• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်ဖမ်းဆီးခံရ

by ဧရာဝတီ
20 October 2021
in သတင်း
A A
ယမန်နေ့က အင်းစိန်ထောင်ရှေ့တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမည်ကို စောင့်ဆိုင်းနေစဉ် / ဧရာဝတီ

ယမန်နေ့က အင်းစိန်ထောင်ရှေ့တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမည်ကို စောင့်ဆိုင်းနေစဉ် / ဧရာဝတီ

6.3k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက နိုင်ငံတကာ ဖိအားများကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသား ၅၆၀၀ ကျော်ကို လွှတ်ပေး မည်ဟု ကြေညာထားသော်လည်း တချို့ကို လွှတ်ပေးသည့် နေ့မှာပင် ချက်ချင်း ပြန်လည် ဖမ်းဆီးမှု ပြုလုပ်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက်တွင် မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်မှ လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးလွင်မောင်မောင်၊ ဦးသက်မောင်မောင် အပါအဝင် ၁၁ ဦးနှင့် မြင်းခြံအကျဉ်းထောင်မှ ကိုရဲ မြင့်အောင်နှင့် ကိုကုလားကြီးတို့ ၂ ဦးသည် ထောင်ဝမှာပင် ပြန်လည် ဖမ်းဆီးခံခဲ့ရကြောင်း ကာယကံရှင် မိသားစုနှင့် နီးစပ် သူများက ဧရာဝတီကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရလည်း မိတ္ထီလာအကျဉ်းထောင်မှ လွတ်လာပြီး ပြန်ဖမ်းခံရသူ ၁၁ ဦးမှာ NLD မိတ္ထီလာမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်၊ ဦးသက် မောင်မောင်၊ ကိုဝေမျိုးအောင်၊ ကိုသီဟကျော်၊ ကိုနေလင်းအောင်၊ ကိုထွန်းအောင်ကျော်၊ ကိုအောင်ကျော်ထက်၊ ကိုဇော် ထက်အောင်၊ ကိုစောနန္ဒ၊ ကိုပိုင်ဇေစိုးနှင့် သာစည်မြို့နယ်မှ သပိတ်ခေါင်းဆောင် ဒေါ်လေးလေးနိုင်တို့ ဖြစ်ကြောင်း သိရှိရ သည်။

“ထောင်က ၃၄ ယောက် ပြန်လွှတ်တယ်။ ထောင်က ထွက်လာပြီး အဝင်ဝ ရှေ့မှာတင် ရဲကားက စောင့်နေပြီးတော့ သူတို့ ၁၁ ယောက်စလုံးကို မပြီးသေးတဲ့ အမှုတွေအတွက် မေးစရာရှိတယ်ဆိုပြီး တခါတည်း ထောင်နားက အမှတ် (၁) ရဲစခန်း ထဲကို ခေါ်သွားတာ” ဟု အောက်တိုဘာ ၁၈ ရက်နေ့တွင် မိတ္ထီလာအကျဉ်းထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်း သား တဦးက ပြောသည်။

သို့သော် ပြန်လည်ဖမ်းဆီးခံရသူ ၁၁ ဦးအနက် စစ်ဆေးမေးမြန်း ပြီးသွားသော ကိုနေလင်းအောင်၊ ကိုဝေမျိုးအောင်၊ ကို ထွန်းအောင်ကျော်နှင့် ကိုစောနန္ဒတို့ ၄ ဦးမှာ ပြန်လွတ်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူများနှင့် ကာယကံရှင် မိသားစုဝင် များက အတည်ပြုသည်။

ကျန်ရှိနေသူများကို မည့်သည့် ပုဒ်မဖြင့် ထပ်မံတရားစွဲကြောင်း မသိရသေးဘဲ စစ်ဆေးမေးမြန်းနေဆဲသာ ဖြစ်သည်ဟု သိရသေးကြောင်း ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား တဦးက ဆိုသည်။

