• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

by ဧရာဝတီ
17 June 2021
in အယ်ဒီတာ့အာဘော်
A A
ဝေါလေမြို့တွင် စစ်ကောင်စီ တူးဖော်တွေ့ရှိသည့် အလောင်း ၂၅ လောင်း

ဝေါလေမြို့တွင် စစ်ကောင်စီ တူးဖော်တွေ့ရှိသည့် အလောင်း ၂၅ လောင်း

237.7k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြို့အနီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) က စစ်ပွဲအတွင်း ဖမ်းဆီးထားသော လူ ၂၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်းရေးများဟု စွပ်စွဲပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတ်မှတ်ပြီး ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေး အရေးယူမည်ဟု ထုတ်ပြန်ခြင်းသည် တာဝန်ယူမှုရှိသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကနဦး သက်သေပြချက် ဖြစ်သည်။

မေ ၃၁ ရက်က ဝေါလေမြို့နယ်နှင့် မြဝတီမြို့နယ်၊ ဖလူးကျေးရွာတဝိုက်တွင် စစ်ကောင်စီ၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ် (BGF) နှင့် ကရင်တော်လှန်ရေး တပ်ဖွဲ့အင်အားစု ၅ ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို ကရင်တော်လှန်ရေး အင်အားစုများမှာ KNDO ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ခွဲထွက်အဖွဲ့၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ BGF ခွဲထွက်အဖွဲ့နှင့် အသစ်ဖွဲ့ထားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ဖြစ်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
737
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
670

တိုက်ပွဲတွင် KNDO က အူးဟူချောင်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေး ၁၀ ဦး၊ စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဇွန် ၁ ရက်နှင့် ၉ ရက်တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၁၀ ဦး တို့ကို ပြန်လွှတ်ပေးခဲ့သည်။

ပျောက်ဆုံးနေသည့် အမျိုးသား၂၅ ဦးကို စစ်ကောင်စီဘက်က လိုက်လံ ရှာဖွေရာ လုပ်ငန်းခွင်နှင့် ၁ မိုင်ကျော် ကွာဝေးသည့် နေရာတွင် နှစ်နေရာခွဲ၍ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ကို တူးဖော်တွေ့ရှိခဲ့ပြီး KNDO ကို အကြမ်းဖက်အဖွဲ့ဟု ခေါ်ကာ KNU ကို ဖြေရှင်းချက် တောင်းခဲ့သည်။

ယခု ဝေါလေ လူသတ်မှုသည် လက်နက်ကိုင်တိုက်ပွဲအတွင်း အရပ်သားများကို ပစ်မှတ်မထားရန် ကာကွယ်ထားသည့် နိုင်ငံတကာ သဘောတူစာချုပ် ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာရောက်သဖြင့် အဖွဲ့တွင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ စုံစမ်းစစ်ဆေး အရေးယူမည်ဖြစ်ကြောင်း KNU က ထုတ်ပြန်ကြေညာချိန်နှင့် တပြိုင်နက် မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကင်းမကျေးရွာကို မီးတင်ရှို့သူများမှာ မိမိတို့မဟုတ်ဘဲ “အကြမ်းဖက်သမားများ”သာ ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ဗြောင်လိမ်ခဲ့သည်။

အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၅ ရက်နေ့မှာ မီးရှို့ခဲ့သည့်အတွက် အိမ်ခြေ ၂၀၀ ကျော်ပြာကျသွားခဲ့ကြောင်းနှင့် မီးလောင်မှုတွင် သက်ကြီးရွယ်အိုများ ပါသွားကြောင်း ရွာသားများက ဧရာဝတီအပါအဝင် သတင်းမီဒီယာများကို အတည်ပြုပြောဆိုခဲ့သည်။ ယင်းသည် မြန်မာ့တပ်မတော်၏ အရပ်သားများအပေါ် အကြမ်းဖက်မှု ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်မည် မဟုတ်သည်ကို စစ်ကောင်စီ၏ မျက်လုံးစုံမှိတ် ငြင်းပယ်နေမှုက သက်သေပင်။

နှစ်ပေါင်း ၇၀ ပြည်တွင်းစစ်ကြီးထဲ တိုင်းရင်းသားဒေသများတွင် ကင်းမရွာကဲ့သို့ အမှုဆိုးပေါင်းများစွာကို မြန်မာ့တပ်မတော် ကျူးလွန်ခဲ့ပြီး ဖြစ်သည်။ မဝေးကွာသေးသော နှစ်များအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိန်းကျင့်မှုနှင့် ရွာလုံးကျွတ် မီးရှို့မှုများကလည်း ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေး မှတ်တမ်းတင်ခံခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် “လူမျိုးသုဉ်းသုတ်သင်မှု”အဖြစ်ပင် တရားစွဲခံခဲ့ရပြီး ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှ စ၍ စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုက ၈၆၀ ကျော်ရှိလာပြီး လူထောင်ချီ ဖမ်းဆီးခံထားရကာ လူသိန်းချီ အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးနေကြရသည်။ ကယားပြည်နယ် ဒီမော့ဆိုးမြို့ရှိ လူနေအိမ်များကို ဖျက်ဆီးခြင်းနှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ဖောက်ထွင်း ခိုးယူခြင်းများအပါအဝင် မြန်မာပြည် တနံတလျား မြို့ပြရော တောနယ်များပါ စစ်ကောင်စီ လက်နက်ကိုင်တပ်များ ရာဇဝတ်မှု ကျူးလွန်ကြောင်း သတင်းများက တောမီးပမာ ပျံ့နှံ့နေသည်။ ထိုရာဇဝတ်မှုများ၏ အတိုင်းအတာကြောင့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု”အဖြစ် ဥပဒေသမားများက အမည်တပ်ကြသည်။

သို့သော် ရာဇဝတ်ကျူးလွန်သည့် မြန်မာ့တပ်မတော်အတွင်းရှိ လက်နက်ကိုင်များအဖို့ အမြဲ ကင်းလွတ်ခွင့် ရနေကြသည်။ နိုင်ငံရေးဖိအားကြောင့် အရေးယူခဲ့ရသည့် အမှုများ ရှိသည့်တိုင် ထိုသို့သော ရာဇဝတ်မှု ကျူးလွန်သူ အများစုက စစ်ခေါင်းဆောင်များ၏ အကာအကွယ်ပေးမှုကို ရနေကြသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ရွာ လူသတ်မှုကို ကျူးလွန်ခဲ့သူ စစ်သားများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ပေးခဲ့သည်မှာ ထင်ရှားသော သက်သေဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခအတွင်း လက်နက်ကိုင်တပ်ဖွဲ့များက အရပ်သားများအား ပစ်မှတ်ထား မတိုက်ခိုက်ရန်မှာ နိုင်ငံတကာရှိ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မဆို လိုက်နာရမည့် တာဝန်ဝတ္တရား ဖြစ်သည်။ ထိုတားမြစ်ချက်ကို ကျူးလွန်လာလျှင် တပ်ခေါင်းဆောင်မှုက တာဝန်ယူပြီး အမှုကို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်စစ်ဆေးပြီး နောက်ထပ်ကျူးလွန်မှုများ ထပ်မံမဖြစ်စေရေး ကြပ်မတ်ရမည်မှာလည်း စံချိန်မီ ခေတ်မီ လက်နက်ကိုင်တပ်ဖွဲ့တိုင်း၏ တာဝန်ဝတ္တရား ဖြစ်သည်။

ယခု ဝေါလေလူသတ်မှုကို KNU က အမှုဖွင့်ကိုင်တွယ်မည် ဆိုခြင်းက မြန်မာပြည်ရှိ မည်သည့်လက်နက်ကိုင်တပ်က ပွင့်လင်းမြင်သာပြီး တာဝန်ယူရဲသောတပ်၊ မည်သည့် လက်နက်ကိုင်တပ်က စစ်ရာဇဝတ်မှု မှန်သမျှ အရေးမယူဘဲ ကျူးလွန်ခွင့် ပေးသော တပ်ဆိုသည်အား ထင်ထင်ရှားရှား သိသာသွားစေသည်။

မြန်မာ့တပ်မတော်က KNU ကို ရှက်တတ်လျှင် ရှက်သင့်သည်။ ထို့ပြင် ကြီးထွားလာနေသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွင် အခြားလက်နက်ကိုင်အဖွဲ့များ အားလုံးလည်း KNU ၏ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်သင့်ပေကြောင်း တိုက်တွန်းရေးသားအပ်ပေသည်။

You may also like these stories:

ဝေါလေဒေသမှ ဖမ်းဆီးထားသူများထဲက တချို့ကို ပစ်သတ်ခဲ့ကြောင်း KNDO ပြော

စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ

ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ

ဒီပဲယင်းမြို့နယ်ရှိ ရွာပေါင်း ၂၀ နီးပါး စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်း

တောင်ကုတ်မြို့ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ အပါအဝင် ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား

Your Thoughts …
Tags: KNDOKNUဂျနီဗာကွန်ဗင်းရှင်းစစ်ရာဇဝတ်မှုမြန်မာ့တပ်မတော်ဝေါလေလူသတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

Next Post
ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာ  / CJ

အရပ်သား ၄ ဦး သေဆုံးခဲ့သည့် လှေဆွဲရွာမှ လူငယ်တဦး ထပ်မံ အဖမ်းခံရ

မတ်လအတွင်း ရန်ကုန်မြို့အတွင်း တွေ့ရသော အာဏာသိမ်း စစ်ကောင်စီတပ်များ / ဧရာဝတီ

စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved