• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကော်သူးလေတပ် ဖွဲ့စည်းရတဲ့ အရင်းခံပြဿနာက NCA ပြဿနာ မဟုတ်ဘူး

by ဧရာဝတီ
23 July 2022
in အင်တာဗျူး
A A
ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း / ဧရာဝတီ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း / ဧရာဝတီ

17.3k
VIEWS
Share on FacebookShare on Twitter

ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြသည် ကရင်အမျိုး သားအစည်းအရုံး (KNU) မှ ခွဲထွက်ပြီး ကော်သူးလေတပ်မတော် (Kaw Thoo Lei Army – KTLA) ကို တည်ထောင်ကြောင်း ဇူလိုင် ၁၆ ရက်တွင် ကြေညာခဲ့သည်။

ထို့နောက် ဇူလိုင် ၂၀ ရက်တွင် KNU ဗဟို အပါအဝင် KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်တို့က ကော်သူးလေတပ်တည်ထောင်ခြင်းကို လက်မခံနိုင်ကြောင်းနှင့် အသိအမှတ် မပြုကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်လာသည်။

စောနယ်ဒါးမြက ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်သည် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ထွက်ပေါ်လာသဖြင့် KNLA အပါအဝင် KNDO အနေဖြင့် လုံးဝ ယုံကြည်လက်ခံမှု မပြုနိုင်ကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ်အဖွဲ့က ထုတ်ပြန်ခဲ့ သလို စောနယ်ဒါးမြ၏ လုပ်ရပ်များသည် KNU နှင့် မသက်ဆိုင်တော့ကြောင်း၊ ၎င်းအား KNU မှ ထုတ်ပယ်ကြောင်း KNU ဗဟိုကလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြ ကော်သူးလေတပ်မတော် တည်ထောင်တာကို KNU ရဲ့ နိုင်ငံရေး အကွဲအပြဲလို့ ပြောဆိုဝေဖန်နေကြတာကို ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့တွေ ၁၉ ရက်နေ့တုန်းက စောနယ်ဒါးမြကနေ ကော်သူးလေတပ်မတော် ဖွဲ့စည်းတယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ကို သူ့ကိုယ်ပိုင်ထုတ်တာ ရှိတယ်။ ဒါကတော့ ကျနော်တို့ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးဌာနချုပ်ကလည်း သဘောထားထုတ်ပြန်ချက် ထုတ်ပြန်တာလည်းရှိသလို ကျနော်တို့ KNU ကလည်း ထုတ်ပြန်တာ ရှိခဲ့ပါတယ်။ ဖြစ်တာက KNU ရဲ့ အမြင်သဘောထားအနေနဲ့ ကွဲတာတော့ မဟုတ်ဘူး။ အစုအဖွဲ့တခုကနေ သူ့ရဲ့သဘောထားအနေနဲ့က ထုတ်ပြန်ခြင်း ဖြစ်တယ်။ KNU က ခွဲပစ်တယ်တော့ ပြောလို့မရဘူး။ သူတို့လမ်းကို သူတို့ရွေးချယ်တဲ့သဘော ဖြစ်တယ်။ ဒါက အနည်းစုပဲ ဖြစ်ပါတယ်။ အများစုတော့ မဟုတ်ပါဘူး။ တချို့တဝက်ပေါ့လေ။ အနည်းငယ်လေးတော့ အဲဒီလို သဘောထား ရှိပါတယ်။

မေး ။ ။ KNU ကနေပြီး အစတုန်းက ခွဲထွက်တဲ့အဖွဲ့တွေလည်း အကြိမ်ကြိမ်မြင်ခဲ့ဖူးတယ်။ DKBA ခေတ်ကနေစပြီး နောက်ဆုံး ဗိုလ်ချုပ်ထိန်မောင်တို့ထိပေါ့။ အဲဒီအချိန်က ခွဲထွက်တဲ့ကိစ္စတွေက ပြောရမယ်ဆိုရင် အပစ်ခတ်ရပ်စဲရေး ကာလ၊ NCA ကာလတွေပေါ့။ အခုကတော့ နွေဦးတော်လှန်ရေး စစ်အာဏာရှင်ဆန့်ကျင်ရေးကာလ ဆိုတဲ့အခါမှာကျ တော့ အခုလိုမျိုးဖြစ်သွားတဲ့ကိစ္စကနေ နွေဦးတော်လှန်ရေးမှာ ဘယ်လို အကျိုးသက်ရောက်မှုများ ရှိမလဲ။ KNU က တ လျှောက်လုံးဆင်နွှဲလာတဲ့ ကရင့်တော်လှန်ရေးပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ။ သုံးသပ်ပေးပါဦး။

ဖြေ ။ ။ ကျနော်တို့ KNU အဖွဲ့အစည်းထဲမှာ ကွဲတယ်ပဲပြောပြော ခွဲပြီးတော့ လုပ်တဲ့အပိုင်းတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာကျတော့ ကရင့်အမျိုးသားရေးရရှိဖို့အတွက် တောင်းဆိုတဲ့နေရာမှာ အမြင်မတူတာတွေရှိခဲ့တော့ ခွဲပြီးလုပ်တတော့ရှိတယ်။ ဒုတိယအနေနဲ့က နိုင်ငံရေးသဘောတရားပေါ့နော်။ ကျနော်တို့တွေ လက်ဝဲအတွေးအခေါ်နဲ့ လက်ယာအတွေးအခေါ် အမြင်မတူကွဲပြားတာတွေ ရှိခဲ့တယ်။ ၁၉၆၃ ခုနှစ်မှာ ကျနော်တို့ အကွဲအပြဲတွေလည်း ရှိခဲ့တယ်။ နောက်တခုက ကျနော်တို့ ၁၉၉၄ ခုနှစ်မှာကျတော့ နိုင်ငံရေးအယူအဆပဲပြောပြော နိုင်ငံရေးရပ်တည်မှု မခိုင်တဲ့အပေါ်မှာ DKBA ဆိုတာ တဖက်က ကျနော်တို့ ပြိုင်ဘက်ဖြစ်တဲ့ ရန်သူ့ရဲ့ထိုးခွဲမှုအပိုင်းလည်း ပါတာပေါ့။ DKBA ဆိုတာ ပေါ်လာခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ကွဲပြားတာတွေရှိပေမယ့်လည်း အမျိုးသားရေး ရည်မှန်းချက်မှာတော့ တူညီတဲ့ရည်မှန်းချက် ရှိတယ်။ DKBA ပဲပြောပြော၊ PC ပဲပြောပြော၊ KNU ပဲပြောပြော ဗိုလ်ချုပ်ကြီး စောဘဦးရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ အချက် (၄) ချက်အပေါ်မှာ ရပ်တည်ကြတယ်လို့ ပြောလို့ရပါတယ်။ အခုအခါမှာကျတော့ နိုင်ငံရေးသဘောတရားထက် အဖွဲ့အစည်းအတွင်းမှာရှိတဲ့ စည်းမျဉ်းစည်းကမ်း လိုက်နာမှုအပိုင်းမှာ အားနည်းချက်ရှိတဲ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ ခွဲထွက်မှုသဘောပဲဖြစ်တယ်လို့ မြင်တယ်။ နိုင်ငံရေးအပိုင်းမှာကျတော့ အဲဒီလို သဘောသက်ရောက်မှုက နည်းတယ်လို့ ပြောလို့ရပါတယ်။ ဒါက ပုဂ္ဂိုလ်ရေးနည်းနည်းဆန်တဲ့ သဘောပဲ ရှိတာပေါ့။

ဘာဖြစ်လို့လဲဆို ကော်သူးလေတပ်မတော်ဖွဲ့စည်းတာ ကျနော်တို့ KNU/ KNLA တပ်မတော် ဦးဆောင်တဲ့ ခေါင်းဆောင်တွေက NCA ကို ကိုင်စွဲတဲ့အဖွဲ့အစည်းဆိုပြီး ပုဒ်မတပ်ပြီးတော့ ဆောင်ရွက်တဲ့အပိုင်း ရှိတဲ့အပေါ်မှာ နိုင်ငံ ရေးအပိုင်းမှာ အားနည်းချက်ရှိတဲ့အပေါ် ပုဂ္ဂိုလ်ရေးဆန်တဲ့သဘောက ပိုများမယ် ထင်ပါတယ်။ သို့သော်လည်းပဲ တချက်ကိုပြန်ကြည့်ရင် သူတို့ရဲ့ ဦးတည်ချက်က စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့အတွက် ရှိနေတာပေါ့။

ဒါပေမဲ့ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ရဲ့တော်လှန်ရေး အထူးသဖြင့် အဖွဲ့အစည်းအတွင်းထဲမှာရော၊ ပြည်တွင်းမှာ ရှိတဲ့ ပြည်သူတရပ်လုံးရဲ့ စိတ်ထဲမှာ ဇဝေဇဝါဖြစ်တဲ့အပေါ် မရှင်းမလင်းဘဲ ရှိတာတော့ ဖြစ်တာပေါ့။ ဒါတွေက အဖွဲ့ အစည်းအတွင်းထဲမှာ ရှိနေကျဖြစ်နေကျ ဖြစ်စဉ်တခုလို့ ပြောလို့ရတယ်။ ဒါဟာ များသောအားဖြင့် နိုင်ငံရေးအသိရှိတဲ့ ပြည်သူတွေက ဒါတွေကို တဖြည်းဖြည်းနဲ့ နားလည်လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကို နားလည်မှု မလွဲမှားဖို့အတွက် ကရင့်အမျိုးသားရေးတပ်မတော်က ထုတ်ပြန်ကြေညာချက်နဲ့ ရှင်းလင်းထားတာ ရှိပါတယ်။ လိုအပ်ရင်လည်း ဆက်လက်ရှင်းလင်းဖို့အတွက် စီစဉ်ဆောင်ရွက်ထားပါတယ်။

မေး ။ ။ KNU/ KNLA က NCA လမ်းကြောင်းမှာပဲ သွားနေတာဖြစ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲမှာ အကန့်အသတ် ရှိနေတယ်။ ဒါကြောင့် သူခွဲရပါတယ်ဆိုတဲ့ အကြောင်းပြချက်ကိုရော ဘယ်လို ပြောချင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ကရင့်တော်လှန်ရေးလမ်းစဉ်မှာ ဖြစ်ပေါ်တဲ့ တော်လှန်ရေးအခြေအနေပေါ် မူတည်ပြီး ကျနော်တို့ အမျိုးသားရေး ရည်မှန်းချက်ပဲပြောပြော နိုင်ငံရေးအဖြေတခုခုရဖို့အတွက် ဆောင်ရွက်မှုကိုတော့ ကျနော်တို့ တဆင့်ပြီး တဆင့် လုပ်ခဲ့တာပေါ့။ စစ်တိုက်တယ်ဆိုတာ တိုက်တဲ့အချိန်၊ ရပ်နားတဲ့အချိန်၊ ပြင်ဆင်တဲ့အချိန် ဒါတွေလည်း ရှိတာကိုး။ အဲဒီလို နိုင်ငံရေးမှာလည်း တွေ့ဆုံဆွေးနွေးရတဲ့အချိန်နဲ့ တွေ့ဆုံဆွေးနွေးလို့ အဆင်မပြေတဲ့အချိန် ပဋိပက္ခဖြစ်တဲ့ ကာလတွေနဲ့တော့ မတူဘူးပေါ့လေ။

RelatedPosts

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
149
ဖာပွန်ဗျူဟာကုန်း တိုက်ပွဲ ပိုမိုပြင်းထန်လာ

