တကိုယ်ရေသုံး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/တကိုယ်ရေသုံး Covering Burma and Southeast Asia Tue, 18 Jul 2023 23:05:43 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png တကိုယ်ရေသုံး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/တကိုယ်ရေသုံး 32 32 တကိုယ်ရေသုံး ပလတ်စတစ် ပစ္စည်းတွေ အသုံးပြုခွင့်ကို ပိတ်ပင်တော့မယ့် ကနေဒါနိုင်ငံ https://burma.irrawaddy.com/lifestyle/trend/2019/08/21/201501.html Wed, 21 Aug 2019 09:58:36 +0000 https://burma.irrawaddy.com/lytbox/?p=201501 အသုံးပြုခွင့် တားမြစ် ပိတ်ပင်မယ့် ပလစ်စတစ် ပစ္စည်းများကနေဒါနိုင်ငံဟာ နှစ်စဉ် ပလတ်စတစ်ပေါင်း တန် ၃ သန်းခန့်ကို သုံးစွဲနေတာကြောင့် ဒီလိုမျိုး ကြေညာချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။]]> အသုံးပြုခွင့် တားမြစ် ပိတ်ပင်မယ့် ပလစ်စတစ် ပစ္စည်းများ

၂၀၂၁ ခုနှစ် နှစ်စပိုင်းလောက်ကနေစပြီး တကိုယ်ရေသုံး ပလတ်စတစ်ပစ္စည်းတွေ အသုံးပြုခွင့်ကို ပိတ်ပင်တားဆီးတော့မယ်လို့ ကနေဒါအစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါပြီ။

တကိုယ်ရေသုံး ပလတ်စတစ် အသုံးအဆောင် ပစ္စည်းတွေ အသုံးပြုခွင့်ကို ဥရောပနိုင်ငံတွေ တော်တော်များများမှာ ပိတ်ပင်တားဆီးနေပြီး ကနေဒါနိုင်ငံကတော့ လာမယ့် ၂၀၂၁ ခုနှစ်မှာ စတင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

တားမြစ်ပိတ်ပင်မယ့် တကိုယ်ရေသုံး ပလတ်စတစ် အသုံးအဆောင် ပစ္စည်းတွေမှာ ပလတ်စတစ် အိတ်၊ ပလတ်စတစ် ရေဘူး၊ အအေးဘူး၊ ပလတ်စတစ် ပိုက် စတာတွေ ပါဝင်မှာဖြစ်ပြီး ဒါတွေအစား Recycle ဖြစ်မယ့် အသုံးအဆောင် တွေကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

ဒီတရားဝင် ထုတ်ပြန်ချက်ကိုတော့ ရွေးကောက်ပွဲ မတိုင်ခင်တည်းက ကြေညာခဲ့တာဖြစ်ပြီး ကနေဒါနိုင်ငံဟာ နှစ်စဉ် ပလတ်စတစ်ပေါင်း တန် ၃ သန်းခန့်ကို သုံးစွဲနေတာကြောင့် ဒီလိုမျိုး ကြေညာချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံတွင်း နှစ်စဉ်အသုံးပြုနေတဲ့ ပလတ်စတစ် တန် ၃ သန်းခန့်မှာ ၁၀ ရာခိုင်နှုန်းလောက်ကသာ ပြန်လည်အသုံးပြုလို့ရပြီး တနေ့တာမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပလတ်စတစ် ပိုက်ပေါင်း ၅၇ သန်းခန့်ကို အသုံးပြုနေတာကြောင့် ပလတ်စတစ် ညစ်ညမ်းမှုဟာ တနေ့တခြား ပိုမိုမြင့်တက်လာနေတာ ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်ပေါ်နေတဲ့ ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာကို နိုင်ငံအသီးသီးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြတာဖြစ်ပြီး ဒါဟာ အနာဂတ် ကာလမှာ လူတွေကို ခြိမ်းခြောက်လာမယ့် သဘာဝပတ်ဝန်းကျင် ပြဿနာကြီးတခုလည်း ဖြစ်ပါတယ်။

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau

ဒါနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau က “ဒါဟာ လျစ်လျှူ မရှုထားရမယ့် ပြဿနာတခုပါ။ လူသားတွေအတွက်ရော သဘာဝပတ်ဝန်းကျင်ကို မှီခိုနေထိုင်နေရတဲ့ တိရစ္ဆာန်တွေ အားလုံးတွေအတွက်ပါ ရေရှည်မှာ ခြိမ်းခြောက်လာမယ့် ပြဿနာတခု ဖြစ်တာကြောင့် မလုပ်မဖြစ် လုပ်ရမယ့် ကိစ္စတခုပါ”လို့ ပြောကြားခဲ့ပါတယ်။

Ref. www.intelligentliving.com

You may also like these stories:

ပလတ်စတစ် အမှိုက် တန် ၃ ထောင်ကျော်ကို မလေးရှားနိုင်ငံမှ မူလနိုင်ငံများသို့ ပြန်ပို့ရန် စီစဉ်နေ

ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေ ပျက်စီးနေကြရတဲ့ သတ္တဝါများ 

ပင်လယ်သမုဒ္ဒရာတွင်းက ပလတ်စတစ်တွေကို Recycle ပြုလုပ်ပြီး ဖိနပ်တွေ ထုတ်လုပ်မယ့် Adidas

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မိမိကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ

]]>