မိတ္ထီလာ အကျဉ်းထောင်မှ လွတ်လာပြီး ရဲစခန်းတွင် ထပ်မံထိန်းသိမ်း ခံနေရသည့် ကိုသီဟကျော်၏ဖခင် ဦးခင်မောင်ချင်း ကလည်း “ဦးလေးတို့ သူ့ကို မြင်တောင် မမြင်လိုက်ရဘူး။ သားက ဖုန်းလှမ်းဆက်ထားလို့ ပြန်လွှတ်မယ်ဆိုတာကို သိလို့ သွားစောင့်နေကြတာ။ အထဲမှာလည်း လက်ထိပ် ခတ်ထားသေးတယ်” ဟု ဧရာဝတီကို ပြောသည်။

ကိုသီဟကျော်ကို မည်သည့်အတွက်ကြောင့် ထပ်မံဖမ်းဆီးထားသည်နှင့် ပတ်သက်၍ ရဲစခန်းဘက်မှ တစုံတရာ ပြော ဆိုခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။

ထို့အတူ အောက်တိုဘာ ၁၉ ရက်တွင် ကိုလွင်မောင်မောင်ကို ပြန်လည် ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး အမှတ် (၁) ရဲ စခန်းသို့ ၎င်း၏ ဇနီးဖြစ်သူက အကျိုးအကြောင်း သွားရောက် မေးမြန်းရာတွင်လည်း စစ်ဆေးမေးမြန်း စရာများ ပြီးပါက ပြန်လွှတ်ပေးမည့် အခြေအနေမျိုး ရဲစခန်းဘက်က ပြောကြောင်း ကိုလွင်မောင်မောင်၏ မိခင် ဒေါ်ရေးက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
329
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
22
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
47

“သူတို့ TV မှာ ကြေညာတာက ပြည်သူတွေကို နှလုံးစိတ်ဝမ်း အေးချမ်းချင်တာလို့ ပြောပြီး အခုက မလွှတ်သေးဘဲ ဆက် ဖမ်းခံထားရတယ် ဆိုတော့ အရမ်းဝမ်းနည်းတာပေါ့” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အောက်တိုဘာ ၁၉ ရက်တွင် ပြန်လွတ်လာသူများအနက် ရန်ကုန်နှင့် ကချင်ပြည်နယ်များမှ နိုင်ငံရေး အကျဉ်းသား တချို့လည်း နေအိမ်ရောက်ရှိပြီးမှ ပြန်အဖမ်းခံရမှုများ ရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့၍ နိုင်ငံရေးနှင့် ဆက်နွယ်သော ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၁၃၁၆ ဦး၊ တရားရင်ဆိုင်နေရသူ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို လွှတ်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာ ပြီးနောက် အောက်တိုဘာ ၁၈ ရက်မှ စတင်၍ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂ ရက်အတွင်း နိုင်ငံတဝန်း အကျဉ်းထောင်များမှ ပြန်လွတ်လာသူ ၂၆၀၀ နီးပါးအထိ ရှိလာပြီဟု သိရသော် လည်း စစ်ကောင်စီက ကြေညာထားသည့် ၅၆၀၀ ကျော်ကို ရက်မည်မျှကြာအတွင်း အကုန်လွှတ်ပေးမည်ကိုမူ ရှင်းရှင်း လင်းလင်း ထုတ်ပြန်ထားခြင်း မရှိပါ။

You may also like these stories:

ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်

ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

Your Thoughts …
Tags: AAPPNLDစစ်ကောင်စီနိုင်ငံရေးအကျဉ်းသား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဦးသိန်းစိန်လက်ထက် ကျောင်းသားများ ဆန္ဒပြခဲ့စဉ် / ဧရာဝတီ

ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည့် လွတ်လပ် ခေတ်မီသော သုတေသန အသိုက်အဝန်း

၂၀၁၅ ခုနှစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြစဉ်

စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved