ဇေယျာတိုင်းမ်သတင်းဌာန Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဇေယျာတိုင်းမ်သတင်းဌာန Covering Burma and Southeast Asia Sun, 16 Jul 2023 22:26:17 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဇေယျာတိုင်းမ်သတင်းဌာန Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဇေယျာတိုင်းမ်သတင်းဌာန 32 32 ဇေယျာတိုင်းမ်သတင်းဌာနအား အကြမ်းဖက်တိုက်ဖျက်ရေးဖြင့် အမှုဖွင့်ထား https://burma.irrawaddy.com/news/2021/10/24/246974.html Sun, 24 Oct 2021 11:00:14 +0000 https://burma.irrawaddy.com/lytbox/?p=246974 ဖမ်းဆီးကာ အမှုဖွင့်ထားသည့် ဇေယျာတိုင်းမ်း သတင်းဌာနမှ သတင်းထောက် ဒီမြတ်ငြိမ်းနှင့် ပြည့်ဖြိုးအောင်ဇေယျာတိုင်းမ် သတင်းဌာနမှ အမှုဖွင့်ခံထားရသူများအနက် ဒီမြတ်ငြိမ်းနှင့် ပြည့်ဖြိုးအောင်တို့ အဖမ်းခံထား ရပြီး ဒီမြတ်ငြိမ်း သည် ဇူလိုင်လ၂၆ ရက်က နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သလို ပြည့်ဖြိုးအောင်သည် ဇေယျာတိုင်းမ် သတင်းဌာနနှင့် ပတ်သက်မှု မရှိတော့ကြောင်း ခံဝန်ထိုးရန်အတွက် ရဲစခန်းသို့ သွားရောက်ရာတွင် အောက်တိုဘာလ ၁၁ ရက်က ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ]]> ဖမ်းဆီးကာ အမှုဖွင့်ထားသည့် ဇေယျာတိုင်းမ်း သတင်းဌာနမှ သတင်းထောက် ဒီမြတ်ငြိမ်းနှင့် ပြည့်ဖြိုးအောင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင် အခြေစိုက်ထားသော ဇေယျာတိုင်းမ် သတင်းဌာနမှ အယ်ဒီတာချုပ်အပါအဝင် သတင်း ထောက်များအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့်ပါ အမှုဖွင့်ခံထားရကြောင်း သိရသည်။

ဇေယျာတိုင်းမ်သတင်းဌာနမှ အယ်ဒီတာချုပ် စောရန်ပိုင်၊ သတင်းထောက်များဖြစ်သည့် ဒီမြတ်ငြိမ်း၊ ပြည့်ဖြိုးအောင်၊ ဝဏ္ဏ အောင်၊ ငြိမ်းဇော်လင်း တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ကနဦး အမှုဖွင့်လှစ်ပြီးနောက် ယခုအခါ အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) (ဂ) ဖြင့်ပါ ထပ်တိုး ဖွင့်လှစ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ကို ၅၀၅-က နဲ့ အမှုဖွင့်ထားတာပေါ့နော်၊ အခုတော့ အမှုတွေ ထပ်တိုးတယ်လို့တော့ သိရတယ်၊ အဓိက PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပေါ့၊ အကြမ်းဖက်တ်ိုက်ဖျက်ရေး ပုဒ်မ ၅၀ (က) (ဂ) တွေ ထပ်တိုးထားတယ်လို့ သိရ တယ်” ဟု ဇေယျာတိုင်းမ် သတင်းဌာန၏ အယ်ဒီတာချုပ် စောရန်ပိုင်က ပြောသည်။

ဇေယျာတိုင်းမ် သတင်းဌာနမှ အမှုဖွင့်ခံထားရသူများအနက် ဒီမြတ်ငြိမ်းနှင့် ပြည့်ဖြိုးအောင်တို့ အဖမ်းခံထားရပြီး ဒီမြတ်ငြိမ်း သည် ဇူလိုင်လ၂၆ ရက်က နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သလို ပြည့်ဖြိုးအောင်သည် ဇေယျာတိုင်းမ်သတင်းဌာနနှင့် ပတ်သက်မှု မရှိတော့ကြောင်း ခံဝန်ထိုးရန်အတွက် ရဲစခန်းသို့ သွားရောက်ရာတွင် အောက်တိုဘာလ ၁၁ ရက်က ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမြတ်ငြိမ်က အဖမ်းခံထားရတာ ကြာပြီ၊ ဒီမြတ်ငြိမ်းက စစ်ကိုင်းဈေးရှေ့ ပေါက်ကွဲမှုဖြစ်တာကို သတင်းသွားယူခဲ့တာ ရှိ တယ်၊ အဲဒါကို CCTV နဲ့ လိုက်ပြီး ဖမ်းတာ၊ UG တွေနဲ့ အဆက်အသွယ်ရှိတယ်ပေါ့။ ပြည့်ဖြိုးအောင်က သတင်းထောက် အလုပ် မလုပ်တော့ဘူးဆိုရင် စခန်းမှာ ခံဝန်ထိုးပြီး နေလို့ရတယ်ဆိုလို့ ခံဝန်သွားထိုးတာကို တခါတည်း ဖမ်းထားလိုက်ကြ တာ၊ ဒီလ ၁၁ ရက်နေ့က” ဟု စောရန်ပိုင်က ဆက်လက် ပြောသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီနောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စစ်အာ ဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်း၌ ပါဝင်သူများ၊ မီဒီယာသမားများ၊ အနုပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသူများ အား စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ အမှုများ ရုပ်သိမ်းပေးခြင်းကို အောက်တိုဘာ ၁၈ ရက်က သီတင်းကျွတ် လွတ်ငြိမ်းအဖြစ် ကြေညာခဲ့သည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာတွင် ဇေယျာတိုင်းမ်သတင်းဌာနလည်း ပါဝင်သည်ဟု ကနဦးသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့အချိန်ထိ ဖမ်းခံထားရသူများ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

“အမှုကို ပြန်ရုပ်တယ်လို့ ကနဦး သတင်း သိရပြီးမှ ဇေယျာတိုင်းမ်က ငါးဦးမှာ အဖမ်းခံထားရတာ နှစ်ယောက်၊ ပြေးနေရ တာက သုံးယောက်ပေါ့၊ အမှုကို ရုပ်မပေးလို့သာ ဒီမြတ်ငြိမ်းနဲ့ ပြည့်ဖြိုးအောင် မလွတ်သေးတာပေါ့နော်၊ အခုထိ ပြန် မလွတ်သေးဘူး၊ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လွှတ်ပေးတဲ့အထဲမှာ မီဒီယာသမားတွေ တော်တော်များများ လွှတ်ပေး နေပြီးမှ ကျနော်တို့ စစ်ကိုင်းတိုင်းမှာ မီဒီယာတွေ တစ်ယောက်မှ မပါတဲ့အပြင် အကြမ်းဖက်တ်ိုက်ဖျက်ရေး ပုဒ်မတွေ ထပ် တိုးခံထားရတယ်” ဟု စောရန်ပိုင်က ဆက်လက် ပြောသည်။

ဖမ်းဆီးခံထားရသူများကို ယခုအချိန်ထိ စစ်ကိုင်းမြို့ အမှတ်(၁) ရဲစခန်းတွင် ချုပ်နှောင်ထားဆဲဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်တွင် တရားရုံးတင် စစ်ဆေးသွားမည်ဟုလည်း သိရသည်။

“Local PDF အားကောင်းနေတော့ စစ်ကိုင်းတိုင်းကို အဖက်ဖက်က ဖိနှိပ်ချင်လို့ နယ်ပယ်ပေါင်းစုံ ဖိနှိပ်တယ်လို့ပဲ ယူဆပါ တယ်၊ ကျနော်တို့ သတင်းသမားဆိုတာက ဘယ်သူနဲ့နေနေ ဆက်သွယ်မေးမြန်း အတည်ပြုချက်ရယူ တင်ပြကြရတာလေ၊ အယ်ကိုင်ဒါး၊ ISIS တွေနဲ့တောင် ဆက်သွယ်ပြီး သတင်း တင်ပြနေကြတာတွေလည်း နိုင်ငံတကာ မီဒီယာစာမျက်နှာထက် မှာ မြင်နေရတာပဲလေ” ဟု စောရန်ပိုင်က ဆက်လက် ပြောသည်။

စစ်ကောင်စီက နိုင်ငံတကာဖိအားများကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတဝှမ်းလုံးမှ နိုင်ငံရေးအကျဉ်းသား ၅၆၀၀ ကျော် လွှတ်ပေးခဲ့ရာတွင် စစ်ကိုင်းတိုင်းအတွင်းမှ ၄၄၆ ဦးထိ ပြန်လည် လွတ်မြောက်လာသော်လည်း လူသိများ ထင်ရှားကျော် ကြားသူများ၊ သတင်းမီဒီယာသမားများ၊ သဘင်၊ ဂီတအနုပညာနယ်ပယ်မှ အနုပညာရှင်များ ပါဝင်လာခြင်း မရှိဟု သိရ သည်။

“ဒီမှာတော့ သူတို့ မလိုတဲ့အဖွဲ့နဲ့ ဆက်သွယ်မိရင် အကြမ်းဖက်ပုဒ်မတပ်ခံရတာ၊ သတင်းသမားက ရာဇဝတ်သား မဟုတ် သလို အကြမ်းဖက်သမားလည်း မဟုတ်ဘူး၊ ဖမ်းကို မဖမ်းသင့်တာ၊ သတင်းမီဒီယာဥပဒေက ဘယ်ရောက်သွားပြီလဲ၊ ဘာ ဥပဒေကိုမှ လေးစားခြင်းမရှိ လိုက်နာမှု မရှိတာက နစက ပဲ၊ သူတို့က သေနတ်ကိုင်ပြီး ရမ်းကားတဲ့အဆင့်မှာပဲ ရှိတယ်” ဟု စောရန်ပိုင်က ဆက်လက် ပြောသည်။

စစ်ကိုင်းမြို့တွင် အခြေစိုက်ထားသော ဇေယျာတိုင်းမ်သတင်းဌာနမှ အယ်ဒီတာချုပ်အပါအဝင် သတင်းထောက်များအား အကြမ်းဖက်တိုက်ဖျက်ရေးဖြင့်ပါ အမှုဖွင့်ခံထားရသည့်အပေါ် စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာ မြို့နယ် အဆင့်အနေဖြင့် ဖြေကြားပေး၍ မရဘဲ ခရိုင်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းပါဟုသာ ဖြေကြားခဲ့သည်။

You may also like these stories:

လွတ်မိန့်ပါသူ နိုင်/ကျဉ်း ၁၁၀ ဦး ပြန်လည်ဖမ်းဆီးခံရဟု AAPP ထုတ်ပြန်

စစ်တပ်က အရပ်သားဟန်ဆောင်ကာ PDF များကို တိုက်ခိုက်

လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်ဖမ်းဆီးခံရ

]]>