Environment

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မိမိကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ

နေ့စဉ် လူနေမှုဘဝမှာ အသုံးပြုတဲ့ ပလတ်စတစ်တွေရဲ့ ၉၁ ရာခိုင်နှုန်းခန့်ဟာ ပြန်လည် အသုံးပြုလို့ မရနိုင်ဘူးလို့ National Geographic ရဲ့စစ်တမ်းတွေအရ သိရပြီး ၄၀ ရာခိုင်နှုန်းလောက်ကိုသာ Recycle အနေနဲ့ ပြန်လည် အသုံးပြုလို့ရနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ပလတ်စတစ်တွေကို လျှော့ချအသုံးပြုနိုင်ဖို့ သင်ကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) ပလတ်စတစ် အစားထိုး ပိုက်တွေကို အသုံးပြုမယ်

အအေးသောက်သုံးတဲ့အခါ အသုံးပြုတဲ့ ပိုက်တချောင်းလောက်က ဘာမှ မဖြစ်သွားဘူးလို့ သင့်အနေနဲ့ ထင်နိုင်ပေမယ့် နေ့စဉ် လူအများ အသုံးပြုမှု များလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှာ အမှန်ပါ။ အခုနောက်ပိုင်းမှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက်ရော သီးသန့်အသုံးပြုချင်သူတွေအတွက်ပါ ထုတ်လုပ်ထားတဲ့ သတ္တုနဲ့ပြုလုပ်ထားတဲ့ Metal straw ပိုက်တွေနဲ့ သဘာဝအတိုင်း အုန်းလက်နဲ့ ပြုလုပ်ထားတဲ့ ပိုက်တွေကို အစားထိုး သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

(၂) ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ပိုင်အိတ်တွေ အသုံးပြုမယ်

ဈေးဝယ်ထွက်တဲ့အခါ ဈေးဝယ်ပစ္စည်းတွေထည့်ဖို့ အိတ်တလုံးလောက် ယူသွားခြင်းဟာ ပလတ်စတစ်ညစ်ညမ်းမှုကို ကာကွယ်ပေးနိုင်သလို အမှိုက်ပွခြင်းကနေလည်း လျော့ပါးစေနိုင်မှာ ဖြစ်ပါတယ်။

(၃) တခါသုံး ပလတ်စတစ်ဘူးတွေကို လျှော့သုံးမယ်

တခါသုံး ပလတ်စတစ်ဘူးတွေထဲကို အစားအစာတွေ ထည့်ခြင်းဟာ သင့်ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေ ဖြစ်စေနိုင်သလို ပလတ်စတစ် ညစ်ညမ်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစားအစာတွေ ဝယ်တဲ့အခါ မိမိ ကိုယ်ပိုင်ဘူးနဲ့ ချိုင့်တွေကို အသုံးပြုခြင်းက ကျန်းမာရေးအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိစေမှာပါ။

(၄) တကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေကို ပလတ်စတစ် အစားထိုးတွေ ရွေးချယ် သုံးစွဲမယ်

တကိုယ်ရည် အသုံးအဆောင်ပစ္စည်း အများစုဟာလည်း ပလတ်စတစ်နဲ့ လွတ်ကင်းတယ်ရယ်လို့ မရှိပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သွားပွတ်တံလို တကိုယ်ရည်သံုံး အသေးအမွှားလေးကစလို့ ပလတ်စတစ် မပါဝင်အောင် ထုတ်လုပ်လာကြတာကြောင့် ဒါတွေကို သုံးစွဲခြင်းအားဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ကူညီရာရောက်စေမှာပါ။

Ref. brightside.me

You may also like these stories:

ရေမှာ ပျော်ဝင်ပျက်စီးသွားနိုင်တဲ့ ပလတ်စတစ်အိတ် အမျိုးအစားကို တီထွင်လိုက်တဲ့ အစ္စရေးနိုင်ငံသူ

အုန်းလက်နဲ့ လုပ်တဲ့ပိုက်ကို အသုံးပြုလာတဲ့ ဖိလစ်ပိုင်နိုင်ငံက ကော်ဖီဆိုင်

တနိုင်တပိုင် အမှိုက်ကောက်ရာကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံတမန်ဖြစ်လာတဲ့ မိန်းကလေး

Loading