ဖာပွန်ဗျူဟာကုန်း တိုက်ပွဲ ပိုမိုပြင်းထန်လာ

31 December 2025
759
ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

29 December 2025
108

ကျနော်တို့ ပြန်ကြည့်လိုက်တော့ သူတို့ရဲ့ နိုင်ငံရေးလေ့လာမှု အားနည်းတဲ့အပိုင်းပဲ ပြောရမှာပေါ့။ အတိုင်းအတာတခုက ကျနော်တို့ ကရင့်အမျိုးသားတော်လှန်ရေးက ၁၉၄၀ ခုနှစ် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခွင့်ရဖို့အတွက် ကျနော်တို့ ၆၃ နှစ်တိုင်တိုင် ကြိုးစားလာခဲ့ရတာ။ ကျနော်တို့ ၂၀၁၁ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပစ်အခတ်ရပ်စဲနဲ့ စတင်ဆွေးနွေးခဲ့တယ်။ မူလက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖိတ်ခေါ်ချက်တွေက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ဆိုပြီး ရှိတယ်။ သို့သော်လည်း ဒီအဆင့်တိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ တချက်မှ မပါဘူး။ အပစ်ခတ်ရပ်စဲ လုပ်မယ်။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံပဲပြောပြော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုရင် ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ ဝင်နိုင်ရင် လွှတ်တော်ဖွဲ့စည်းပုံပြင်ဖို့ဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ သူတို့ ဆောင်ရွက်တယ်။

သို့သော်လည်း ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေက စုစည်းပြီး ပထမဦးဆုံး လိုင်ဇာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီလာခံပဲ ပြောရမှာပေါ့။ ဆွေးနွေးပွဲတခုလုပ်ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်းတခုကို အဲဒီတုန်းက ဦးသိန်းစိန်အစိုးရဆီမှာ တင်ပြီးတော့ဆွေးနွေးဖို့ ကျနော်တို့ စတင်ခဲ့တယ်။ ကျနော်တို့ နိုင်ငံရေးသမိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပထမဆုံး သဘောတူညီချက်ရလာတဲ့စာချုပ် ဖြစ်တယ်။ ဒါက နိုင်ငံရေးအပိုင်းပေါ့။

သို့သော် ကျနော်တို့ ကြိုးစားဆောင်ရွက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရင်ဆိုင်ရတာက အထူးသဖြင့် အစိုးရ နှစ်ဆက်ပေါ့။ ဦးသိန်းစိန်အစိုးရလက်ထက် NCA ကို ရရှိတယ်။ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာက NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရ တက်လာတယ်။ NLD အစိုးရ လက်ထက်မှာတော့ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ လွှတ်တော်ထဲဝင်ပြီးတော့ ရွေးကောက်ပွဲဝင် ဖွဲ့စည်းပုံပြင်ဖို့အတွက် သဘောထားရှိပေမယ့်လည်း နိုင်ငံရေးဆွေးနွေးပွဲအပိုင်းမှာ ကျနော်တို့သွားနေတဲ့ အပစ်အခတ်ရပ်စဲရေး NCA လမ်းကြောင်းကနေ ဖွဲ့စည်းပုံပြင်ဖို့ဆိုတာက ကြိုးပမ်းတဲ့အပေါ်မှာ သူတို့ ထင်သလောက် အောင်မြင်မှု မရှိခဲ့ဘူး။ ကျနော်တို့ထင်သလောက် အောင်မြင်မှု မရှိခဲ့ဘူး။
တပ်မတော်က ကျနော်တို့သွားမယ့် နိုင်ငံရေးလမ်းကြောင်းပေါ်မှာ အဟန့်အတား ဖြစ်လာတဲ့အပေါ် အခက်အခဲ ဖြစ်လာတယ်။

ဆိုလိုတဲ့သဘောက ကျနော်တို့ KNU အနေနဲ့ ဒီပြဿနာ လက်နက်ကိုင်ပဋိပက္ခဖြစ်ရခြင်း အကြောင်းအရင်းက ဒီနိုင်ငံရေးပြဿနာ ဖြစ်တယ်။ အဲဒါကြောင့် လက်နက်ကိုင်နည်းလမ်းနဲ့ ဘယ်လိုမှဖြေရှင်းလို့ မရဘူးဆိုတာကို ကျနော်တို့ လက်ခံထားတယ်။ နိုင်ငံရေးဆွေးနွေးပွဲနဲ့သာ အဖြေရှာရမယ်ဆိုတဲ့ ရပ်တည်ချက်အပေါ်မှာ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်ဆိုတဲ့ သဘောတူညီချက်နဲ့ NCA လက်မှတ်ရေးထိုး တွေ့ဆုံဆွေးနွေးပွဲလုပ်ပေမယ့် လက် တွေ့လုပ်တဲ့နေရာမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသာမက NLD အစိုးရကလည်း ရင်ဆိုင်လာခဲ့ရတယ်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ တပ်မတော်ကို ကျနော်တို့ ရင်ဆိုင်လာခဲ့ရာမှာ အဲဒီလို ဖြစ်တယ်။

