JMC-U Archives - ဧရာဝတီ https://burma.irrawaddy.com/tag/jmc-u Covering Burma and Southeast Asia Wed, 19 Jul 2023 02:35:58 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png JMC-U Archives - ဧရာဝတီ https://burma.irrawaddy.com/tag/jmc-u 32 32 ငြိမ်းချမ်းရေးနှင့် စီးပွားရေး တပြိုင်တည်း သွားရန်လိုဟု ကိုးရီးယားသံအမတ်ပြော https://burma.irrawaddy.com/news/2019/03/05/185444.html Tue, 05 Mar 2019 11:04:48 +0000 https://burma.irrawaddy.com/lytbox/?p=185444 ၂၀၁၉ ခုနှစ်၊ မတ် ၅ ရက် ရန်ကုန်မြို့ JMC-U သို့ ကိုရီးယား သမ္မတ နိုင်ငံမှ ကား၊ တက်ဘလက်နှင့် မီးစက်များ လှူဒါန်းခြင်း အခမ်းအနား  / ချစ်မင်းထွန်း / ဧရာဝတီကိုးရီးယားသံအမတ်ကြီး Mr.Lee Sang-hwa က “ ကျနော် ဖေဖော်ဝါရီလက လူမျိုး ၂ မျိုး NCA လက်မှတ် ထိုးပွဲကို တက် ခဲ့တယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အချိန်ကို တော်တော် လေးကို စောင့်ယူရမယ်ဆိုတာ နားလည်ခဲ့ ပါတယ်။ ]]> ၂၀၁၉ ခုနှစ်၊ မတ် ၅ ရက် ရန်ကုန်မြို့ JMC-U သို့ ကိုရီးယား သမ္မတ နိုင်ငံမှ ကား၊ တက်ဘလက်နှင့် မီးစက်များ လှူဒါန်းခြင်း အခမ်းအနား  / ချစ်မင်းထွန်း / ဧရာဝတီ

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရန် ငြိမ်းချမ်းရေး တခုတည်း သွားမရ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့်ပါ တပြိုင် တည်းသွားမှ ငြိမ်းချမ်းရေး မြန်မြန်ရမည်ဟု ကိုးရီးယားသံအမတ်ကြီး Mr. Lee Sang –hwa က ပြောသည်။

ယနေ့ ရန်ကုန်မြို့ JMC-U ရုံး၌ ကျင်းပသည့် ကိုရီးယား သမ္မတ နိုင်ငံမှ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-U)သို့ ကိုးရီးယားလုပ် KIA အမျိုးအစား ကားတစီး၊ ဆမ်ဆောင်း တက်ဘလက် အလုံး ၁၁၀ လုံး၊ မီးစက် အလုံး ၂၀ တို့ကို လှူဒါန်းသည် ပွဲ တွင် ကိုရီးယား သံအမတ်ကြီးက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

မြန်မာငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကိုရီးယားနိုင်ငံ အနေဖြင့် ပြင်ပမှ လေ့လာစောင့်ကြည့်ရာတွင် မည် သည့် အားနည်းချက်များ တွေ့ရှိ၍ မည်သို့မည်ပုံ ဆောင်ရွက်သင့်သနည်း ဆိုသည့် ဧရာဝတီ သတင်း ဌာန၏ မေးမြန်းမှုကို သံအမတ်ကြီး Mr.Lee Sang-hwa က ကိုရီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပုံစံခြင်း မတူသော်လည်း ငြိမ်းချမ်းရေးကို လိုအပ်နေမှုမှာ တူညီသည့် အချိန်ဟု ပြောနိုင်ကြောင်း ဆိုသည်။

“ပြီးခဲ့တဲ့လ ရခိုင်ပြည်နယ်မှာ ငပလီမှာ ကျင်းပခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုပွဲကို ကိုးရီးယား လုပ်ငန်းရှင်တွေနဲ့ အတူတူ ပွဲတက်ခဲ့ ပါတယ်။ အဓိက ငြိမ်းချမ်းရေး တခုတည်း သွားလို့မရဘဲနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုလည်း တပြိုင်တည်း သွားမှ ငြိမ်းချမ်းရေးလည်း မြန်မြန်ရမှာလို့ ကျနော်တို့ထင်တဲ့အတွက် အခု ရခိုင်ပြည်ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့လည်း ကဏ္ဍ တခုအနေနဲ့ အားထုတ်နေခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြော သည်။

၎င်းတို့ ကိုယ်တိုင် ကိုးရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေးအတွက် မြောက်ကိုရီယား နှင့် ငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းနေရပြီး ပြီးခဲ့သည့်လက မြောက်ကိုရီးယားနှင့် အမေရိကန်တို့ ဗီယက်နမ် နိုင်ငံမှာ နျူကလီးယား ဖျက် သိမ်းရေး ဆွေးနွေးခဲ့ရာမှာ မိမိတို့ မျှော်လင့်သည့် အဖြေ မထွက်ခဲ့ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အချိန်ယူလုပ်ရမည်ဟု နားလည်လာ ကြောင်း သံအမတ်ကြီး Mr. Lee Sang-hwa က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင် အမျိုး သား အစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်း ရေးကောင်စီ(KNU/KNLA-PC)၊ ရခိုင် ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ NMSP၊ LDU တို့ လက်မှတ် ထိုးထားကြသည်။

သို့သော်  “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (ND AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ(KNPP)၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)တို့ကတော့ NCA ရေးထိုးနိုင်ရေး အစိုးရ-တပ်မတော်ဖြင့် ညှိနှိုင်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက် တစ် အစည်းအရုံး (LDU)တို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးပွဲသို့  မိမိ တက်ရောက်ခဲ့ရာ မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ရန်နှင့် အောင်မြင် ရန် အတွက် အချိန်တော်တော်လေး သည်းခံယူရမည် ကို ခံစား နားလည်မိခဲ့ကြောင်း ကိုးရီးယား သံအမတ်ကြီး Mr.Lee Sang-hwa က ပြောသည်။

“ကျနော် ဖေဖော်ဝါရီလက လူမျိုး ၂ မျိုး NCA လက်မှတ်ထိုးပွဲကို တက် ခဲ့တယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အချိန်ကို တော်တော်လေးကို စောင့်ယူရမယ်ဆိုတာ နားလည်ခဲ့ ပါတယ်။ အခု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း ဥပမာ ကျနော်တို့ ကိုရီးယားက အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ဗီယက်နမ်မှာ ထိပ်သီး အစည်းအဝေးလုပ်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ လိုချင် သလောက် ဖြစ်ချင်သလောက် အဖြေက မထွက်ခဲ့ပါဘူး၊ အဲသလိုပဲ မြန်မာနိုင်ငံလည်း အချိန်ကို ယူပြီး တော့မှ အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ နည်းနည်း စောင့်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

JMC-U ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ မိမိတို့ အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိ အောင် ကြိုးပမ်းလျက် ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး NCA မှာ ပါဝင် လက်မှတ်ထိုးကာ နိုင်ငံ ရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် တွေ့ဆုံ ဆွေးနွေးမှုများလည်း ဆောင်ရွက် လျက်ရှိကြောင်း ယင်း အခမ်းအနား၌ ပြောသည်။

“ကျနော်တို့ မြန်မာနိုင်ငံဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးပမ်း လျက်ရှိနေပြီးတော့ အခုဆိုရင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အားလုံးကနေပြီးတော့ NCA မှာ ပါဝင် လက်မှတ်ရေး ထိုးပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပ နိုင်ဖို့အတွက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းဆောင် ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ပြော သည်။

ကိုးရီးယားသမ္မတနိုင်ငံက JMC-U သို့ လှူဒါန်းခဲ့သည့် ပစ္စည်းများကို ပြည်နယ်အဆင့် JMC-S၊ ဒေသန္တရာ အဆင့် JMC-L ၊ ဒေသန္တရာအရပ်သားစောင့်ကြည့်ရေးကော်မတီ MCL တို့မှာ အသီးသီး ခွဲဝေ သုံးစွဲသွားမည် ဖြစ်ကြောင်း JMC-U ထံမှ သိရသည်။

]]>
လက်နက်ကိုင်များ နယ်မြေနှင့် အင်အားတိုးချဲ့မှု ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်ဟုဆို https://burma.irrawaddy.com/news/2018/09/12/169561.html Wed, 12 Sep 2018 09:01:16 +0000 https://burma.irrawaddy.com/lytbox/?p=169561 ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော JMC-U အစည်းအဝေးမြင်ကွင်း / ထက်ဝေ / ဧရာဝတီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အင်အားနှင့် နယ်မြေ တိုးချဲ့မှုများ ပြုလုပ်နေခြင်းသည် တပ်မတော်၏ ထာဝရငြိမ်းချမ်းရေးနှင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည် ဖော်ဆောင်နေသည့်အပေါ် ကြီးမားသည့် အဟန့် အတား ဖြစ်နေနေကြောင်း]]> ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော JMC-U အစည်းအဝေးမြင်ကွင်း / ထက်ဝေ / ဧရာဝတီ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အင်အားနှင့် နယ်မြေ တိုးချဲ့မှုများ ပြုလုပ်နေခြင်းသည် တပ်မတော်၏ ထာဝရငြိမ်းချမ်းရေးနှင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည် ဖော်ဆောင်နေသည့်အပေါ် ကြီးမားသည့် အဟန့် အတား ဖြစ်နေနေကြောင်း JMC-U ဥက္ကဌ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြော သည်။

ပြည်ထောင်စု ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ၁၈ ကြိမ် မြောက် အစည်း အဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ကျင်းပမည့် အဖွင့်ပွဲနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထိုသို့ ပြောခဲ့ သည်။

“လက်ရှိ အနေအထားမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ကြည့်လို့ရှိရင် အင်အား တည်ဆောက်တာတွေ၊ နယ် မြေ တည်ဆောက်တာတွေ၊ ဒီအပေါ်မှာ အခြေခံပြီးတော့ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ ကျနော်တို့ တပ်မတော် အနေနဲ့ကတော့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ဖော်ဆောင်နေတာ ဖြစ်တဲ့အတွက် အင်အား တည်ဆောက် တာတွေ၊ နယ်မြေ တည်ဆောက်တာတွေဟာ ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ကြီးမားတဲ့ အဟန့် အတား ဖြစ်စေတဲ့အတွက် တဖက်နဲ့တဖက် သံသယ ဝင်စေသလို ပိုပြီးတော့မှ ကြီးထွာစေပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် တဖက်နှင့် တဖက် ယုံကြည်မှု တည်ဆောက်နေသည့် ကာလတွင် မိမိတို့ ထိပ်တိုက် ရင်ဆိုင်မှုများကို ရှောင်ရှားရန် အတွက် နယ်မြေ တည်ဆောက်မှုများ၊ အင်အား တည်ဆောက်မှုများကို ဆောင်ရွက်ခြင်း မပြုရန် အတွက် အသိပေး ပန်ကြားလိုပါကြောင်း JMC-U ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။

သို့သော် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မည်သည့် လက်နက်ကိုင် အဖွဲ့များက အင်အား တည်ဆောက်နေ သည်နှင့် နယ်မြေ တည်ဆောက်နေသည်ကိုတော့ ထည့်ပြောခြင်းမရှိပါ။

လက်ရှိတွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး အဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က လက်မှတ်ထိုး ထားသည်။

ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော JMC-U အစည်းအဝေးမြင်ကွင်း / ထက်ဝေ/ ဧရာဝတီ

ထိုအထဲမှ RCSS နှင့် တပ်မတော်ကြား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ထိုးပြီးနောက်ပိုင်း ယနေ့ (၂၀၁၈ ခုနှစ်) အတောတွင်း တိုက်ပွဲပေါင်း ၈၀ ကြိမ် ဖြစ်ပွားခဲ့ကြသလို KNU ၏ လက်အောက်ခံ တပ်မဟာ(၅) နှင့် တပ်မတော်ကြား ၂၀၁၈ ခုနှစ်၊ မတ်လက စတင်၍ ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ သလို စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဖွဲ့စည်းထားသော ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)များ အပြင် JMC-U တို့ တိုက်ပွဲ ရပ်တန့်ရေး မဖြေရှင်းနိုင်သေးကြောင်း သိရသည်။

တဖက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တပ်မတော်ကြား လည်းကောင်း၊ RCSS နှင့် TNLA ကြားလည်းကောင်း၊ ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) နှင့် တပ်မတော်ကြားလည်းကောင်း တိုက်ပွဲများလည်း ဖြစ်ပွားနေသေးသည်။

JMC-U ဒုဥက္ကဋ္ဌ ဖြစ်သူ လက်နက်ကိုင် ကိုယ်စားလှယ် ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက “ကျနော်တို့ JMC ဟာ နာမည်တခုပဲ မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်မှုမှာလည်း ထိရောက် အောင်မြင်ဖို့ လိုအပ်ပါတယ်။ JMC အကောင်အထည်ဖော်မှု အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ ကျနော်တို့ အပေါ်မှာလည်း မူတည်ပါ တယ်။ ဒါကြောင့် မြေပြင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ ရလဒ်တွေ အောင်မြင်တယ်၊ မအောင်မြင်နေတယ် ဆိုတာကို အဲဒါတွေက အမှန်တရားတွေဘဲ ဖြစ်ပါတယ်။ ဒီအမှန်တရားတွေကို လက်ခံနိုင်မှလည်း အားသာ ချက်၊ အားနည်းချက်တွေကို သုံးသပ်နိုင်ပြီး အားနည်းချက် တွေကို ပယ်ရှား အားသာချက်တွေကို ဖြည့်တင်း အကောင်အထည်ဖော်ပြီး ကျနော်တို့ အလုံးစုံသော အောင်မြင်မှုကို ရရှိမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဆက်လက်၍ ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက လက်နက်ကိုင် ပဋိပက္ခများ ဖြစ်တိုင်း ထိခိုက်တာ ဒေသခံများဖြစ်ရာ တိုက်ပွဲများ မပေါ်ပေါက်အောင် ၂ ဖက် လက်နက်ကိုင်တပ်များက ထိန်းသိမ်းရမှာ ဖြစ်ကြောင်း၊ ထိုကိစ္စများ ဖြစ်ပေါ်လာတိုင်း တဦးပေါ် တဦး ပြစ်တင်ရှုံ့ချခြင်းကလည်း ပြဿနာ၏ အဖြေမဟုတ်သလို ပြဿနာကို ပိုမို ကြီးထွာစေပြီး ရန်လိုစိတ် မုန်းတီးစိတ်များကိုဘဲ တိုးပွားစေမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြဿနာ အရင်းအမြစ် များကို စေတနာမှန်နှင့် ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြနိုင်သည့် အလွတ်သဘော ဆွေးနွေးမှုများကိုလည်း မကြာခဏ လုပ်ပေးရန် လိုအပ်မည်ဟု ဆိုသည်။

JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပဋိပက္ခ ဖြေရှင်းသည့်အခါမှာ Bilaternal ဆက်သွယ်မှုတွေက သော်လည်းကောင်း၊ Bilaternal တွေ့ဆုံမှုများမှသော်လည်းကောင်း၊ ပုံမှန် တွေ့ဆုံမှုများ ဆောင်ရွက်ခြင်း အားဖြင့် လည်းကောင်း၊ လိုအပ်ပါက အရေးပေါ် အစည်းအဝေးများ ဆောင်ရွက်ပြီး ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆိုသည်။

ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော JMC-U အစည်းအဝေးမြင်ကွင်း / ထက်ဝေ/ ဧရာဝတီ

“ပဋိပက္ခ ဖြေရှင်းတဲ့ နေရာမှာလည်း စိစစ် ပြဋ္ဌာန်းထားတဲ့ လုပ်ထုံး လုပ်နည်းများ အတိုင်းဘဲ ဖြေရှင်ဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ JMC ဟာ တိုင်ကြားမှုနဲ့ အငြင်းပွားမှုကိုဘဲ စောင့်ကြည့် ဖြေရှင်းပေးရမယ့် ကော်မတီ တခု ဖြစ်တဲ့ အတွက် တိုင်ကြားစာတွေ၊ ကန့်ကွက်စာတွေကို အလေးအနက်ထားပြီးတော့မှ ဖြေရှင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်း အချင်းချင်း တိုင်ကြားစာတွေ၊ ကန့်ကွက်စာတွေ ပေးလာတဲ့ အပေါ်မှာ ပဋိပက္ခအသွင် ဆောင်တယ်လို့ မမှတ်ယူ ဘဲ လေးလေးစားစား စိစစ် အကြောင်းပြန်ပေးလို့ရှိရင် ပဋိပက္ခတွေကို အချိန်နဲ့ တပြေးညီ ဖြေရှင်း ထိန်းသိမ်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

JMC သည် အငြင်းပွားမှုများကို စောင့်ကြည့်ခြင်း ၊ တိုင်ကြားစာများအပေါ် စိစစ် အတည်ပြုခြင်း၊ ပဋိပက္ခများ ဖြေရှင်းခြင်း စသည့် လုပ်ငန်း တာဝန် ၃ ရပ်ကို အဓိက လုပ်ဆောင်သော ကော်မတီ တရပ်ဖြစ်သည်။

အဆိုပါ JMC အဖွဲ့တွင် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များ ပါဝင်ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ကျင်းပမည့် JMC-U ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး တွင် (၁၇) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ထားမှု အခြေ အနေများကို တင်ပြခြင်း၊ နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ လေ့လာရေး ခရီးစဉ်နှင့် ပတ်သက် ၍ တင်ပြခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ရရှိရေး ဆောင်ရွက်မှု အခြေအနေများအား တင်ပြခြင်း စသည်တို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း JMC-U က ထုတ်ပြန်ထားသည်။

ထို့နောက် JMC-U ၏ (၁၇) ကြိမ်မြောက်နှင့် (၁၈) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများအား ဆွေးနွေးခြင်း၊ ဒေသခံ အရပ်သားစောင့်ကြည့် သူ (LCM)များနှင့် ပတ်သက်သည့် လုပ်ငန်း အကောင်အထည်ဖော်မှုများအား တင်ပြခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည်ဟု JMC-U က စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန် ခဲ့သည်။

JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အလွန် သိမ့်မွေ့ နက်နဲတဲ့ အတွက် JMC လုပ်ငန်း တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေသူတွေ အနေနဲ့ ရှောင်ကျင်ရမယ့် အချက်တွေ၊ ထိလွယ် ရှလွယ် ဖြစ်စေမယ့် စကားလုံး အသုံး အနှုန်းတွေ၊ ကိုယ်ဟန် အမှုအရာတွေကို ကျနော် တို့ ထိန်းသိမ်း ရှောင်ရှား ပြီး တော့ မှ အမှန်တကယ် ငြိမ်းချမ်း ရေး ရရှိစေလိုတဲ့ ဆန္ဒအမှန်နဲ့ ပူးပေါင်း ဆောင် ရွက် သွားကြဖို့ ကျနော်အနေနဲ့ တင်ပြလိုပါတယ်”ဟု က ပြောသည်။

]]>
ပဋိပက္ခများ မဖြစ်ပွားရေး မြေပြင်တပ်မှူးချင်း တွေ့ဆုံနိုင်ရန် ဆောင်ရွက်မည်ဟု ဆို https://burma.irrawaddy.com/news/2017/09/22/143193.html Fri, 22 Sep 2017 11:37:56 +0000 https://burma.irrawaddy.com/lytbox/?p=143193 JMC-U သတင်းစာ ရှင်းလင်းပွဲ / ချမ်းစွန်း / ဧရာဝတီပဋိပက္ခများ မဖြစ်ပွားရေး အတွက် မြေပြင်တပ်မှူးချင်း တွေ့ဆုံချင်းဖြင့် ယုံကြည်မှု တည်ဆောက် နိုင်ရန် အတွက် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးတွင်]]> JMC-U သတင်းစာ ရှင်းလင်းပွဲ / ချမ်းစွန်း / ဧရာဝတီ

ပဋိပက္ခများ မဖြစ်ပွားရေး အတွက် မြေပြင်တပ်မှူးချင်း တွေ့ဆုံချင်းဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်း အဝေးတွင် သဘောတူ ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် စက်တင် ဘာ ၂၀ ရက်နေ့မှ စ၍ ၃ ရက်ကြာ JMC-U အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် JMC-U ပြောခွင့်ရ ပုဂ္ဂိုလ်များက ရှင်းလင်း ပြောဆိုသည်။

JMC-U ၏ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင် က “ကျနော်တို့ ဒီနေ့(စက်တင်ဘာ ၂၂ ရက်) အစည်း အဝေးမှာ နှစ်ဖက်တပ်မှူးတွေ တွေ့ဆုံနိုင်ဖို့ လုပ်ခဲ့တယ်။ ဘာလို့ဆို ကျနော်တို့ အပေါ်က အားလုံးက အစည်း အဝေးလုပ်တိုင်း တွေ့ နေတော့ ခင်မင်ရင်းနှီးမှု ရှိတယ်။ ဒီလိုပဲ မြေပြင်တပ်မှူးတွေလည်း ရင်းနှီးနိုင်အောင် လုပ် မယ်။ JMC-S က စီစဉ်ပေးလိမ့် မယ်။ ဒါမှ နှစ်ဖက် ပဋိပက္ခဖြစ်ပွားမှုတွေ ပိုလျော့ပါးလာမယ်” ဟု ပြောသည်။

မြေပြင်တပ်မှူးများကြား ယင်းသို့ တွေ့ဆုံနိုင်ရေး အတွက် ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) မှတဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသော်လည်း စတင်ဆောင် ရွက် မည့် အချိန်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါ။

JMC-U အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးရ် ကလည်း “ကျနော်တို့ နှစ်ဖက်အဖွဲ့အစည်းကြား နားလည်မှု ယုံကြည်မှု မြှင့်တင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် မြေပြင်တပ်မှူးတွေ တွေ့ဆုံနိုင်ရေးနဲ့ တပ်မှူး အချင်းချင်းကြား ရင်းနှီးမှုတွေရှိလာ အောင် ဆောင်ရွက်ဖို့ရှိတယ်”ဟု ပြောသည်။

လက်ရှိတွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကို ရှမ်း၊ ကရင်၊ မွန်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း စသည့် တိုင်းနှင့် ပြည်နယ် ငါးနေရာတွင် ဖွဲ့စည်းထားပြီး ဒေသန္တရ အဆင့် JMC-L ကိုလည်း ၂ နေရာမှာ ဖွဲ့စည်းထားကြောင်း သိရသည်။

လက်ရှိ ဖွဲ့စည်းထားသော JMC-S ငါးနေရာ အနက် ရှမ်းနှင့် ကရင်ရှိ JMC-S များတွင် အရပ်သား ကိုယ်စား လှယ် ၄ ဦးစီ ထပ်တိုး ခန့်အပ် သွားရန်လည်း ၁၂ ကြိမ်မြောက် JMC-U အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း လည်း ဆိုသည်။

JMC-U ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် က “JMC မှာ အရပ်သားတွေကို ထည့်သွင်း ခန့်အပ်ထားတယ်။ သူတို့က တရားသူကြီးပဲ နှစ်ဖက် ထိတွေ့မှုတွေကို သူတို့ က တရားသူကြီးအနေနဲ့ ဝင်ရောက်ဖြေရှင်းနိုင်ဖို့ ခန့်အပ် ထားပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ အတွက် JMC က ချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာဖို့ လိုအပ်ပါတယ်”ဟု စက်တင်ဘာ ၂၀ ရက် JMC-U အစည်းအဝေး ပထမနေ့တွင် ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားသော ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် တပ်မတော်ကြား ထိတွေ့မှု မကြာခဏ ဖြစ်ပွား လျက်ရှိသည်။

ထိုသို့ ထိတွေ့မှုများ နှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးမှ JMC-S သို့ တိုင်ကြားလာခြင်းများ ရှိသော်လည်း ထိရောက်သည့် ဖြေရှင်းနိုင်မှုများမရှိဟု RCSS ခေါင်းဆောင်များကပြောသည်။

JMC-S များကမူ တပ်နေရာ ပြန်လည်ချထားရေး ထိရောက်စွာ ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် ပြတ်သားသည့် ဆုံးဖြတ်ချက်မျိုး မလုပ်ဆောင်နိုင်သေးခြင်း ဖြစ်သည်ဟု ဆိုသည်။

JMC ကို ပြန်လည်သုံးသပ်ခြင်း ပြုလုပ်မည့် အဖွဲ့ကိုလည်း ဖွဲ့စည်းသွားရန် ဆွေးနွေးခဲ့ပြီး ထိုအဖွဲ့အား ၁၃ ကြိမ်မြောက် လုပ်မည့် JMC-U အစည်းအဝေး၌ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

]]>