စောဘိုမြ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/စောဘိုမြ Covering Burma and Southeast Asia Sun, 18 Jan 2026 05:57:22 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png စောဘိုမြ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/စောဘိုမြ 32 32 ကော်သူးလေအိပ်မက်နဲ့ သမ္မတများ မြန်မာနိုင်ငံတော် (ရုပ်/သံ) https://burma.irrawaddy.com/video/2026/01/17/410001.html Sat, 17 Jan 2026 00:30:17 +0000 https://burma.irrawaddy.com/?p=410001 Editorial Talk]]>

𝐄𝐝𝐢𝐭𝐨𝐫𝐢𝐚𝐥 𝐓𝐚𝐥𝐤

ကော်သူးလေအိပ်မက်နဲ့ သမ္မတများ မြန်မာနိုင်ငံတော် (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၇၊ ၂၀၂၆

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
မာနယ်ပလော အလွမ်း https://burma.irrawaddy.com/article/2024/12/19/394822.html Thu, 19 Dec 2024 08:39:29 +0000 https://burma.irrawaddy.com/?p=394822 သူ့အတွေးက လွန်ခဲ့သည့်နှစ် ၃၀ ဆီမှ ပြန်ရောက်သွားသည်။ သူသည် လွမ်းမောဖွယ် မာနယ်ပလော၏ ဆောင်းတမနက်ခင်းကို ပြန်တွေး‌နေမိခြင်းသာ ဖြစ်၏။]]>

(၁)

သူသည် သတင်းခေါင်းစဉ်ကို အဆုံးအထိ ဖတ်လိုက်ပြီးသောအခါ သတင်းကို ဆက်မဖတ်သေးဘဲ ခဏရပ်ထားလိုက်၏။

သူ့လက်တွေ ရုတ်တရက် ပူနွေးလာနေကြ၏။ သူက စိတ်ကိုတည်ငြိမ်အောင် ထိန်းကာ သတင်းကို အ‌သေအချာ ဆက်ဖတ်ရလေသည်။

“ကရင်အမျိုးသားအစည်းအရုံး (KNU) လက်‌အောက်ခံ တပ်မဟာ ၇ မာနယ်ပလောရှိ စစ်ကောင်စီ၏ ပွိုင့် ၉၁၃ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ပူးပေါင်းတပ်များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ် စောတောနီးက လွတ်လပ်သော ကရင်အမျိုးသားမီဒီယာသို့ ပြောဆိုသည်။”

သူက သတင်းဆုံးသည်နှင့် သတင်းဓာတ်ပုံများကို စိတ်လှုပ်ရှားစွာဖြင့်ပင် လိုက်ကြည့်သည်။

သောင်ရင်းမြစ်ကမ်းစပ်မှ ရိုက်ထားသော မာနယ်ပလော သစ်ပင်တောတန်းများကို တွေ့ရ၏။ တချိန်က သူသည် သည်သောင်စပ်တွင် လမ်းလျှောက်ခဲ့ဖူးသည်။ သည်ကမ်းခြေတွင် အခြားရဲဘော်သူငယ်ချင်းများနှင့်အတူ ရေချိုးခဲ့ဖူးသည်ကို သတိရလာသည်။

လူ့ဘောင်သစ်ဒီမိုရက်တစ်ပါတီ (DPNS) ရုံးစိုက်ရာနေရာ၊ နောင်အခါ လုပ်ကြံခံရသူ ကရင်အမျိုးသားခေါင်းဆောင် ဖဒိုမန်းရှာလာဖန်း၏ အိမ်ကုန်းနေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးနေရာ၊ ဒေါ်အောင်ဆန်းစုကြည် လမ်းကလေးထိပ် အစရှိသည့် လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင်က နေရာများ၊ လူပုဂ္ဂိုလ်များကို တန်းစီလျက် တွေးလာ မြင်လာရ၏။

ဓာတ်ပုံတပုံထဲက လူ့ဘောင်သစ်ဒီမိုရက်တစ်ပါတီ (DPNS) ရုံးစိုက်ရာနေရာ၊ နောင်အခါ လုပ်ကြံခံရသူ ကရင်အမျိုးသားခေါင်းဆောင် ဖဒိုမန်းရှာလာဖန်း၏ အိမ်ကုန်းနေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးနေရာ၊ ဒေါ်အောင်ဆန်းစုကြည် လမ်းကလေးထိပ် အစရှိသည့် လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင်က နေရာများ၊ လူပုဂ္ဂိုလ်များကို တန်းစီလျက် တွေးလာ မြင်လာမိ၏။

သူ့စိတ်သည် ချက်ချင်းပင် အရှိန်အဟုန်ဖြင့် လွန်ခဲ့သည့် နှစ် ၃၀ က နေ့တနေ့ဆီသို့ ပြန်ရောက်သွားလေသည်။

ဗိုလ်ချုပ် စောဘိုမြနဲ့ ဖဒိုမန်းရှာလာဖန်း

(၂)

ဒေါ်အောင်ဆန်းစုကြည် လမ်းကလေးပေါ် သွားရပ်လိုက်တော့ မြူတွေထဲ နေရောင်ခြည် မထိုးဖောက်နိုင်သေး။

သူက ငြိမ်းချမ်းရေးကော်ဖီဆိုင်ဘက် လှမ်းကြည့်သည်။ မြူတွေထဲ မအေးဝင်းတို့ ကော်ဖီဆိုင်ကို ထင်တဝက် မြုပ်တဝက်။

ညာဘက်ကို ကြည့်သည်။ လူ့ဘောင်သစ်ရုံးဘက်ဆီက တယောက်ယောက်များ ပေါ်လာမလားဟု တွေးသည်။ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ကုန်းပေါ်က စကားပြောသံသဲ့သဲ့ ကြားရသည်။ ကချင်ကုန်းထိပ်က စကားပြောသံ ကြားရသည်။

လူ့ဘောင်သစ် ရုံးကွေ့နားတွင် မယ်တုက္ခီ ချောင်းကူးတံတားလေး ရှိသည်။ တံတားတဖက် လူသွားလမ်းကလေးဘေး ပဲတိုင်တောင်၊ ငရုတ်၊ ခရမ်းခင်းရှိသည်။ လူသွားလမ်းမှာ အနည်းငယ် မော့တက်သွားပြီး ကရင်ခေါင်းဆောင်တဦးဖြစ်သူ ဖဒိုမန်းရှာ၏ အိမ်ရှေ့ကွက်လပ်တွင် လမ်းဆုံး၏။ ဖဒိုမန်းရှာ မိသားစုနေသောအိမ်မှာ သောင်ရင်းမြစ်ဘေး တောင်နံရံအောက် မေးတင်ထားသလို ဆောက်ထား၏။

ချမ်းအေးလွန်းသည့်တိုင် ကျနော်က မြူတွေကိုတော့ ချစ်သည်။ ယခုအခါ မာနယ်ပလော တခွင်လုံး မြူတွေနှင်းတွေ ထုနှင့်ထည်နှင့် ဖုံးနေပေလိမ့်မည်။

ဘယ်ဘက်ကို လမ်းလျှောက်လာခဲ့သည်။ ရဟန်းပျိုများသမဂ္ဂ ကုန်းတော်ပေါ်က ကြေးစည်သံ ကြားရသည်။ ဆရာတော် ကဗျာဆရာ အရှင် ခေမာစာရသည် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြိုခွင်းခံရပြီးကတည်းက ရဟန်းပျိုတချို့နှင့်အတူ မာနယ်ပလောသို့ ရောက်လာနေခြင်း ဖြစ်သည်။ ဆရာတော်သည် မာနယ်ပလော ဒီမိုကရေစီတော်လှန်ရေး တပ်ပေါင်းစုတွင် တစုတဖွဲ့အနေဖြင့် ပါဝင်နေခဲ့၏။ ဆရာတော်တို့ ကျောင်းထိုင်ရာကုန်းကို ရဟန်းပျိုများကုန်းဟု ခေါ်ဝေါ်ခဲ့ကြ၏။

ရဟန်းပျိုများသမဂ္ဂ ကုန်းတော်အောက် မယ်တုက္ခီစမ်းချောင်းဘေး စာရေးဆရာ နိုင်ဝင်းဆွေတို့ အိမ်ကလေးဆီက အိုးသံခွက်သံ တချက်ကြားရသည်။ အသံတွေသာ ကြားရသည်။ မြူတွေကြောင့် ဘာကိုမှ သဲကွဲစွာမမြင်ရ။

သူက ဒေါ်အောင်ဆန်းစုကြည်‌ မြေနီလမ်းကလေးအတိုင်း လမ်းလျှောက်လာခဲ့သည်။ လမ်း၏ညာဘက် ဖြိုချထားသော တောင်ကမ်းပါးယံဆီက တောစံပယ်ပန်းနံ့များ ရသည်။ မြေနီလမ်းကလေးပေါ်တွင် သူတယောက်တည်း လမ်းလျှောက်လာစဉ် နောက်မှ ခြေသံကြားလို့ လှည့်ကြည့်တော့ ကရင်စစ်သားနှစ်ဦးကို တွေ့သည်။ သူ့ကို ကျော်သွားကာ ကွန်မန်ဒိုကုန်းဘက် တက်သွားကြ၏။

ချက်ချင်းဆိုသလို ဒေါ်အောင်ဆန်းစုကြည် လမ်းဆုံကို ရောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ဆိုင်းဘုတ်ကလေးအောက်တွင် သူရပ်သည်။

သည်လမ်းဆုံမှာ ကချင်ကုန်းဘေးမှ ဆင်းသောကားလမ်း၊ မယ်တုက္ခီစမ်းချောင်းထဲက တက်လာသော ကားလမ်း၊ သူနေထိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုရုံးချုပ်နှင့် လူ့ဘောင်သစ်ရုံးဘက်မှ လာသောကားလမ်း ဆုံမိကြရာ လမ်းဆုံဖြစ်သည်။ ထိုစဉ်မှာပင် ကရင်စစ်သား သုံး၊ လေးယောက်ပါလာသော ဖိုးဝှီးကားတစီး ကချင်ကုန်းဘေးလမ်းအတိုင်း ဆင်းလာသည်။ မယ်တုက္ခီစမ်းချောင်းကို ဖြတ်ကာ ရဟန်းပျိုများသမဂ္ဂ ကုန်းတော်‌ရှေ့ တက်သွား၏။

လမ်းဆုံဘေးတွင် ကရင်စာရေးဆရာ၊ ကဗျာဆရာ ကိုပန်းခက်၏ ထူးရာစိုး ကော်ဖီဆိုင် ရှိသည်။ ထိုစဉ်က လက်ဖက်ရည်ဆိုင်ရယ်လို့တော့ မရှိ။ အသင့်‌ဖျော် ကော်ဖီထုပ်ရောင်းသော ကော်ဖီဆိုင်လေးတွေတော့ ရှိသည်။ ဆိုင်ထဲတွင် လူသံမကြားရသော်လည်း ကိုပန်းခက် နိုးနေလောက်ပြီဟု သူထင်သည်။ သူက လက်ဖက်ရည်တခွက်ဖိုးပင် အိတ်ကပ်ထဲ မရှိသည့်တွက် ဝန်ကြီးများရုံး (ဒေါက်တာစိန်ဝင်း ခေါင်းဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ – NUGUB) အထိ လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်၏။

မာနယ်ပလောကို သူရောက်ရှိလာသည်မှာ နှစ်နှစ်ပင် ပြည့်ခဲ့ပြီ။ စတင်ရောက်ရှိစဉ်က ငှက်ဖျားမိ ဆေးရုံတက်ရသေး၏။ ယခုအခါ သူတွေ့ချင်နေသော စာရေးဆရာ နိုင်ဝင်းဆွေနှင့်လည်း နေ့တိုင်း တွေ့နေရပြီ။ မာနယ်ပလော ဒီမိုရပ်ကွက်ဟု တင်စားခေါ်ဆိုသော ဒေါ်အောင်ဆန်းစုကြည် လမ်းတဝိုက် နေရာအနှံ့၊ ရုံးအနှံ့ ရောက်ဖူးနေပြီ။

မာနယ်ပလောကို သူရောက်ရှိလာသည်မှာ နှစ်နှစ်ပင် ပြည့်ခဲ့ပြီ။ စတင်ရောက်ရှိစဉ်က ငှက်ဖျားမိ ဆေးရုံတက်ရသေး၏။ ယခုအခါ သူတွေ့ချင်နေသော စာရေးဆရာ နိုင်ဝင်းဆွေနှင့်လည်း နေ့တိုင်း တွေ့နေရပြီ။ မာနယ်ပလော ဒီမိုရပ်ကွက်ဟု တင်စားခေါ်ဆိုသော ဒေါ်အောင်ဆန်းစုကြည် လမ်းတဝိုက် နေရာအနှံ့၊ ရုံးအနှံ့ ရောက်ဖူးနေပြီ။

သူ မြင်ဖူးတွေ့ဖူးချင်သော လူမျိုးစု‌တော်လှန်ရေး ခေါင်းဆောင်တချို့ကိုလည်း မြင်ဖူးတွေ့ဖူးပြီးပြီ။ ကချင်ခေါင်းဆောင်ကြီး ဘရန်ဆိုင်းမှာ ရုပ်ရည်ချောမောလှပပြီး ယောက်ျားပီသသူဟု သူယူဆသည်။

မွန်ပြည်သစ်ပါတီခေါင်းဆောင် ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်က အသားဖြူပြီး အင်မတန် နူးညံ့တည်ငြိမ်သူဖြစ်သည်။ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်နှင့်ဆိုလျှင် သူက အင်တာပင်ဗျူးပြီးဖြစ်သည်။ DVB မှ အသံလွှင့်ခဲ့သည်။ KNU ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး စောဘိုမြနှင့်လည်း အင်တာဗျူးဖူးခဲ့ပြီ။

သူ့စိတ်ထဲ ကရင်ခေါင်းဆောင်တဦးဖြစ်သူ ဖဒိုမန်းရှာကို စိတ်ထဲက အထူးတလည် လေးစားချစ်ခင်နေမိသည်ဟု သူ့ကိုယ်သူ ထင်သည်။ ဖဒိုမန်းရှာက ကဗျာလည်းရေးသည်။ DVB က အသံလွှင့်နေသော သူ၏ ‘ဒုံသမိချောင်းပေါ်ကကြယ်နီ’ အခန်းဆက်ဆောင်းပါးများကို ဖဒိုမန်းရှာက အဆက်မပြတ်နားထောင်ကာ ဝေဖန်သည်။ အကြံပေးသည်။

တခါတော့ ဖဒိုမန်းရှာနှင့် စကားလက်ဆုံကျစဉ် ကရင်တော်လှန်ရေးဌာနချုပ် မာနယ်ပလောအကြောင်း အလွတ်သဘော မေးဖူးသည်။

ABSDF ခေါင်းဆောင် မိုးသီးဇွန်၊ စာရေးဆရာ နိုင်ဝင်းဆွေနဲ့ လူ့ဘောင်သစ်ပါတီခေါင်းဆောင် မြင့်ဇော်

မာနယ်ပလောကို ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်ပြီး တော်လှန်ရေး ဌာနချုပ်စခန်းအဖြစ် တည်ဆောက်ခဲ့သည်မှာ ၁၀ နှစ်ကျော်လောက်က ဖြစ်သည်။ သောင်ရင်းမြစ်ဘေး ထိုင်းနိုင်ငံတဖက်ကမ်းတွင် နေရာရွေးခဲ့သည်။ မာနယ်ပလောကို ဘောနော်လေးတောင်ကြီးက ရင်ခွင်ထဲထည့်ထားသလို ကွေ့ဝိုက်ထား၏။ ရန်သူ့လေယာဉ်များ အနီးကပ် ဖြတ်သန်းမောင်းနှင်၍ မရနိုင်သော ခွင်ကြီးဖြစ်သည်။

မာနယ်ပလောတွင် ရေအားလျှပ်စစ်ဖြင့် ရုံးများ၊ လမ်းများ အထိုက်အလျောက် မီးရသည်။ ကြိုးမဲ့ဆက်သွယ်ရေး ကွန်ရက်ကြီးရှိသည်။ ကရင့်တော်လှန်ရေး ရုံးအသီးသီး၊ ရပ်ကွက်အသီးသီးရှိသည်။ သူ့အထင် မာနယ်ပလောတခွင်လုံး တော်လှန်ရေးစစ်သားများ အပါအဝင် မှီခိုသူ မိသားစုများပါပေါင်းလျှင် လူအင်အား ၂ သောင်းနီးပါးရှိမည်ဟု သူထင်သည်။

KNU က အိမ်ရှင်အဖြစ် လက်ခံကာ ကချင်၊ မွန်၊ ကယား၊ ပအို့ဝ်၊ ပလောင်၊ ရခိုင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ရုံးခွဲများ ရှိလာခဲ့ကြပြီ။ ရှစ်လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်း မကဒတ (ABSDF) ခေါ် ကျောင်းသားတပ်မတော်ရုံး၊ လူ့‌ဘောင်သစ်ဒီမိုရက်တစ်ပါတီရုံး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုရုံး၊ ညွန့်ပေါင်းအစိုးရအဖွဲ့ရုံး အစရှိသော ဒိမီုကရေစီ တော်လှန်ရေးအင်အားစုများ ရှိလာကြပြီ။

ယခုအခါ KNU က အိမ်ရှင်အဖြစ် လက်ခံကာ ကချင်၊ မွန်၊ ကယား၊ ပအို့ဝ်၊ ပလောင်၊ ရခိုင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ရုံးခွဲများ ရှိလာခဲ့ကြပြီ။ ရှစ်လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်း မကဒတ (ABSDF) ခေါ် ကျောင်းသားတပ်မတော်ရုံး၊ လူ့‌ဘောင်သစ်ဒီမိုရက်တစ်ပါတီရုံး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုရုံး၊ ညွန့်ပေါင်းအစိုးရအဖွဲ့ရုံး အစရှိသော ဒိမီုကရေစီ တော်လှန်ရေးအင်အားစုများ ရှိလာကြပြီ။

လမ်းလျှောက်လာရင်းက မာနယ်ပလောအခြေစိုက် DVB စတူဒီယိုနား ရောက်လာခဲ့သည်။ အမျိုးသားညွန့်ပေါင်းအစိုးရရုံး (NCGUB) ရှေ့က ကရင်လက်နက်ကိုင် လုံခြုံ‌ရေးဂိတ်က‌လေးကို လှမ်းမြင်နေရပြီ။

ထိုအခါကျမှ လမ်းလျှောက်ရင်း တွေးလာခဲ့သော သူ့အတွေးကို သူရပ်လိုက်ရသည်။ DVB စတူဒီယိုတာဝန်ခံ ကိုမွန်းအောင် အိပ်ရာမှ နိုးမှနိုးပါလေစဟု သူစဉ်းစာခဲ့မိ‌သေးသည်။

ရှေ့ဆက် မလျှောက်တော့ဘဲ ရုံးသို့ပြန်ရန် နောက်ပြန်လှည့်သည်။ လမ်းပေါ်က မော့ကြည့်တော့ ဘောနော်လေးတောင်ထိပ်ပိုင်းကို နေရောင်ခြည်များ ခြေချထားကြပြီ။ မြူထုကမူ မကွဲချင်သေး။

သူက မနက်အိပ်ရာထစဉ် သူ့စိတ်ထဲ ဖြတ်ကနဲဝင်လာသော ကဗျာတပိုင်းတစကို ပါးစပ်က အလိုလို ရွတ်ဆိုမိလေသည်။

နံနက်ခင်း
ပြတင်းကိုဖွင့်လျှင်
တောင်ကိုမြင်ရမည်
တောင်ထိပ်မှာ ဂန္ထဝင်ဆန်တဲ့ မြူခိုးတွေ
တနွဲ့နွဲ့ ခွေယစ် ရိုမန်းတစ်ကဗျာ။

မာနယ်ပလောက ABSDF ကျောင်းသားတပ်မတော်ရုံး

(၃)

သူ့အတွေးက လွန်ခဲ့သည့်နှစ် ၃၀ ဆီမှ ပြန်ရောက်သွားသည်။ သူသည် လွမ်းမောဖွယ် မာနယ်ပလော၏ ဆောင်းတမနက်ခင်းကို ပြန်တွေး‌နေမိခြင်းသာ ဖြစ်၏။

လွန်ခဲ့သော နှစ် ၃၀ က စစ်အာဏာရှင်စစ်တပ်များ၏ တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရသော မာနယ်ပလော၊ တချိန်က လူမျိုးပေါင်းစုံ တော်လှန်ရေးဌာနချုပ်စခန်းကြီး ရှိခဲ့ရာနေရာ မာနယ်ပလောကို သူ့စိတ်က ပြန်ရောက်သွားခြင်းသာ ဖြစ်သည်။

နှစ် ၃၀ ကျော် ရှိခဲ့ပြီ။ ထိုစဉ်က တော်လှန်ရေးကြီးမှာ ပါဝင်ခဲ့ကြ၊ ပေးဆပ်ခဲ့ကြသူ အများစုမှာ ယခုအခါ မရှိကြတော့။ ကွယ်လွန်သွားကြပြီ ဖြစ်သည်။

သည်အဖြစ်အပျက်၊ သည်အ‌ကြောင်းအရာများကို သူ မမေ့နိုင်ပါ။ သူ ဘယ်နည်းနဲ့မှ မေ့လို့မဖြစ်ပါ။ သူ့ဘဝ သေတပန်သက်တဆုံး မေ့နိုင်လိမ့်မည်လည်း မဟုတ်ပါချေ။

You may also like these stories:

ဌာနချုပ်ဟောင်း မာနယ်ပလောကို KNU ပြန်သိမ်း (ရုပ်/သံ)

အစ်ကိုဖြစ်သူကပြောတဲ့ ဖဒိုမန်းရှာ (ရုပ်/သံ)

ဖဒိုမန်းရှာလာဖန်းရုပ်တုဖွင့်ပွဲနှင့် အောက်မေ့ဖွယ်အခမ်းအနား ဇာတိမြေတွင်ပြုလုပ်

NUG အစိုးရအဖွဲ့ကို လူထုမျှော်နေပြီ

]]>
ကရင်ပြိုင်ဘက်အုပ်စုအချင်းချင်း တိုက်ခိုက်မှုရပ်ရန် တောင်းဆို https://burma.irrawaddy.com/news/2023/02/24/330650.html Fri, 24 Feb 2023 02:21:20 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%80%e1%80%9b%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%98%e1%80%80%e1%80%ba%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%85%e1%80%af%e1%80%a1%e1%80%81%e1%80%bb.html ၂၀၁၈ ခုနှစ်က ကရင်ပြည်နယ်တွင် KNLA တပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ် / ဧရာဝတီKTLA တပ်များက KNU စစ်သားတဦးကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖမ်းဆီးပြီး ပြန်လွှတ်မပေးသောကြောင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း KNU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။]]> ၂၀၁၈ ခုနှစ်က ကရင်ပြည်နယ်တွင် KNLA တပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ် / ဧရာဝတီ

အဝေးရောက် ကရင်တိုင်းရင်းသားများကွန်ရက်ဖြစ်သည့် နိုင်ငံတကာ ကရင်တိုင်းရင်းသားအဖွဲ့ချုပ် (IKO) က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူလေးတပ်မတော် (KTLA) တို့အကြား တိုက်ခိုက်မှုရပ်ဆိုင်းရန် တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင် ထိုပြိုင်ဘက်အုပ်စု နှစ်ခုအကြား လအတန်ကြာ စစ်ရေးတင်းမာနေပြီးနောက် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် IKO က မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီဒေသမှ ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်သည်ကို တွေ့ရသောကြောင့် ဝမ်းနည်းကြောင်း ဖော်ပြထားသည်။ ထိုသို့တိုက်မည့်အစား မြန်မာစစ်တပ်ကို ဆန့်ကျင်သည့် တော်လှန်ရေးဒီရေ မြင့်မားနေခြင်းကို အသုံးချရန်နှင့် တဖွဲ့နှင့်တဖွဲ့ တိုက်နေမည့်အစား စစ်ကောင်စီဘက်သို့ သေနတ်ပြောင်းလှည့်ရန် IKO က ထိုနှစ်ဖွဲ့ကို တိုက်တွန်းသည်။ အဖိနှိပ်ခံ ကရင်ပြည်သူများကို စာနာသောအားဖြင့် တိုက်ခိုက်မှုရပ်ရန်လည်း KTLA နှင့် KNU တပ်မဟာ ၄ ကို IKO က တိုက်တွန်းထားသည်။

တနင်္သာရီတိုင်း၊ ခေးမခီဒေသမှ KTLA စခန်းတခုကို KNU တပ်မဟာ ၄ မှ စစ်သားများက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း KTLA အဖွဲ့ဝင် သုံးဦးသေဆုံးပြီး KNU အဖွဲ့ဝင်တဦး ဒဏ်ရာရသည်။ ထိုစခန်းကို KNU တပ်မဟာ ၄ က သိမ်းပိုက်ခဲ့သည်ဟု ကရင်ဘာသာဖြင့် ထုတ်ပြန်သည့် တပ်မဟာ ၄ ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

KTLA တပ်များက KNU စစ်သားတဦးကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖမ်းဆီးပြီး ပြန်လွှတ်မပေးသောကြောင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း KNU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလတွင် KTLA တပ်များသည် KNU တပ်မဟာ ၄ မှ စစ်သားများကို ခြုံခိုတိုက်ခိုက်သည်ဟု ဆိုသည်။ KNU တပ်မဟာ ၄ ၏ မြိတ်-ထားဝယ်ခရိုင် အုပ်ချုပ်ရေးဌာနမှ အရာရှိတဦးနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ မှ ဒုတပ်မှူးတဦး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ KNLA သည် KNU ၏ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

KTLA ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းပြီး KNU မှ ခွဲထွက်သူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဦးဆောင်သည်။ ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဒုတိယသားဖြစ်ပြီး ဗိုလ်ချုပ်ကြီး စောဘိုမြသည် KNU ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ကာ မြန်မာမှ အထင်ရှားဆုံး တိုင်းရင်းသား တော်လှန်ရေးသမား ဖြစ်သည်။

You may also like these stories:

ကော်သူးလေတပ်မတော် ဘာကြောင့်ပေါ်လာသလဲ

ကြာအင်းဆိပ်ကြီးတွင် စစ်တပ်နှင့် မဟာမိတ်တပ်များအကြား တိုက်ပွဲဆက်ဖြစ်နေ

ကော်သူးလေတပ် ဖွဲ့စည်းရတဲ့ အရင်းခံပြဿနာက NCA ပြဿနာ မဟုတ်ဘူး

]]>