NCA ဆိုတာ နိုင်ငံရေးရည်မှန်းချက် ရောက်ဖို့အတွက် ဆောင်ရွက်တဲ့နည်းလမ်းပေါ့။ ဒါကလည်း လက်တွေ့ဆောင်ရွက် တဲ့အခါမှာ အခက်အခဲ ဖြစ်တဲ့အခါကျတော့ အောင်မြင်မှု မရှိလာခဲ့ဘူး။ နောက်ဆုံးကျတော့ တပ်မတော်က အာဏာ သိမ်းလိုက်တဲ့အပေါ်မှာ NCA လမ်းကြောင်းနဲ့ နိုင်ငံရေးရည်မှန်းချက်ရောက်ရှိဖို့ ကျနော်တို့ တနိုင်ငံလုံးအတွက် အကျိုး ရှိမယ့် တွေ့ဆုံဆွေးနွေးမှုက ဘယ်လိုမှ အကောင်အထည်ဖော်လို့မရတဲ့သဘော ဖြစ်နေတာပေါ့။ ဆိုလိုတဲ့သဘောက ကျနော်တို့ နယ်ဒါးမြရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖွဲ့စည်းရတဲ့အရင်းခံပြဿနာက NCA ပြဿနာ မဟုတ်ဘူးဆိုတာ ပြောလို့ရပါတယ်။

မေး ။ ။ မြေပြင်က တိုက်ပွဲတွေပေါ့။ အထူးသဖြင့် KNU ရဲ့ တပ်မဟာ (၆) ဒေသမှာဆိုရင် စစ်ရေးလှုပ်ရှားမှုတွေမှာလည်း စောနယ်ဒါးမြတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေပါ ပူးပေါင်းပြီးတော့ တိုက်နေတာကို ကြားရတယ်။ အခုလိုမျိုးကိစ္စ ဖြစ်လာတဲ့အခါမှာ ဒီကိစ္စက စစ်မြေပြင်မှာရှိနေတဲ့ တပ်တွေရဲ့ ပူးပေါင်းလှုပ်ရှားမှုတွေကိုရော သက်ရောက်မှု ရှိနိုင်လား။

ဖြေ ။ ။ ကျနော်တို့ စစ်ရေးအရ လိုအပ်တာတွေ ဆောင်ရွက်တဲ့နေရာမှာ ပူးပေါင်းတဲ့အင်အားစုတွေ ရှိနေသလို သီး ခြားဆောင်ရွက်မှုတွေလည်း ရှိပါတယ်။ အထူးသဖြင့် နယ်ဒါးမြဦးဆောင်တဲ့ဒေသမှာက ဒေသလေးတခုပါ။ အင်အားစုရဲ့ အစိတ်အပိုင်းလေးတခုပဲ ဖြစ်ပါတယ်။ ကျန်တဲ့အစိတ်အပိုင်းက အင်အားစု ပိုများပါတယ်။ စစ်ရေးအရ ဆောင်ရွက်တဲ့အပိုင်းကိုတော့ ထိခိုက်မှုမရှိဘူးလို့ ပြောလို့ရပါတယ်။ အတိုင်းအတာက ကျယ်ပြန့်တဲ့ အနေအထားလည်း မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်တဲ့ အင်အားစုတွေရဲ့ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေးရပ်တည်ချက်ကလည်း အခုလက်ရှိ စစ်အာဏာရှင်အစိုးရကို တော်လှန်လာတဲ့အဖွဲ့အစည်းတွေ အထူးသဖြင့် NUG တို့၊ PDF တွေရဲ့ အစိတ်အပိုင်း မဟုတ်ဘူး။ အသေးလေးတခုပဲလို့ ပြောလို့ရပါတယ်။ စစ်ရေးအရ အကောင်အထည်ဖော်ရတဲ့ နိုင်ငံရေးဆောင်ရွက်ချက်မှာ အထိအခိုက်မရှိဘူး ထင်ပါတယ်။ လက်တွေ့မှာကျတော့ စစ်ရေးအမြင်သက်သက် မဟုတ်ဘဲနဲ့ နိုင်ငံရေးအမြင်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စစ်ရေးအမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေဆိုရင်လည်း ဒါက သက်ရောက်မှုတော့ မရှိဘူးလို့ မြင်ပါတယ်။

မေး ။ ။ ၂၀၂၁ ခုနှစ် မေလအတွင်း ဝေါ်လေဒေသမှာ အရပ်သား ၂၅ ဦးကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး KNU ရဲ့ တရားစီရင်ရေးမှာ သူ့ဘက်ကလည်း လက်မခံဘဲ ပယ်ချနေတာတွေလည်းရှိတော့ ဆရာတို့သဘောထားနဲ့ ဖြစ်စဉ်ကိုလည်း ပြောပြပါဦး။

ဖြေ ။ ။ ဒီဖြစ်စဉ်ကတော့ နောက်ဆုံးဖြစ်ခဲ့တဲ့ ပြဿနာတခုပေါ့။ အမှားဖြစ်ရင် ကျနော်တို့ အဖွဲ့အစည်းမှာလည်း တာဝန်ရှိပါတယ်။ သူ့ကို တာဝန်ပေးတာက KNU အဖွဲ့အစည်းကနေ KNDO တာဝန်မှူးတယောက်အနေနဲ့ တာဝန်ပေးတာ။ သူဟာ လူငယ်တယောက် ဖြစ်တယ်၊ ခေတ်ပညာတတ်တယောက်လည်း ဖြစ်တယ်။ ခေါင်းဆောင်ကြီးတွေရဲ့ မျိုးဆက်လည်း ဖြစ်တဲ့အတွက်ကြောင့် တာဝန်ပေးတယ်။ သို့သော်လည်းပဲ တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်း၊ လိုက်နာရမယ့်ကျင့်ဝတ်တွေကို လိုက်နာမှု အားနည်းတယ်။
ကျနော်တို့ ထုတ်ပြန်ချက်ထဲပါသလိုပါပဲ ပြောချင်တဲ့ဆန္ဒတော့ မရှိဘူး။ သို့သော် ဒါကအများသိဖို့အတွက် အဖွဲ့အစည်းက တာဝန်ယူပညာပေးခဲ့တယ်၊ အသိပေးခဲ့တယ်။ သူက လိုက်နာဆောင်ရွက်မှု အားနည်းတဲ့အပေါ်မှာ တချက်ပေါ့။ ဖြစ်စဉ်တခုအပေါ်မှာ ပြန်ကြည့်ရင် အဖွဲ့အစည်းအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စည်းကမ်းလိုက်နာမှု အားနည်းခဲ့တဲ့အချက်တွေ ရှိတယ်။

ဒုတိယအချက်ကတော့ ကျနော်တို့ ၂၀၂၁ ခုနှစ်မှာ အလုပ်သမားတွေ တပ်သားတချို့လည်း ပါတာပေါ့။ ဒါတွေကို သတ်ဖြတ်တဲ့နေရာမှာ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့က ဘယ်လိုပဲဖြစ်ဖြစ် စစ်သုံ့ပန်းတောင်မှ စစ်ပွဲကာလမှာ ဖမ်းမိရင် နိုင်ငံတကာသတ်မှတ်တဲ့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်တဲ့အပိုင်းရှိတော့ ဒီလိုလုပ်ခြင်းအားဖြင့် အဖွဲ့ အစည်းကနေ လက်ခံနိုင်တဲ့အနေအထား မရှိတဲ့အပေါ်မှာ အဖွဲ့အစည်းရဲ့လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ခဲ့တယ်။ လွတ်လပ်တဲ့စုံစမ်းရေးကော်မတီဖွဲ့ပြီးတော့ ဆောင်ရွက်ဖို့ ကြိုးစားခဲ့တယ်။ သို့သော်လည်း သူ့ရဲ့ တာဝန်ရှိသူတဦး အနေနဲ့ သူကိုယ်တိုင်မပါပေမယ့်လည်း ဦးဆောင်တဲ့တပ်ထဲမှာဖြစ်ရင် တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့ အပိုင်းမှာတော့ ရှိရမှာပေါ့။ ဒါလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တွေက အဖြစ်မှန်ဖြစ်စဉ် ဖော်ထုတ်တဲ့နေရာမှာ သူ့အနေနဲ့ ပူးပေါင်း ပါဝင်မှု အားနည်းခဲ့တယ်လို့ ပြောလို့ရပါတယ်။

တဆင့်တက်ပြီးတော့မှ အဖွဲ့အစည်းရဲ့လုပ်ထုံးလုပ်နည်းအရ တာဝန်ယူဖို့ ရာထူးကနေ ယာယီရပ်ဆိုင်းလိုက်တဲ့အပိုင်း ရှိတယ်။ ဒါတခုထဲ မဟုတ်ပါဘူး။ နောက်ပိုင်းကျတော့ တဆင့်တက်ပြီး ဥပဒေကြောင်းအရပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က သူ့ကို တရားခံအနေနဲ့ သဘောထားလို့ မရဘူး။ တရားဥပဒေအရ တရားသူကြီးတွေရှေ့မှာ စုံစမ်းဖော် ထုတ်ပြီးတော့ ဆုံးဖြတ်ချက်အရသာ သူ့ကို ကျနော်တို့ ဆုံးဖြတ်ရမယ့်အပေါ်မှာ သူ့ကို ဆင့်ခေါ်လည်း ပူးပေါင်းပါဝင်မှု မရှိတဲ့အပေါ် တဆင့်ပြီးတဆင့် လုပ်ထုံးလုပ်နည်းနဲ့ လုပ်လာခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူက ဥပဒေကြောင်းအရ ဆောင်ရွက်တာကို မျက်ကွယ်ပြုတယ်၊ လိုက်နာခြင်း မရှိဘူး။ နောက်ဆုံးကျတော့ သူက အဖွဲ့အစည်းရဲ့ ဆောင် ရွက်မှုကို မလိုက်နာတဲ့အပြင် သီးခြားကော်သူးလေတပ်မတော်ကို ဖွဲ့လိုက်တယ်။ အဲဒါကြောင့် ကျနော်တို့က ဒီလို ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။

မေး ။ ။ ဒီကိစ္စအပေါ်မှာ ဆရာတို့ Congress ကျင်းပဖို့ရှိတယ်လို့ ကြားနေရတော့ ဒီအပေါ်မှာရော ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမလဲ။

ဖြေ ။ ။ ကျနော်တို့ Congress ကျင်းပတာနဲ့ ဒီကိစ္စနဲ့တော့ သိပ်ပြီးသက်ရောက်မှု မရှိပါဘူး။ ကျနော်တို့ KNU အဖွဲ့ အစည်းမှာက ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးတဲ့အဖွဲ့အစည်း ဖြစ်တယ်။ ဆိုလိုတဲ့သဘောက အဖွဲ့အစည်းအဆင့်ဆင့် မှာရှိတဲ့ ဦးဆောင်မှုကို ရွေးကောက်ပွဲကနေပြီးတော့ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ပါတယ်။ ကျေးရွာအဆင့်၊ မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ ဗဟိုအဆင့် အကုန်လုံးက သတ်မှတ်တဲ့ညီလာခံကနေပြီးတော့ ခေါင်းဆောင်တွေ ရွေးချယ်လိုက် ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆောင်ရွက်တာနဲ့ အခု Congress က သက်ရောက်မှု၊ ထိခိုက်မှုတော့ မရှိဘူး ထင်ပါတယ်။ ကျနော်တို့ ခေါင်းဆောင်တွေရွေးချယ်မှုက သူ့ရဲ့လုပ်ရည်ကိုင်ရည်၊ နိုင်ငံရေးရပ်တည်ချက်၊ သူ့ရဲ့ ဆောင်ရွက်မှု အစိတ်အပိုင်းပေါ် မူတည်ပြီးတော့ ရွေးချယ်လာခဲ့တယ်။ သက်ရောက်မှုတော့မရှိဘူး ထင်ပါတယ်။

မေး ။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါ။

ဖြေ ။ ။ ကျနော်တို့ KNU အဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်ရတဲ့ ခေါင်းဆောင်ကနေရဲဘော်အဆုံး တယောက်ချင်း စီ လိုက်နာရမယ့်စည်းကမ်းတွေ ရှိပါတယ်။ ဒါက အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်း။ နောက်တခုက ကျနော်တို့ဌာန ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ရှိမယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက စည်းမျဉ်းစည်းကမ်းတွေ ရှိမယ်။ အဖွဲ့အစည်းမှာ ပါဝင်မှု၊ စည်းကမ်းလိုက်နာမှုက သိပ်ပြီးအရေးကြီးတယ် ထင်ပါတယ်။

ကိုယ့်ရဲ့သဘောထား မတူပေမယ့်လည်း အဖွဲ့ အစည်းရဲ့ စည်းမျဉ်းအပေါ်မူတည်ပြီးတော့ ဆောင်ရွက်တဲ့အပိုင်း ရှိမယ်။ အဖွဲ့အစည်းကနေ ဒီကိစ္စဆောင်ရွက်တဲ့အပေါ် မှာ အားနည်းချက် ရှိတယ်။ လိုက်နာမှုမရှိတဲ့အပေါ်မှာ ကျနော်တို့က အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ တာဝန်ယူပြီး တော့ အရေးယူဆောင်ရွက်ရတဲ့အပိုင်း ရှိတယ်။ အဖွဲ့အစည်းစိတ်ဓာတ် မပြည့်ဝဘူးဆိုရင် အဖွဲ့အစည်းရဲ့ စည်းကမ်းကို မလိုက်နာတဲ့အပိုင်း ရှိတယ်။

အဖွဲ့အစည်းစိတ်ဓာတ် အရေးကြီးတယ်။ ကိုယ့်ဆန္ဒအတိုင်း လုပ်မယ်ဆိုရင်တော့ အဖွဲ့ အစည်းစိတ်ဓာတ် မရှိဘူး။ ဒါကတော့ တဆင့်ပြီးတဆင့် အရေးယူဆောင်ရွက်မှု လုပ်ရမှာပဲ။ ဒီကိစ္စကို တဦးတယောက် ရဲ့ဆန္ဒနဲ့ အရေးယူဆောင်ရွက်တာ မဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်း ဆောင်ရွက်မှုအနေအထားနဲ့ ဆောင် ရွက်ခြင်း ဖြစ်ပါတယ်။

You may also like these stories:

ဥကရစ်ထ စခန်း ဘယ်လောက် အရေးပါသလဲ

တာဝန်ခံမှု ရှိသော တော်လှန်ရေးဖြစ်ရန် လိုသည်

KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို တာဝန်မှ အပြီး ရပ်စဲ

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

လူသတ်မှု ကျူးလွန်ခဲ့ဟု ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိ ဝန်ခံ

Your Thoughts …
Tags: KNDOKNLAKNUNCAကော်သူးလေတပ်ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနယ်ဒါးဘိုမြ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
ဇူလိုင် ၁၆ ရက်က ပြုလုပ်သည့် KNDO ဖွဲ့စည်းခြင်း ၇၅ နှစ်မြောက် အခမ်းအနားတွင် ဗိုလ်ချုပ်စောနယ်ဒါးမြကို တွေ့ရစဉ်  / KNDO

ကော်သူးလေတပ်မတော် ဘာကြောင့်ပေါ်လာသလဲ

“အဖွဲ့အစည်းစိတ်ဓာတ် အရေးကြီးတယ်” (ရုပ်/သံ)

"အဖွဲ့အစည်းစိတ်ဓာတ် အရေးကြီးတယ်" (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved