အရက်နာကျခြင်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အရက်နာကျခြင်း Covering Burma and Southeast Asia Wed, 19 Jul 2023 01:10:33 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အရက်နာကျခြင်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အရက်နာကျခြင်း 32 32 အရက်နာကျခြင်းကို ကုစားပေးနိုင်တဲ့ ရေခဲချောင်း https://burma.irrawaddy.com/lifestyle/food/2019/03/30/187859.html Sat, 30 Mar 2019 05:30:16 +0000 https://burma.irrawaddy.com/lytbox/?p=187859 Gyeondyo Bar ရေခဲချောင်း ရေခဲချောင်းဆိုတာ ကလေးလူကြီးမရွေး အကြိုက်တွေ့ကြတဲ့ သရေစာတမျိုး ဖြစ်တာကြောင့် ရေခဲချောင်းကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။]]> Gyeondyo Bar ရေခဲချောင်း

အရက်ကို အလွန်အကျွံသောက်သုံးပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေကို အရက်နာကျတယ်လို့ ခေါ်ပြီး အရက်နာကျခြင်းရဲ့ လက္ခဏာတွေကတော့ ကတုန်ကယင်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အစားမစားချင်ခြင်းနဲ့ ရေငတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အရက် ပမာဏ ဘယ်လောက် သောက်ရင် အရက်နာကျနိုင်တယ်ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့် လူတဦးနဲ့ တဦး ခံနိုင်ရည်ချင်း မတူညီတာကြောင့် တချို့သောသူတွေမှာ အနည်းငယ် သောက်သုံးရုံလောက်နဲ့ အရက်နာကျခြင်းကို ခံစားရပါတယ်။ အရက်၊ ဘီယာတွေမှာ ပါဝင်တဲ့ အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်တွင်းက ရေနဲ့ ဓာတ်ဆားတွေကို ဆုံးရှုံးစေတာကြောင့် အရက်နာကျခြင်း ဝေဒနာကို ခံစားရတာပဲဖြစ်ပါတယ်။

ဒီလိုမျိုး ခံစားရခက်တဲ့ အရက်နာကျတဲ့ ဝေဒနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံကတော့ အရက်နာကျသူတွေ စားသုံးသင့်တဲ့ ရေခဲချောင်းတမျိုးကို တီထွင်ဖန်တီး ပြုလုပ်ထားပါတယ်။ ရေခဲချောင်းဆိုတာ ကလေးလူကြီးမရွေး အကြိုက်တွေ့ကြတဲ့ သရေစာတမျိုး ဖြစ်တာကြောင့် ရေခဲချောင်းကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“Gyeondyo Bar” လို့ခေါ်တဲ့ ဒီရေခဲချောင်းကိုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ Convenience Store ဆိုင်တိုင်းမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အရက်နာကျခြင်းအတွက် ကုသရာမှာ အသုံးပြုတဲ့ သစ်သီးဝလံတွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး စပျစ်သီးခြောက်နဲ့ ဂရိတ်ဖရုသီး အရသာတွေနဲ့ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

အရက်နာကျခြင်းကို ကုသရာမှာ စပျစ်ရည်၊ စပျစ်သီးခြောက်နဲ့ ဂရိတ်ဖရုသီးတို့ကို အသုံးပြုခဲ့တာဟာ လွန်ခဲ့တဲ့ ၁၇ ရာစုလောက်ကတည်းက ဖြစ်ပြီး ဒီအသီးအနှံတွေဟာ အရက်သောက်သုံးခြင်းကြောင့်ဖြစ်တဲ့ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း ဝေဒနာတွေကိုပါ သက်သာစေနိုင်တယ်လို့ ၂၀၁၂ ခုနှစ် Neuroscience ဂျာနယ်မှာ ပါဝင်တဲ့ ဆောင်းပါးတခုမှာ ဖော်ပြခဲ့ဖူးပါတယ်။

အရက်နာကျတဲ့အခါ ဆေးဝါးတွေသောက်သုံးတာနဲ့ တခြားသော နည်းလမ်းတွေထက် အရက်နာကျခြင်းအတွက် အခုလိုဖန်တီးပြုလုပ်ထားတဲ့ ရေခဲချောင်းစားသုံးလိုက်ခြင်းက ပိုမိုမြန်ဆန်ထိရောက်တာကြောင့် တောင်ကိုရီးယားနိုင်ငံမှာတော့ လူကြိုက်များနေပါတယ်။

Ref : www.bustle.com

]]>
အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ https://burma.irrawaddy.com/lifestyle/food/2019/01/31/181987.html Thu, 31 Jan 2019 09:10:53 +0000 https://burma.irrawaddy.com/lytbox/?p=181987 အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များဂျင်းနဲ့ သံပုရာသီးကို ရေနွေးနဲ့ ဖျော်ပြီး သောက်တာကလည်း အရက်နာကျခြင်းကို သက်သာစေနိုင်ပါတယ်။ ဂျင်းဟာ ပျို့အန်ခြင်းကို ထိန်းပေးပြီး သံပုရာသီးကို ရေနွေးနဲ့ ဖျော်သောက်တာက ဗီတာမင်စီနဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို မြင့်တင်ပေးပါတယ်။ ]]> အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ

ညဘက်မှာ အရက် သောက်တာများသွားပြီး နောက်တနေ့ မနက်မှာ ခံရတဲ့ ဒဏ်က အရမ်းဆိုးဝါးတယ်ဆိုတာ အရက်နာ ကျဖူးသူတိုင်း သိကြမှာပါ။ အရက်နာကျတဲ့ အချိန်မှာ ရေဓာတ်ကုန်ခမ်းတာကြောင့် ရေများများသောက်ပေးဖို့က အဓိက အရေးကြီးပါတယ်။

အမြင်ဝေဝါးခြင်း၊ တုန်ရီခြင်း၊ မူးဝေခြင်းတွေ ဖြစ်တတ်ပြီး အစားအသောက်စားရတာလည်း ခက်ခဲပါတယ်။ ဒါကြောင့် အရက်နာကျချိန်မှာ စားသောက်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ထောပတ်သီး

အရက် အလွန်အကျွံ သောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းတွေအတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ကို ဆုံးရှုံးစေပါတယ်။ ဒါတွေကြောင့် ကြွက်တက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ အားအင်ကုန်ခမ်းခြင်းတွေကို ဖြစ်စေပါတယ်။ ဒီလို အချိန်မျိုးမှာ ဖိုင်ဘာဓာတ် အပြည့်အဝ ပါဝင်ပြီး၊ ဗီတာမင် B6 ၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေ ပါဝင်တဲ့ ထောပတ်သီးကို စားသုံးသင့်ပါတယ်။

(၂) သံပုရာ ဂျင်းဖျော်ရည်

ဂျင်းနဲ့ သံပုရာသီးကို ရေနွေးနဲ့ ဖျော်ပြီး သောက်တာကလည်း အရက်နာကျခြင်းကို သက်သာစေနိုင်ပါတယ်။ ဂျင်းဟာ ပျို့အန်ခြင်းကို ထိန်းပေးပြီး သံပုရာသီးကို ရေနွေးနဲ့ ဖျော်သောက်တာက ဗီတာမင်စီနဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို မြင့်တင်ပေးပါတယ်။

(၃) တရုတ် ဆီးသီးခြောက်

တရုတ် ဆီးသီးခြောက်မှာ သဘာဝ သကြားဓာတ် ကြွယ်ဝစွ ာပါဝင်ပါတယ်။ အရက်နာကျနေတဲ့ နေ့တွေမှာ တရုတ်ဆီးသီးကို ချိုချဉ်စားသလို တနေကုန်နီးပါး စားနေသင့်တယ်လို့ ဆရာဝန်တွေက အကြံပေးထားကြပါတယ်။ ပိုတက်ဆီယမ်နဲ့ သကြားဓာတ်တွေ ပါဝင်လို့ သင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို မြင့်တင်ပေးပါတယ်။

(၄) ဆယ်လ်မွန်ငါး

အရက်ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဗီတာမင် ဘီအုပ်စုကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ တုန်ယင်ခြင်းနဲ့ အားယုတ်ခြင်းတွေကို ခံစားရတာပါ။ ဒီလိုအချိန်မျိုးမှာ ဗီတာမင် B12 နဲ့ အမိုင်နိုအက်ဆစ် ပါဝင်တဲ့ ဆယ်လ်မွန်ငါးကို စားသင့်ပါတယ်။ ဆယ်လ်မွန်ငါး ၃ အောင်ဆလောက်ကို စားသုံးပေးခြင်းဟာ တနေ့တာအတွက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် B12 ကို ရစေနိုင်ပါတယ်။

(၅) အုန်းရည်

အချိန်မြန်မြန်နဲ့ အရက်နာကျခြင်း့ကို ကုသပေးနိုင်တဲ့ အရာကတော့ အုန်းရည်ပါ။ အုန်းရည်ဟာ ငှက်ပျောသီးထက်တောင် ပိုတက်ဆီယမ်ပိုပြီး ကြွယ်ဝတာကြောင့် အရက်နာကျခြင်းကို ချက်ချင်း ယူပစ်လိုက်သလို ပျောက်ကင်းစေနိုင်ပါတယ်။ သကြားဓာတ်လည်း လုံလောက်စွာ ပါဝင်တာကြောင့် မလိုအပ်တဲ့ ကယ်လိုရီတက်ခြင်းကိုလည်း မဖြစ်ပါဘူး။

အခုဖော်ပြပေးလိုက်တဲ့ စားစရာတွေက သင် အရက်နာကျနေချိန်မှာ အမြန်ဆုံးနေရထိုင်ရ အဆင်ပြေအောင် ပြုလုပ်ပေးမယ့် နည်းလမ်းတွေဖြစ်ပြီး ရေများများသောက်ဖို့နဲ့ အရက် သောက်နေစဉ်မှာလည်း ရေကို သတိတရ သောက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Ref ; Trill

]]>
အရက်နာကျခြင်းကို ကုစားပေးနိုင်မယ့် အစားအစာများ https://burma.irrawaddy.com/lifestyle/2018/05/08/157995.html Tue, 08 May 2018 07:24:52 +0000 https://burma.irrawaddy.com/lytbox/?p=157995 အရက် အလွန်အကျွံ သောက်သုံးမိတဲ့အခါ အရက်နာကျခြင်း ဖြစ်စေပါတယ်အရက်နာကျနေတဲ့ မနက်ခင်းတွေမှာ အစာစားချင်စိတ် မရှိဘူးဆိုရင်တောင် ငှက်ပျောသီး ၁ လုံး ဒါမှမဟုတ် ၂ လုံး ခန့် မဖြစ်မနေ စားပေးသင့်ပါတယ်။ ]]> အရက် အလွန်အကျွံ သောက်သုံးမိတဲ့အခါ အရက်နာကျခြင်း ဖြစ်စေပါတယ်

ညဘက်တွေမှာ အရက်အလွန်အကျွံ သောက်သုံးမိတယ်ဆိုရင်တော့ နောက်တနေ့ မနက်အိပ်ယာ အထမှာ မအီမသာ ဖြစ်ခြင်းကို ကြုံတွေ့ဖူးကြမှာပါ။ အရက်မှာ ပါဝင်တဲ့ Alcohol ဓာတ်ဟာ ခန္ဓာကိုယ်ထဲက ရေနဲ့ ဓာတ်ဆားကို ဆုံးရှုံး စေတာကြောင့် ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ပျို့အန်ခြင်း အစရှိတဲ့ အရက်နာကျခြင်းဝေဒနာတွေကို ခံစားရစေတာပဲ ဖြစ်ပါတယ်။

အရက်နဲ့ ပက်သက်တဲ့ ခံစားရတဲ့ ဝေဒနာတွေထဲကမှ အဖြစ်အများဆုံးဖြစ်တဲ့ အရက်နာကျခြင်းကို ကုစားပေးနိုင်တဲ့ အစားအစာတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

(၁) အုန်းရည်ဟာ Electrolyte ကြွယ်ဝစွာ ပါဝင်တာကြောင့် အရက်နာကျခြင်းအတွက်တော့ အကောင်းဆုံးကုထုံး ဖြစ်ပါတယ်။ အုန်းရည်အပါအဝင် သတ္တုဓာတ်နဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ သံပုရာရည်နဲ့ အသီးအနှံ ဖျော်ရည် အများစုတို့ကို အရက်နာကျနေစဉ်မှာ သောက်သုံးပေးနိုင်ပါတယ်။

(၂) အရက်နာကျခြင်းကြောင့် ခံစားရတဲ့ အစာအိမ် မအီမသာဖြစ်ခြင်းအတွက်တော့ ဂျင်းနဲ့ ပျားရည် အနည်းငယ် ရောစပ်ထားတဲ့ ဂျင်းလက်ဖက်ရည် နွေးနွေးကို သောက်သုံးပေးခြင်းအားဖြင့် အစာအိမ်ထဲက Alcohol အကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) အရက်နာကျနေတဲ့ မနက်ခင်းတွေမှာ အစာစားချင်စိတ် မရှိဘူးဆိုရင်တောင် ငှက်ပျောသီး ၁ လုံး ဒါမှမဟုတ် ၂ လုံး ခန့် မဖြစ်မနေ စားပေးသင့်ပါတယ်။ ငှက်ပျောသီးဟာ ခန္ဓာကိုယ်ထဲက အက်ဆစ်ဓာတ် စုဆောင်းမှုကို လျော့ပါး စေတာကြောင့် အရက်နာကျခြင်းကြောင့် ခံစားရတဲ့ ရင်ပူခြင်းကို သက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

(၄) အရက်နာကျခြင်းကြောင့် အလွန်အမင်း ခေါင်းကိုက်နေမယ်ဆိုရင် ရေကိုပုံမှန်ထက် ပိုမိုသောက်သုံးသင့်ပါတယ်။ သင့်ခန္ဓာကိုယ်ဟာ Alcohol ကြောင့် ရေဓာတ်ခမ်းခြောက်နေတာ ဖြစ်ပြီး ရေများများ သောက်သင့်ပါတယ်။

(၅) မနက်စာကို လုံးဝ မစားဘဲ နေခြင်းဟာ အရက်နာကျတဲ့ ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် ပေါင်မုန့်မီးကင်၊ ကြက်ဥပြုတ်နဲ့ ကွေကာအုပ်လို ခန္ဓာကိုယ်အတွက် ကယ်လိုရီ ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။

Ref ; india.curejoy.com

]]>