်တာပဲလေ။ အထူးသဖြင့် စီးပွားရေး ကဏ္ဍမှာ ရင်းနှီးတဲ့ ဆက်ဆံရေး လုပ်ချင်တယ်လို့ပဲ သုံးသပ်တယ်”ဟု ပြောသည်။

အမေရိကန် ပြည်ထောင်စုသည် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ ဆက်နိုင် ရေးနှင့် သန်းနှင့်ချီသော လူနေမှုဘဝများ ပိုမိုတိုးတက်ရေးအတွက် ဒေါ်လာ သန်း ၉၅၀ ကျော်ကို ထောက်ပံ့ခဲ့ပြီး ဖြစ်ကြောင်း၊ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တို့ရှိ ထိခိုက်ခံစားလွယ်သော လူမှုအသိုင်းအဝိုင်းအတွက် လူသားချင်းစာနာမှု အကူအညီ ကန်ဒေါ်လာ သန်း ၃၀၀ နီးပါးကို ၂၀၁၇၊ ၁၈ တွင် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သံရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။

]]>
အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်နှင့် စကားပြောခြင်း (၂) https://burma.irrawaddy.com/opinion/interview/2019/04/04/188196.html Thu, 04 Apr 2019 03:27:52 +0000 https://burma.irrawaddy.com/lytbox/?p=188196 ဧရာဝတီ ရုံးခန်းတွင် ဆွေးနွေးပြောဆိုနေသော အမေရိကန် သံအမတ်ကြီး စကော့မာစီရယ် / မျိုးမင်းစိုးမြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးရန် ဧရာဝတီ အယ်ဒီတာအဖွဲ့သည် သံအမတ်ကြီး စကော့မာရှယ်ကို ဖိတ်ကြားခဲ့သည်။]]> ဧရာဝတီ ရုံးခန်းတွင် ဆွေးနွေးပြောဆိုနေသော အမေရိကန် သံအမတ်ကြီး စကော့မာစီရယ် / မျိုးမင်းစိုး

ပြဿနာ အများအပြား အထူးသဖြင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးရန် ဧရာဝတီ အယ်ဒီတာအဖွဲ့သည် သံအမတ်ကြီး စကော့မာစီရယ်ကို ဖိတ်ကြားခဲ့သည်။ မတ်လ ၈ ရက်နေ့က အကြီးတန်း သတင်းထောက်များနှင့် အယ်ဒီတာများက မေးမြန်းခဲ့သည်များကို သံအမတ်ကြီးက ပွင့်လင်းစွာ ဖြေကြားခဲ့သည်။ ထိုဆွေနွေးမှုများမှ ကောက်နုတ်ချက် ဒုတိယပိုင်းကို အောက်တွင် ဖော်ပြထားပါသည်။

ဧရာဝတီ။ ။ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ စကားကို သံအမတ်ကြီး အကြိမ်ပေါင်းများစွာ ပြောခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ အစည်းအဝေးတွေ အများအပြားရှိပေမယ့် မှန်ကန်တဲ့ တွေ့ဆုံ ဆွေးနွေးမှု လုံး၀ မရှိပါဘူး။ ဆိုလိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြားမှာပေါ့။ သူတို့ တွေ့တာ အကြိမ် တဒါဇင်ကျော်ရှိပြီ။ ဒါပေမယ့် အဲဒါကို တွေ့ဆုံဆွေးနွေးတယ်လို့ ပြောလို့မရဘူး။ တွေ့ဆုံဆွေးနွေးတယ်လို့ အထင်ခံရအောင် တွေ့တာဖြစ်နိုင်တယ်။ ကမ္ဘာနဲ့ မြန်မာပြည်သူတွေကို လှည့်စားလိုက်တဲ့ ပုံစံမျိုးပဲ။ ဘာခိုင်မာတဲ့ အကြောင်းရင်းမှလည်း မတွေ့ရဘူး။ နိုင်ငံအတွက် အဖြေကဘာလဲ။

သံအမတ်ကြီး။ ။ မေးခွန်းကောင်းပါပဲ။ ဒါဟာ တကယ့် ပြဿနာကြီးဖြစ်ကြောင်း ထင်ရှားတယ်။ ဒီနိုင်ငံက လူတွေဟာ နှစ်ပေါင်း ၅၀ လောက် ကြာအောင် ပြဿနာတွေအကြောင်း ဘယ်နည်းနဲ့မှ ပွင့်ပွင့်လင်းလင်း မပြောနိုင်ခဲ့ကြဘူး။ ဒါကိုလည်း အားလုံးအသိပဲလေ။ ဒါကြောင့် အခြေအနေတွေ ပြောင်းလဲလာတဲ့အခါမှာ တောင်မှ၊ အရင်ကထက် အများကြီး ပိုပြောနိုင်စွမ်း ရှိလာတဲ့ အခါမှာတောင်မှ အပြောင်းအလဲက အလျင်အမြန် ဖြစ်မလာသေးဘူး။ အချိန်ယူရမှာ ဖြစ်ပြီး တရားဝင်လိုချင်တဲ့ အချက်တွေကို ဖတ်ပြတာထက် ပိုတဲ့ တွေ့ဆုံဆွေးနွေးတဲ့ အလေ့အထ ဖွံ့ဖြိုးလာဖို့ အချိန်ယူရလိမ့်မယ်။ ကျနော် စေ့စပ်ညှိနှိုင်းမှုတွေ အများကြီးမှာ ပါခဲ့ဖူးပြီ။ ကိုယ်လိုချင်တာကို ဖတ်ပြရုံနဲ့တော့ ပြဿနာကို မဖြေရှင်းနိုင်ဘူး။

တိုးတက်မှုကို ညစာစားပွဲမှာ လုပ်ရလေ့ရှိတယ်။ အဲဒီအခါကျတော့ တရားဝင် မှတ်စုမှတ်ရာတွေ ပြောရမယ့် အချက်တွေ ယူလာလို့ မရဘဲ၊ စကားစပြောပြီး ယုံကြည်မှု တည်ဆောက်ရတယ်။ အခြားတဖက်ရဲ့ အမြင်ကို အမှန်တကယ် နားလည်နိုင်ဖို့ တစုံတရာသော အတိုင်းအတာအထိ ယုံကြည်မှုနဲ့ နားထောင်မှုလိုအပ်တယ်။ အဲဒီယုံကြည်မှု ရှိပြီးသွားတဲ့အခါ တိုးတက်မှုတွေ စတင်လုပ်ဆောင်နိုင်မယ်။ အရင်တုန်းကကျနော် လူသိရှင်ကြား ပြောခဲ့တဲ့အတိုင်း တိုးတက်မှုအတွက် စကားပြောရာမှာ ကိုယ့်အမြင်ဟာ အမြဲတမ်း ရာနှုန်းပြည့် မမှန်နိုင်ဘူးဆိုတာ ဝန်ခံဖို့ လိုမယ်။ တဖက်က ပြောတာတွေဟာလည်း ခိုင်မာတဲ့ အချက်အလက်တွေ ဖြစ်တယ် ဆိုတာကို အသိအမှတ်ပြုဖို့လိုမယ်။ စကားနိုင်လုနေရင်တော့ ဘာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီလိုစိတ်ဓာတ်မျိုးနဲ့ ဆွေးနွေးတာမျိုး အမြဲမဟုတ်တဲ့ အတွက် ကျနော် ပလွှား မပြောချင်ဘူး။ ကျနော်တို့ရဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုကို ပြန်ကြည့်မယ် ဆိုရင် တော်တော်ကြာတဲ့ အထိ တိုးတက်မှုရအောင် မလုပ်နိုင်ခဲ့ဘူး။ တိုးတက်မှု နည်းနည်းရလာပြီးမှ လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာကို ကျနော်တို့ သဘောပေါက်လာတယ်။

အလွတ်သဘော ဆွေးနွေးပွဲတွေကတဆင့် လူထုကို ရပ်ရွာအသိုင်းအဝန်း အမျိုးမျိုး၊ လူမျိုးစု အမျိုးမျိုးနဲ့ ထိတွေ့စေပြီး အချိန်ကြာလာတဲ့အခါ တရားဝင် ဆွေးနွေးပွဲတွေမှာ အောင်မြင်မှုရစေတဲ့ ယုံကြည်မှု၊ စာနာမှု တည်ဆောက်နိုင်ဖို့ ပိုမိုနားလည်မှုတွေ တည်ဆောက်မယ်လို့ မျှော်လင့်တယ်။ တခြား သဘောထား အမြင်တခုကို ရာနှုန်းပြည့် သဘောမတူကောင်း မတူဘဲ ရှိနိုင်တယ်။ ဒါပေမယ့် တဖက်က သဘောထားက ဘာလဲဆိုတာကိုတော့ အနည်းဆုံး နားလည်ရမယ်။ တရားဝင် ဆွေးနွေးပွဲတွေအတွက်သာမက ညစာစားပွဲတွေ၊ တခြား အလွတ်သဘောတွေ အတွက်ပါ လူတွေကို တက်တက်ကြွကြွ တစုတစည်းတည်း ဖြစ်စေဖို့ဆိုတာ အချိန်တွေ၊ လုပ်အားတွေ အများကြီးလိုတယ်။

ဧရာဝတီ။ ။ ဒါဆိုရင် နိုင်ငံရေးအရ စိတ်ပိုင်းဖြတ်မှုရှိဖို့ အဓိကကျတဲ့ သဘောပေါ့နော်။

သံအမတ်ကြီး။ ။ သိပ်သေချာတာပေါ့ဗျာ။

ဧရာဝတီ။ ။ ကျနော်တို့က တရားဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်း ပြောတယ်။ ဒါက မြင်သာတဲ့ အစီအစဉ်လေ။ သံအမတ်ကြီးကတော့ ပါဝင်ပတ်သက်သူတွေကို ပိုပြီး အလွတ်သဘော ဆန်ဆန် စုစည်းပေးဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နီးစပ်သူတွေနဲ့ စကားပြောကြည့်တော့ အလွတ်သဘောဆိုတာကို တယောက်တမျိုး အဓိပ္ပာယ် ဖွင့်ဆိုနေကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက တမျိုးဖွင့်တယ်။ တဖက်မှာ အစိုးရက တမျိုးဖွင့်တယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့မှာ ဘုံနားလည်မှု မရှိကြဘူး။ သူတို့တွေ အလွတ်သဘော ပြောကြတဲ့အခါ ဖြေရှင်းလို့ မရတဲ့ ပဋိပက္ခတွေ ရှိနေတယ်။ နိုင်ငံတနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တခြား တနိုင်ငံမတူဘူး၊ အလွတ်သဘော ညှိနှိုင်းတာကို ဖွင့်ဆိုတာလည်း မတူဘူး ဆိုတာကျနော်သိတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ ဖွင့်ဆိုမှုတွေက ဘာတွေလဲ။

သံအမတ်ကြီး။ ။ ဒါလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်ပါပဲ။ အလွတ်သဘော တွေ့ဆုံတယ် ဆိုတာဟာ အလွတ်သဘော အခြေအနေမှာ ရှိသင့်တယ်။ နည်းနည်း ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ညှိနှိုင်းနေတာ မဟုတ်ဘူး။ ဒါကြောင့် အတွေးချင်း ဖလှယ်လို့ရတယ်။ နောင်မှာ အနှောင်အဖွဲ့မရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို ပြောလို့ရတယ်။ တခုခု ကတိပေးတာ မဟုတ်ဘူး။ ဒါမျိုးကို စမ်းကြည့်လို့ ရနိုင်တယ်။

ကျနော့်အမြင်မှာတော့ အကောင်းဆုံးက တရာူးဝင်ဆွေးနွေးပွဲ စားပွဲဝိုင်းရဲ့ အဝေးမှာ လူတွေ ဝိုင်းထိုင်လိုက်ပြီး စိတ်ကူးချင်း ဖလှယ်မယ်၊ ယုံကြည်မှု နည်းနည်း တည်ဆောက်ဖို့ ကြိုးစားတယ်။ လူတွေ စိတ် သက်သောင့်သက်သာနဲ့ ဒီနေ့ပြောတဲ့ ဘယ်စကားကိုမှ နောက်တနေ့မှာ တခြားတဘက်ရဲ့ ပြောခွင့်ရသူက ထပ်မပြောဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ စိတ်ကူးတွေ ဖလှယ်မယ်။ ဒါမှမဟုတ် ပူပန်တဲ့ ကိစ္စတွေကို ဖော်ပြမယ်။ ဒါ ကျနော့်အတွက် အလွတ်သဘော ဆွေးနွေးပွဲပါပဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် ဘယ်ညှိနှိုင်းမှု လုပ်ငန်းစဉ်မှာမဆို ဒီလိုဆွေးနွေးမှုတွေ အများကြီးလိုတယ်။

တချို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ပုံမှန်အဆက်အသွယ် ရှိရမယ်။ လူတွေဟာ သူတို့မှာ ကိုယ်ကျိုးတွေ ရှိနေပေမယ့် သူတို့ဟာ သူတို့ ပြည်သူတွေအကျိုးအတွက် လုပ်နေတယ်လို့ ပြောကြတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ တပ်မတော်နဲ့ EAOs တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး ဘာအပေးအယူ လုပ်သင့်လဲ။

သမိုင်းကြောင့်နဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပုံကြောင့် ဒါဟာ စိန်ခေါ်မှုတခုပဲ။ သူတို့ တိုင်းရင်းသား အုပ်စုကို ကိုယ်စားပြုပြီး စကားပြောနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတယ်။ အကောင်းဆုံးကတော့ ဒါမျိုးကို လုပ်မယ့် နိုင်ငံရေးပါတီတွေ ရှိရမယ်။ ဒါပေမယ့် ဒါက သမိုင်းရဲ့ ဖြစ်ပေါ် တိုးတက်လာတဲ့ ပုံစံမဟုတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ သူတို့အတွက် အကောင်းဆုံးကတော့ ကိုယ့်ရပ်ရွာ အသိုင်းအဝန်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးတာပဲ။

ဧရာဝတီ။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက လွတ်လပ်သော မီဒီယာတွေအနေနဲ့ ပြဿနာတွေကို တင်ပြဖို့ ကြိုးစားတဲ့အခါ ရန်ပုံငွေနဲ့ အကူအညီတွေ အများကြီးရခဲ့တာ တွေ့ရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာတော့ သံရုံး တော်တော်များများက ဒါတွေကို ဖြတ်တောက်လိုက်ပြီး လူမှုအခြေပြု အဖွဲ့အစည်းတွေ ဘက်မှာ သူတို့ရဲ့ ရင်းမြစ်တွေကို သုံးလာကြတယ်။ ဒါဟာ ဘာ သေနင်္ဂဗျူဟာလဲ။ သံအမတ်ကြီးတို့ အစိုးရနဲ့ အခြား အစိုးရတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင်၊ ရှေ့ ၂ နှစ် ၃ နှစ်လောက်ကို ကြိုကြည့်မယ်ဆိုရင် မီဒီယာတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါသလား။

သံအမတ်ကြီး။ ။ ဒါတွေက မေးခွန်းကောင်းတွေ။ ပထမအချက်အနေနဲ့ ပြောရရင် တခြားသံရုံးတွေက ဘာတွေ လုပ်နေတယ်ဆိုတာ ကျနော်မသိဘူး။ ကျနော်တို့ကတော့ လွတ်လပ်တဲ့ မီဒီယာကို အခိုင်အမာ ထောက်ခံမှု ဆက်ပေးနေတယ်။ ဒါဟာ လုံးဝကို အရေးပါတယ်။ ကျနော်တို့အမြင်မှာတော့ မီဒီယာက တဖက်၊ လူမှုအခြေပြု အဖွဲ့အစည်းတွေက တဖက်ဆိုတဲ့ ပုံမျိုးမဟုတ်ဘူး။ နှစ်ခုစလုံးက ဒီမိုကရေစီမှာ အရေးပါတယ်။ ဒါကြောင့် နှစ်ဘက်စလုံးကို ဆက်လက် ထောက်ခံမယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဆက်ထောက်ခံမယ်။ သူတို့တွေက မဲစာရင်းတို့ ဘာတို့လို နည်းစနစ်နဲ့ အလုပ်လုပ် နေတာ။ တခြား သံရုံးတွေနဲ့အတူ ကျနော်တို့ဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံနေကြတယ်။ ကျနော်တို့ရဲ့ ထောက်ခံမှုဟာ နည်းစနစ်ပိုင်း ထောက်ခံမှု သက်သက်ပဲ၊ နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုတာကို ကျနော်ဒီနေရာမှာ အလေးထား ပြောလိုတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လုံး၀ အပြစ်အနာအဆာ ကင်းတာမဟုတ်ပေမယ့် တော်တော်ကောင်းတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ဆီက ရွေးကောက်ပွဲတွေလည်း လုံး၀ အပြစ်အနာအဆာ ကင်းတာမဟုတ်ဘူးလေ။ အဲဒီအပိုင်းမှာ ကျနော်တို့က ကူညီနိုင်တာတွေကို ကူညီချင်တယ်။

ဧရာဝတီ။ ။ ပြန်ကြားရေးဝန်ကြီးဌာန၊ အထူးသဖြင့် ရွေးကောက်ခံအစိုးရအောက်က ပြန်ကြားရေး ဝန်ကြီးဌာနကို ပြန်ကြားရေးဌာနအဖြစ် အဆင့်လျှော့ချမယ်လို့ ကျနော်တို့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် ထင်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်လာခဲ့တယ်။ အဲဒီ ဝန်ကြီးဌာနက ဝါဒဖြန့်ချိဖို့ ငွေတွေအများကြီး သုံးနေတုန်းပဲ။

သံအမတ်ကြီး။ ။ လူတော်တော်များများ ဆီကနေ ဒီလိုအသံမျိုးတွေ ကြားနေရပြီး ဒီကိစ္စဟာ အများပြည်သူ အနေနဲ့ တရားဝင်ဆွေးနွေးခွင့်ရှိတဲ့ ကိစ္စဖြစ်တယ်။ ရွေးကောက်ပွဲမှာလည်း ဒါတွေ ပါလာမှာပဲ။ သံတမန်တဦးအနေနဲ့ ဒီဝန်ကြီးဌာန ရှိသင့်တယ်၊ မရှိသင့်ဘူးပြောဖို့ဆိုတာ ကျနော့်ကိစ္စ မဟုတ်ပါဘူး။ ဒါဟာ ဒီမိုကရေစီရေး ဆွေးနွေးငြင်းခုံမှုတွေရဲ့ အစိတ်အပိုင်း ဖြစ်သင့်တယ်။ လွတ်လပ်တဲ့ မီဒီယာဆိုတာ ဘာလဲ၊ အမှီအခိုကင်းတဲ့ မီဒီယာ ဆိုတာဘာလဲ၊ အစိုးရရဲ့ အခန်းကဏ္ဍက ဘာလဲ။ ဒီမိုကရေစီ နိုင်ငံသစ်တခုမှာ ဒီလိုဆွေးနွေး ငြင်းခုံရတာ အံ့သြစရာမဟုတ်ဘူး။ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအကြောင်းကို လူတွေ အများကြီး ပြောကြလိမ့်မယ်လို့ ကျနော်ထင်တယ်။

ဧရာဝတီ။ ။ ကျနော်တို့နိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်အခြေအနေကို သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။ လက်ရှိ အခြေအနေက အရင် သမ္မတ ဦးသိန်းစိန် အခြေအနေကထက် ဆိုးလား။

သံအမတ်ကြီး။ ။ ကျနော်က ဒီအကြောင်းကို နည်းလမ်း ၂ မျိုးနဲ့ စဉ်းစားတယ်။ ကျနော်မြန်မာနိုင်ငံကို စရောက်တဲ့ ၂၀၀၅၊ ၂၀၀၆ နဲ့ ၂၀၀၇ တို့နဲ့ ယှဉ်လိုက်ရင်တော့ အရမ်းကို ကောင်းလာပါတယ်။ အဲဒီတုန်းက အကြောင်းတွေကို မှတ်မိအောင် ပြန်စဉ်းစားတယ်။ သတင်းလွတ်လပ်ခွင့် အပေါ် ကန့်သတ်ချက်တချို့နဲ့ သတင်းသမားတွေ သတင်း အလုပ်လုပ်တာကို ဖမ်းဆီးတယ်လို့ ကျနော်တို့မြင်တဲ့ ကိစ္စတွေပတ်သက်တဲ့ ပူပန်မှုတွေကို ကျနော်တို့ ဖော်ပြပြီးဖြစ်တယ်လို့ ကျနော်ထင်တယ်။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ပဲဖြစ်ဖြစ်၊ တခြား ဥပဒေ ပြဋ္ဌာန်းချက်တွေပဲဖြစ်ဖြစ် ဒါတွေဟာ ပူပန်ရမယ့် ကိစ္စတွေပဲ။ လွတ်လပ်အမှီအခိုကင်းတဲ့ သတင်းမီဒီယာဟာ ဒီမိုကရေစီ တည်ဆောက်ရေးမှာ မရှိမဖြစ်အရေးပါကြောင်း ကျနော်တို့ တလျှောက်လုံး ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျနော်တို့ စိတ်ပူတယ်။

ဧရာဝတီ။ ။ နေပြည်တော် ပြင်ပနားကနေ လုပ်ဆောင်နေတဲ့ တပ်မတော်ရဲ့ အရိပ်ကျနေတဲ့ Facebook လှုပ်ရှားမှု တခုအကြောင်း လွန်ခဲ့တဲ့နှစ်က နယူးယောက်တိုင်းမ် သတင်းစာကရေးတယ်။ ဆိုက်ဘာ တဖွဲ့ဖွဲ့က နေပြည်တော်နားမှာ အခြေစိုက်တယ်။ သူတို့တွေက သတင်းဖျော်ဖြေရေးနဲ့ ဖျော်ဖြေရေး အင်တာနက် စာမျက်နှာတွေသုံးပြီး၊ အသုံးပြုသူတွေ ထောင်ချီရအောင်လုပ်ပြီး အမုန်းတရား လှုပ်ရှားမှုအဖြစ် ပြောင်းပစ်တယ်လို့ ဆိုတယ်။ ဒီလှုပ်ရှားမှု နောက်ကွယ်မှာ တပ်မတော်ရှိတယ်လို့ နယူးယောက်တိုင်းမ်က ရေးတယ်။ သံအမတ်ကြီး အနေနဲ့ ဘာပြောစရာရှိလဲ။

သံအမတ်ကြီး။ ။ ဟုတ်ပါတယ်။ ဒီမှာလည်း ပြောစရာ ၂ ချက်ရှိတယ်။ ပထမတခုက အမုန်းစကားနဲ့ လူမှု ကွန်ရက်ကနေ သတင်းမှား ဖြန့်ချိတာပဲ။ ဒါမျိုးတွေက မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံအများအပြားမှာ ပြဿနာနေနဲ့ ရှိနေတယ်။ နောက်တခုက စစ်ဖက်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အရာရှိတွေဟာ ဘယ်လောက် အတိုင်းအတာအထိ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလဲ ဆိုတာပဲ။ ဒါက သူတို့ အလုပ်ပဲလေ။ စစ်တပ်ဖွဲ့ဝင်တွေအပါအဝင် အရာရှိတွေဟာ နောက်ကွယ်မှာ အမည်မခံဘဲ ရှိနေပြီး နိုင်ငံရေး တင်းမာမှုတွေ ဖြစ်စေမယ့်၊ သွေးကွဲစေမယ့်၊ ဒုက္ခရောက်စေမယ့်၊ လူတိုင်း စိတ်ပူစေမယ့် သတင်းစကားတွေကို ဖြန့်ချိတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးမှု၊ ဒီမိုကရေစီနဲ့ ဘယ်အစိုးရမဆိုရဲ့ သင့်တင့် လျောက်ပတ်တဲ့ ယန္တရားနဲ့မှ မကိုက်ညီဘူး။

ဧရာဝတီ။ ။ ဒီပြဿနာကို မြန်မာသံတမန်တွေနဲ့ ဒါမှမဟုတ် တပ်မတော်အရာရှိတွေကို ပြောဖူးလား။

သံအမတ်ကြီး။ ။ ဒီအကြောင်း အတိအကျ ပြောဖြစ်တာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် အမုန်းစကား အကြောင်း ပူပန်မှုကိုတော့ ဆွေးနွေးဖူးပါတယ်။ ပြီးတော့ ထပ်ပြီးပြောရရင် ဒါမျိုးတွေက အမေရိကန် ပြည်ထောင်စုမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်သူက ဖြန့်ဖြန့် အမုန်းစကား ဆိုတာ ပြဿနာရှိတယ်။ ဒါပေမယ့် အထူးသဖြင့် ဒီနောက်ကွယ်မှာ အစိုးရက တပ်မတော်က လူတွေရှိနေတယ် ဆိုရင်တော့ ပိုပြီးတော့ ပြဿနာ ရှိတာပေါ့။

ဧရာဝတီ။ ။ အင်ဒို ပိစိဖိတ် ဒေသကိုပေးနေတဲ့ အမေရိကန် လူသားချင်းစာနာမှု အကူအညီရဲ့ ဘယ်နှရာခိုင်နှုန်းကို မြန်မာနိုင်ငံကို ပေးနေလဲ။

သံအမတ်ကြီး။ ။ ဒီမှာလည်း နှစ်ပိုင်းလောက်ရှိနေတယ်။ ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်တဲ့ USAID အကူအညီ အားလုံးက တနှစ်ကို ဒေါ်လာ သန်း ၁၂၀ လောက်ရှိတယ်။ ဒါတွေက ကျန်းမာရေး၊ ငှက်ဖျား တိုက်ဖျက်ရေး၊ တီဘီတိုက်ဖျက်ရေး၊ မိခင်နဲ့ကလေး ကျန်းမာရေး ဒါမျိုးတွေအတွက် သုံးတာပေါ့။ စိုက်ပျိုးရေး ကဏ္ဍမှာဆိုရင် ဒီအကူအညီ တော်တော်များများက လယ်သမားဆီကို တိုက်ရိုက်သွားတာ။ နောက်တခါ လွတ်လပ်သော မီဒီယာ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ လွှတ်တော်မှာ စွမ်းဆောင်ရည်မြှင့်တင်တဲ့ ရှေ့နေချုပ်ရုံး၊ တရားရုံးချုပ် တွေကိုပေးတဲ့ Governance အကူအညီဆိုတာ ရှိတယ်။ ဒါတွေလည်း စွမ်းဆောင်ရည်မြှင့်တင်ရေးပဲ။ ယေဘုယျပြောရရင် ဖွံ့ဖြိုး တိုးတက်ရေးအကူအညီက ဒေါ်လာ သန်း ၁၂၀ လောက် ရှိတယ်။

နောက်ပြီးတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး၊ အဲဒီလိုအစီအစဉ်တွေ အတွက် လုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အတူလုပ်ကိုင်ဖို့သုံးတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သီးခြားငွေ နည်းနည်း ရှိတယ်။ ပညာသင်ဆုတွေ ယဉ်ကျေးမှု ဖလှယ်ရေးတို့အတွက် နှိုင်းယှဉ်ချက်အားဖြင့် တော်တော်ကို နည်းတဲ့ သီးခြား အသုံးစရိတ်တခု ရှိတယ်။

နောက်ပြီးတော့ လူသားချင်း စာနာမှု အကူအညီရှိတယ်။ အဲဒါကို ကိန်းဂဏန်း မကန့်သတ်ထားဘူး။ အခြေအနေပေါ်မှာ မူတည်တယ်။ ဒါကြောင့် ဘယ်နိုင်ငံပဲဖြစ်ဖြစ် သဘာဝဘေးအန္တရာယ်တွေ ကြုံတယ်ဆိုရင် အဲဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့ ထုတ်သုံးတဲ့ ငွေတွေရှိတယ်။

ဒီနှစ်ဆိုရင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်နဲ့ အရှေ့တောင်ပိုင်းက စစ်ဘေးရှောင် (IDPs) တွေအတွက် ငွေအတော်အတန် ဒေါ်လာ သန်း ဆယ်ဂဏန်း လောက်သုံးလိုက်တယ်။ နောက်ပြီး သီးခြား တခုက ဒုက္ခသည်အဖြစ်နဲ့ နိုင်ငံက ထွက်ပြေးရတဲ့သူတွေ ဘင်္ဂလားဒေ့ရှ်ကတင် မဟုတ်ဘူး ထိုင်းက ကရင်၊ ရှမ်း၊ ကယားတွေအတွက်ပါ ဒေါ်လာသန်း ရာဂဏန်းနဲ့ ချီပြီးသုံးတယ်။

ဧရာဝတီ။ ။ ကျနော်တို့ နိုင်ငံမှာ တင်ပြပြောဆိုမှုနဲ့ ပတ်သက်ပြီး ပြဿနာ တော်တော်ကြီးတယ်။ ကျနော်တို့မှာ အကျပ်အတည်း ဖြစ်တိုင်း နိုင်ငံတကာကို ဘယ်လိုတင်ပြပြောဆိုကြမလဲဆိုတဲ့ နိုင်ငံလုံးဆိုင်ရာ ဇာတ်လမ်းဇာတ်သွားတခု ပျောက်ဆုံးနေတယ်။ အံ့သြစရာ ကောင်းတာက အထူးသဖြင့် အခု အစိုးရအောက်မှာ ရခိုင်အကျပ်အတည်းကို ကြည့်မယ်ဆိုရင်လည်း အဲဒီမှာ ပျောက်နေတဲ့ ဇာတ်လမ်းတခု ရှိနေတယ်။

သံအမတ်ကြီး။ ။ ကျနော် သဘောတူပါတယ်။ စောစောက ပြောသလိုပဲ ဒီအကျပ်အတည်း ဖြစ်လာတယ်။ အသေးစိတ်တွေ မပြောရင်တောင် အဲဒီမှာ အကြမ်းဖက်မှုတွေ အကြီးအကျယ်ဖြစ်ပြီး လူတွေ အများကြီး ထွက်ပြေးတယ်။ ကံဆိုးချင်တော့ တနှစ်ခွဲလောက် ကြာပြီးနောက်မှာ အဲဒီမှာ ဘာဖြစ်ခဲ့တယ် ဆိုတာကို မြန်မာ ဘက်က တင်ပြပြောဆိုတဲ့ ဇာတ်လမ်းတခုနဲ့ နိုင်ငံတကာ ဘက်က တင်ပြပြောဆိုတဲ့ ဇာတ်လမ်းဆိုပြီး ဖြစ်နေတယ်။ တခုနဲ့တခုက အရမ်းကို ကွဲလွဲနေတယ်။ ဒါကြောင့် အခြေအနေ တိုးတက်အောင်လုပ်ဖို့ အရမ်းကို ခက်နေတယ်။

ကျနော့်အမြင်မှာတော့ ARSA က ကနဦး တိုက်ခိုက်မှုကို လုပ်တယ်။ ဒါဖြစ်ရပ်မှန် အချက်အလက်ပဲ။ ကျနော်တို့က ဒါကို ရှုတ်ချတယ်။ သူတို့က ရဲတွေကို တိုက်ခိုက်တာကြောင့်ရော နောက်ဆက်တွဲ ဖြစ်ရပ်တွေ ကြောင့်ရော ဒါဟာ ဘေးဒုက္ခကြီး တခုဖြစ်လာတယ်။ အချိုးအစား မမျှတတဲ့ တုံ့ပြန်မှုဖြစ်တယ်။ ဒီလို တိုက်ခိုက်မှုမျိုးကို နိုင်ငံတိုင်းမှာ တုံ့ပြန်ခွင့် ရှိတာမှန်ပါတယ်။ ဘာမှမလုပ်ဘဲ နေရမယ်လို့ သူတို့ကို ဘယ်သူမှ မပြောပါဘူး။ တုံ့ပြန်တဲ့ လုပ်နည်းလုပ်ဟန်ကြောင့်ဖြစ်တာ၊ အရောရော အထွေးထွေးနဲ့ ရက်ရက်စက်စက် လုပ်တယ်။ ပြီးတော့ ငြင်းတယ် တကယ့်ကို ပြဿနာပဲ။

လုံခြုံရေး တပ်ဖွဲ့တွေ လူ့အခွင့်အရေး ချိုးဖောက်တဲ့အထဲမှာ မြန်မာနိုင်ငံ ပထမဆုံး ချိုးဖောက်တာ မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာလည်း ဖြစ်တာပဲ။ ကျနော်တို့ မျှော်လင့်ခဲ့တာက တခုခု အကြီးအကျယ် မှားသွားတယ် ဆိုတာကို အသိအမှတ်ပြုခြင်းပါ။ ဒါဟာ ဒီလူတွေ နိုင်ငံသားဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာနဲ့ မဆိုင်ဘူး။ ဒါက သီးခြား အရေးပါတဲ့ သီးခြားပြဿနာ။ နိုင်ငံသား ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့တွေဟာ လူသားတွေဖြစ်တယ်။ ဒီတော့ ပြဿနာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ခဲ့လဲဆိုတာပဲ။

မြန်မာပြည်သူတွေရဲ့ အမြင်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြင်ကြားမှာ ကံမကောင်း အကြောင်းမလှစွာနဲ့ ကြီးမားတဲ့ ကွာဟမှုက ရှိနေသေးတယ်။ ဘာပဲဖြစ်ဖြစ် စောစောက ပြောသလို ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အနည်းဆုံးတော့ ယေဘုယျ သဘောတူညီမှု ရဖို့ နည်းလမ်းရှာဖို့လိုတယ်။

ဧရာဝတီ။ ။ အရင်တုန်းက အင်ဒိုနီးရှားမှာလည်း တာဝန်ထမ်းဆောင်ဖူးတော့ သံအမတ်ကြီးက ASEAN အကြောင်း တော်တော် သိတယ်။ ဒီဒေသအတွင်းမှာ ဒီမိုကရေစီ ကျဆင်းတာနဲ့ ပတ်သက်ပြီး အာဏာပိုင် အစိုးရတွေ တက်လာတာ၊ တရုတ်သြဇာ ကြီးထွားလာတာတွေကို တော်တော်များများလည်း ရေးပြီးကြပြီ။ သမ္မတ ထရမ့်က ဒီဒေသကို ၂ ခါလာတယ်။ မြောက်ကိုရီးယား ကိစ္စအတွက် စင်ကာပူနဲ့ ဗီယက်နမ်ကို လာတာ။ အမေရိကန်နဲ့ ဒီဒေသနဲ့ ထိတွေ့ဆက်ဆံမှု အဆင့်က ဘယ်လိုရှိလဲ။ အင်ဒို ပိစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှု အဆက်ပြတ်သွားတာ ရှိခဲ့လား။

သံအမတ်ကြီး။ ။ လက်ရှိ အမေရိကန်အစိုးရက ဒီဒေသထဲမှာ တော်တော်လေး အလေးထားပြီး စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံတယ်။ ကွဲပြား ခြားနားတာတွေတော့ရှိမှာပဲ။ ခင်ဗျားတို့ပြောသလို၊ သမ္မတကြီးက ဗီယက်နမ်ကိုပဲ သွားပေမယ့် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီရိုက ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ မနီလာကို သွားတယ်။ ဒုတိယ သမ္မတ မိုက်ပန့်စ် ကလည်း မနှစ်က စကာပူရောက်တော့ ဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့တယ်။ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တောင် တွေ့ခဲ့သေးတယ်။ ဒါ အရမ်း အရေးကြီးတယ်။ ထိတွေ့ဆက်ဆံမှုက ရှိနေပြီး ဒေသတွင်းမှာ ဒီမိုကရေစီအတွက် ထောက်ခံဖို့ စိတ်ပိုင်းဖြတ်မှုလည်း ရှိသေးတယ်လို့ ကျနော်ထင်တယ်။

စိတ်မကောင်းစရာ ကောင်းတာက နောက်ပြန်ဆုတ်သွားတာပဲ။ ဒါက ဖြစ်ရပ်မှန် အချက်အလက်တွေပဲ။ ဒါမျိုးတွေဖြစ်လာရင် ကျနော်တို့က ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြတယ်။ ဒါပေမယ့် ရှေ့ကို ပြန်တက်နိုင်အောင် ကျနော်တို့ ဘယ်လိုကူညီရမလဲ ဆိုတာကိုလည်း ကျနော်တို့ စဉ်းစားတယ်။ ထိုင်းနိုင်ငံမှာလည် ဆွေးနွေးပွဲ ကျင်းပတော့မယ်။ ဒီလကုန်ရင် အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲရှိတယ်။ အင်ဒိုနီးရှားက ဒီမိုကရေစီ နိုင်ငံပဲဖြစ်နေသေးတယ်။ ဒီမှာလည်းပဲ နောက်နှစ်ကျရင် ရွေးကောက်ပွဲရှိတာပဲ။

ကျနော့်မှာ ကာလကြာရှည်တဲ့ အတွေ့အကြုံရှိတယ်။ သံတမန်ဘဝအစ ပထမနှစ်မှာ ဖိလစ်ပိုင်မှာ တာဝန် ထမ်းဆောင်နေတုန်း သမ္မတ မားကို့စ် ပြုတ်ကျတယ်။ ဒါက ကျနော့် အသက်ကို ပြနေတာပဲ။ ဒီတော့ အခြေအနေ ပြောင်းလဲနေတယ်။ ဒီမိုကရေစီရဲ့ အစိတ်အပိုင်းအဖြစ် ရွေးကောက်ပွဲကို ထောက်ခံဖို့ အရေးကြီးလို့ ထောက်ခံတဲ့အပြင် တခြားအရေးကြီးတာတွေလည်း ရှိသေးတယ်။ လူထုက ယုံကြည်တဲ့ တရားစီရင်ရေးစနစ်နဲ့ ခိုင်မာတဲ့ တရားရုံး၊ ထိရောက်တဲ့ ရဲတပ်ဖွဲ့၊ လူမှု အခြေပြုအဖွဲ့အစည်းတွေနဲ့ လွတ်လပ်သော မီဒီယာ ဒါတွေလည်းရှိတယ်။ ဒါကြောင့် ဒါတွေကို ကျနော်တို့ ဆက်လက် ထောက်ခံနေတယ်။ အသေးစိတ်တချို့ ပြောင်းလဲသွားပေမယ့် ခြုံငုံသုံးသပ်တဲ့ နည်းလမ်းကတော့ အရင်အတိုင်း မပြောင်းလဲပါဘူး။

ဧရာဝတီ။ ။ ရန်ကုန်တိုင်းအစိုးရက မြို့သစ်တည်ဆောက်ဖို့ ကြိုးစားနေတယ်။ စီမံကိန်း အကောင်အထည် ဖော်ရေးမှာ ပါဝင်ဆောင်ရွက်ဖို့ အလားအလာအတွက် အမေရိကန်ကုမ္ပဏီတွေက ချဉ်းကပ်လာတာ ရှိလား။ ဒီစီမံကိန်းက ကြီးမားတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ အငြင်းပွားဖွယ်ရာ စီမံကိန်းပဲ။

သံအမတ်ကြီး။ ။ အဲဒီကော်မတီကို အမေရိကန် ကုမ္ပဏီတွေ ချဉ်းကပ်မကပ် ကျနော် သေသေချာချာမသိဘူး။ ချဉ်းကပ်ရင်လည်း ကပ်နိုင်တာပဲ။ ဒါပေမယ့် သိပ်ပြီး ကြီးကြီးမားမား ပတ်သက်တာတော့ သတိမထားမိဘူးလို့ ပြောရမှာပဲ။ ခင်ဗျားတို့ ပြောပုံအရဆိုရင် ဒါက တရုတ် ဆက်သွယ်ရေး ဆောက်လုပ်ရေး ကုမ္ပဏီက ဦးဆောင်နေပုံရတာပဲ။

ကမ္ဘာ တဝန်းလုံးကရော၊ ဒေသတွင်း အတွေ့အကြုံတွေအရ ရပ်ဝန်းတခု လမ်းတခု အစီအစဉ်က လက်ခံတဲ့ နိုင်ငံအတွက် အကျိုးကျေးဇူး ယူလာပေးပုံရတယ့် အပိုင်းတွေရှိတယ်။ တခြားတဖက်မှာလည်း အရမ်းကို ပြဿနာဖြစ်စေမယ့် အပိုင်းတွေရှိတယ်။ ကျနော်တို့မြင်တာကတော့ ဒါပဲလေ။

ထိုက်သင့်တဲ့ လုံ့လ စိုက်ထုတ်မှုတွေနဲ့ ပွင့်လင်းမြင်သာမှု အများဆုံးဖြစ်ဖို့ တကယ်ကို အရေးကြီးတယ်လို့ ထင်တယ်။ ဒီကိစ္စမှာ ရန်ကုန်မြို့နေ ပြည်သူတွေဟာ သူတို့အမြင်ကို ဖော်ပြရမှာပဲ။ ဒါဟာ ကောင်းတဲ့ အစီအစဉ် ဟုတ်လား မဟုတ်ဘူးလားပေါ့။ ဒီစီမံကိန်းတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အသေးစိတ်တွေကို သိရှိရခြင်းဟာ အသုံးဝင်မယ်လို့ ကျနော်ထင်တယ်။ ဒီစီမံကိန်းတွေ ကောင်းလား ဆိုးလား ကျနော်မသိဘူး။ ကျနော့်မှာ အဲဒီလို ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းမရှိဘူး။ ဆွေးနွေးငြင်းခုံမှုတွေ အများကြီးလိုတယ်၊ ဒါမှ ကောင်းမယ်လို့ ကျနော်ထင်တယ်။

ဧရာဝတီ။ ။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ပတ်သက်တဲ့ သံအမတ်ကြီးရဲ့ အမြင်ကိုလည်း ကျနော်တို့ မေးချင်တယ်။ ဒီနေရာဟာ သေနင်္ဂဗျူဟာ အရ အရမ်းအရေးကြီးပြီး အနောက်နိုင်ငံ ကုမ္ပဏီတွေနဲ့ ပြည်သူအများအပြားက လုံခြုံရေးနဲ့ တခြားကိစ္စတွေအတွက် စိုးရိမ်တယ်လို့ ပြောခဲ့ကြတယ်။ ဒါဟာ စီမံကိန်းကြီးဖြစ်ပြီး အဲဒီက ရဲတွေကိုတောင် တရုတ်နိုင်ငံက လေ့ကျင့်ထားပေးတာ လို့တောင် တချို့က ပြောကြတယ်။

ရေတပ်စခန်းနဲ့ ကပ်လျှက်မှာ ရေနက်ဆိပ်ကမ်းကို ဆောက်တော့မယ်။ မြန်မာ ပြည်သူတွေဟာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း၊ ဒီစီမံကိန်းရဲ့ အနာဂတ်နဲ့ တရုတ်နိုင်ငံ ပါဝင်ပတ်သက်မှုကို အရမ်းစိုးရိမ်ကြတယ်။ အမေရိကန်အပါအဝင် အနောက်အစိုးရတွေက ဒီကိစ္စကို ဘယ်လို သဘောထားလဲ။

သံအမတ်ကြီး။ ။ ကျောက်ဖြူနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဘာသဘောထားမှ မရှိဘူး။ မြန်မာနိုင်ငံ အတွက် အကျိုးရှိ မရှိဆိုတာ ဆုံးဖြတ်ရမှာ မြန်မာအစိုးရနဲ့ ပြည်သူတွေရဲ့ တာဝန်ပဲ။ ဒီမေးခွန်းကို ကျနော် မဖြေနိုင်ဘူးလေ။

ဒီအကြောင်းကို အများကြီးပြောနေကြတာ ကျနော်သိတယ်။ ဒါကောင်းတယ်လို့ ထင်ပါတယ်။ ကျနော် ဆက်ပြီး ပြောရရင်တော့ ဂျဘူတီးနဲ့ ကမ္ဘာတဝန်းက အခြားနေရာတွေမှာ စီးပွားရေး စီမံကိန်းလိုလိုနဲ့ စတင်ခဲ့တာတွေမျိုးကို ကျနော် ထောက်ပြရမှာပဲလို့ ထင်တယ်။

ထပ်ပြီးပြောဦးမယ်။ ဘာဖြစ်သင့်တယ်ပြောဖို့ဆိုတာ အမေရိကန်ပြည်ထောင်စုရဲ့ တာဝန်မဟုတ်ဘူး။ ကျနော့် အမြင်မှာတော့ မြန်မာအစိုးရက ဒါကိုနားလည်ပြီး သဘောတူညီချက်တွေ ရှိရင် မြန်မာနိုင်ငံ အတွက်၊ ပြည်သူတွေအတွက် အကျိုးရှိ မရှိ အချုပ်အခြာအာဏာကို မထိခိုက်အောင် ညှိနှိုင်းရမယ်။

ဒါတွေဟာာကျနော့်အတွက်တော့ အခြေခံတွေပဲ။ ဒါတွေဟာ မြန်မာအစိုးရရဲ့တာဝန်တွေပဲ။ တရုတ်နဲ့ပတ်သက်ရင် မကောင်းဘူးလို့ မပြောချင်ဘူး။ ကျနော်တို့က ပြဿနာကို ဒီလို ချဉ်းကပ်တာ မဟုတ်ဘူး။ အဓိက ပြဿနာက စီမံကိန်းရဲ့ သဘောသဘာဝက ဘာလဲ ဆိုတာပဲ။

ဧရာဝတီ။ ။ ဒါကတော့ အခုဆွေးနွေးမှုတွေကို အခြေခံမေးတာပေါ့လေ။ တရုတ်နိုင်ငံက ကျောက်ဖြူ နားမှာ စစ်အခြေစိုက်စခန်း တည်ဆောက်တယ် ဆိုပါစို့။ ကုန်သွယ်ရေကြောင်း လုံခြုံရေးအမြင်အရ အမေရိကန်က ဘယ်လိုထင်မလဲ။

သံအမတ်ကြီး။ ။ ကျနော်တို့မထင်ပါဘူး။ မြန်မာအစိုးရက တရုတ်မှမဟုတ်ဘူး ဘယ်နိုင်ငံခြားစစ် အခြေစိုက်စခန်းမှ မလိုချင်ဘူးလို့ လူသိရှင်ကြား ရှင်းရှင်းလင်းလင်း အကြိမ်ကြိမ် ပြောထားပြီးသားပါ။ ကျနော် အဲဒါကို ယုံကြည်တယ်။

ဧရာဝတီ။ ။ ကျေးဇူးအထူး တင်ပါတယ် သံအမတ်ကြီး။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ A Conversation With US Ambassador Scot Marciel  ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်နှင့် စကားပြောခြင်း (၁)

]]>
အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်နှင့် စကားပြောခြင်း (၁) https://burma.irrawaddy.com/news/2019/04/02/188038.html Tue, 02 Apr 2019 03:29:50 +0000 https://burma.irrawaddy.com/lytbox/?p=188038 ဧရာဝတီ ရုံးခန်းတွင် ဆွေးနွေးပြောဆိုနေသော အမေရိကန် သံအမတ်ကြီး စကော့မာစီရယ် / မျိုးမင်းစိုးမြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးရန် ဧရာဝတီ အယ်ဒီတာအဖွဲ့သည် သံအမတ်ကြီး စကော့မာရှယ်ကို ဖိတ်ကြားခဲ့သည်။]]> ဧရာဝတီ ရုံးခန်းတွင် ဆွေးနွေးပြောဆိုနေသော အမေရိကန် သံအမတ်ကြီး စကော့မာစီရယ် / မျိုးမင်းစိုး

ပြဿနာ အများအပြား အထူးသဖြင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးရန် ဧရာဝတီ အယ်ဒီတာအဖွဲ့သည် သံအမတ်ကြီး စကော့မာစီရယ်ကို ဖိတ်ကြားခဲ့သည်။ မတ်လ ၈ ရက်နေ့က အကြီးတန်း သတင်းထောက်များနှင့် အယ်ဒီတာများက မေးမြန်းခဲ့သည်များကို သံအမတ်ကြီးက ပွင့်လင်းစွာ ဖြေကြားခဲ့သည်။ ထိုဆွေနွေးမှုများမှ ကောက်နုတ်ချက်များကို အောက်တွင် ဖော်ပြထားပါသည်။

ဧရာဝတီ။ ။ ဧရာဝတီက ကြိုဆိုပါတယ် သံအမတ်ကြီး။ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက ပြဿနာတွေကို ဆွေးနွေးဖို့ ဖိတ်ကြားတာကို လက်ခံတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ သံအမတ်ကြီးအနေနဲ့ ဆွေးနွေးပွဲ စတင်နိုင်ပြီဆိုရင် အခုပဲစတင်လိုက်ချင်ပါတယ်။

သံအမတ်ကြီး စကော့မာစီရယ်။ ။ ကျောင်းသားတွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒကို ရှင်းပြဖို့ ကျနော် မနက်ကပဲ ဒဂုံမြို့နယ်ကို ရောက်ခဲ့ပါတယ်။ အချက် ၂ ချက်ကို ကျနော် အလေးထားပြောတယ်။ ပထမအချက်ကတော့ ပိုမိုကျယ်ပြန့်တဲ့ အင်ဒိုပစိဖိတ်ဒေသ အခြေအနေမှာ မြန်မာနိုင်ငံအပေါ် အမေရိကန် မူဝါဒ ဖြစ်ပါတယ်။ ဒီမူဝါဒကတော့ အာဆီယံအတွက် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်၀ ချမ်းသာရေး အတွက် ထိတွေ့ဆက်ဆံ အကူအညီပေးဖို့ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလ လောက်ကစပြီး ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှု တည်ဆောက်ဖို့ ပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပြီး တသမတ်တည်း ရှိနေခဲ့ပါတယ်။

ဒုတိယ အချက်ကတော့ တချို့လူတွေကို အံ့သြသွားစေမယ်လို့ ထင်တယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဝါရှင်တန်မှာ ပြောဆိုနေကြတာတွေ တော်တော်များများဟာ နှလုံးသားက လာတာတွေပါသလို ဦးနှောက်က လာတာတွေလည်း ပါတယ်။ ကျနော် ပြောချင်တာကတော့ မြန်မာနိုင်ငံဟာ သေနင်္ဂဗျူဟာ အရ အရေးပါတယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အများစုမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို အကြီးအကျယ် စိတ်ဝင်စားထောက်ခံခဲ့ကြတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုရေးအတွက် တိုက်ပွဲမှာ မြန်မာပြည်သူများစွာ ပြုလုပ်ခဲ့တဲ့ မယုံနိုင်တဲ့ စွန့်လွှတ် အနစ်နာခံမှုတွေအပေါ် လေးစားကြည်ညိုမှုတွေကြောင့် ဖြစ်လာခဲ့တာပါ။ ဒါဟာ အမှန်တကယ်ကို အရေးကြီးတဲ့ အချက်ဖြစ်ပြီး ကျနော်တို့ မူဝါဒမှာ အရေးပါတဲ့ အချက်တချက်အဖြစ် ဆက်လက် တည်ရှိနေပါသေးတယ်။

ဒါတွေက ကျနော်ဒီနေ့မနက် ပြောခဲ့တဲ့အချက် ၂ ချက်ဖြစ်ပြီး အထူးသဖြင့် လွန်ခဲ့တဲ့ ၁၈ လအတွင်း စိန်ခေါ်မှုတွေ၊ သဘောထား ကွဲလွဲမှုတွေရှိနေစေကာမူ ကျနော်တို့မူဝါဒရဲ့ ပန်းတိုင်ဟာ အရင်အတိုင်း မပြောင်းလဲဘူးဆိုတာကို အလေးထားပြောခဲ့တယ်။ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်စနစ်နဲ့ ကြွယ်ဝချမ်းသာမှုနဲ့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးအတွက် အားထုတ်မှု တွေကို ဆက်လက် ထောက်ခံဖို့ပဲ ဖြစ်ပါတယ်။

ဧရာဝတီ။ ။ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သံအမတ်ကြီးရဲ့ အမြင်ကို သိလိုပါတယ်။

သံအမတ်ကြီး။ ။ ကျနော်တို့ ဒီကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ လက်ရှိဖွဲ့စည်းပုံမှာ ဒီမိုကရေစီနဲ့ ကိုက်ညီမှုမရှိတဲ့ အပိုင်းတွေ အများကြီးရှိတယ်လို့ ကျနော်တို့ အကြိမ်များစွာ ပြောခဲ့ပါတယ်။

ဘာကို ပြင်မယ်ဆိုတာကို ဆုံးဖြတ်ဖို့ကတော့ မြန်မာပြည်သူတွေရဲ့ တာဝန်ပဲ ဆိုတာကလည်း ထင်ရှားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကျနော်တို့ ဝင်ရောက် မပတ်သက်ချင်ပါဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက်၊ ဒီမိုကရေစီ ဖွံ့ဖြိုးရှင်သန်ရေးအတွက် အားထုတ်မှုတွေကတော့ ပြည်သူတွေလိုချင်တာတွေပဲလို့ ကျနော်တို့ ထင်ပါတယ်။ ဒါဟာ အပြုသဘော ဆောင်တဲ့ ကိစ္စဖြစ်ပါတယ်။

ဒါပေမယ့် ဘာတွေဘယ်လို ဖြစ်လာမယ်ဆိုတာကို ကျနော်တို့မသိဘူး။ ဒါပေမယ့် စောင့်ကြည့်ဖို့အတွက် အရမ်းကို စိတ်ဝင်စားစရာ ကောင်းတယ်။ ပိုမိုထိတွေ့ဆက်ဆံမှုတွေ၊ ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေ၊ ပိုမိုခိုင်မာပြီး ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ဖြစ်လာရင်တော့ ဒါကောင်းတဲ့ကိစ္စပဲလေ။

ဧရာဝတီ။ ။ သမ္မတ ထရမ့်အစိုးရအောက် မြန်မာ-အမေရိကန် ဆက်ဆံရေးကို ဘယ်လို သရုပ်ဖေါ်ချင်ပါသလဲ။

သံအမတ်ကြီး။ ။ ကောင်းပါပြီ။ ကျနော်တို့ကတော့ ဒီကပြည်သူတွေရဲ့ အားထုတ်မှုတွေကို ထောက်ခံဖို့အတွက် အရာရာလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့မူဝါဒက တလျှောက်လုံးမှာ ဒီမိုကရေစီကို တည်ဆောက်ဖို့၊ ကြွယ်ဝချမ်းသာမှုကို တည်ဆောက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ်ကို ထောက်ခံဖို့ပါပဲ။ ဒါကြောင့် အရင်းအစိုးရတုန်းကလိုပဲ ကျနော်တို့ဟာ အဲဒီကိစ္စတွေကိုပဲ လုပ်နေတယ်။ ကျနော်တို့အကြားမှာ လွန်ခဲ့တဲ့ ၁၈ လအတွင်း စိန်ခေါ်မှုနဲ့ သဘောထားကွဲလွဲမှုတချို့ရှိတာ ထင်ရှားပါတယ်၊ အထူးသဖြင့်တော့ ရခိုင်ကိစ္စလိုမျိုးတွေပေါ့။ ဒါပေမယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ တရားဥပဒေ စိုးမိုးမှု တိုးတက်ရေးကို ထောက်ခံဖို့ အရေးပါတဲ့ ဆုံးဖြတ်ချက်ကတော့ ဆက်လက်ခိုင်မာနေဆဲပါပဲ။ ဒါတွေကို အထောက်အကူပြုဖို့ ကျနော်တို့အစီအစဉ်တွေအားလုံးကို ကျနော်တို့ ဆက်လက်ဆောင်ရွက်နေဆဲပဲ ရှိပါတယ်။ ဒါတွေဆက်လက်ဖို့ ရန်ပုံငွေတွေ ဆက်လက်ရရှိနေပါတယ်။

ဧရာဝတီ။ ။ သံအမတ်ကြီးသိတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ရပ်ဝန်းတခု၊လမ်းတခု အစီအစဉ်အရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် သြဇာကြီးမားလာနေတယ်။ ဒါနဲ့ပတ်သက်လို့ကော ဘယ်လိုထင်ပါသလဲ။

သံအမတ်ကြီး။ ။ ဒါကလည်း မြန်မာအစိုးရနဲ့ ပြည်သူတွေနဲ့ပဲ ဆိုင်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ တက်တက်ကြွကြွ လှုပ်ရှားနေတယ်။ စီမံကိန်းကြီးတွေ အများကြီးကိုလည်း အားပေးနေတယ်။ အမေရိကန်အစိုးရက ဒီမှာမရှိတာ တရုတ်နိုင်ငံကြောင့်လည်း မဟုတ်သလို၊ တရုတ်နိုင်ငံကို ဆန့်ကျင်လို့လည်း မဟုတ်ပါဘူး။ ကျနော်တို့ ဒီမှာရှိတာ မြန်မာနိုင်ငံကို ထောက်ခံဖို့ပါ။ ကျနော့် အတွက်ကတော့ ဒီနိုင်ငံကလူတွေ ဘာလိုချင်လဲဆိုတာပဲ အရေးကြီးတယ်။

တရုတ် နိုင်ငံက ငွေကြေးထောက်ပံ့တာဖြစ်ဖြစ်၊ တခြားနိုင်ငံတခုခုက ငွေကြေးနဲ့ဖြစ်ဖြစ် လုပ်တဲ့ စီးပွားရေး စီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် ဒီကလူတွေ၊ အစိုးရတွေ ဆီကကြားနေရတာက “ဒါဟာ မြန်မာနိုင်ငံ အတွက် အကျိုးရှိရဲ့လား၊ နိုင်ငံအတွက် ကောင်းတဲ့စီမံကိန်းလား၊ ဥပဒေတွေကို လိုက်နာမှာလား၊ အလုပ်လုပ်ဖို့ ဒီက လူတွေကို ငှားမှာလား၊ သဘာ၀ ပတ်ဝန်းကျင်ကို ကာကွယ်မှာလား၊ အကြွေး တင်စေမှာလား”။ ကျနော် စဉ်စားမိသလောက် ဒီလိုမေးခွန်းမျိုးတွေကို မေးကြတယ်။ ဒါပေမယ့် ကျနော် ယုံကြည်တာက အစိုးရဟာ တရုတ်နိုင်ငံ ငွေကြေးထောက်ပံ့တဲ့ လုပ်ငန်းတွေကိုသာမက စီမံကိန်းကြီးတိုင်း အတွက် ဒီအတိုင်း မေးနေတာပဲ။

ကျနော်တို့ ဒီမှာရှိနေတာက ဒီနိုင်ငံကို အထောက်အကူပေးဖို့နဲ့ ချစ်ကြည်ရေးတည်ဆောက်ဖို့ပဲ။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေထဲမှာ တရုတ်နိုင်ငံ ပါဝင်တယ်။ ဒါကြောင့် မြန်မာအစိုးရဟာ ဒီဆက်ဆံရေး အတွက် လုပ်ကိုင်ဖို့ အချိန်အများကြီး ပိုပေးရတာဟာ သာမန်ပဲဖြစ်ပြီး သဘာဝလည်းကျတယ်။

ဧရာဝတီ။ ။ မကြာသေးမီက နိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ကချင်ပြည်နယ်ကို သံအမတ်ကြီး သွားတော့ တရုတ်နိုင်ငံက စိတ်မချမ်းမသာ ဖြစ်တယ်လို့ ကျနော်တို့သိရတယ်။

သံအမတ်ကြီး။ ။ ကျနော်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ပါ။ တနိုင်ငံလုံးအတွက် ကျနော့်ကို တာဝန် ပေးအပ်တာပါ။ ကျနော့်အလုပ်က မြန်မာတနိုင်ငံလုံးမှာ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုဖို့ပါပဲ။ ဒီအလုပ်ကိုပဲ ကျနော်လုပ်ခဲ့ပြီး နောင်လည်း ဒီအလုပ်ကိုပဲ လုပ်နေမယ်။ တတိယနိုင်ငံ တနိုင်ငံက ဝင်ပြီး ခင်ဗျားတို့နိုင်ငံ ပိုင်နက်ထဲမှာ ဘယ်သူတွေပဲ သွားခွင့်ရှိတယ်လို့ ပြောတာကို ဘယ်နိုင်ငံမှ ကြိုက်မှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။

ဧရာဝတီ။ ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ တခါက အနောက်တိုင်းရဲ့ အချစ်တော် ဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုဟာ အရင် ဦးသန်းရွှေအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ဖို့ အပြင်းထန်ဆုံး တောင်းဆိုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရက တရုတ်နဲ့ အရမ်း နီးကပ်သွားတာကို အံ့သြလား။

သံအမတ်ကြီး။ ။ ဒီအစိုးရကပဲဖြစ်ဖြစ်၊ တခြားဘယ်အစိုးရပဲဖြစ်ဖြစ် တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားပဲလို့ ထင်တာကို ကျနော်မအံ့သြဘူး။ ဒါဟာ ပုံမှန်နဲ့ သင့်တင့် လျှောက်ပတ်တယ်လို့ ကျနော်ထင်တယ်။

ဒီအစိုးရနဲ့ အနောက်တိုင်းအကြား ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေဖြစ်စေတဲ့ တချို့ကိစ္စတွေဖြစ်ခဲ့တယ်။ အထူးသဖြင့် ရခိုင်အကျပ်အတည်းပေါ့။ ဒီမှာလည်း ကျနော်ထပ်ပြောမယ်။ ကျနော်တို့အတွက် အရေးပါတာက မြန်မာနိုင်ငံက ဘာလုပ်မလဲဆိုတာပဲ။ တရုတ်နိုင်ငံနဲ့ ဒီနိုင်ငံ ဆက်ဆံရေး ကောင်းတာနဲ့ မဆိုင်ဘူး။

ကျနော်တို့က ဒီမှာ၊ ဒီဒေသမှာ လာပြိုင်နေတာ မဟုတ်ဘူး။ ခင်ဗျားတို့ ကျနော်တို့ကို ရွေးမလား၊ တရုတ်ကို ရွေးမလားလို့ မေးနိုင်တဲ့ အခြေအနေမျိုး ဘယ်တော့မှ မဖြစ်လာဘူး။ ဒီ နှစ်ခုအကြားမှာ ရွေးစရာလည်း မရှိဘူး။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး ရှိသင့်တယ်။ မြန်မာနိုင်ငံဟာ ကျနော်တို့နဲ့ တခြားနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။

ဒါပေမယ့် ကျနော်တို့ အာရုံစိုက်ချင်တာက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ကူဖို့၊ လူ့အခွင့်အရေးကို ထောက်ခံဖို့ ကျနော်တို့ ဘာလုပ်နိုင်မလဲ ဆိုတာပဲ။ ဒါကြောင့် ကျနော်တို့ဟာ တခါတခါ ဝေဖန်တဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုလာတယ်။ ဒီလိုဝေဖန်တာကို လူတွေ ကြိုက်တဲ့အခါ ရှိသလို၊ မကြိုက်တဲ့အခါလည်း ရှိတယ်။ ဒါဟာ ပထမအချက်အနေနဲ့ ကျနော်တို့ရဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီတယ်။ ဒုတိယ အချက်အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ လိုအပ်တယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ကျနော်တို့ ပြည်သူတချို့ကို ကျနော်တို့ ပြုမူဆက်ဆံပုံတချို့အတွက် ကျနော်တို့အချင်းချင်း ပြဿနာတွေ ဖြေရှင်းရသလိုမျိုးပါပဲ။

ဧရာဝတီ။ ။ အခုတလော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အချို့ အစ္စလမ်မစ် အဖွဲ့အစည်းက မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်တရားရုံးကို ပို့ဖို့ တွန်းအားပေးနေတယ်။ လာမယ့်နှစ်တွေမှာလည်း နိုင်ငံတကာ ဖိအားက ကြီးထွားလာဦးမယ့် သဘောပဲ။ ဒီက နိုင်ငံခြားရေး အရာရှိတွေနဲ့လည်း သံအမတ်ကြီး တွေ့ပြီးသွားပြီ။ သူတို့ သဘောထားက ဘာလဲ။ ဒီအားထုတ်မှုကို သူတို့ အလေးအနက် ထားကြလား။

သံအမတ်ကြီး။ ။ တခြားအစိုးရတွေ အတွက် ကျနော်မပြောလိုဘူး။ ဒါပေမယ့် ကျနော်တို့အမြင်မှာ ၂၀၁၇ ခုနှစ် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) တိုက်ခိုက်မှုနောက်ပိုင်းမှာ (ဒီတိုက်ခိုက်မှုကို တခြား အစိုးရတွေနဲ့အတူ ကျနော်တို့လည်း ရှုတ်ချခဲ့တယ်) တပ်မတော်ရဲ့ တုံ့ပြန်မှုက မတန်တဆ ကြီးမားနေပြီး ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်စေခဲ့တယ်။ အဲဒီအချိန်က စတင်ပြီး ကျနော်တို့ တောင်းဆိုနေတာက ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို သိခွင့်ရဖို့ နိုင်ငံထဲဝင်ရောက်ခွင့်ရဖို့၊ ပြည့်စုံ ယုံကြည်ထိုက်တဲ့၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ပဲ။ အဲဒီနောက် တာဝန်ယူမှုကတော့ အဲဒီ စုံစမ်းစစ်ဆေးမှုက လူ့အခွင့်အရေး ချိုးဖောက်မှုကို ပြတဲ့ အတိုင်းအတာအတိုင်းပဲ။

ဒါဟာ ပုံမှန်ပဲ။ အထူးသဖြင့် လူ ၇ သိန်း နိုင်ငံကနေ ထွက်ပြေးရတဲ့ ကြီးမားတဲ့ အကျပ်အတည်းအတွက် ပုံမှန်ပဲ။ ကံဆိုးချင်တော့ ဒါတွေကို သိရှိခွင့်ရအောင် နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို အကြီးအကျယ် ငြင်းပယ်ပြီး စုံစမ်းစစ်ဆေးမှုလည်း မလုပ်ဘူး။ အဖွဲ့အစည်း အများအပြားကလည်း ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို သူတို့နိုင်သလောက် သိအောင် ကြိုးစားတယ်။ ဘာတွေက အချက်အလက်မှန်တွေလဲ၊ ဘာတွေက အထောက်အထား တွေလဲ ဆိုတာကိုပေါ့။ ဒါပေမယ့် သူတို့တွေလည်း နိုင်ငံတွင်းကို ဝင်ရောက်ခွင့် မရလို့ အခက်အခဲဖြစ်ကြရတယ်။ ဒါကြောင့် ကျနော်တို့ အမှန်တကယ် မျှော်လင့်နေတာက ဘာဖြစ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်တဲ့ အမှန်တရားကို သိဖို့ပဲ။

ဒီနိုင်ငံကပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းဟာ အချက်အလက်မှန်တွေ အပေါ်ကို ယေဘုယျ အားဖြင့် သဘောတူနိုင်မယ်လို့ ကျနော်မျှော်လင့်တယ်။ ဒါဟာ ရည်မှန်းချက်ပန်းတိုင်ပဲ။ ဒီလို အချက်အလက်မှန်တွေ ရလာတဲ့အခါ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ယူမှု ဆိုတာ ရှိရမယ်။ တရားမျှတမှု ရှိရမယ်။

အကောင်းဆုံးက ဒါကို ယုံကြည်လက်ခံနိုင်လောက်တဲ့ မြန်မာပြည်တွင်း စုံစမ်းစစ်ဆေးမှုက ဦးဆောင် ရမယ်။ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ မျက်လုံးတွေ ယုံကြည်လက်ခံအောင်သာမက၊ သာမန်ပြည်သူတွေရဲ့ အမြင်မှာပါ ယုံကြည်လက်ခံနိုင်ရမယ်။ ဒီဖြစ်စဉ် တလျှောက်လုံးရဲ့ မျှော်မှန်းချက်က အချက်အလက်မှန်တွေ ယုံကြည်လောက်တဲ့ နည်းလမ်းနဲ့ ထွက်လာဖို့ပဲ။ ဒီအချက်အလက်တွေ အပေါ်မှာ အခြေခံတဲ့ တရားမျှတမှု ရှိဖို့ပဲ။ ဒီလောက်ပါပဲ။

ရည်မှန်းချက်က မြန်မာကို ဖိအားပေးဖို့ မဟုတ်ဘူး၊ ဖိအားပေးဖို့ သက်သက်မဟုတ်ဘူး။ အချက်အလက် အမှန်တွေ ထွက်လာဖို့ပဲ။ ကျနော်ပြောတဲ့အတိုင်းပဲ၊ ကံဆိုးချင်တော့ နိုင်ငံတွင်းကို ဝင်ရောက်ခွင့်မပြုဘူး။ ယုံကြည်လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုမရှိဘူး။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဆီကနေ အချက်အလက်မှန်တွေ တတ်နိုင်သလောက် ထွက်လာပါစေလို့ပဲ မျှော်လင့်ရတော့တယ်။ ဒါမှ နိုင်ငံတကာ အသိုင်းအဝန်း အတွက်သာမက၊ မြန်မာနိုင်ငံအတွက်လည်းကောင်းမယ်လို့ ကျနော်ထင်တယ်။

ဧရာဝတီ။ ။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ထောက်ခံတာနဲ့ပတ်သက်ပြီး လူမှု အခြေပြု အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား အုပ်စုတွေကို သံအမတ်ကြီး ထောက်ခံအားပေးနေတယ်။ အခုလုပ်နေတဲ့ တရားဝင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို အကဲဖြတ်မလဲ။

သံအမတ်ကြီး။ ။ အချက် ၂ ချက်လောက်တော့ ပြောရမှာပဲ။ ခင်ဗျားတို့သိတဲ့အတိုင်း၊ ပထမအချက်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အရှုပ်ထွေးဆုံး လုပ်ငန်းစဉ်ပဲဖြစ်နိုင်တယ်။ ကျနော်တွေ့ဖူးတဲ့ ပဋိပက္ခတွေ ထဲမှာ အရှုပ်ထွေးဆုံးပဲ ဆိုတာတော့ သေချာတယ်။ ဒီကိစ္စဟာ ရှုပ်ထွေးကြောင်း၊ ဖြေရှင်းဖို့ မလွယ်ကြောင်း ကျနော်နားလည်လို့ ကျနော်အမြဲတမ်း သတိထားတယ်။ ပါဝင်ပတ်သက်သူတွေ အများကြီးနဲ့ တကယ့်ကိုလည်း စိန်ခေါ်မှုဖြစ်တယ်။

ကျနော်တို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အပါအဝင် တရားဝင် ငြိမ်းချမ်းရေး ုလုပ်ငန်းစဉ်ကို အစကတည်းက ထောက်ခံခဲ့တယ်။ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီဆိုင်ရာ ကတိကဝတ် တချို့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ အယူအဆကို ကြိုက်တယ်။ တကယ့်ကို စိန်ခေါ်မှုကြီးမားပြီး တိုးတက်မှုရဖို့ အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာ ထင်ရှားတယ်။ တနည်း အားဖြင့်တော့ ဒါဟာ မျှော်လင့်ထားရမယ့် ကိစ္စပဲ။ အရေးကြီးတာက တွေ့ဆုံဆွေးနွေးမှုကို တတ်နိုင်သမျှ ဆက်လက် ထိန်းသိမ်းထားပြီး ဆွေးနွေးနေတဲ့ အချိန်မှာ ပဋိပက္ခကို အတတ်နိုင်ဆုံး လျှော့ချဖို့ပဲ။

ကျနော့်အမြင်မှာတော့ အဖွဲ့အစည်း အသီးသီးရဲ့ စဉ်းစားတွေးခေါ်ပုံတွေနဲ့ ရည်မှန်းချက်တွေကို အမှန်တကယ် အခြေခံအားဖြင့် နားလည်အောင် လုပ်စရာတွေ အများကြီး လိုသေးတယ်။ အခြေခံ ပြဿနာတွေက ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး မတူညီတဲ့ ဘက်တွေကြားမှာ အတော်ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေတယ်။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုပဲဖြစ်ပြီး အချိန်တွေ အများကြီး ပိုလိုမယ်။ ဆွေးနွေးပွဲတွေ အများကြီး ကျင်းပဖို့လိုမယ်။

ဒီလိုစိန်ခေါ်မှုတွေ ရှိပေမယ့် လူတွေက ဆက်လက်ကြိုးစားပြီး တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ ဆွေးနွေးပွဲမှာ လူတွေ ပိုမိုပါဝင်လာမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။

ဧရာဝတီ။ ။ ပြည်တွင်းက ပါဝင်ပတ်သက်သူတွေ အကြောင်း သံအမတ်ကြီး ပြောခဲ့တယ်။ ပြည်ပက ပါဝင်ပတ်သက်သူတွေကို ကြည်လိုက်တဲ့အခါ သမ္မတဟောင်း ဦးသိန်းစိန်ခေတ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သူ အများအပြားရှိတယ်။ အဲဒီတုန်းက သံအမတ်ကြီး ဒဲရစ်မစ်ချယ်လည်း ပါတယ်။ တရုတ်သံအမတ်လည်း ပါတယ်။ တခါတခါ နောက်တန်းကနေ၊ တခါတခါ ရှေ့တန်းကနေ ပါဝင်ခဲ့ကြတယ်။ ကုလသမဂ္ဂ အထူးသံတမန် အပါအဝင် သတင်းစကား ပို့တောင်ပေးတဲ့ ဆက်သားအဖြစ် အရေးပါတဲ့အခန်းက ပါဝင်တဲ့ နိုင်ငံတကာက ပါဝင်သူတွေလည်း ရှိတယ်။ အထူးသံတမန်ဆိုရင် ပါဝင်ပတ်သက်သူ အများအပြားနဲ့ကို ထိတွေ့ဆက်ဆံခဲ့တယ်။ သူတို့တွေဟာ ပဋိပက္ခကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ ကြတယ်။ အခုကျတော့ အဲဒီလို သတင်းစကားအပို့အယူ လုပ်ပေးနေတာ ရှိတော့ပုံ မရဘူး။ ဇာတ်ကောင်တွေလည်း ပျောက်နေတယ်။ အခုတော့ ပိုမို ခက်ခဲရှုပ်ထွေးလာပြီ။ တရုတ်နိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ရှေ့တန်းရောက်လာပုံရပြီး တနည်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပိုင်စီးတဲ့ပုံ ဖြစ်လာတယ်။ သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။

သံအမတ်ကြီး။ ။ အခြားအစိုးရ အများအပြားလည်း အလားတူပဲခံစားရမယ်လို့ ကျနော်ထင်ပေမယ့် ကျနော်က ကျနော့်အစိုးရ အတွက်ပဲ ပြောချင်တယ်။ ကျနော်တို့က ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်ကို အောင်မြင်စေချင်တယ်။ ကျနော်တို့ တတ်နိုင်တဲ့နည်းနဲ့ ထောက်ကူချင်တယ်။ ဒါဟာ မြန်မာအစိုးရက ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ပြီး ဒီအချက်ကို ကျနော်တို့လေးစားတယ်။ ကူညီဖို့ ဘာလုပ်ပေးနိုင်တယ်ဆိုတာ အစိုးရကိုရော တခြားသူတွေကိုပါ အမြဲပြောပြတယ်။ တတ်နိုင်တဲ့ ဘယ်နည်းနဲ့မဆို ကူညီချင်တယ်လို့ ပြောတယ်။ ပါဝင်ပတ်သက်သူ အများကြီးနဲ့ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်မှာ ဆက်ရှိနေစေချင်တယ်။

ဘာလုပ်ပါလို့ မြန်မာအစိုးရကို တခါမှ မပြောဖူးဘူး။ ဒါကို လုပ်သင့်တယ်၊ ဟိုဟာကို လုပ်သင့်တယ် လို့လည်း မပြောဖူးဘူး။ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ထိန်းချုပ်မှုတွေ တတ်နိုင်သလောက် လုပ်ဖို့ပဲ အားပေးတယ်။ တချိန်တည်းမှာ ကျနော်တို့က ဖက်ဒရယ်စနစ်အကြောင်း သင်တန်းပေးတာတို့၊ စေ့စပ်ညှိနှိုင်းတဲ့ စွမ်းရည်မြှင့်တင်ပေးတာတို့နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တခါတခါ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အလုပ်တွေ အများကြီးလုပ်တယ်။

ဒါတွေ အပြင် ကျနော်တို့ တတ်နိုင်တဲ့ နည်းတွေနဲ့ ကူညီဖို့ စိတ်အားထက်သန် နေပါတယ်။

ဧရာဝတီ။ ။ မကြာသေးမီက ရခိုင်ပြည်နယ်သွားပြီး ပြည်နယ် လွှတ်တော်အမတ်တွေနဲ့ တွေ့ခဲ့တယ်။ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲတွေကို သူတို့ဘယ်လိုမြင်ကြလဲ။

သံအမတ်ကြီး။ ။ ကျနော် ပြည်နယ်လွတ်တော်ဥက္ကဋ္ဌ ကိုယ်စား စကားမပြောချင်ဘူး။ ဒါပေမယ့် ကျနော်က နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ရခိုင်အသိုင်းအဝန်းက လူအများအပြားနဲ့ စကားပြောခဲ့ပြီး ရရှိခဲ့တဲ့ အဓိက သတင်းစကားကတော့ AA ကို ရခိုင်အသိုင်းအဝန်းကြားမှာ ထောက်ခံမှု အတော် များနေပုံရတာပဲ။

AA နဲ့ ပဋိပက္ခဒေသတွေမှာ တပ်မတော်က ကျူးလွန်တယ်လို့စွပ်စွဲတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်ကတော့ စိုးရိမ်စရာ ကောင်းပါတယ်။ ကျနော်တို့ ကြားခဲ့ရတာက AA အဲဒီမှာ သိပ်မလှုပ်ရှားခင်က ကြားရတဲ့ မကျေနပ်ချက်ပဲ။ ၂၀၁၅ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ (ANP) အနိုင်ရပေမယ့် အစိုးရမှာ သူတို့ အသံကို ဖော်ထုတ်နိုင်တယ်လို့ မခံစားရဘူးဆိုတဲ့ မကျေနပ်ချက်ပဲ။ ကျနော်က သဘောတူတာ၊ မတူတာ ပြောတာမဟုတ်ဘူး။ ယေဘုယျအားဖြင့် ကျနော်ကြားရတာကို ပြန်ပြောပြတာပဲ။ စိတ်ရှုပ်စရာတွေ များတယ်။

ဧရာဝတီ။ ။ သူတို့တွေက သူတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ပြောသေးလား။ သူတို့က AA ဘက်ကလား၊ အစိုးရဘက်ကလား။

သံအမတ်ကြီး။ ။ တိတိကျကျတော့ မပြောပါဘူး။ ခြုံငုံပြီး သူတို့ပေးချင်တဲ့ သတင်းစကားကတော့ သူတို့တွေ နေပြည်တော်နဲ့ တပ်မတော်နဲ့ ပတ်သက်ရင် စိတ်မချမ်းသာကြဘူး။ ဒါလည်း အံ့သြစရာ မဟုတ်ဘူး။ အရင်က မသိတာတခုမှ မပါဘူး။ ဒါပေမယ့် ဒီ စိတ်မချမ်းမြေ့မှုဟာ နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက် မနေလိုတော့တာ လို့တော့ ကျနော်မဆိုလိုပါဘူး။ စိတ်ပျက်ကြတယ်၊ စိတ်ရှုပ်ကြတယ် ဒါပေမယ့် ဘယ်သူမှတော့ ဒီနိုင်ငံရဲ့ အစိတ်အပိုင်း မဖြစ်ချင်တော့ဘူးလို့ မပြောကြပါဘူး။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ A Conversation With US Ambassador Scot Marciel ကို ဘာသာပြန်ဆိုသည်။)

]]>