ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ခွင့်မပေးသောကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က အထူးသံတမန်၏ ခရီးစဉ်ကို ဖျက်သိမ်းမည်ဟု မျှော်လင့်ရသည်။ ထို့ကြောင့် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှ်ိုင်ကို ယခုလနှောင်းပိုင်းတွင် ဘရူနိုင်းတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းမပြုပေ။ ထိုထိပ်သီးဆွေးနွေးပွဲတွင် သူမရှိသင့်ပေ။ တက်ခွင့်ရလျှင်လည်း လိမ်ပြီးရင်း လိမ်နေမည်သာ ဖြစ်သည်။
စစ်ကောင်စီသည် ဆင်ခြင်တုံတရားဖြင့် စဉ်းစားမည်ဟု မမျှော်လင့်နိုင်သော်လည်း ထိုသို့စဉ်းစားမည်ဆိုပါက ASEAN အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခြင်းအားဖြင့် ဒေသတွင်းထောက်ခံမှုအချို့ ရရှိပြီး ၎င်းတို့ခံစားနေရသော သံတမန်ရေးဖိအား သက်သာမည်ဖြစ်သည်။ မီဒီယာများသည် ထိုခရီးစဉ်နှင့် အထူးသံတမန်နှင့် စစ်ကောင်စီ၏ ကျော်ကြားလှသော အကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်ထံမှ လာမည့် သတင်းစကားကို ဖွင့်ဆိုရန် အလုပ်များကြမည်။ သို့သော် ထိုသို့ဖြစ်ပေါ်လာခြင်းမရှိပေ။ အခြေအနေကို ပြောင်းလဲမရတော့ပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆရာသမား ယခင်ဗိုလ်ချုပ်များအနေဖြင့် သေနင်္ဂဗျူဟာ ချမှတ်ပါက ၎င်းတို့သည် မတူညီသော ကစားနည်းကို ကစားမည်မှာ သေချာသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆရာသမား ယခင်ဗိုလ်ချုပ်များအနေဖြင့် သေနင်္ဂဗျူဟာ ချမှတ်ပါက ၎င်းတို့သည် မတူညီသော ကစားနည်းကို ကစားမည်မှာ သေချာသည်။
ယခင် စစ်အုပ်စုသည် ပထမတွင် ဗိုလ်ချုပ်ကြီးစောမောင်အောက် (၁၉၉၂ ခုနှစ်တွင် ကျန်းမာရေး အကြောင်းပြပြီးနုတ်ထွက်သွားသည်) နှင့် နောင်တွင် စစ်အုပ်စုအကြီးအကဲရာထူးကို ဆက်ခံသည့် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွေအောက်တွင် ၁၉၈၉ ခုနှစ်မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ် ဖမ်းဆီးထားသည်။ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်မှ နောင်တွင် အတိုက်အခံ ခေါင်းဆောင်ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ်အထိ စစ်အုပ်စု၏ အကျဉ်းသား မကြာခဏဖြစ်ရသည်။ ထိုရှည်လျားသော နှစ်များအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ၏အကျဉ်းသားဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက် ပြန်လွှတ်လိုက်လုပ်သည်။ ၎င်းတို့စစ်အုပ်စုအပေါ် ဖိအားသက်သာစေရန် တခါတရံ ပြန်လွှတ်ပေးပြီး စစ်အုပ်စုအတွက် တစုံတရာသော တရားဝင်မှု၊ ချီးကျူးမှုနှင့် အကူအညီ ရရန် လုပ်သည်။ အလုပ်လည်းဖြစ်ခဲ့သည်။ သို့သော် ၂၀၀၃ ခုနှစ်တွင် သူသည်မြန်မာနိုင်ငံအလယ်ပိုင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းကို တိုက်ခိုက်ရန် ဒေသခံတိုင်းမှူးများနှင့် လူရမ်းကားများကို အမိန့်ပေးလိုက်သောအခါ ကြီးမားသော အမှားတခု ကျူးလွန်သည်။ ထိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် တကမ္ဘာလုံးက ပြစ်တင်ရှုတ်ချပြီး အရေးယူပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်လာသည်။
ဗိုလ်ချုပ်များ၏ အကျဉ်းသားဘ၀ အစောပိုင်းရက်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ခင်ပွန်းသည် မိုက်ကယ်အဲရစ် (၁၉၉၉ ခုနှစ်တွင် ကွယ်လွန်သည်) နှင့် မြန်မာနိုင်ငံသို့ လာရောက်သော အမေရိကန် ကွန်ဂရက်အမတ် ဘေလ် ရစ်ချတ်ဆန်တို့နှင့် တွေ့ခွင့်ပေးသည်။ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထင်ရှားသော ဆရာတော်များ၊ ကုလသမဂ္ဂ အထူးသံတမန်များ၊ နိုင်ငံတကာကြက်ခြေနီအသင်း ကိုယ်စားလှယ်များနှင့် ရန်ကန်အခြေစိုက် သံတမန်အချို့နှင့်ပင် လွတ်လပ်စွာတွေ့ခွင့်ပေးခဲ့သည်။
နေအိမ်တွင် ဖမ်းဆီးထားရာမှ ၁၉၉၅ ခုနှစ် ဇူလိုင်လတွင် ပထမဆုံးအကြိမ် လွှတ်မပေးမီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် (နောင်တွင် ဒုဗိုလ်ချုပ်ကြီး)တို့က ၁၉၉၄ ခုနှစ် စက်တင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်။ တကမ္ဘာလုံးမှ မြန်မာ့အရေးလေ့လာသူများက ထိုတွေ့ဆုံမှုမှ ထွက်ပေါ်လာသော ဓါတ်ပုံကို သဘောကျကြပြီး မပြီးနိုင် မစီးနိုင် စူးစမ်းလေ့လာကြသော်လည်း အသေးစိတ်ဆွေးနွေးသည့်အချက်များကို မည်သည့်အခါမျှ ထုတ်ပြန်ခြင်းမရှိပေ။ သို့သော် နောင်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်တွင် ပြန်လည်ဖမ်းဆီးခံရသည်သာဖြစ်သည်။
၎င်းတို့တွေ့ဆုံသည့်အခါတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးဆွေးနွေးမှုကို ရှောင်ရှားပြီး တိုင်းပြည်တိုးတက်ရေးဘက်သို့ စကားကို လမ်းကြောင်းသွားတတ်သည်ဟု သတင်းများက ဆိုသည်။
ထိုတွေ့ဆုံမှုများသည် စစ်အုပ်စုအပေါ် နိုင်ငံတကာဖိအားလျှော့ကျစေရေးအတွက် သက်သက်သာ ရည်ရွယ်ကြောင်း ထင်ရှားသည်။ ထိုဗိုလ်ချုပ်များသည် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုကို မည်သည့်အခါကမျှ မလုပ်ပေ။ သို့သော် ထိုသို့တွေ့ဆုံမှုများပြုလုပ်သောကြောင့် စစ်ကောင်စီအတွက် အလုပ်ဖြစ်သည်။
၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်စဉ်က ဂျပန်က တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည်စတင်မည်ဖြစ်ကြောင်းကြေညာသည်။
၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်စဉ်က ဂျပန်က တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည်စတင်မည်ဖြစ်ကြောင်းကြေညာသည်။ ထိုနောက်တွင် တိုကျိုသည် လူသားချင်း စာနာမှုအကူအညီများ ပိုမိုပေးအပ်လာပြီး ASEAN နှင့် ကမ္ဘာက စစ်ကောင်စီကို ချီးကျူးကြသည်။ နောက် ၂ နှစ် ကြာသောအခါ မြန်မာနိုင်ငံသည် ASEAN သို့ ဝင်ရောက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားပြီး စိတ်ဓါတ်စစ်ဆင်ရေးအရာရှိအဖြစ်လေ့ကျင့်ထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်သန်းထွန်း၊ ထောက်လှမ်းရေး ဒုတိယအကြီးအကဲအဖြစ် ထိုစဉ်က သူ၏လူယုံ ဗိုလ်ချုပ်ကျော်ဝင်းနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်အပါအဝင် သူ၏ လက်အောက်ငယ်သားများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန်စေလွှတ်ပြီး သဘောထားကို တီးခေါက်ကြည့်သည်။
ဒေါ်အောင်ဆန်းစုကြည်ထံမှ ဒေါသကို မျှော်လင့်ထားရန် ထိုသူများကို ကြိုတင်မှာကြားပြီး အကြမ်းရော အပျော့ဆွဲပါ ကစားရန်လည်း သူ ညွှန်ကြားထားသည်။
လက်တွေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ဦးသန်းရွှေစေလွှတ်လိုက်သည့် စစ်အရာရှိများနှင့် အဆင်ပြေသည်။ အချို့သူများနှင့် ဆိုလျှင် ကာလကြာရှည်သည့် မိတ်ဆွေများပင် ဖြစ်သွားကြသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၆ နှစ်ရှိပြီဖြစ်သည်။ ထိုဗိုလ်ချုပ်များသည်လည်း အသက် ၇၀ ကျော်များ ဖြစ်နေပြီး အငြိမ်းစားယူကာ မြန်မာန်ိုင်ငံတွင် ဖြစ်နေသည်များကို စိုးရိမ်မကင်း စောင့်ကြည့်နေကြသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ထိုကာလအတွင်း နေအိမ်တွင် မတရားဖမ်းဆီး ခံထားခဲ့ရသော်လည်း သူ့ကို ဖမ်းဆီးထားသည့် ဗိုလ်ချုပ်များကို မှန်မှန်ကန်ကန် နားလည်ရန်အတွက် လုံလောက်စွာ လေ့လာခြင်း မရှိပေ။
ဝမ်းနည်းစရာကောင်းသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ထိုကာလအတွင်း နေအိမ်တွင် မတရားဖမ်းဆီး ခံထားခဲ့ရသော်လည်း သူ့ကို ဖမ်းဆီးထားသည့် ဗိုလ်ချုပ်များကို မှန်မှန်ကန်ကန် နားလည်ရန်အတွက် လုံလောက်စွာ လေ့လာခြင်း မရှိပေ။
အာဏာရပြီး ခေါင်းဆောင်ဖြစ်လာသောအခါ နိုင်ငံတော်အတိုင်ပင်ခံ ဒေးအောင်ဆန်းစုကြည်က သူ့ကို နေအိမ်တွင် ၁၅ နှစ်နီးပါးဖမ်းထားပြီး လွတ်လပ်မှုများကို ဆုံးရှုံးစေသည့် စစ်တပ်နှင့်သူ၏ ဆက်ဆံရေးသည် ထိုမျှ မဆိုးလှကြောင်း၊ သူ၏ အစိုးရအတွင်းမှ ဗိုလ်ချုပ်များသည် နှစ်လိုဖွယ် ကောင်းသူများ ဖြစ်ကြောင်းပြောသည်။
နှစ်လိုဖွယ် ကောင်းပါသတဲ့လား။
ဒေါ်အောင်ဆန်းစုကြည်ပြောသည့် သဘောကောင်းသော ဗိုလ်ချုပ်များတွင် ထင်ရှားသူနှစ်ဦးရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရတွင် စစ်တပ်ကခန့်သည့် ဒုတိယသမ္မတ ဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း ဖြုတ်ချလိုက်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပင်ဖြစ်သည်။
ဗိုလ်ချုပ်ကြီး မြင့်ဆွေသည် သဘောထားတင်းမာသူဟု ကျော်ကြားပြီး ဦးသန်းရွှေအောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတွင် သူ့ကို ခန့်အပ်လိုက်သောကြောင့် ပါတီတွင်းနှင့် ဒီမိုကရေစီလှုပ်ရှားမှုမှ ပုဂ္ဂိုလ်များ တုန်လှုပ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စစ်တပ်သည် လွှတ်တော်နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားပြီး ဒုတိယ သမ္မတတဦး ခန့်ခွင့်ရသည်။
အမိန့်နာခံသည့် အရာရှိတဦးဖြစ်သော ဗိုလ်ချုပ်ကြီး မြင့်ဆွေသည် သူ တာဝန်ထမ်းဆောင်စဉ်အတွင်း နိုင်ငံရေးအရ ဖြိုခွဲမှု အများအပြားကို ကြီးကြပ်ခဲ့သူဖြစ်သည်။ လွှတ်တော်တွင်းမှ စစ်တပ်ကိုယ်စားလှယ်များက ရန်ကုန်တိုင်း ဝန်ကြီးချုပ်လုပ်ခဲ့ဖူးသော ထိုဗိုလ်ချုပ်ကြီးကို ဒု သမ္မတအဖြစ် အမည်စာရင်းတင်သွင်းသည်။
ဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ ကမောက်ကမဖြစ်စေရန် လုပ်ခဲ့ပါသလား။ ထိုဗိုလ်ချုပ်သည် သူ့ကို အများကသတိပေးထားသည့်အတိုင်း အလုပ်လုပ်ရန် ခက်ခဲသည်ဟု ဒေါ်အောင်ဆန်းစုကြည်မြင်ခဲ့ပါသလား။
ဗိုလ်ချုပ်မြင့်ဆွေကို ဒုသမ္မတခန့်သည့် သတင်းကို ကြားသိရသောအခါ သူနှင့်အလုပ်လုပ်ရမည်နှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူယုံကြည်ရသည့် လုပ်ဖေါ်ကိုင်ဖက် တယောက်ကို အာဏာမသိမ်းမီ ၂၀၁၉၊ ၂၀၂၀ ခုနှစ်ခန့်က ပြောခဲ့ဖူးကြောင်း သိရသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အတွက် အံ့သြစရာဖြစ်ခဲ့ရသည်မှာ ထိုဗိုလ်ချုပ်နှင့် အလုပ်လုပ်ရသည်မှာ လွယ်ကူနေကြောင်းတွေ့ရသည်။ သူသည် မည်သည့်ပြဿနာကြီးကြီးကျယ်ကျယ်မျှ ဖန်တီးခဲ့ခြင်း မရှိပေ။ ဦးမြင့်ဆွေကို သိသည့် စစ်အရာရှိဟောင်းများက ထိုပုံစံသည် သူ့ကိုလေ့ကျင့်ပေးထားသည့် ပုံစံပင်ဖြစ်ကြောင်း ပြောသည်။ အရပ်သားအစိုးရ တာဝန်ယူစဉ်အတွင်း ဦးမြင့်ဆွေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ အဆင်ပြေသည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းလိုက်သောအခါ သမ္မတဦးဝင်းမြင့်ကို ဖယ်ရှားပြီးနောက် ဦးမြင့်ဆွေကို ခေတ္တသမ္မတအဖြစ်ကြေညာသည်။ သို့သော် ထိုနောက်ပိုင်းတွင် သူ့ကို အများပြည်သူ မြင်ကွင်းတွင် မတွေ့ရတော့ပေ။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အစိုးရ သက်တမ်းတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်ဘက်တွင် ဆူး တချောင်းရှိနေခဲ့သည်။
စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အလုပ်လုပ်မရကြောင်း နိုင်ငံတော်အတိုင်ပင်ခံက အထက်ပါ လူယုံလုပ်ဖေါ်ကိုင်ဘက်ကို ပြောသည်။
စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အလုပ်လုပ်မရကြောင်း နိုင်ငံတော်အတိုင်ပင်ခံက အထက်ပါ လူယုံလုပ်ဖေါ်ကိုင်ဘက်ကိုပင်ပြောသည်။ စစ်တပ်အကြီအကဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ သူ၏တွေးခေါ်ပုံများနှင့် ရည်မှန်းချက်များကို ဒေါ်အောင်ဆန်းစုကြည်က ထိုလုပ်ဖေါ်ကိုင်ဘက်ထံမှ မေးမြန်းသည်။
ယနေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်ကို အင်းလျားကန်စောင်းရှိ သူ၏ နေအိမ်တွင် ဖမ်းဆီးထားခြင်း မဟုတ်ဘဲ တည်နေရာ မသိရသောနေရာတွင် ဖမ်းဆီးထားသည်။ တရားမဝင် လမ်းလျှောက်စကားပြောစက်ပိုင်ဆိုင်ခြင်းနှင့် သူ၏မိခင်အမည်ကို အစွဲပြုထူထောင်ထားသည့် ဖေါင်ဒေးရှင်းအတွက် မြေကိုအလွဲသုံးစားလုပ်သည်ဆိုသည့် ဆီလျှော်မှုမရှိသည့် စွဲချက်များအပါအဝင် ဒေါ်အောင်ဆန်းစုကြည်သည် စွဲချက်ပေါင်း ၁၁ ခုကို ရင်ဆိုင်နေရသည်။ လွန်ခဲ့သော ၂ ပတ်ကပင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း၏ စီးပွားရေးကို ထောက်ခံကာကွယ်ပေးရန်အတွက် ရွှေ ၇ ပိသာနှင့် အမေရိကန် ဒေါ်လာ ၆ သိန်း လာဘ်ထိုးမှုကို ၃ ကြိမ်ခွဲပြီး လက်ခံသည်ဟု စွပ်စွဲသည်။ ထိုနောက်ဆုံးစွပ်စွဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ တိုတောင်းလှသော တုံပြန်မှုမှာ ထိုကိစ္စများအားလုံးသည် ကျိုးကြောင်း ဆီလျှော်မှု မရှိသော ကိစ္စများဖြစ်သည်ဆိုသည့် စကားပင်ဖြစ်သည်။
ဦးသန်းရွှေသည် ထုံထိုင်းပြီး ပရိယာယ်မရှိဟု မိမိတို့ တခါက ထင်ခဲ့ဖူးသည်။ ယနေ့တွင်မူ မင်းအောင်လှိုင်သည် ပိုမိုထုံထိုင်းပြီး မလုံမခြုံဖြစ်နေသည်။
ဦးသန်းရွှေသည်ထုံထိုင်းပြီး ပရိယာယ်မရှိဟု မိမိတို့ တခါက ထင်ခဲ့ဖူးသည်။ ယနေ့တွင်မူ မင်းအောင်လှိုင်သည် ပိုမိုထုံထိုင်းပြီး မလုံမခြုံဖြစ်နေသည်။ သူ၏ ကစားကွက်များသည် သေးသိမ်ပြီး မိုက်မဲကာ သူ့ထံတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားသော အာဃာတ နှင့် အမုန်းတရားကိုသာ ဖေါ်ပြနေပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Myanmar Junta Chief’s Personal Hatred of Daw Aung San Suu Kyi Runs Deep ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ရန် ASEAN ဆုံးဖြတ်ချက် အမေရိကန် ကြိုဆို
လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်ဖမ်းဆီးခံရ
နိုင်/ကျဉ်းများ လွှတ်ပေးမှု ကြေညာချက်ပါ အရေအတွက်ထက် နည်းနေနိုင်ဟု AAPP ဆို
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် သေဆုံးခြင်း